သြဂုတ် ၂၇၊ ၂၀၁၆
M-Media
– မဒီနာမြို့သမိုင်းကြောင်းကို သမိုင်းဆိုင်ရာ မှန်ကန်တိကျမှုရှိပြီး ခိုင်လုံသည့် ရှားပါးဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် မှတ်တမ်းတင်ထားသော ‘Madinah’ အမည်ရှိ သမိုင်းစာအုပ်တစ်အုပ်ကို ယမန်နေ့တွင် ဖြန့်ချီခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆဲလ် ဘင် ဆလ်မန် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းစာအုပ်တွင် မြင့်မြတ်သောဗလီဝတ်ကျောင်းတော်နှစ်ခု၊ အစ္စလာမ့်သမိုင်းအမွေအနှစ် နေရာများနှင့် မြို့ပြရှုမျှော်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆော်ဒီနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြထားသည်။
စာအုပ်တွင်ဖော်ပြထားသည့် ဓာတ်ပုံများမှာ မဒီမြို့၏ သမိုင်းကြောင်းကို ပြောပြနေပြီး၊ ခေတ်ကာလတစ်လျှောက် သမိုင်းဆိုင်ရာ အငွေ့အသက်များ၊ ယဉ်ကျေးမှုနှင့် လာရောက်လည်ပတ်သူများအပေါ် ဖမ်းစားမှု စသည်တို့ကိုလည်း စာအုပ်တွင် တွေ့မြင်ရမည်ဖြစ်သည်။
မဒီနာ သုတေသနနှင့် လေ့လာရေးစင်တာ အကြီးအကဲဖြစ်သူ ဖိုင်ဆဲလ်ကမူ သမိုင်းဆိုင်ရာ မှတမ်းပြုစုမှုနှင့်ပတ်သက်၍ ထိုစာအုပ်၏ အရေးကြီးပုံကို ထောက်ပြခဲ့ပြီး၊ မဒီနာမြို့၏ သမိုင်းကြောင်း ပိုမိုနားလည်သိရှိရန် ဆန္ဒရှိသူများအတွက် အဖိုးတန်းစာအုပ်ဖြစ်မည်ဖြစ်ကာ၊ သုတေသနပညာရှင်၏ လက်စွဲစာအုပ်လည်း ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.