News @ M-Media

Tag: singapore

  • မွတ်စလင်တို့၏ အီးဒ်ပွဲတော်အထိမ်းအမှတ် ပုံရိပ်များ စင်ကာပူရထားများတွင် ဖော်ကြူးထား

    မွတ်စလင်တို့၏ အီးဒ်ပွဲတော်အထိမ်းအမှတ် ပုံရိပ်များ စင်ကာပူရထားများတွင် ဖော်ကြူးထား

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – အခုတစ်ပတ်အဆုံးမှာ ကျရောက်တော့မယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀ါကျွတ်အီးဒ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူက ရထားတွေမှာ အီးဒ်န့အထိမ်းအမှတ် ပုံရိပ်တွေ၊ ဆုတောင်းစာတွေကို ဖော်ကြူထားပေးထားပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ တစ်လတာ ဥပုသ်သီလ စောင့်တည်ပြီးတဲ့နောက် အစ္စလာမ်ဘာသာဝင်တွေဟာ အီဒွလ်ဖိသိရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမှာဖြစ်ပြီး ဒီပွဲတော်ကို မလေးလူမျိုးတွေရဲ့ ဘဟာဆာ ဘာသာစကားနဲ့ ‘ဟာရီရာယာ’ လို့ ခေါ်ပါတယ်။

    အီးဒ်နေ့မှာ မွတ်စလင်တွေဟာ ၀တ်ပြုဆုတောင်းတာ၊ မုန့်တွေလုပ်ပြီး ပတ်ဝန်းကျင်ကို ဝေငှတာ၊ ဆွေမျိုးတွေနဲ့ သက်ကြီးရွယ်အိုတွေဆီ သွားရောက်ပြီး စလာမ်မေတ္တာပို့သတာတွေ လုပ်ဆောင်ကြတာဖြစ်ပါတယ်။

    စင်ကာပူက ရထားလိုင်းတွေမှာ ဒီလို အီးဒ်နေ့အထိမ်းအမှတ်ပုံရိပ်တွေ၊ ဆုတောင်းတွေ ဆင်ယင်ချယ်သထားတာကို စင်ကာပူအစိုးရရဲ့ ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့နေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ထားရှိသွားမှာ ဖြစ်ပါတယ်။

    စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဖြစ်ပြီး မွတ်စလင်ရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ယာကွဘ် အီဗရာဟင်က ဒီဆင်ယင်ချယ်သထားမှုတွေကို ကြည့်ရှုကာ ပြည်သူတွေနဲ့အတူ ရထားစီးခဲ့ပါတယ်။

    Ref: Facebook page of Singapore’s Land Transport Authority

     

  • လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – IS နဲ့သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတဲ့ ပထမဆုံး နိုင်ငံသား မွတ်စလင်အမျိုးသမီးတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရတာကို အသုံးချပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ်မှာ မကောင်းမြင်တာမျိုး၊ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးတာမျိုး မလုပ်သင့်ဘူးလို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များကောင်စီ (NCCS) က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ရှိုက်ခါ အီဇာ ဇဟ်ရာ အလ် အန်ဆာရီ ပြည်တွင်းလုံခြုံရေး အက်ဥပဒေနဲ့ ထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်း ကြေကွဲဝမ်းနည်းရတယ်လို့လည်း NCCS က ဆိုပါတယ်။ အီဇာဟာ အွန်လိုင်းကနေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခြင်းခံရပြီး IS အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး NCCS ရဲ့ သဘောထားကိုလည်း စင်ကာပူ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်နဲ့ စင်ကာပူအစ္စလာမ့်ရေးရာကောက်စီ MUIS ရဲ့ အမှုဆောင်အကြီးအကဲတို့ကို ဇွန်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ပေးပို့တဲ့ စာလွှာမှာ အခုလို ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့တိုင်းပြည် တိုးတက်ဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းဟာ သိသိသာသာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမျိုးစုံ၊ ဘာသာစုံ လူ့အဖွဲ့အစည်း အားကောင်းလာဖို့အတွက်လည်း အများကြီးအားထုတ်ခဲ့ပါတယ်။ လမ်းမှားသူအချို့ရဲ့ လုပ်ရပ်တွေက ဒီက မွတ်စလင်အများစုကို ကိုယ်စားပြုတယ်လို့ ရှုမြင်လို့ မရပါဘူး”

    NCCS ဟာ နိုင်ငံတစ်ဝှမ်း ခရစ်ယာန် အသင်းအဖွဲ့ပေါင်း ၄၅၀ လောက် ပါဝင်တဲ့အဖွဲ့ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းကို ဆက်လက်ပံ့ပိုးကူညီကာ ဆုမွန်ကောင်းတောင်းပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အမိမြေလို့ခေါ်တဲ့ ဒီနိုင်ငံမှာ လုံခြုံမှု၊ အပြန်အလှန် ချစ်ကျည်ရင်းနှီးမှုဆိုတဲ့ သဘောထားတစ်ခု စင်ကာပူနိုင်ငံသားအားလုံးမှာ ဖြစ်စေတဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု၊ ငြိမ်းချမ်မှုအပေါ် ဘယ်အရာကမှ အန္တရာယ်မပြုနိုင်အောင် ကျွန်တော်တို့အားလုံး ဆက်လက် လုပ်ဆောင်သွားကြပါစို့”

    Ref: CNA

  • အစွန်းရောက်မှုဖြင့် နိုင်ငံသားအမျိုးသမီးတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    အစွန်းရောက်မှုဖြင့် နိုင်ငံသားအမျိုးသမီးတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    ဇွန် ၁၂၊ ၂၀၁၇
    M-Media

    – IS နှင့်သွားပေါင်းရန် ပြင်ဆင်နေသည့် အမျိုးသမီးတစ်ဦးကို ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) နှင့် ဖမ်းဆီးလိုက်ပြီး၊ အစွန်းရောက်မှုအတွက် ပထမဆုံးဖမ်းဆီးခံရသည့် စင်ကာပူနိုင်ငံသား အမျိုးသမီးဖြစ်သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန (MHA) က ယနေ့တွင် ကြေငြာလိုက်သည်။

    ရှိုင်ခါ အီဇာ ဇဟ်ရာ အလ် အန်ဆာရီဆိုသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး PCF (PAP Community Foundation) Sparkletots မူကြိုတွင် ရင်ခွင်ပိုက် ကလေးထိန်းအကူအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

    သူမမှာ ၂၀၁၃ ခုနှစ်တည်းက IS အကြမ်းဖက်အဖွဲ့၏ အွန်လိုင်း ၀ါဒဖြန့်ချီရေးအစီအစဉ်မှတစ်ဆင့် အစွန်းရောက်အောင် သိမ်းသွင်းခံရခြင်းဖြစ်ပြီး ဇွန်လအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာက ဆိုသည်။

    “IS ဟာ အစ္စလာမ်ကို ကိုယ်စားပြုတယ်လို့ သူက ယုံကြည်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ အစွန်းရောက်မှုဟာ နက်ရှိုင်းလာတယ်။ အွန်လိုင်းမှာ နိုင်ငံခြား အဆက်အသွယ်တွေများလာတာက ဒီအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ အဲဒီအဆက်တွေထဲမှာ IS စစ်သွေးကြွတွေ၊ ထောက်ခံသူတွေ ပါဝင်ပြီး၊ တစ်ချို့ဆိုရင် ဆီးရီးယားမှာ သေဆုံးသွားတာ၊ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေအတွက် ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်” ဟု MHA ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ်ကတည်းက အီဇာမှာ အွန်လိုင်းတွင် IS ကို ထောက်ခံသည့် ပို့စ်များ တင်ခြင်း၊ မျှဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး သူမ ဆိုရှယ်မီဒီယာအကောင့်များကို ထိုလုပ်ရပ်များကြောင့် အက်ဒမင်များက ဖယ်ရှားခဲ့သော်လည်း အသစ်များ ထပ်မံဖွင့်လှစ်ခဲ့သည်။

    MHA က အီဇာမှာ IS နှင့် သွားပေါင်းရန် ဆန္ဒရှိနေပြီး သူမ၏ ကလေးငယ်နှင့်အတူ သွားရောက်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    “ခါလီဖိတ်ကို တည်ဆောက်ဖို့၊ ကာကွယ်ဖို့ IS က အကြမ်းဖက်တာကို သူက ထောက်ခံပြီး၊ အဲဒီမှာသွားနေဖို့လည်း အားသန်နေပါတယ်။ ဆာလာဖီလို့ခေါ်တဲ့ IS ထောက်ခံသူတစ်ယောက်ကို ရှာပြီး လက်ထပ်ကာ သူရယ်၊ သူ့ကလေးရယ် ဒီလူနဲ့အတူ ဆီးရီးယားမှာ အခြေချဖို့အတွက် ၂၀၁၅ ခုနှစ်ကတည်းက လုပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်”

    “သူ့ခင်ပွန်းအနေနဲ့ ဆီးရီးယားမှာ IS အတွက် သွားတိုက်ပေးမယ်ဆိုရ် ပံ့ပိုးပေးမယ်လို့ သူက ပြောခဲ့ပြီး၊ စစ်ပွဲမှာ သေသွားရင် ယောက်ျားဟာ ဆုလာဘ်တွေ အများကြီးရမယ်လို့လည်း သူက ယုံကြည်နေပါတယ်။ သူရဲကောင်းရဲ့ မိန်းမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဆီးရီးယားမှာ နောက်ထပ် IS ထောက်ခံသူတစ်ယောက်ကို လက်ထပ်နိုင်မယ်လို့လည်း သူမ က ထင်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    IS က ခေါ်မည်ဆိုပါက စစ်ရေးလေ့ကျင့်ပြီး လက်နက်ကိုင် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသည်ဟုလည်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ့်ဓမ္မဆရာများဖြစ်သည့် မိဘများနှင့် ညီအစ်မများက ၂၀၁၅ ခုနှစ်တွင် သူမ၏ အစွန်းရောက်ပို့စ်များကို မြင်ခဲ့သော်လည်း အာဏာပိုင်များကို အကြောင်းမကြားခဲ့ဘဲ ၎င်းတို့ဖာသာ တိုးတိုးတိတ်တိတ်ဖြင့် အီဇာ အစွန်းမရောက်အောင် ကြိုးစားခဲ့သည်။ သို့သော်လည်း အောင်မြင်ခြင်း မရှိပေ။

    MHA ၏ ကြေငြာချက်တွင် မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများအနေဖြင့် တစ်ဦးတစ်ယောက်မှာ အစွန်းရောက်များ၏ သိမ်းသွင်းခြင်းခံလိုက်ရသည်၊ သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိပါက အာဏာပိုင်များကို အသိပေးရန် အရေးကြီးသည်ဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: CNA

     

  • Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    ဇွန် ၈၊ ၂၀၁၇
    M-Media

    Clean Shaven Apps ကို တည်ထောင်သူများမှ တစ်ဦးဖြစ်သူ Muh Hon Cheng

    – iOS သုံး အက်ပလီကေးရှင်းများအတွက် Apple က ချီးမြှင့်သော Apple Design Awards ဆုကို ရရှိသူများတွင် စင်ကာပူအခြေစိုက် Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီလည်း ပါဝင်ခဲ့ပြီး Elk ငွေလဲလှယ်မှုနှုန်း တွက်ချက်ပေးသည့် အက်ပလီ ကေးရှင်းဖြင့် ဆွတ်ခူးသွားခြင်းဖြစ်သည်။

    သြဇာကြီးမားသည့် အဆိုပါဆုကို စင်ကာပူနှင့် အရှေ့တောင်အာရှအခြေစိုက် ဆော့ဖ်ဝဲလုပ်ငန်းတစ်ခုက ပထမဆုံး ရရှိခြင်းလည်းဖြစ်သည်။

    Clean Shaven Apps မှာ ယခုနှစ် Apple Design Awards ဆုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်ခံရသော ဆော့ဖ်ဝဲကုမ္ပဏီ ၁၀ ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ဆုကြေငြာမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ဆန်ဂျိုးစ်ရှိ Apple’s Worldwide Developer Conference တွင် ကျင်းပခဲ့သည်။

    အဆိုပါဆုအတွက် ကုမ္ပဏီမည်မျှ ၀င်ရောက်ယှဉ်ပြိုင်သည်ကို Apple က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ထိုဆုကို ၁၉၉၇ ခုနှစ်ကတည်းက ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး Macintosh နှင့် iOS တို့အတွက် လွတ်လပ်သော ကုမ္ပဏီများက တီထွင်ထုတ်လုပ်သည့် Software နှင့် Hardware များမှ အကောင်းဆုံးနှင့် တီထွင်ဆန်းစစ်မှုအရှိဆုံးကို ရွေးချယ်ခြင်းဖြစ်သည်။

    Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီကို မလေးရှားတွင်မွေးဖွားပြီး စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်နေသည့် အသက် ၃၆ နှစ်အရွယ် Muh Hon Cheng နှင့် စင်ကာပူနိုင်ငံသား အသက် ၃၁ နှစ်အရွယ် Lin Junjie တို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    Apple Design Awards ဆုကို မစ္စတာ Muh က လက်ခံရယူခဲ့သည်။

    “ဆုပေးပွဲတက်တိုင်း ကျွန်တော့်နာမည်များခေါ်မလားဆိုပြီး မျှော်လင့်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆုရရှိခဲ့သည့် Elk အက်ပလီကေးရှင်းမှာ ငွေကြေးလဲလှယ်မှုနှုန်းကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးသည့် ဆော့ဖ်ဝဲဖြစ်သည်။

    Ref: Straits Times

  • မွတ်စလင်အမျိုးသမီးကာတွန်းပုံတွင် စော်ကားသည့်မှတ်ချက် ရေးသားထားမှု စင်ကာပူ စုံစမ်းနေ

    မွတ်စလင်အမျိုးသမီးကာတွန်းပုံတွင် စော်ကားသည့်မှတ်ချက် ရေးသားထားမှု စင်ကာပူ စုံစမ်းနေ

    ဇွန် ၅၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ဆဲ ရထားဘူတာ၌ ရေးဆွဲထားသည့် ဂရက်ဖက်တီပုံတွင် ဟီဂျဘ်ဝတ်မွတ်စလင်အမျိုးသမီး၏ ဦးခေါင်း၌ လက်သည်းဖြင့် ‘အကြမ်းဖက်သမား’ (terrorist) ဟု ရေးသားမှုအတွက် စင်ကာပူအစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

    Marine Parade MRT ရထားဘူတာတွင်ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဟိုင်ကာလ် လတ်စ်ဖ်က ဇွန်လ ၁ ရက် ကြာသာပတေးနေ့တွင် ထိုရေးသားမှုကို တွေ့မြင်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ကာ CNA သတင်းဌာနကိုလည်း သတင်းပေးခဲ့သည်။

    “ကာတွန်းတစ်ခုက ဒီလို မှတ်ချက်မျိုးကို ဖြစ်စေတယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေး တုန်လှုပ်မိပါတယ်။ စင်ကာပူမှာတောင် အစ္စလာမ်ကြောက်ရောဂါက ဘယ်လောက်ပုံပေါ်လာနေလဲဆိုပြီး ကျွန်တော် တွေးမိပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဒီလိုဖြစ်တဲ့သတင်းမျိုးတွေကြားဖူးပြီး သိပ်မခံစားရပါဘူး။ ဒါပေမယ့် စင်ကာပူမှာဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါကြတော့ တကယ့်ကို နာကျင်ရပါတယ်” ဟု လတစ်ဖ်က ပြောကြားခဲ့သည်။

    စင်ကာပူ ကုန်လမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ဆောက်လုပ်ရေးလုပ်ငန်းရှင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို သောကြာနေ့က တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: CNA