News @ M-Media

Tag: SaudiArabia

  • တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ် (သို့မဟုတ်) ဆော်ဒီ၏ ပရဟိတဘုရင်မ

    တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ် (သို့မဟုတ်) ဆော်ဒီ၏ ပရဟိတဘုရင်မ

    မေ ၈၊ ၂၀၁၇
    M-Media

    – အသက် ၃၃ နှစ်အရွယ် ဆော်ဒီ တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ်ဟာ ကမ္ဘာကြီးကို ပိုကောင်းအောင် ဖန်တီးချင်သူ တစ်ဦးပါ။

    လှပ၊ စတိုင်ကျသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူမဟာ ရဲရင့်ပြီး ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် အကူအညီပေးရေးလုပ်ငန်းကို ဆော်ဒီမှာသာမက ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နေသူပါ။

    ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ အဓိက ပြဿနာတွေကို နားလည်ဖြေရှင်းနိုင်ဖို့ နိုင်ငံပေါင်း ၇၀ ကျော်ကို ခရီးသွားခဲ့သူလည်း ဖြစ်ပါတယ်။

    မင်းသမီးဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းရေးတွေကို ဆောင်ရွက်နေသလို၊ ပရဟိတ အဖွဲ့အစည်းပေါင်း များစွာမှာလည်း ပါဝင်လှုပ်ရှားနေပါတယ်။ အနောက်အာဖရိကမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ဖြစ်ပေါ်လာအောင် ကြိုးပမ်းပေးထားပြီး၊ ပါကစ္စတန်က ရေးဘေးဒုက္ခသည်တွေအတွက်လည်း လက်မနှေးခဲ့ပါဘူး။

    ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာ ပေါ်ပေါက်လာအောင် ကြိုးပမ်းပေးခဲ့တဲ့ အမီရာဟ်ဟာ ဆိုမာလီယာမှာလည်း အကူအညီပေးရေးအဖွဲ့ကို ဦးဆောင်နေပါတယ်။

    နောက်ပြီး သူမဟာ တိုင်းပြည်မှာ မျက်နှာပါအုပ်တဲ့ဝတ်ရုံကို ခြုံဖို့ ငြင်းဆန်ခဲ့တဲ့ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဥရောပ အ၀တ်အစားကို စတိုင်ကျကျ ၀တ်စားပေမယ့် အိနြေ္ဒသိက္ခာရှိမှု တန်ဖိုးကိုတော့ စွန်လွှတ်ခြင်း မရှိပါဘူး။

    ဆော်ဒီရဲ့ ရိုးရာအစဉ်အလာနဲ့ မင်းသမီး အမီရာဟ်ရဲ့ ဘ၀နေထိုင်မှုကြားမှာ ကွဲပြားခြားနားနေတာက ဖက်ရှင်တစ်ခုတည်း မဟုတ်ပါဘူး။ သူမဟာ ကိုယ်တိုင်ကားမောင်းပြီး အဆင့်မြင့်ပညာကို အမေရိကန်မှာ သင်ယူခဲ့သလို စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဘွဲ့တစ်ခုကိုလည်း ရရှိထားပါတယ်။ မင်းသမီးက သူတို့နိုင်ငံက အမျိုးသမီးတွေနေနဲ့ ဒီကိစ္စတွေကို ရွေးချယ်ခွင့် ရှိရမယ်လို့ မှတ်ယူထားသူဖြစ်သလို၊ အမှန်တကယ်အကောင်အထည် ပေါ်လာအောင် ကြိုးစားခဲ့ပါတယ်။

    မင်းသမီး အမီရာဟ်ဟာ ပြိုင်ဘက်ကင်းအလှ၊ ပျော့ပြောင်းတဲ့ စိတ်ဓာတ်၊ နူးညံ့တဲ့နှလုံးသားတို့ ပေါင်းစပ်ထားမှုရဲ့ ခြွင်းချက်ကင်း ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ဖန်တီးမယ်ဆိုတာ မလွဲ မသွေပါပဲ။

     

    Ref: Bright Side

  • ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသူ ဆော်ဒီတစ်ဦး အပြေးသမားဖြစ်ရန် ကြိုးစား

    ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသူ ဆော်ဒီတစ်ဦး အပြေးသမားဖြစ်ရန် ကြိုးစား

    မေ ၅၊ ၂၀၁၇
    M-Media

    – မဂျစ် အလ် အိုတိုင်ဘီဟာ သူရဲ့ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားတဲ့ ကြေကွဲစရာ မနက်ခင်းတစ်ခုကို မှတ်မိနေတုန်းပါပဲ။ သူ စာသင်ပေးမယ့် ကျောင်းကို ရောက်ဖို့အတွက် ထိုင်ခုံခါးပတ် မပတ်ထားတဲ့ အိုတိုင်ဘီတစ်ယောက် ကားကို အရှိန်ပြင်းပြင်းမောင်းလာစဉ်မှာ ခြံစည်းရိုးတစ်ခုကို ၀င်တိုက်မိခဲ့တာပါ။

    နှစ်အနည်းငယ်အကြာ ခြေတုရရှိတဲ့အချိန်မှာတော့ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားမှုကြောင့် စိတ်ဓာတ်ကျဆင်းမှုကို ကျော်ဖြတ်နိုင်ဖို့ သူက စိုင်းပြင်းလာပါတယ်။

    “တစ်နေ့မှာ အပြေးသမားတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လိုမျိုး အရှိန်တင်မောင်းတာ၊ ထိုင်ခုံခါးပတ်မပတ်ထားတာမျိုး တစ်ခြားသူတွေကို တကယ်ကို မဖြစ်စေချင်ပါဘူး” လို့ သူက ဆိုပါတယ်။

    ခြေထောက်တွေ ဆုံးရှုံးသွားတဲ့နောက်ပိုင်း ဘ၀ကြီးက အဆုံးသတ်သွားပြီလို့ ထင်သွားခဲ့ကာ တစ်နေ့မှာ သူနဲ့ ကံကြမ္မာတူသူတွေအတွက် အားကျစရာ၊ ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်လာမယ်ဆိုတာကို စဉ်တောင်မစဉ်းစားမိတဲ့ အကြောင်းကိုလည်း အိုတိုင်ဘီက Al Arabiya သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

    “လက်ထပ်ပြီး ၅ လလောက်အကြာမှာပဲ ဒီလို မတော်တဆဖြစ်သွားတဲ့အတွက် ကျွန်တော် တော်တော်လး နာကျင်ကြေကွဲရပါတယ်။ ဒါပေမယ့် မိသားစုနဲ့ ဇနီးဖြစ်သူရဲ့ ပံ့ပိုးမှုတွေကြောင်း ဒီလို ကြောက်မက်ဖွယ် ရလဒ်ကြီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ အိုတိုင်ဘီက ဆိုပါတယ်။

    အခုအချိန်မှာတော့ သူဟာ ဆရာအလုပ်ကို စွန့်လွှတ်ပြီး ခြေတုနဲ့ လမ်းလျှောက်နိုင်အောင် လေ့ကျင်ပေးခဲ့တဲ့ ဆေးခန်းမှာ အလုပ်လုပ်နေပါတယ်။

    “ခြေတုအသုံးပြုတဲ့နယ်ပယ်မှာ ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေဖို့၊ မသန်စွမ်းသူတွေကို လှုံ့ဆော်ပေးဖို့၊ သူတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ ကျွန်တော်ဟာ ဒီဆေးခန်းမှာပဲ အလုပ်လုပ်ပါတယ်”

    သူ ပြန်လည်လမ်းလျှောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ဆေးခန်းက ဆရာဝန်တွေအားလုံးကို အိုတိုင်ဘီက ကျေးဇူးတင်နေပြီး၊ သူကျေးဇူးအထူးတင်ရမယ့် နိုင်ငံခြားသားတစ်ယောက် ရှိနေတယ်လို့လည်းဆိုပါတယ်။

    “ကျွန်တော်ဟာ ဖိလစ်ပိုင် ဆရာဝန်တစ်ယောက်အပေါ်မှာ အကြွေးတွေ တင်နေပါတယ်။ သူဟာ ကျွန်တော်တို့ ဒီဒုက္ခထဲကလွတ်ပြီး လမ်းပြန်လျှောက်လာနိုင်အောင် စိတ်အားထက်သန်စွာ ကူညီပေးခဲ့ပါတယ်။ သူ့ကို ကျွန်တော် အရမ်းကျေးဇူတင်ပါတယ်”

    Ref: Alarabiya

  • ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – သမ္မတတာဝန် ရယူပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီ၊ အစ္စရေးနှင့် ဗာတီကန်သို့ သွားရောက်မည်ဟု ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “သည်းခံမှုဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုပ်မြစ် ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဒီနေ့မနက်မှာ ဒီလို အဓိကကျပြီး သမိုင်းဝင်ကြေငြာချက်ကို ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်” ဟု အိမ်ဖြူတော် နှင်းဆီပန်းခြံတွင် ပြုလုပ်သည့် ဘာသာရေးနွယ်သော ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးသည့် အခမ်းအနား၌ ထရမ့်က ပြောကြားခဲ့သည်။

    အဆိုပါခရီးစဉ်မှာ ယခုလနှောင်းပိုင်း ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်မည့် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ အီတလီနိုင်ငံ စစ္စလီမြို့တွင် ကျင်းပပြုလုပ်မည့် G7 အစည်းဝေး မတိုင်ခင် ဖြစ်လာဖွယ် ရှိနေသည်။

    ဆော်ဒီတွင် ထရမ့်မှာ မွတ်စလင်ကမ္ဘာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထရမ့်က ထိုတွေ့ဆုံမှုတွင် အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရေး၊ မွတ်စလင်တိုင်းပြည်များရှိ လူငယ်များ ပိုမိုတရားမျှတပြီး မျှော်လင့်ချက်သော အနာဂတ် ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်ကို ချမှတ်သွားမည်ဖြစ်ကာ မွတ်စလင်မဟာမိတ်တပ်ပေါင်းစုကို ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော်က ဆော်ဒီသို့ သွားရောက်မှုမှာ ဆော်ဒီဘုရင် ဆလ်မန်၏ ဖိတ်ကြားချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဆော်ဒီ၌ ရှိနေစဉ် ထရမ့်မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ၏ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။

    ထရမ့်မှာ အစ္စရေးတွင် အစ္စရေးခေါင်းဆောင်များ၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ရောမတွင်မူ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

    Ref: RT

  • အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူ၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်

    အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူ၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်

    မေ ၅၊ ၂၀၁၇
    M-Media

    – အစိုးရနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ၀န်ဆောင်မှုများအတွက် ဆော်ဒီအမျိုးသမီးများမှာ အမျိုးသားအုပ်ထိန်းသူများ၏ ခွင့်ပြုချက် ရယူနေရခြင်း၊ ၎င်းတို့ လိုက်ပါရခြင်း စသည့်စနစ်ကို ဖျက်သိမ်းသော အမိန့်တစ်ခုကို ဆော်ဒီဘုရင် ဆလ်မန်က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

    ဆော်ဒီမီဒီယာများကမူ ထိုဓလေ့ထုံးစံကို ပယ်ဖျက်ခြင်းမှာ အစ္စလာမ့်တရားတော်နှင့် ဆန့်ကျင်ခြင်းမရှိဟု ဖော်ပြခဲ့ကြသည်။

    ယခုအမိန့်အသစ်တွင် အစ္စလာမ့်တရားတော်လာ ပညတ်ချက်များဖြင့် ဆန့်ကျင်ခြင်းမရှိလျှင် အလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်ရာတွင်လည်း ဆော်ဒီအမျိုးသမီးများအနေဖြင့် အမျိုးသား အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရန် မလိုတော့ပေ။

    အမျိုးသမီးများမှာ ၎င်းတို့၏ ကိစ္စတိုင်းအတွက် ဖခင်၊ အစ်ကို၊ မောင် စသည်တို့၏ ခွင့်ပြုချက် ရယူသည့်စနစ်ကို ‘မဟ်ရမ်’ ဟုခေါ်ပြီး ဆော်ဒီအမျိုးသမီးများမှာ နိုင်ငံပြင်ပသို့ ထွက်ခွာရာတွင် အဆိုပါ အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ကို ရယူရကာ၊ အစိုးရဌာနများသို့ သွားရောက်ခြင်း၊ ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်တန်းခြင်းတို့တွင်လည်း ထို အမျိုးသားအုပ်ထိန်းသူများက အတူ လိုက်ပါရသည်။

    ဆော်ဒီဘုရင်က ယခုအမိန့်သစ်နှစ် လျော်ညီစွာ ဆောင်ရွက်သွားရန်အတွက် အစိုးရဌာနများကို ပြောကြားထားပြီး၊ အမျိုးသားအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ပါမှ ပြီးပြည့်စုံမည့် ကိစ္စများ၊ ၀န်ဆောင်မှုပေးရမည့် ကိစ္စများအားလုံးကို ဖော်ထုတ်ပြင်ဆင်ရန် အမိန့်ပေးထားသည်။

    ထို့ပြင် အမျိုးသားအုပ်ထိန်းသူများ ပါဝင်ရသည့်စနစ် ဖျက်သိမ်းမှုကို ၃ လအတွင်း အပြီးသတ်ဆောင်ရွက်သွားရန် တောင်းဆိုထားပြီး၊ ၀န်ကြီးဌာနများအနေဖြင့် ၎င်းတို့၏ တရားဝင်ဝဘ်ဆိုက်များတွင် တရားဝင်ကြေငြာရန်လိုအပ်သည်ဟု ဆိုသည်။

    ယခုအမိန့်အသစ်အရ အလုပ်သမားနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီးအ လုပ်သမားများအတွက် သယ်ယူပို့ဆောင်ရေးစနစ် စီစဉ်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။

    Ref: Al Arabiya

  • မဒီနာက တမန်တော်မြတ်ဗလီ အကြမ်းဖက်ခံရမှု ကြိုးကိုင်သူများကို ဆော်ဒီဖော်ထုတ်

    မဒီနာက တမန်တော်မြတ်ဗလီ အကြမ်းဖက်ခံရမှု ကြိုးကိုင်သူများကို ဆော်ဒီဖော်ထုတ်

    မေ ၄၊ ၂၀၁၇
    M-Media

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီ

    – ပြီးခဲ့တဲ့နှစ် မဒီနာက တမန်တော်မြတ်ဗလီကို တိုက်ခိုက်ခဲ့တဲ့ ဟာရာဇတ် အကြမ်းဖက်အဖွဲ့က အဓိကအဖွဲ့ဝင် ၃ ဦးကို ဧပြီလ ၃၀ ရက်နေ့မှာ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်လိုက်ပါတယ်။

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီတို့ဖြစ်ကြပြီး ဂျစ်ဒါမှာ ဖော်ထုတ်နိုင်ခဲ့တဲ့ ဒီအကြမ်းဖက်အဖွဲ့မှာ အရေးပါတဲ့ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ခါလစ် အလ်-ဆာရာဝါနီကို ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်သမားတွေကို နေရာထိုင်းခင်းပေးမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

    ဒီ အကြမ်းဖက်အဖွဲ့ဟာ ဆာရာဝါနီကို ဟီဂျဇ်မင်းသားဆိုပြီး အမည်ပြောင်လည်း ပေးထားပါသေးတယ်။ သူဟာ အီရတ်နဲ့ အာဖဂန်မှာ ဖြစ်ပျက်နေတာတွေရဲ့ လွှမ်းမိုးမှုကိုခံရတဲ့ အစွန်းရောက်တစ်ဦး ဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်းပိုင်းက ဟူဆမ် အလ်-ဂျူဟာနီကို သူတို့အပေါ် သစ္စာခံဖို့ စာနဲ့ပေနဲ့ တောင်းဆိုခဲ့ဖူးပါတယ်။

    ဟူဆမ် အလ်-ဂျူဟာနီဟာ အလ်-ကိုင်းဒါအဖွဲ့ကို ထောက်ခံသူဖြစ်ပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အဖမ်းခံရဖူးပြီး ၂၀၁၇ ခုနှစ်မှာတော့ IS အကြမ်းဖက်အဖွဲ့မှာ ပါဝင်မှုနဲ့ ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။

    ဂျူဟာနီဟာ အီဘရာဟင် အလ်-ဇဟ်ရာနီဆိုသူရဲ့ အကူအညီနဲ့ IS အဖွဲ့ဝင် ဖြစ်လာတာဖြစ်ပြီး ဒီဆက်ဆံရေးက တိုးတက်လာခဲ့ကာ သူလွတ်မယ့်ရက်၊ ငွေရေးကြေးရေး အခြေအနေနဲ့ အခြားသာ မေးခွန်းတွေကို IS အဖွဲ့ စစ်ဆင်ရေးမှူးရဲ့ မေးမြန်းခြင်းကိုလည်း ခံခဲ့ရပါတယ်။

    နောက်ပြီး ဆီးရီးယားက စစ်ဆင်ရေးဆောင်ရွက်ပေးသူနဲ့ ဂျူဟာနီက တိုက်ရိုကအဆက်အသွယ် ရှိပါတယ်။ ဟာရာဇတ်အဖွဲ့အတွက် လက်နက်တွေ၊ အသေခံဗုံးခွဲခါးပတ်တွေကို လွှဲပြောင်းပေးရေး လုပ်ငန်းကို သူက အဓိက တာဝန်ယူ ဆောင်ရွက်ပါတယ်။

    တမန်တော်မြတ် ဗလီဝတ်ကျောင်းတော် အ၀င်အ၀ စစ်ဆေးရေးဂိတ်မှာ အသေခံဗုံးခွဲခဲ့တဲ့ မာရ်ဇူက် အလ်-အန်ဇီက ဆော်ဒီနိုင်ငံသားတွေရဲ့ Twitter အကောင့်တွေကို အလိုအလျောက် အက်ပလီကေးရှင်းတွေနဲ့ ဖောက်ထွင်းရယူရာမှာ ကူညီပေးတဲ့ Monasseroun အကောင့်ပိုင်ရှင် ဖြစ်ပါတယ်။

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီတို့ ၃ ဦးဟာ တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှု၊ ဂျစ်ဒါက Dr. Soliman Fakeeh ဆေးရုံ ကားပါကင် တိုက်ခိုက်မှု စတာတွေအအပါအ၀င် အခြားသော ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေနဲ့လည်း ဆက်စက်နေပါတယ်။

    ဆော်ဒီဗိုလ်ချုပ် ဘာဆမ် အတ္တီယာကတော့ ဟာရာဇတ်အဖွဲ့က တစ်နှစ်အတွင်း အသုံးပြုတဲ့ နေရာ ၇ နေရာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    တမန်တော်မြတ်ဗလီကို တိုက်ခိုက်မှုဟာ ဒီအဖွဲ့ရဲ့ အဆိုးရွားဆုံး စစ်ဆင်ရေးဖြစ်ပြီး အသေခံဗုံးခွဲခါးပတ်တွေကို စတင်ဖန်တီးမှုတွေအပါအ၀င် အဆင့် ၆ ဆင့်ကို ကျော်ဖြတ်ခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya