News @ M-Media
Tag: SaudiArabia
  • ဂျစ်ဒါလေဆိပ် လည်ပတ်ရေး စင်ကာပူလုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့်ရရှိ
    ဂျစ်ဒါလေဆိပ် လည်ပတ်ရေး စင်ကာပူလုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့်ရရှိ
    မေ ၃၊ ၂၀၁၇
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့ရှိ ဘုရင် အဘ်ဒူလ်အဇစ် နိုင်ငံတကာ လေဆိပ် (KAIA) အား နှစ်ပေါင်း ၂၀ အထိ စီမံခန့်ခွဲခွင့်ကို စင်ကာပူ ချန်ဂီလေဆိပ်အုပ်စု (CAG) က ဦးဆောင်သည့် လုပ်ငန်းစုတစ်ခုက ရရှိသွားသည်ဟု သိရသည်။
    ချန်ဂီလေဆိပ် လည်ပတ်ရေးနှင့် စီမံခန့်ခွဲရေးအတွက် တာဝန်ယူထားသည့် CAG အုပ်စုမှ အလုံးစုံပိုင်ဆိုင်သော ချန်ဂီ နိုင်ငံတကာ လေဆိပ်မှ တနင်္လာနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဆော်ဒီ အရပ်ဖက်လကြောင်း အာဏာပိုင်အဖွဲ့ (GACA) က မိမိတို့ကို လေလံအောင်သူအဖြစ် ရွေးချယ်ခဲ့သည်ဟု ဖော်ပြထားသည်။
    “ဒါဟာ လွန်ခဲ့တဲ့ ၈ နှစ် ဒမ်မမ်လေဆိပ်ကို စတင်ပြီး စီမံခန့်ခွဲစဉ်ကတည်းက ရှိခဲ့တဲ့ GACA နဲ့ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေမယ့် စမ်းသပ်မှုတစ်ခုပါပဲ။ ဂျစ်ဒါနဲ့ ဆော်ဒီအာရေဗျက ပြည်သူတွေ၊ ခရီးသွားတွေကို ၀န်ဆောင်မှုပေးရင်း KAIA ကို ကမ္ဘာ့အဆင့် လေဆိပ်တစ်ခုအဖြစ် တိုးတက်စေဖို့ ကျွန်တော်တို့ ရှေ့ဆက် ဆောင်ရွက်သွားမှာပါ” ဟု CAI ၏ အမှုဆောင်ဒါရိုက်တာ Lim Liang Song က ပြောကြားခဲ့သည်။
    KAIA မှာ ဂျစ်ဒါရှိ အဓိက လေဆိပ်တစ်ခုဖြစ်ပြီး ဆော်ဒီအာရေဗျ၏ လူဝင်ထွက်မှုအများဆုံး လေဆိပ်တစ်ခုလည်းဖြစ်သည်။ CAI ကမူ ဂျစ်ဒါမြိုကမှာ ဆော်ဒီ၏ စီးပွားရေး အချက်အခြာနေရာဖြစ်ပြီး မက္ကာသို့ ၀င်ပေါက်လည်းဖြစ်သည်ဟု ဆိုသည်။
    ဘရာဇီးလ်၊ အိန္ဒိယ၊ ရုရှားတို့အပါအ၀င် CAI က စီမံခန့်ခွဲနေသည့် လေဆိပ်များမှာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ ကျော်၌ ၅၀ ကျော် ရှိနေသည်။
    Ref: Today Online
  • မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ
    မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ
    မေ ၁၊ ၂၀၁၇
    M-Media
    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ မြင့်မြတ်ရာမြို့အဖြစ် သတ်မှတ်ထားကြတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ခိုတွေဟာ အခြားသော ငှက်တွေနဲ့မတူဘဲ အခွင့်ထူးကို ခံစားခွင့်ရနေကြပါတယ်။
    ဘယ်လိုအခွင့်ထူးမျိုးတွေလဲ။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ ဒီဗီဒီယိုအတိုလေးမှာ သိရှိရမှာ ဖြစ်ပါတယ်။
    Al Arabiya သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်တင်ဆက်တာ ဖြစ်ပါတယ်။
  • ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ဆောင်မှု တိုးတက်စေရေး ဆော်ဒီ ဆောင်ရွက်မည်
    ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ဆောင်မှု တိုးတက်စေရေး ဆော်ဒီ ဆောင်ရွက်မည်
    ဧပြီ ၃၀၊ ၂၀၁၇
    M-Media
    – ဟဂ်ျနှင့် အွမ္မရာဟ် ခရီးစဉ်အတွက် စနစ်နှင့် လိုအပ်သည့် အဆောက်အဦးများ၊ ၀န်ဆောင်မှုမျာအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်အတွက် ဆော်ဒီအစိုးရက ဆန္ဒရှိနေသည်ဟု သိရသည်။
    “(ဟဂ်ျနှင့် အွမ္မရာဟ် သုတေသန) စင်တာရဲ့ သုတေသနတွေအရ လုံခြုံစိတ်ချရတဲ့ ဟဂ်ျနဲ့ အွမ္မရာဟ်ခရီးစဉ်ဖြစ်ဖို့အတွက် အစီအစဉ်အတွေ၊ အစီအမံတွေကို တိုးတက်အတွက် အစိုးရနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့တွေက လူသားပိုင်း၊ နည်းပညာပိုင်းဆိုင်ရာ တတ်စွမ်းနိုင်သမျှကို ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု စင်တာ၏ အထွေထွေ ကြီးကြပ်ရေးမှူး ဘက္ကရီ ဘင် မာတွက် အက်ဆက်စ်က ပြောကြားခဲ့သည်။
    ဟဂ်ျနှင့် အွမ္မရာဆိုင်ရာ ၁၇ ကြိမ်မြောက် သုတေသန အစည်းအဝေးကို မေလ ၁၀ ရက်နေ့တွင် မဒီနာမြို့၌ ကျးပပြုလုပ်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    သုတေသနစင်တာမှာ ဘုရားဖူးများ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းရေး သိပ္ပံနည်းကျ သုတေသနနှင့် လေ့လာမှုများကို အထူးအာရုံစိုက် ဆောင်ရွက်ပြီး၊ ပိုမိုလုံခြုံသည့် ဟဂ်ျနှင့် အွမ္မရာဟ်ဖြစ်ရေး စီမံကိန်းများ ဖြစ်ပေါ်လာရန် သိပ္ပံနည်းကျနှင့် လက်တွေအဆင်ပြေမည့် အကြံပြုချက်များ အဖြေများကို ဖော်ဆောင်ပေးသည်။
    မေလတွင် ပြုလုပ်မည့် ၁၇ ကြိမ်မြောက်အစည်းဝေးတွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များ၊ သုတသနအသင်းများမှ သုတေသနပညာရှင်များ၊ စပါယ်ရှယ်လစ်များ၊ အစိုးရဌာနများနှင့် ပုဂ္ဂိလိကဖက်မှ တာဝန်ရှိသူများ ပါဝင်ကာ ဟဂ်ျနှင့် အွမ္မရာဟ် လာရောက်သူများအတွက် ပေးအပ်နေသည့် ၀န်ဆောင်မှုများ တိုးတက်ရေး၊ အခက်အခဲများ ဖြေရှင်းပေးရေးတို့ကို ဆွေးနွေးသွားမည်ဟုလည်း အက်ဆက်စ်က ပြောကြားခဲ့သည်။
    Ref : Arab News
  • ကအ်ဘာကျောင်းတော်အတွင်းမှာ ဘာတွေရှိနေလဲ
    ကအ်ဘာကျောင်းတော်အတွင်းမှာ ဘာတွေရှိနေလဲ
    ဧပြီ ၂၇၊ ၂၀၁၇
    M-Media
    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုမှုတိုင်းမှာ မျက်နှာမူရာ မက္ကာမြို့က ကအ်ဘာကျောင်းတော်အတွင်း ဘာရှိနေလဲဆိုတာ ဒီဗီဒီယိုအတိုလေးမှာ ဖော်ပြထားပါတယ်။
  • နိုင်ငံသားတစ်ဦး၏ တိုင်ကြားမှုကြောင့် ၀န်ကြီးတစ်ဦးကို ဆော်ဒီ ထုတ်ပယ်
    နိုင်ငံသားတစ်ဦး၏ တိုင်ကြားမှုကြောင့် ၀န်ကြီးတစ်ဦးကို ဆော်ဒီ ထုတ်ပယ်
    ဧပြီ ၂၅၊ ၂၀၁၇
    M-Media
    ထုတ်ပယ်ခုံလိုက်ရသည့် လူမှုရေးရာဝန်ကြီး ခါလစ် အလ်-အေရက်ဂ်ျ
    – ဆော်ဒီလူငယ်တစ်ဦးမှာ လူမှုရေးရာဝန်ကြီး၏ ဥပဒေပလုပ်ရပ်ကို Twitter စာမျက်နှာ၌ လွှင့်တင်ရေးသားခဲ့ပြီးနောက် ဆော်ဒီအစိုးရမှာ အဆိုပါဝန်ကြီးကို ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သိရသည်။
    ထိုလူငယ်မှာ ဆအ် အလ်-သူဝေနီ ဆိုသူဖြစ်ပြီး လူမှုရေးရာဝန်ကြီး ခါလစ် အလ်-အေရက်ဂ်ျက ရာထူးရယူပြီး မကြာခင်မှာပင် အရည်အချင်းမမီသည့် သားဖြစ်သူကို ထိပ်တန်းရာထူး ခန့်အပ်ခဲ့မှုအား ဆိုရှယ်မီဒီယာ၌ ဖော်ထုတ်ရေးသားခဲ့ခြင်း ဖြစ်သည်။
    ထို့နောက် ဆော်ဒီ အမျိုးသား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လိပ်မူကာ ထိုလုပ်ရပ်အတွက် တိုင်ကြားစာတစ်စောင်ကိုလည်း အလ်-သူဝေနီက သွားရောက် ပေးပို့ခဲ့ပြီး အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ခါလစ် အလ်-အေရက်ဂ်ျကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
    “တိုင်ကြားစာကိုပေးတဲ့အခါ ကော်မရှင်ဥက္ကဌရဲ့ အတွင်းရေးမှူးက တွေ့မယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော်တို့ တွေ့တဲ့အခါမှာ Twitter မှာ လူတွေကပေးတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ ပါတယ်။ ပြီးတော့ ကျွန်တော်က ဒီစာရွက်စာတမ်းတွေကို ဖန်တီးထားတာဟုတ်ကြောင်း သူတို့ရဲ့ စုံစမ်းစစ်ဆေးရေးမှာ အသုံးဝင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်” လို့ အလ်-သူဝေနီက ပြောကြားခဲ့သည်။
    အလ်-သူဝေနီမှာ ၂၀၁၆ ခုနှစ် ၁၀ လပိုင်းက ယခုကဲ့သို့ သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ကော်မရှင်သို့ ၅ ကြိမ် သွားရောက်ခဲ့ရကြောင်း အစိုးရတာဝန်ရှိသူတစ်ယောက်ကို တိုက်ကြားမှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း၊ မိမိ၏ တိုင်ကြားမှုကို အစိုးရက အရေးယူပေးခဲ့သည့်အတွက် ဂုဏ်မိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Alarabiya