News @ M-Media

Tag: saudi_arabia

  • ယခုနှစ်တွင် အွမ္မရာဟ်ပြုလုပ်သူ ၅ ရာခိုင်နှုန်းခန့်တိုးလာ

    ယခုနှစ်တွင် အွမ္မရာဟ်ပြုလုပ်သူ ၅ ရာခိုင်နှုန်းခန့်တိုးလာ

    မေ ၃၀၊ ၂၀၁၆
    M-Media

    umrah

    – ဒီနှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက လာရောက်ပြီး အွမ္မရာဟ်ပြုသူ အရေအတွက်ဟာ ၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။

    ဆော်ဒီသံရုံးတွေက ထုတ်ဝေတဲ့ အွမ္မရာဟ်ဗီဇာအရေအတွက်ဟာ ၅,၆၇၁,၈၅၅ အထိ ရှိလာပြီး ပြင်ပကိုယ်စားလှယ်တွေရဲ့ လိုင်စင်ယူလုပ်ကိုင်နေတဲ့ အွမ္မရာဟ်ခရီးစဉ်လုပ်ငန်းနဲ့ ကုမ္ပဏီတွေရဲ့ ဈေးကွက်ရှာဖွေမှုတွေ ကျေးဇူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။

    လေကြောင်း၊ ကုန်းကြောင်း ခရီးစဉ်အမျိုးမျိုးနဲ့ ဆော်ဒီသို့ရောက်ရှိလာတဲ့ အွမ္မရာဟ်ပြုလုပ်သူ အရေအတွက်ဟာ ၅,၀၄၇,၀၈၈ ထိ ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးလာတာပါ။ လာရောက်သူအများစုက အီဂျစ်မှလာတာဖြစ်ပြီး လူပေါင်း ၁ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

    Ref; Arabnews

  • ဆော်ဒီအမျိုးသမီးတစ်ဦး ကုလ၏ ထိပ်တန်းရာထူးတစ်ခု ရရှိ

    ဆော်ဒီအမျိုးသမီးတစ်ဦး ကုလ၏ ထိပ်တန်းရာထူးတစ်ခု ရရှိ

    မေ ၂၁၊ ၂၀၁၆
    M-Media

    saudi 2

    – ဆော်ဒီအာရေဗျ၏ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးသံတမန်တစ်ဦးမှာ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအဖွဲ့ ဥက္ကဌအဖြစ် ထမ်းဆောင်ရန် တာဝန်ပေးရွေးချယ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ဆာရာ ဘာရှန်ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှ ရာသီဥတုသံတမန်ဟောင်း အမျိုးသမီး ဂျို တန်ဒါးလ်နှင့်အတူ ထိုတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကုလရှိ အရေးပါဆုံး ရာထူးများမှ ၆ ခုကို အမျိုးသမီးများက ရယူထားနိုင်ပြီဖြစ်သည်။

    မကြာမီ သက်တမ်းကုန်တော့မည့် ကုလ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအဖွဲ့ အကြီးအကဲ ခရစ္စတီယာနာ ဖီဂီရက်စ်ကမူ ထိုကဲ့သို့ ခန့်အပ်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ဘဲ ထိုအမျိုးသမီးနှစ်ဦးမှာ လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်သွားလိမ့်မည်ဟု ဆိုသည်။

    “အလုပ်ကို အထောက်အကူပြုစေမယ့် လူသစ်နှစ်ယောက်၊ အားကျဖွယ်နှစ်ယောက်ကို တွေ့ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု ဖီရီဂရက်စ်က ဆိုပြီး၊ ဆော်ဒီသံတမန်က ထိုကဲ့သို့ ထိပ်တန်းရာထူးရခြင်းမှာ ရာသီဥတုပြောင်းလဲမှုပြဿ နာတွင် အကျိုးဖြစ်ထွန်းသည့် နည်းလမ်းဖြင့် ဆော်ဒီ၏ ချဉ်းကပ်လိုစိတ်ကို ထင်ဟပ်စေခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    Ref : Arabnews

  • ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    မေ ၁၃၊ ၂၀၁၆
    M-Media

    saudi 1

    – အစ္စရေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံနေရတဲ့ ပါလက်စတိုင်းအစိုးရအတွက် ဆော်ဒီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ SFD က ကန်ဒေါ်လာ သန်း ၆၀ ငွေသားကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

    ပါလက်စတိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို အင်္ဂါနေ့မှာ လွှဲပေးခဲ့တာဖြစ်ပြီး အီဂျစ်ဆိုင်ရာ ဆော်ဒီသံအမတ်နဲ့ အာရပ်လိဂ်ဆိုင်ရာ ဆော်ဒီအမြဲတမ်းကိုယ်စားလှယ် အဟ်မဒ် ကတ္တန်က ယခုပေးလိုက်တဲ့ ပမာဏဟာ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရဲ့ လစဉ်ပံ့ပိုးငွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ပေးပို့လိုက်တဲ့ငွေတွေဟာ တစ်လ ဒေါ်လာသန်း ၂၀ နှုန်းနဲ့ ပြီးခဲ့သုံးလ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ သုံးလစာအတွက် ဆော်ဒီရဲ့ ကူညီထောက်ပံ့ငွေဖြစ်ပါတယ်” လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဆော်ဒီအာရေဗျအနေနဲ့ ပါလက်စတိုင်းအတွက် ထောက်ပံ့ငွေကို ၂၀၁၃ ကစပြီး တစ်လ ဒေါ်လာ ၁၄ သန်းကနေ ဒေါ်လာ သန်း ၂၀ ထိ တိုးမြင့်လိုက်တယ်လို့လည်း ကတ္တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီတွင် ၀တ်ပြုသူများအတွက် ဖုန်းအားသွင်းဝန်ဆောင်မှု စတင်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီတွင် ၀တ်ပြုသူများအတွက် ဖုန်းအားသွင်းဝန်ဆောင်မှု စတင်

    မေ ၁၃၊ ၂၀၁၆
    M-Media

    haram

    – မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော်ကြီးမှာ ဖုန်းအားသွင်းဝန်ဆောင်မှုကို စတင်လိုက်ပြီလို့ မတ်စ်ဂျစ်ဒ်ဟရမ်နဲ့ တမန်တော်မြတ်ဗလီကျောင်းတော်များရေးရာ အဖွဲ့က ယခုတစ်ပတ်အတွင်းမှာ ကြေငြာလိုက်ပါတယ်။

    မတ်စ်ဂျစ်ဒ်ဟရမ်မှာ ဟဂ်ျဘုရားဖူး လာရောက်သူတွေနဲ့ ၀တ်ပြုဆုတောင်းသူတွေအတွက် ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းတွေ အားသွင်းလို့ရမယ့် ဒီဝန်ဆောင်မှုကို စတင်ဖို့ အောက်တိုဘာလကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

    ပလပ်ပေါက်တွေကို ဗလီဝတ်ကျောင်းတော်အတွင်းက တိုင်တွေမှာ ထားပေးထားပြီး၊ နေရာတစ်ခုစီမှာ ဖုန်း ၈ လုံးကို တစ်ပြိုင်တည်း အားသွင်းနိုင်မှာဖြစ်ပါတယ်။ အားသွင်းထားစဉ်အတွင်း ဖုန်းတွေကို ထားထားလို့ရမယ့် အိတ်ကပ်လေးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

    လူပြည့်ကျပ်နေတဲ့အခါမျိုးမှာတော့ လူတစ်ယောက်ကို ငါးမိနစ်သာ အားပေးသွင်းမှာဖြစ်ပြီး ဖုန်းပျက်ဆီးတာ၊ ပျောက်ဆုံးတာတွေအတွက် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူမှာ မဟုတ်ပါဘူး။

    Ref: IINA

  • စစ်မှန်သည့် အစ္စလာမ့်သွန်သင်မှုများဆိုင်ရာ ပြပွဲတစ်ခုကို ဆော်ဒီတွင် ကျင်းပ

    စစ်မှန်သည့် အစ္စလာမ့်သွန်သင်မှုများဆိုင်ရာ ပြပွဲတစ်ခုကို ဆော်ဒီတွင် ကျင်းပ

    ဧပြီ ၂၇၊ ၂၀၁၆
    M-Media

    saudi 5

    – အစ္စလာမ်ကသွန်သင်တဲ့ အလယ်အလတ်လမ်းစဉ်ကို မီးမောင်းထိုးပြတဲ့ ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျ နိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကျင်းပခဲ့ပြီး ဆော်ဒီက ကောင်းမှုဆောင်၊ မကောင်းမှုရှောင်ရေးကော်မရှင်ဥက္ကဌ ဒေါက်တာ အဘ်ဒူလ် ရဟ်မန် ဘင် အဘ်ဒူလာ အလ်-ဆာနဒ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    ၁၀ ရက်တာကြာမြင့်မယ့် အဲဒီပြပွဲကို ဘာသာဝင်များအကြား ကောင်းမွန်သောလုပ်ရပ်များကို ထိခိုက်စေတဲ့အခါ လမ်းညွှန်မှုပေးရေးအဖွဲ့ဖြစ်တဲ့ Cooperative Office for Call and Guidance က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ ဆာနဒ်ကတော့ သူ့ရဲ့မိန့်ခွန်းမှာ အစ္စလာမ်သာသနာနဲ့ အစ္စလာမ့်နိုင်ငံတွေကို ပျက်ဆီးစေတဲ့ အစွန်းရောက်လုပ်ရပ်တွေကို ရှောင်ရှားဖို့အတွက် တက်ရောက်လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “အစ္စလာမ်သာသနာဟာ အလယ်အလတ်လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်မြတ်မှန်ကန်တဲ့ အရာကိုပဲ
    လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ သွန်သင်ချက်တွေနဲ့အညီ အလယ်အလတ်လမ်းစဉ်ကိုသာ လျှောက်လှမ်းဖို့ မျှော်လင့်ပါတယ်”

    အဆိုပါအခမ်းအနားဟာ လူငယ်တွေကိုပစ်မှတ်ထားပြီး လူမှုကွန်ရက်တွေကနေတဆင့် အကြမ်းဖက်ဝါဒနဲ့ အစွန်းေ ရာက်ဝါဒတွေ တိုက်ဖျက်ဖို့၊ စစ်မှန်တဲ့ အစ္စလာမ်ကို လိုက်နာကျင့်သုံးရေး လှုံ့ဆော်ပေးဖို့ အမျိုးသား အသိပညာပိုင်းဆိုင်ရာ လုံခြုံရေး အစီအစဉ်အရ ကျင်းပတာဖြစ်ပါတယ်။

    Ref: IINA