News @ M-Media

Tag: SerieA

  • ဘောလုံး ဒိုင်လူကြီးဘ၀ကို ကူးပြောင်းတော့မယ့် နာမည်ကြီး အီတလီ အလှမယ်

    ဘောလုံး ဒိုင်လူကြီးဘ၀ကို ကူးပြောင်းတော့မယ့် နာမည်ကြီး အီတလီ အလှမယ်

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media

    1415304737349_wps_17_Italian_glamour_model_Cla– ပုရိသတို့ရဲ့ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအစားနဲ့အတူ မော်ဒယ်လုပ်ငန်းမှာ အောင်မြင်ခဲ့တဲ့ အီတလီက အလှမယ်တစ်ယောက်ဟာ ဘောလုံး ဒိုင်လူကြီး ဘ၀ကို ခြေစုံပစ်ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    ရိုမာနီလို့ အမည်ရပြီး အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီမော်ဒယ်ဟာ ပြီးခဲ့လအနည်းငယ်အတွင်းကပဲ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း ဒိုင်လူကြီးသင်တန်းတွေတက်ခဲ့ပြီး အခုချိန်မှာတော့ ရိုမာနီဟာ အသိအမှတ်ပြု လက်မှတ်ရခဲ့ကာ စီးရီးအေနဲ့ စီးရီးဘီ ပြိုင်ပွဲတွေမှာ ဒိုင်လုပ်ခွင့်ရခဲ့ပါပြီ။

    ဒါနဲ့ ပတ်သက်ပြီး သူမက

    “ကွင်းအတွင်းက ကစားသမားတွေနဲ့အတူ ပြေးလွှားပြီး အမိန့်တွေပေးရတာဟာ စွဲမက်စရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    အီတလီရဲ့ အမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ စီးရီးအေပြိုင်ပွဲမှာ အတွေ့အကြုံပိုင်းဆိုင်ရာ သတ်မှတ်ချက်ကြောင့် ယခုအချိန်အထိတော့ အမျိုးသမီး ဒိုင်လူကြီးတွေကို ခန့်အပ်ခြင်း မရှိသေးပါဘူး။

    မော်ဒယ်အလုပ်မှာ အောင်မြင်ခဲ့တဲ့ ရိုမာနီတစ်ယောက် သူရဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်သစ်မှာ အောင်မြင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

    ref_ Daily Mail

  • အေစီမီလန် အသင်းကောင်တစ်သင်း ပြန်ဖြစ်ရန် အချိန်လိုသည်ဟု နည်းပြ အင်ဇာဂီဆို

    အေစီမီလန် အသင်းကောင်တစ်သင်း ပြန်ဖြစ်ရန် အချိန်လိုသည်ဟု နည်းပြ အင်ဇာဂီဆို

    အောက်တိုဘာ ၂၉၊ ၂၀၁၄
    M-Media
    489241_heroa
    – မိမိအသင်း၏ ကံကြမ္မအား တစ်ညတည်းနှင့် ပြောင်းလဲရန် မဖြစ်နိုင်ဘဲ ပိုမိုကောင်းမွန်သော အသင်းဖြစ်လာရန်အတွက် အချိန်လိုအပ်သည်ဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က နည်းပြအပြောင်အလဲများကြား ရုန်းကန်ခဲ့ရသည့် အေစီမီလန်အသင်းမှာ အင်ဇာဂီလက်ထက် ယခုနှစ်တွင်လည်း စွဲမက်ဖွယ် ခြေစွမ်းများ မပြနိုင်သေးဘဲ တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် ဖီအိုရင်တီးနားနှင့် ၁ ဂိုးစီ သရေကြခဲ့သည်။

    “ကျွန်တော်တို့ တိုးတက်ရမှာဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် လမ်းကြောင်းမှန်ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း သွားနေတာပါ။ တစ်သင်းလုံးကို အချိန် ၂ လလောက်နဲ့ မတည်ဆောက်နိုင်ပါဘူး။ မီလန်ကို ကောင်းမွန်တဲ့အသင်းဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာပါ။ ဒါပေမယ့် အချိန်လိုပါတယ်” ဟု အင်ဇာဂီက ဖီအိုရင်တီးနားနှင့် ပွဲအပြီးတွင် Sky Spot Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တောရက်စ်အား အငှားဖြင့်ခေါ်ယူပြီးနောက် အရန်ခုံတွင် ထိုင်ထားခိုင်းခြင်းနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုသွားခဲ့ကာ ၎င်းမှာ မိမိတို့ မျှော်လင့်ထားသော ကစားသမားတစ်ဦးဖြစ်ပြီး အချိန်ပေးရမည်ဖြစ်ကြောင်း အင်ဇာဂီက ထပ်လောင်း ပြောကြားခဲ့သည်။

  • နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    1413570054941_wps_3_Together_Cana_Djordjevic_
    – မိမိတို့ နှစ်နိုင်ငံ နိုင်ငံရေးအရ တင်းမာမှုများကို လျော့ကျစေရန်နှင့် ဘောလုံး အားကစားမှာ နိုင်ငံရေးပြဿနာများကို ကျော်လွှားနိုင်သည်ကို ပြသရန်တို့ အတွက် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများက ကြိုးပမ်းမှု တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ဆားဘီးယားနှင့် အလ်ဘေးနီးယား တို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အလ်ဘေးနီးယား အလံ တပ်ဆင်ထားသည့် ဒရုန်းလေယာဉ်တစ်စီးမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာခဲ့ပြီးနောက် နှစ်ဘက်ကစားသမားများနှင့် ပရိတ်သတ်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွာခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အဆိုပါ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် သတင်းစကားများကို ပေးပို့ရန် ရည်ရွယ်၍ လာဇီယိုရှိ အလ်ဘေးနီးယား ကစားသမားများဖြစ်ကြသော လိုရစ် ကာနာ၊ အီထရစ် ဘာရီရှာ၊ သောမတ်စ် စတရာကိုရှာနှင့် ဆားဘီးယား ကစားသမားဖြစ်ကြသည့် ဖိလစ် ဂျော်ဒီဗစ်၊ ဒူဆန် ဘတ်စ်တာတို့မှာ အ၀တ်လဲခန်းအတွင်း လက်ချင်းယှက်၍ ဓာတ်ပုံများ ရိုက်ကာ Twitter စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့သည်။

    “ဆားဘီးယားနဲ့ အလ်ဘေးနီးယားကြားထဲမှာ သည်းမခံနိုင်မှုဆိုတာမရှိပါဘူး။ ဘဲလ်ဂရိတ်မှာ ဖြစ်ခဲ့တာတွေအတွက် ကာနာ၊ ဘာရီရှာတိုနဲ့အတူ ကျွန်တော်တို့ အနည်းအကျဉ်းလောက်ပဲ ပြောခဲ့ပြီး ရင်းရင်းနှီးနှီးလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းကအတိုင်းရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆားဘီးယား ကစားသမား ဂျော်ဒီဗစ်က လာဇီယိုအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    လာဇီယိုဥက္ကဌ ကလော်ဒီယို လိုတီတိုက မိမိတို့ အသင်းတွင် ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများမှာ ညီရင်းအစ်ကိုများကဲ့သို့ ချစ်ခင်ကြကြောင်ပြောကြား ခဲ့ပြီး၊ အသင်း၏ ဒါရိုက်တာဖြစ်သူ အလ်ဘေးနီးယား လက်ရွေးစင်ကစားသမားဟောင်း အစ်ဂ်လီ တာရီကလည်း လိုတီတို၏ ပြောကြားမှုကို ထောက်ခံခဲ့သည်။

    ref_ Daily Mail

  • ယခုနှစ် စီးရီးအေဖလားကို ရိုးမားအသင်း ရရှိလိမ့်မည်ဟု နည်းပြ ဂါစီယာဆို

    ယခုနှစ် စီးရီးအေဖလားကို ရိုးမားအသင်း ရရှိလိမ့်မည်ဟု နည်းပြ ဂါစီယာဆို

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    472001_heroa
    – မိမိတို့အသင်းမှာ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းထက် ပိုမိုတောင့်တင်းပြီး ယခုနှစ် စီးရီးအေ ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ရိုးမားနည်းပြ ရူဒီ ဂါစီယာက ကတိပေး ပြောကြားလိုက်သည်။

    နိုင်ငံတကာပြိုင်ပွဲများ မကစားမီတစ်ပတ်က ၎င်းတို့နှစ်သင်း တွေ့ဆုံခဲ့ရာတွင် ဂျူဗင်တပ်စ်မှာ ရိုးမားအား ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး၊ ထိုပွဲတွင် ပေးခဲ့ရသည့် ပင်နယ်တီတစ်လုံးအတွက် ဂါစီယာက ဒေါသတကြီး ပေါက်ကွဲခဲ့သောကြောင့် ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။

    ဂါစီယာကမူ မိမိတို့အသင်းမှာ ယခုနှစ် စီးရီးအေချန်ပီယံဘွဲ့ကို ဆွတ်ခူးရရှိရန်အတွက် လုံလောက်အောင် ကောင်းမွန်သည်ဟု ပြောကြားခဲ့သည်။

    “အဲဒီပွဲမှာ ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်စ်ထက် ပိုတောင့်တင်းတယ်ဆိုတဲ့ လက္ခဏာမျိုး သူတို့ ပြသခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော် ပြတ်ပြတ်သားသားပြောချင်တာက ကျွန်တော်တို့ဟာ ချန်ပီယံဘွဲ့ကို ဆွတ်ခူးမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်ပါလိမ့်မယ်” ဟု ဂါစီယာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရိုးမားအသင်းမှာ စီးရီးအေ ၆ ပွဲကစား ၁၅ မှတ်ဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် ၃ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသည်။

  • စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းပြေးသော မြင်းပြိုင်ပွဲမျိုး မဟုတ်ဟု တီဗက်ဇ်ဆို

    စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းပြေးသော မြင်းပြိုင်ပွဲမျိုး မဟုတ်ဟု တီဗက်ဇ်ဆို

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    455583_heroa
    – စီးရီးအေပြိုင်ပွဲမှာ နှစ်ကောင်တည်းသော မျဉ်းပြိုင်ပွဲမျိုး မဟုတ်ဘဲ စိန်ခေါ်နိုင်သူ အခြားအသင်းများလည်း ပေါ်ထွက်လာမည်ဟု ဂျူဗင်တပ်စ်တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ပြောဆိုလိုက်သည်။

    စီးရီးအေပွဲစဉ် ၅ ပွဲပြီးချိန်တွင် ဂျူဗင်တပ်စ်နှင့် ရိုးမားတို့မှာ ရာနှုန်းပြည့်နိုင်ပွဲများ ရကာ ထိပ်ဆုံးတွင်ရှိနေပြီး စီးရီးအေ ဆုဖလားအတွက် ၎င်းတို့နှစ်သင်းသာ ယှဉ်ပြိုင်ရမည်ဟု ပြောကြားမှုများ ရှိနေသောကြောင့် တီဗက်ဇ်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

    “နှစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲလို့ပြောဖို့ အရမ်းစောနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကစားရမယ့်ပွဲတွေ အများကြီးရှိပါသေးတယ်” ဟု တီဗက်ဇက်က Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အတ္တလန်တာအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည့် တီဗက်ဇ်က ထိုပွဲတွင် ပင်နယ်တီတစ်လုံး ကာကွယ်ပေးခဲ့သည့် ဂိုးသမားဘူဖွန်ကိုလည်း ချီးကျူးခဲ့သည်။ ဘူဖွန်မှာ နောက်ပိုင်းပွဲစဉ်များတွင် ၎င်း၏ စွမ်းဆောင်ရည် အတွက် ဝေဖန်ခံနေရသူဖြစ်သည်။

    တီဗက်ဇ်မှာ ယခုနှစ် စီးရီးအေတွင် ခြေစွမ်းပြနေပြီး ၅ ပွဲတွင် ၄ ဂိုးအထိ သွင်းယူထားနိုင်ကာ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် ထိပ်ဆုံး၌ရှိနေသည်။