News @ M-Media
Tag: saudi_arabia
  • ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ
    ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ
    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media
    ar
    – ပြီးခဲ့သည့် နှစ်များအတွင်း ဆော်ဒီရှိ သဲကန္တာရ ခရီးသွားခြင်းလုပ်ငန်းမှာ ပြည်တွင်းနှင့် ပြည်ပတွင် လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်ဟု သိရသည်။
    အဆိုပါ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသော Al-Sunaidi Company for Supply Trips ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ အဘ်ဒူလ်ရဟ်မန် အလ်-ဆူနိုင်ဒီကမူ ထိုကဏ္ဍမှာ မကြာမီကာလကပင် ကြီးထွားလာခဲ့ပြီး တစ်နှစ်လျှင် ဆော်ဒီရီယဲလ် ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ဆော်ဒီအစိုးရကလည်း ထိုလုပ်ငန်းအတွက် တစ်နှစ်လျှင် ရီယဲလ် သန်း ၈၀၀ ခန့် သုံးစွဲနေပြီး၊ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် သဲကန္တာရ ခရီးသွားမှု အမြင့်ဆုံးကာလမှ နိုဝင်ဘာလမှ ဧပြီလအထိဖြစ်သည်။ ဒေသတွင်းမှ အဆိုပါလုပ်ငန်း လုပ်ကိုင်သူများမှာ ဆော်ဒီဈေးကွက်ကို မှီခိုနေရသည်။
    Ref: Arabnews
  • ဆော်ဒီနှင့် ဟန်ဂေရီတို့ နျူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်
    ဆော်ဒီနှင့် ဟန်ဂေရီတို့ နျူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်
    အောက်တိုဘာ ၂၄၊ ၂၀၁၅
    M-Media
    saudi
    – ၂၀၃၂ ခုနှစ်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကို နျူကလီးယား ဓာတ်အားဖြင့် အစားထိုးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဟန်ဂေရီနိုင်ငံနှင့် နျူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဆော်ဒီအာရေဗျက ယနေ့တွင် ပြောကြားလိုက်သည်။
    လက်ရှိတွင် ဆော်ဒီမှာ လျှပ်စစ်ဓာတ်အားကို ရုပ်ကြွင်းလောင်စာ စက်ရုံများနှင့် ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များမှ ထုတ်လုပ်နေရသည်။ ယခု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်းဆွဲရေး၊ ဆောက်လုပ်လည်ပတ်ရေး၊ လုံခြုံရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် ၀န်ထန်းများအား လေ့ကျင့်ပေးရေးတို့ ပါဝင်သည်။
    ထိုအပြန်အလှန် သဘောတူညီချက်မှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆော်ဒီက ပြောကြားခဲ့သည်။
    Ref: Arabnews
  • အွန်လိုင်းမှ အသရေဖျက်မှုများကို ဆော်ဒီ အရေးယူမည်
    အွန်လိုင်းမှ အသရေဖျက်မှုများကို ဆော်ဒီ အရေးယူမည်
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    saudia
    – ဆိုရှယ်မီဒီယာများတွင် စာဖြင့်သော်လည်း၊ ဗီဒီယိုဖြင့်သော်လည်းကောင်း အသရေဖျက်ခံရသူများ အနေဖြင့် နီးစပ်ရာ ရဲစခန်းတွင် တိုင်ကြားကာ တရားဥပဒေ၏ အဆုံးအဖြစ်ကို ခံယူနိုင်သည်ဟု ဆော်ဒီတရားသူကြီး စအီးဒ် အလ်-အွမ်မရီက ပြောကြားလိုက်သည်။
    အသစ်ပြဌာန်းလိုက်သည့် အသရေဖျက်မှု ဥပဒေအရ ဆိုရှယ်မီဒီယာကို အသုံးပြု၍ အသရေဖျက်သူမှာ အပြစ်ရှိကြောင်း တွေ့ရှိရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဆော်ဒီရီယဲလ် ၅ သိန်းထက်မပိုသော ငွေဒဏ်တို့ကို ကျခံရမည်ဖြစ်သည်။
    အလ်-အွမ်မရီကမူ ထိုဥပဒေမှာ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ ၎င်းတို့၏ လွတ်လပ်မှုကို ကာကွယ်ရန်နှင့် ၎င်းတို့အား ခြိမ်းခြောက်မှု၊ ဂုဏ်အသရေဖျက်မှုတို့ကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref : Arab news
  • လာမည့်နှစ်မှစ၍ အွမ္မရာဗီဇာများ ဆော်ဒီတိုးမြှင့်မည်
    လာမည့်နှစ်မှစ၍ အွမ္မရာဗီဇာများ ဆော်ဒီတိုးမြှင့်မည်
    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media
    hajj
    – မစ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ဧရိယာအား တိုးချဲ့ခဲ့ပြီးနောက် နှစ်စဉ်နှစ်တိုင်း အွမ္မရာဗီဇာကို တိုးမြှင့်ပေးသွားရန် ဆော်ဒီအာရေဗျက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
    “လာမယ့် ၅ နှစ်အတွင်းမှာ အွမ္မရာဘုရားဖူး အရေအတွက် နှစ်ဆတိုးသွားမယ့် ကျွန်တော်တို့ အစီအစဉ်ကို အွန်လိုင်းမှာ ကြေငြာတော့မှာပါ” ဟု ဟဂ်ျရေးရာဝန်ကြီး ဘန်ဒါရ် အလ်-ဟဂ်ျဂျာက Saudi Gazette သို့ ပြောကြားခဲ့သည်။
    ၂၀၁၆ ခုနှစ်မှစ၍ လစဉ် အွမ္မရာဘုရားဖူးသူအရေအတွက် ၁.၂၅ သန်း လာရောက်ည်ဟု မျှော်မှန်းထားပြီး လက်ရှိတွင်မူ တစ်လျှင် ၄ သိန်းခန့် လာရောက်နေကြသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အွမ္မရာဗီဇာများ တိုးမြှင့်ပေးမည့် အစီအစဉ်အသစ်က ဆော်ဒီအစိုးရမှ အကောင်အထည်ဖော်ထားသည့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့မှုကြောင့် တိုးတက်လာမည့် ဘုရားဖူးများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
    ဟဂ်ျဝန်ကြီးဌာန၏ ဖော်ပြမှုအရ ၂၀၁၃ ခုနှစ်တွင် အွမ္မရာဗီဇာ စုစုပေါင်း ၅ သန်းကို ထုတ်ပေးခဲ့ပြီး ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် ၆ သန်းစီ ထုတ်ပေးခဲ့သည်ဟု သိရသည်။ ၂၀၁၆ ခုနှစ်တွင်မူ အွမ္မရာဗီဇာ ၁၀ သန်း ထုတ်ပေးရန်နှင့် ၂၀၁၈ ခုနှစ်အရောက်တွင် တစ်နှစ် ဗီဇာ သန်း ၆၀ ထုတ်ပေးသွားရန် ၀န်ကြီးဌာနက မျှော်လင့်ထားသည်။
    Ref: Onislam
  • ပြင်သစ်နှင့် ဆော်ဒီတို့ စီးပွားရေးနှင့် နိုင်ငံရေး သဘောတူညီချက်များစွာ ရရှိ
    ပြင်သစ်နှင့် ဆော်ဒီတို့ စီးပွားရေးနှင့် နိုင်ငံရေး သဘောတူညီချက်များစွာ ရရှိ
    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media
    france
    – ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗောလ်စ် ဆော်ဒီအာရေဗျသို့ သွားရောက်လည်ပတ်စဉ်အတွင်း ယမန်နေ့က ၂ နိုင်ငံ ကန်ဒေါ်လာ ၁၁.၄ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးနှင့် အခြားသော သဘောတူညီချက်များစွာ ရရှိခဲ့သည်ဟု နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းမှာ နှစ်နိုင်ငံ မိတ်ဖက်ဖြစ်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်စေရန်ဖြစ်သည်ဟု ဆိုပြီး ဆော်ဒီစစ်တပ်အတွက် ကင်းလှည့်ရေယာဉ်များ ပေးပို့ရန် ဆွေးနွေးမှုများကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်သွားမည်ဟု ပြောကြားခဲ့သည်။ ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုနှင့် အလတ်တန်းစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်သစ် ရင်းနှီးမြှုပ်နှံသူများသို့ ကန်ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ရန်ကိစ္စလည်း ၎င်းတို့၏ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။
    နွားရူးရောဂါကြောင့် ပြင်သစ်မှ အမဲသားတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဆော်ဒီက ပြန်လည်ဖွင့်ပေးခဲ့ပြီး အမဲသားလုပ်ငန်း ၃၇ ခုမှ အသားများ ပြန်လည်တင်သွင်းရန် ခွင့်ပြုခဲ့သည်။ အခြားသော သဘောတူညီချက်များတွင် တယ်လီဖုန်းဆက်သွယ်ရေး၊ ထောက်လှမ်းရေးဂြိုဟ်တုများ လွှတ်တင်ခြင်း၊ မြို့ပြပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများလည်း ပါဝင်ခဲ့သည်။
    ပြင်သစ်နှင့် ဆော်ဒီတို့၏ စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံမှုများမှာ ပြင်သစ်သမ္မတ ဟော်လန်ဒေး၏ လက်ထက်တွင် ပိုမိုတိုးတက်လာခဲ့သည်။
    Ref: Channelnewsasia