News @ M-Media

Tag: saudi_arabia

  • ရေနံအား မှီခိုနေရမှုကို လျှော့ချမည့် စီးပွားရေးစီမံကိန်းကို ဆော်ဒီထုတ်ပြန်

    ရေနံအား မှီခိုနေရမှုကို လျှော့ချမည့် စီးပွားရေးစီမံကိန်းကို ဆော်ဒီထုတ်ပြန်

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media

    oil 3

    – ရေနံအား မှီခိုနေရသည့် တိုင်းပြည်၏ စီးပွားရေးကို လာမည့် ၁၄ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုဘက်သို့ တိုးချဲ့ဖြန့်ကျက်မည့် အစီအစဉ်များ ပါဝင်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်း Vision 2030 ကို ဆော်ဒီကတ်ဘိနတ်က သဘောတူခဲ့သည်ဟု သိရသည်။

    ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ယမန်နေ့ ထုတ်ဖော်ပြောဆိုမှုအတွင်း မိမိတို့နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်တွင် အဓိကကျသည့်နိုင်ငံဖြစ်လာရေးအတွက် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို တိုးမြှင့်သုံးစွဲသွားမည်ဟု ဆိုသည်။

    ထို့ပြင် နိုင်ငံအတွင်း အိုးအိမ်လိုအပ်ချက်ကို တိုးမြှင့်ဖြည့်ဆည်းပေးရေးအတွက် အိုးအိမ်ဝန်ကြီးဌာနကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး နိုင်ငံခြားအလုပ်သမားများနှင့် လုပ်ငန်းရှင်များအတွက် Green Card အစီအစဉ်ကိုလည်း လာမည့် ၅ နှစ်အတွင်း စီစဉ်ပေးသွားမည်ဟု ဒုတိယအိမ်ရှေ့မင်းသားက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ Green Card စနစ်ကြောင့် နိုင်ငံခြားသားများမှာ ဆော်ဒီတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ကာ၊ အိမ်ယာဝယ်ယူမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

    ရေနံဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဆော်ဒီမှာ ပြီးခဲ့သည့်နှစ်အတွင်း ၀င်ငွေထွက်ငွေကွာဟာမှု ကန်ဒေါ်လာ ၉၈ ဘီလီယံအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ၈၇ ဘီလီယံ ကွာဟမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံ၏ အရန်ငွေကြေးမှာလည်း ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၇၄၆ ဘီလီယံရှိရာမှ လက်ရှိတွင် ၆၁၆ ဘီလီယံသာ ရှိတော့သည်။

    Ref: Aljazeera

  • နာမ်ပိုင်းဆိုင်ရာ ဆေးဆရာများကို ဆော်ဒီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်

    နာမ်ပိုင်းဆိုင်ရာ ဆေးဆရာများကို ဆော်ဒီက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    saudi 4

    – စိတ်မကျန်းမာသူတွေကို ကုသပေးနိုင်ဖို့အတွက် ရူက်ယာလို့ခေါ်တဲ့ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာတွေကို မကြာခင်က ပြဌာန်းလိုက်တဲ့ ဥပဒေနဲ့အညီ အသိအမှတ်ပြုလတ်မှတ် ထုတ်ပေးတော့မယ်လို့ ဆော်ဒီအာရေဗျကျန်းမာရေးဝန်ကြီးဌာနက ဒီတစ်ပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီလို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားတဲ့အပြင် ဆေးဘက်ဆိုင်ရာ အဆောက်အဦးတစ်ချို့နဲ့ ပစ္စည်းကိရိယာတစ်ချို့ကိုလည်း အဲဒီ နာမ်ပိုင်းဆိုင်ရာ ကုသမှုတွေအတွက် ၀န်ကြီးဌာနက သုံးစွဲခွင့်ပြုမှာ ဖြစ်ပါတယ်။

    နာမ်ပိုင်းဆိုင်ရာနည်းလမ်းနဲ့ ကုသခွင့်တောင်းခံမှုကို အတည်ပြုနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဘာသာရေးလမ်းညွှန်မှုနဲ့ အသိပညာပေးရေးဌာနကို ပေးပို့သွားပြီးမှသာ ကုသဖို့အတွက် အချိန်၊ နေ့ရက်၊ နေရာတို့ကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

    ကုသမှုပြုလုပ်မယ့် နေရာမှာတော့ ဘာသာရေးဆိုင်ရာ လမ်းညွှန်အကြံပေးမှုအဖွဲ့က အဖွဲ့ဝင်တစ်ဦးဟာ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာနဲ့အတူ ရှိနေမှာဖြစ်ပြီး ဆေးကုသမှု လုပ်ထုံးလုပ်နည်းတွေဟာ ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော် မုဟမ္မဒ်ခသင်ရဲ့ သြ၀ါဒတော်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကြီးကြပ်သွားမှာဖြစ်ပါတယ်။

    တကယ်လို့ နာမ်ပိုင်းဆိုင်ရာ ဆေးဆရာ ဒါမှမဟုတ် လူနာကို ကုသမှုနည်းလမ်းဟာ ကုရ်အာန်၊ တမန်တော်ရဲ့ သြ၀ါဒတော်တွေကနေ သွေဖည်နေမယ်ဆိုရင်တော့ ဘာသာရေးလမ်းညွှန်အဖွဲ့ဝင်အနေနဲ့ ကုသမှုကို အဆုံးသတ်စေပြီး နောက်ထပ် လက်မှတ်ရဆရာတစ်ဦး ထပ်ရှာဖို့ လူနာနဲ့ ၎င်းရဲ့မိသားစုဆီ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

    Ref: IINA

  • လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်

    လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    apki

    – အဆီးရ်ဒေသတောင်ကြားတစ်ခုမှာ ရေနစ်နေတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ပါကစ္စတန် အလုပ်သမားတစ်ဦးကို ဆုငွေချီးမြှင့်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီးဖ်က သောကြာနေ့မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီ ပါကစ္စတန်အလုပ်သမားဟာ ရှောင်ကသ် အေမင်ဆိုသူ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံသား ဖာ့ဟ်ဒ် အလ်-ကာတာနီဟာ သဒ်လိဒ်တောင်ကြားမှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သူမောင်းနှင်လာတဲ့ ကားနဲ့အတူ ရေနစ်သေဆုံးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။

    အလ်ကာတာနီက ၎င်းရဲ့ကားထိပ်ပိုင်းမှာ မတ်တပ်ရပ်ကာ အကူအညီတောင်းခံခဲ့ပြီး မျက်မြင်သက်သေတွေက အေမင်ရဲ့ သူရဲကောင်းဆန်ဆန်အပြုအမူကြောင့် ကာတာနီတစ်ယောက် အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်တွေကတော့ အေမင်ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အိမ်ရှေ့မင်းသားရဲ့အမိန့်နဲ့ ချီးမြင့်ခဲ့တဲ့ ဆုငွေပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

    ဆော်ဒီနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မန်ဇူလ် အူလ် ဟက်ကတော့ မိမိတို့နိုင်ငံသားတစ်ယောက်ဟာ သေအံဆဲဆဲလူတစ်ယောက်ကို ဒီလိုကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပြီး အေမင်ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့တဲ့ အိမ်ရှေ့မင်းသားကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref; Arab News

  • ဆော်ဒီတွင် ၄ လအတွင်း အစ္စလာမ်ကိုလက်ခံသူ အမျိုးသမီး ၄၀၀ အထိ ရှိခဲ့

    ဆော်ဒီတွင် ၄ လအတွင်း အစ္စလာမ်ကိုလက်ခံသူ အမျိုးသမီး ၄၀၀ အထိ ရှိခဲ့

    ဧပြီ ၁၅၊ ၂၀၁၆
    M-Media

    woman

    – ပြီးခဲ့သည့် ၄ လအတွင်း ဆော်ဒီအာရေဗျ၌ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့သည့် အမျိုးသမီးအရေအတွက်မှာ ၄၀၀ အထိ ရောက်ရှိခဲ့သည်ဟု မိုဟာမက် ဘင် ဆာအွဒ် အစ္စလာမ့်မစ် တက္ကသိုလ်ရှိ ကျောင်းသားများ လေ့လာရေးစင်တာမှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဇိုင်နဘ် ဘင်တီ အဘ်ဒူလာ အလ်-ရာဂ်ျဟီက ပြောကြားလိုက်သည်။

    ယနေ့တွင် ရီယာ့ဒ်၌ ပြုလုပ်ခဲ့သည့် သစ်လွင်မွတ်စလင်အမျိးသမီးများ ကြိုဆိုပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သတင်းစကားကို ပြန့်နှံ့အောင် ဆောင်ရွက်ရာတွင် တစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတွင် ရှိနေသည့် တာဝန်ဝတ္တရားများကို သူမ၏ မိန့်ခွန်းတွင် အဓိကထား ပြောကြားခဲ့သည်။

    ထို့ပြင် မကောင်းမှုဒုစရိုက်များကို အစ္စလာမ့်ဓမ္မအသိဖြင့် ရှောင်ရှားနိုင်ရေးကိုလည်း အလ်-ရာဂ်ျဟီက မီးမောင်းထိုးပြခဲ့သည်။ ထိုကြိုဆိုပွဲအခမ်းအနားကို ကုရ်အာန်ကျမ်းတော်မြတ်အား ရွတ်ဖတ်၍ ဖွင့်လှစ်ခဲ့ပြီး သစ်လွင်မွတ်စလင်များအား လက်ဆောင်များလည်း ဝေငှခဲ့သည်။

    သစ်လွင်မွတ်စလင်တစ်ဦဖြစ်သူ လော်နာက သူမအနေဖြင့် အစ္စလာမ်အား သက်ဝင်ယုံကြည်ခဲ့ပုံကို ပရိတ်သတ်များအား ပြောပြခဲ့သည်။

    “အစ္စလာမ်ကို လက်မခံခင်အချိန်တုန်းက ကျွန်မဟာ ကက်သလစ်ဘုရားကျောင်းက ဆရာမတစ်ယောက်ပါ။ နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရဖို့အတွက် ဆော်ဒီအာရေဗျမှာ အလုပ်လာလုပ်ခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မရဲ့ အလုပ်ရှင်က စာကြည့်စင်တစ်ခုကို ရှင်းဖို့ပြောလို့ ရှင်းနေရင်း ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်ကို တွေ့ခဲ့ပါတယ်။ အလုပ်ရှင်ကို ဖတ်လို့ရမလားလို့ မေးတဲ့အခါမှာ သူက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုခဲ့ပါတယ်” ဟု လော်နာက ဆိုသည်။

    ထို့သို့ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရှုလေ့လာပြီးနောက်ပိုင်းတွင် အစ္စလာမ်သာသနာအား လက်ခံရန်အတွက် သူမအနေဖြင့် စိတ်အားထက်သန်လာခဲ့သည်။

    “နောက်ပိုင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို အလုပ်ရှင်ကို ပြောခဲ့ပါတယ်။ သူက ကျွန်မကို တရားဟောဆရာတစ်ဦးစီ ခေါ်သွားပြီး၊ တရားဟောဆရာက ရှာဟာဒသ် (အစ္စလာမ်ကို သက်ဝင်ယုံကြည်သည့်အခါ ရွတ်ဖတ်ရသည့် သက်သေခံချက်) ကို သင်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်မဟာ မွတ်စလင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေမိပါပြီ”

    Ref: Arabnews

  • ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ

    ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ

    ဧပြီ ၁၁၊ ၂၀၁၆
    M-Media

    Un 1

    – “၂၀၃၀ ခုနှစ်မှာ ဒို့လိုချင်တဲ့ကမ္ဘာ” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူငယ်ညီလာခံမှာ အသက် ၁၈ နှစ်အရွယ် ဆော်ဒီကျောင်းသူ ရာဇန် အလ်-အကီးလ်ကို ကုသမဂ္ဂဆိုင်ရာ အာရပ်လူငယ် သံတမန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

    အလ်အကီးလ်ဟာ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ အပါလာချီယန်တက္ကသိုလ်မှာ ပထမနှစ် နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမက ဆော်ဒီအာရေဗျမှာ လူသားအကျိုးပြုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အလေးထားလုပ်ဆောင်ရေးအပြင် ကမ္ဘာကြီးပူနွေးလာမှု၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ အကျိုးဆက်တွေနဲ့ပက်သက်ပြီး ညီလာခံမှာ အလေးထားပြောသွားခဲ့ပါတယ်။

    ကမ္ဘာ့လူငယ်တွေရဲ့ အဲဒီညီလာခံမှာ ကမ္ဘာတစ်ဝှမ်းက ပြဿနာပေါင်း ၁၅၀ ကျော်လောက်ကို ဆွေးနွေးခဲ့ကြပါတယ်။

    သူမက လူမှုအသိပညာပေးလှုံ့ဆော်မှုတွေမှာ ဆော်ဒီ လူငယ်တွေက အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍနဲ့ ပက်သက်လို့လည်း ဆွေးနွေးသွားခဲ့ပါတယ်။

    ရာဇန်အလ်အကီးလ်ဟာ ကုလသမဂ္ဂလူငယ်ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ပထမဦးဆုံး ဆော်ဒီနိုင်ငံသား၊ အာရပ်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ဆော်ဒီနိုင်ငံမှာ နာရီပေါင်း ၂၅၀ ကျော် စေတနာ့ဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး အမေရိကန်မှာ နာရီပေါင်း ၁၀၀ လုပ်ကိုင်ခဲ့သူဖြစ်တဲ့အလျောက် အခုလို နိုင်ငံတကာ အခမ်းအနားမျိုးမှာ မိမိနိုင်ငံကိုယ်စားပြုနိုင်တဲ့အထိ အရည်အချင်းပြည့်မီခဲ့တာ ဖြစ်ပါတယ်။

    သူမက “လူငယ်တွေဟာ ကမ္ဘာကြီးကို ကွဲပြားခြားနားမှုတွေ ဖန်တီပေးနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ လူငယ်ဆိုတာ မနက်ဖြန်ရဲ့ လူကြီးတွေပါပဲ၊ ဒါ့ကြောင့်မို့ နောက်ထပ်ဆယ်နှစ်အကြာမှာ သစ်လွင်တဲ့ ကမ္ဘာကြီးတစ်ခုကိုတွေ့မြင်ရဖို့ စောင့်မျှော်နေပါမယ်” လို့ပြောကြားခဲ့ပါတယ်။

    အလ်အကီးလ်ဟာ အမေရိကန် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နှစ်နိုင်ငံ ကျောင်းသားဖလှယ်ရေးအစီအစဉ်နဲ့ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ နိုင်ငံရေးသိပံ္ပဘွဲ့ရရှိထားပြီး တက္ကသိုလ်သံတမန်ရွေးချယ်ရေးအစီအစဉ်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးနောက် လူငယ်ကဏ္ဍအတွက် ဆော်ဒီကိုယ်စားပြုသူအဖြစ် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

    Ref: IINA