News @ M-Media

Tag: South Korea

  • တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်

    တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် အခြေခံဥပဒေခုံရုံး ဆုံးဖြတ်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးကို ဒီဇင်ဘာလက ပါလီမန်မှ ယာယီအနားပေးထားမှုကို အခြေခံဥပဒေခုံရုံးက အတည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သောကြောင့် သူမ၏ သမ္မတတာဝန်မှာ တရားဝင် အဆုံးသတ်သွားပြီ ဖြစ်သည်။

    ယမန်နေ့ ကြားနာမှုအတွင်း တရားသူကြီး ၈ ဦးက ပက်၏ ခြစားမှုပြဿနာနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားရန် အမိန့်ချလိုက်ခြင်းဖြစ်ပြီး သူမ၏ လုပ်ရပ်မှာ “ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးကို ယုတ်လျော့စေသောကြောင့် သမ္မတ ပတ်ဂျုံဟေးကို ဖြုတ်ချလိုက်ကြောင်း” တရားသူကြီး လီ ဂျန် မီက ပြောကြားခဲ့သည်။

    ထို့ကြောင့် ပတ်ဂျုံဟေးမှာ ၁၉၈၀ ပြည့်နှစ်များတွင် အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီးနောက် တောင်ကိုရီးယားတွင် ရာထူးတာဝန် ပြီးဆုံးအောင် မထမ်းဆောင်ရဘဲ ဖြုတ်ချခံရသည့် ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။

    သမ္မအကြံပေးဟောင်းဖြစ်ပြီး ပက်၏ သူငယ်ချင်းလည်းဖြစ်သူ ချို ဆွန် ဆီလ်မှာ ၎င်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်းနှစ်ခုတွင် ငွေကြေးများထောက်ပံ့ရန်အတွက် စီးပွားရေးလုပ်ငန်းကြီးများကို ဖိအားပေးပြီး အသက် ၆၅ နှစ်အရွယ် ပက်ကလည်း ထိုကိစ္စတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ထို့ပြင် အစိုးရ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် Samsung Group မှ လာဘ်ငွေ တောင်းသည်ဟုလည်း စွပ်စွဲခံထားရသည်။

    ပက်ကမူ ထိုစွပ်စွဲမှုများအားလုံးကို ငြင်းဆိုခဲ့ပြီး သူမ၏ သူငယ်ချင်းအပေါ် ယုံကြည်ခဲ့မှုအတွကလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

    ယခုကဲ့သို့ သမ္မတကို ဖြုတ်ချခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး လက်ရှိတွင် ထိုအတွက် ဥပဒေတစ်ခု လိုအပ်နေသည်။

    Ref: Aljazeera

  • တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    တောင်ကိုရီးယားအမျိုးသမီးများ၏ ပျမ်းမျှသက်တမ်း ၉၀ ကျော်လာတော့မည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအမျိုးသမီးများမှာ ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် ပျမ်းမျှသက်တမ်း ၉၀ ကျော် ဖြစ်လာမည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် WHO နှင့် လန်ဒန်မြို့ရှိ Imperial ကောလိပ်တို့ ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။

    စက်မှုနိုင်ငံပေါင်း ၃၅ နိုင်ငံကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့လူသားများမှာ ပိုမိုအသက်ရှည်စွာ နေထိုင်ရကာ အမျိုးသားနှင့် အမျိုးသမီးကြား ပျမ်းမျှအသက် ကွာဟမှုကလည်း နိုင်ငံအများစုတွင် နီးကပ်လာမည်ဟု ဆိုသည်။

    လေ့လာသူများကမူ ယခုကဲ့သို့ ရှာဖွေတွေ့ရှိမှုက ပင်စင်နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “တောင်ကိုရီယားနိုင်ငံက ကဏ္ဍတော်တော်များများမှာ အဆင်ပြေနေတာတွေ့ပါတယ်။ သာတူညီမျှပိုဖြစ်တဲ့ နိုင်ငံမျိုး ဖြစ်လာပြီး ပြည်သူတွေကို အကျိုးရှိစေတဲ့ ပညာရေး၊ အဟာရ စတာတွေကလည်း လူအများစုကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ အခုအချိန်အထိ သွေးတိုးရောဂါကို ကောင်းမွန်စွာ တုန့်ပြန်ထားနိုင်ပြီး ကမ္ဘာပေါ်မှာ အ၀လွန်မှုအနိမ့်ဆုံး နိုင်ငံ တစ်ချို့ထဲမှာလည်း ပါဝင်နေပါတယ်” ဟု ပရော်ဖက်ဆာ မဂျစ် အီဇာတီက ပြောကြားခဲ့သည်။

    လေ့လာမှု အချက်အလက်များအရ တစ်ချိန်က ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံဖြစ်ခဲ့သည့် ဂျပန်သည် ကမ္ဘာ့အသက်ရှည်မှုအဆင့်တွင် လျော့ကျခဲ့သည်။ အမျိုးသမီးများ ပျမ်းမျှသက်တမ်းရှည်မှုတွင် လက်ရှိ၌ ဂျပန်နိုင်ငံက ဦးဆောင်နေသော်လည်း တောင်ကိုရီးယားနှင့် ပြင်သစ်တို့က ကျော်ဖြတ်သွားမည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

    အမျိုးသားများ၏ ပျမ်းမျှသက်တမ်းတွင်မူ ဂျပန်မှာ အဆင့် ၄ နေရာမှ ၁၁ နေရာသို့ ကျဆင်းသွားသည်။ အမေရိကန်နိုင်ငံကမူ ချမ်းသာသည့်နိုင်ငံများတွင် ပျမ်းမျှသက်တမ်း အနိမ့်ဆုံးစာရင်းတွင် ပါဝင်ခဲ့သည်။

    Ref: BBC

  • တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    china-2
    တရုတ်လေတပ်မှ လေယာဉ်တစ်စီး

    – အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်ပြင်တို့တွင် တရုတ်စစ်လေယာဉ်များ ပျံသန်းခဲ့သောကြောင့် ဂျပန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များက ပျံတက် စောင့်ကြည့်ခဲ့ရသည်ဟု သိရသည်။

    ယနေ့တွင် တရုတ်စစ်လေယာဉ် ၈ စီးက တူရှီမာ ရေလက်ကြားမှ အသွားအပြန် ပျံသန်းခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်လေယာဉ်များလည်း ပျံတက်ကာ အခြေအနေကို ကြည့်ခဲ့ရသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    သို့သော်လည်း တရုတ်လေယာဉ်များမှာ ဂျပန်လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းမရှိဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

    တရုတ်လေယာဉ်အုပ်စုတွင် H-6 ဗုံးကျဲလေယာဉ် ၆ စီး၊ ရှေ့ပြေးလေယာဉ်တစ်ဦးနှင့် ထောက်လှမ်းရေးလေယာဉ်တစ်စီးတို့ ပါဝင်သည်ဟု ဂျပန်က ပြောကြားခဲ့သည်။

    တောင်ကိုရီးယား၏ Yonhap သတင်းဌာနကလည်း တရုတ်လေယာဉ် ၁၀ စီးခန့်မှာ ကိုရီးယား လေကြောင်းစောင့် ကြည့်ဇုန်တွင် တနင်္လာနေ့က ၅ နာရီကြာ ၀င်ရောက်ပျံသန်းခဲ့ခြင်းကြောင့် တောင်ကိုရီးယား တိုက်ခိုက်ရေး တိုက်လေယာဉ်များ ပျံတက်ကာ သတိပေးမှု ပြုလုပ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် တရုတ်လေယာဉ်များမှာ ဂျယ်ဂျူးကျွန်း တောင်ဘက်ကမ်းရိုးတမ်းအနီးတွင် အကြိမ်ကြိမ် ပျံသန်းခဲ့သည်ဟုလည်း ဆိုသည်။

    ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်လေယာဉ်များ ပျံသန်းရခြင်း၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် ဆန်းစစ်မှုပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကလည်း တရုတ်စစ်တပ်လေယာဉ်များကို တူရှီမာရေလက်ကြားတွင် တွေ့ခဲ့ရပြီး၊ သြဂုတ်လတွင် လေယာဉ် ၃ စင်းမှာ ထိုဒေသ၌ ခေါက်တုတ်ခေါက်ပြန် ပျံသန်းခဲ့သည်။

    Ref: Aljazeera

  • Avatar ရုပ်ရှင်ထဲမှ လူဝင်ထိန်းနိုင်သည့် စက်ရုပ်မျိုး တောင်ကိုရီးယားပညာရှင်များ တီထွင်

    Avatar ရုပ်ရှင်ထဲမှ လူဝင်ထိန်းနိုင်သည့် စက်ရုပ်မျိုး တောင်ကိုရီးယားပညာရှင်များ တီထွင်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    avatar
    တောင်ကိုရီးယားပညာရှင်များ တီထွင်ထားသည့် Method-2 စက်ရုပ်

    – နာမည်ကျော် Avatar ရုပ်ရှင်ဇာတ်ကားထဲက လူဝင်ရောက်ကာ ထိန်းချုပ်နိုင်တဲ့ စက်ရုပ်လိုပုံစံမျိုး စက်ရုပ်တစ်ရုပ်ကို တောင်ကိုရီးယား အင်ဂျင်နီယာတွေက တီထွင်ဖန်တီးလိုက်ပါတယ်။

    Method-2 လို့အမည်ပေးထားတဲ့ အဲဒီစက်ရုံဟာ ၄ မီတာမြင့်ပြီး လူသားပုံစံ လမ်းလျှောက်နိုင်ပေမယ့် အလေးချိန်က ၁.၅ တန်လောက်ရှိနေတာ၊ လက်မောင်းတစ်ဖက်ကို ၁၃၀ ကီလိုဂရမ်လောက် လေးနေတာက သက်တောင့်သက်သာ မဖြစ်တဲ့ အခြအနေမျိုးပါပဲ။

    Hankook Mirae Technology နည်းပညာကုမ္ပဏီက ဦးစီးခဲ့တဲ့ အဲဒီ စက်ရုပ်တီထွင်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀၀ လောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    အခုတီထွင်ဖန်တီးလိုက်တဲ့ Method-2 ဟာ နောက်ဆုံးအဆင့် ရည်မှန်းထားတဲ့ အရွယ်အစားမျိုး မဟုတ်ပါဘူး။ လက်ရှိ နည်းပညာကို ဆက်လက်ဆန်းသစ်အောင် လုပ်ဖို့ရှိနေပြီး ၂၀၁၇ ခုနှစ် အဆုံးပိုင်းလောက်မှာ တစ်ရုပ်ကို ဒေါ်လာ ၈.၃ သန်းလောက်နဲ့ ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    Ref : Press TV

  • တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    တောင်ကိုရီးယားသမ္မတနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံရသူကို ရုံးထုတ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    cho
    သမ္မတ ပတ်ဂျုံဟေးနှင့်ပေါင်းကာ ကိုယ်ကျိုးရှာသည်ဟု စွပ်စွဲခံထားရသည့် ချို ဆွန်-ဆီလ်

    – သမ္မတ ပတ်ဂျုံဟေးနှင့် ရင်းနှီးမှုကို အသုံးချကာ စီးပွားရေးကုမ္ပဏီကြီးများမှ ငွေများတောင်းခံခဲ့သည်ဆိုသည့် စွဲချက်များကို ပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချို ဆွန်-ဆီလ်က ယနေ့တွင် ငြင်းဆိုလိုက်သည်။

    ၎င်းအား ဖမ်းဆီးထားပြီးနောက် ဆိုးလ်ခရိုင်တရားရုံးတွင် ပထမဆုံးပြုလုပ်သည့် တစ်နာရီကြာ ကြားနာမှုအတွင်း ချိုက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ သူမ၏ ရှေ့နေဖြစ်သူ လီယုံဂျေးကလည်း ချိုမှာ သူမ စီမံနေသော ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ရန် သမ္မတ၊ ၎င်း၏ အကြံပေးတို့နှင့်ပူးပေါင်းကာ ကုမ္ပဏီကြီးများကို ဖိအားပေးသည်ဆိုသည်မှာ မဟုတ်မှန်ဟု ငြင်းဆိုခဲ့သည်။ ချိုမှာ နိုင်ငံ့ရေးရာများတွင်လည်း ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ချို၏ ထိုပြဿနာကြောင့် တောင်ကိုရီးယားပြည်သူများက ဒေါသထွက်ခဲ့ကြပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပတ်ဂျုံဟေးနှုတ်ထွက်ရန် ဆန္ဒပြခဲ့ကြကာ ရလဒ်အနေဖြင့် လွှတ်တော်က ပြီးခဲ့သည့် သီတင်းပတ်တွင် မဲခွဲကာ ပတ်ဂျုံဟေးအား ရာထူးမှ ဖြုတ်ချခဲ့သည်။

    တရားသူကြီးများက ထိုကဲ့သို့ ငွေအတင်းအကျပ်တောင်းယူမှု ရှိခဲ့လားဟု တိုက်ရိုက်မေးမြန်းရာတွင် ချို ဆွန်-ဆီလ်က ငြင်းဆိုခဲ့သည်။ အဆိုပါပြဿနာတွင် ပါဝင်နေသည်ဟု စွပ်စွဲခံရသူ ၁၀ ဦးမှာလည်း တရားရင်ဆိုင်နေရသည်။

    Ref: Aljazeera