အောက်တိုဘာ ၂၄၊ ၂၀၁၅
M-Media
– ၂၀၃၂ ခုနှစ်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကို နျူကလီးယား ဓာတ်အားဖြင့် အစားထိုးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဟန်ဂေရီနိုင်ငံနှင့် နျူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဆော်ဒီအာရေဗျက ယနေ့တွင် ပြောကြားလိုက်သည်။
လက်ရှိတွင် ဆော်ဒီမှာ လျှပ်စစ်ဓာတ်အားကို ရုပ်ကြွင်းလောင်စာ စက်ရုံများနှင့် ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များမှ ထုတ်လုပ်နေရသည်။ ယခု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်းဆွဲရေး၊ ဆောက်လုပ်လည်ပတ်ရေး၊ လုံခြုံရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် ၀န်ထန်းများအား လေ့ကျင့်ပေးရေးတို့ ပါဝင်သည်။
ထိုအပြန်အလှန် သဘောတူညီချက်မှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆော်ဒီက ပြောကြားခဲ့သည်။
Ref: Arabnews
Leave a Reply
You must be logged in to post a comment.