သြဂုတ် ၂၀၊ ၂၀၁၆
M-Media
– ဆူဒန်နိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန် ၂၀၀ ပေးပို့ရန် ဆော်ဒီဘုရင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။
ဇူလိုင်နှင့် သြဂုတ်လအကြားတွင် ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပွားခဲ့သောကြောင့် နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကာ နေအိမ်ထောင်ပေါင်းများစွာလည်း ပျက်ဆီးခဲ့သည်။
ကုလသမဂ္ဂက၏ ထုတ်ပြန်ချက်တွင် သေဆုံးသူမှာ ၁၁၀ ရှိပြီး၊ အိမ်ယာပျက်ဆီးမှုမှာ ၁၄၀၀၀ ကျော်ရှိကာ လူပေါင်း ၁၆၁၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဖော်ပြထားသည်။ ယခု ဆော်ဒီ၏ ထောက်ပံ့ရေး အကူအညီများကို ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်တာမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.