News @ M-Media

Tag: saudi_arabia

  • ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဆော်ဒီက IOM မှတစ်ဆင့် ကူညီမည်

    ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဆော်ဒီက IOM မှတစ်ဆင့် ကူညီမည်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    ks
    IOM နှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်တွင် အကူအညီပေးသွားမည့် KS-RELIEF

    – ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၃၅ ရွာတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံက ကူညီပေးသွားမည်ဟု သိရပြီး အိုအိုင်စီအဖွဲ့ကလည်း ဆော်ဒီ၏ ထိုလုပ်ရပ်ကို ထောက်ခံကြိုဆိုလိုက်သည်။

    လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များ ရရှိရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ တရားမ၀င်ရွှေ့ပြောင်းသွားလာမှု လျှော့ကျစေရေး စသည့် ကဏ္ဍများတွင် ဆော်ဒီ၏ အကူအညီဖြင့် စီမံကိန်းများ ဖော်ဆောင်သွားမည်ဖြစ်သည်။

    ထိုကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (KS-RELIEF) မှာ ကမ္ဘာတစ်ဝှမ်း ပြောင်းရွှေ့အခြေချသူများကို ကူညီနေသည့် နိုင်ငံတကာ ပြောင်းရွှေ့အခြေအချသူများအဖွဲ့ IOM နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

    အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကမူ ဆော်ဒီ၏ ထိုအားထုတ်မှုကို ထောက်ခံကြိုဆိုခဲ့ပြီး အခြားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ၊ လူ့အဖွဲ့အစည်းအခြေပြု အသင်းအဖွဲ့များအနေဖြင့် မြန်မာပြည်သူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆော်ဒီကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    Ref: reliefweb.int

  • ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ

    ဆော်ဒီရှိ မြို့တစ်မြို့ ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် သတ်မှတ်ခံရ

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    saudi

    – ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ အလ်-အဟ်ဆာမြို့ကို ကမ္ဘာ့အဆန်းပြားဆုံးမြို့အဖြစ် ကုလသမဂ္ဂက ရွေးချယ်ခဲ့သည်ဟု သိရသည်။

    ‘ကမ္ဘာ့မြို့တော်များနေ့’ (World Cities Day) အထိမ်းအမှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ကမ္ဘာ့မြို့တော်များနေ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို သတိပြုမိစေရန်နှင့် တိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ ပြည့်မီရေးအတွက် လိုအပ်ချက်များကို မီးမောင်းထိုးပြရန်ဖြစ်သည်။

    အလ်-အဟ်ဆာ မြို့မှာ စိမ်းလမ်းသော နေရာများ၊ ရေပန်းများနှင့် အိုအေစစ်ဒေသဖြစ်ပြီး၊ သဘာဝအလှတရားနှင့်လည်း ပြည့်စုံကာ၊ ပြည်သူများကလည်း ဖော်ရွေကြသည်။ အရှေ့ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးဆိုင်ရာ မြို့လည်းဖြစ်သည့် အလ်-အဟ်ဆာမှာ သမိုင်းဝင် လူ့အဖွဲ့အစည်းများ၏ အထိမ်းအမှတ်နေရာများ၊ ရှေးဟောင်း သမိုင်းဝင်နေရာများစွာလည်း ရှိနေသည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာလည်းဖြစ်သည်။

    လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်မှာ မြို့ပြဒေသများတွင် နေထိုင်နေရပြီး ၂၀၅၀ ခုနှစ်တွင် ၆၆ ရာလိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်ထားသည်။ ၁၉၅၀ ခုနှစ်တွင် မြို့ပြနေဦးရေမှာ ၇၄၆ သန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၃.၉ ဘီလီယံအထိ ရှိလာခဲ့သည်။

    Ref: Saudigazette

    saudi-2

  • ပါရှန်းပင်လယ်ကွေ့တွင် ဆော်ဒီက စစ်ရေးလေ့ကျင့်

    ပါရှန်းပင်လယ်ကွေ့တွင် ဆော်ဒီက စစ်ရေးလေ့ကျင့်

    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media

    saudi

    – ဆော်ဒီစစ်တပ်မှာ ပါရှန်းပင်လယ်ကွေ့၊ ဟော်မုတ်ဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်တို့တွင် စစ်ရေးလေ့ကျင့်မှုမျာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောများ၊ လေယာဉ်များ၊ ဆော်ဒီတော်ဝင်ရေတပ်၏ အထူးတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

    ဆော်ဒီသတင်းဌာနက SPA က ဆော်ဒီနယ်စပ်နှင့် နိုင်ငံတကာရေပြင်တို့ကို ကာကွယ်ရန်လည်းကောင်း၊ ဖြစ်နိုင်ချေရှိသော အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက်လည်းကောင်း ထိုကဲ့သို့ လေ့ကျင့်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဆော်ဒီတော်ဝင်ရေတပ် ဗိုလ်ချုပ် အဘ်ဒူလ် အလ်-ဆူလ်တန်ကလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ တိုက်ခိုက်မှုအသင့်အနေအထားရှိရန်၊ လိုအပ်သော ကျွမ်းကျင်မှုများ ရရှိရန်နှင့် အဓိကစစ်ဆင်ရေးများ ဆောင်ရွက်နိုင်သည့် စွမ်းရည်များဖွံ့ဖြိုးရန် ရည်ရွယ်ရွယ်သည့် လေ့ကျင့်မှုမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv

  • ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်

    ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    umbrella 3

    – ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ ရောက်ရှိလာမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေလွယ်ကူစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဘက်စုံသုံး ထီးတစ်ခုကို ဆော်ဒီ-ပါလက်စတိုင်း နည်းပညာကုမ္ပဏီက တီထွင်ခဲ့သည်။

    Knowledge-Base ကုမ္ပဏီဖြစ်ပြီး အဆိုပါ ထီးကို Kafya ဟု အမည်ပေးထားကာ ဓာတ်မီး၊ ပန်ကာနှင့် GPS စနစ်တို့ကို ထီးအရိုးတွင် တပ်ဆင်ထားသည်။ ထီးအရွက်ပေါ်ရှိ ဆိုလာဆဲလ်များက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းပေးကာ ထီးတွင်တပ်ဆင်ထားသည့် ထိုစနစ်များအတွက် စွမ်းအင်ပေးမည်ဖြစ်သည်။

    ထို့ပြင် ဖုန်းများ၊ တက်ဘလက်များကို အားသွင်းနိုင်ရန်အတွက် USB အပေါက်များလည်း ထီးအရိုးတွင် ထည့်သွင်းထားသည်ဟု ထီထွင်သူ မာနဲလ် ဒန်ဒစ်က ပြောကြားခဲ့သည်။

    ဟဂ်ျကျင့်စဉ်တွင် မက္ကာဟ်နှင့် မဒီနာမြို့ရှိ ဒေသအများအပြားသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းမှုများ၊ ကျင့်စဉ်များကို ပြုလုပ်ရခြင်းကြောင့် အပူချိန်ပြင်းထန်သည့် ထိုဒေသတွင် ဘက်စုံသုံးနိုင်သည့် ယခုထီးက အလွန်အသုံးဝင်ဖွယ် ရှိနေသည်။

    ယခုနှစ်ဟဂ်ျရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ကျရောက်နေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ၃ သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။

    umbrella 2

    umbrella

    Ref: citylab.com

  • ရှားပါးသမိုင်းဝင်ဓာတ်ပုံများဖြင့် ဖော်ပြထားသည့် မဒီနာသမိုင်းစာအုပ် ထွက်ရှိ

    ရှားပါးသမိုင်းဝင်ဓာတ်ပုံများဖြင့် ဖော်ပြထားသည့် မဒီနာသမိုင်းစာအုပ် ထွက်ရှိ

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    madina

    – မဒီနာမြို့သမိုင်းကြောင်းကို သမိုင်းဆိုင်ရာ မှန်ကန်တိကျမှုရှိပြီး ခိုင်လုံသည့် ရှားပါးဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် မှတ်တမ်းတင်ထားသော ‘Madinah’ အမည်ရှိ သမိုင်းစာအုပ်တစ်အုပ်ကို ယမန်နေ့တွင် ဖြန့်ချီခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆဲလ် ဘင် ဆလ်မန် တက်ရောက်ခဲ့သည်ဟု သိရသည်။

    ယင်းစာအုပ်တွင် မြင့်မြတ်သောဗလီဝတ်ကျောင်းတော်နှစ်ခု၊ အစ္စလာမ့်သမိုင်းအမွေအနှစ် နေရာများနှင့် မြို့ပြရှုမျှော်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆော်ဒီနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြထားသည်။

    စာအုပ်တွင်ဖော်ပြထားသည့် ဓာတ်ပုံများမှာ မဒီမြို့၏ သမိုင်းကြောင်းကို ပြောပြနေပြီး၊ ခေတ်ကာလတစ်လျှောက် သမိုင်းဆိုင်ရာ အငွေ့အသက်များ၊ ယဉ်ကျေးမှုနှင့် လာရောက်လည်ပတ်သူများအပေါ် ဖမ်းစားမှု စသည်တို့ကိုလည်း စာအုပ်တွင် တွေ့မြင်ရမည်ဖြစ်သည်။

    မဒီနာ သုတေသနနှင့် လေ့လာရေးစင်တာ အကြီးအကဲဖြစ်သူ ဖိုင်ဆဲလ်ကမူ သမိုင်းဆိုင်ရာ မှတမ်းပြုစုမှုနှင့်ပတ်သက်၍ ထိုစာအုပ်၏ အရေးကြီးပုံကို ထောက်ပြခဲ့ပြီး၊ မဒီနာမြို့၏ သမိုင်းကြောင်း ပိုမိုနားလည်သိရှိရန် ဆန္ဒရှိသူများအတွက် အဖိုးတန်းစာအုပ်ဖြစ်မည်ဖြစ်ကာ၊ သုတေသနပညာရှင်၏ လက်စွဲစာအုပ်လည်း ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

    Ref : IINA