News @ M-Media

Tag: South Korea

  • သမ္မတ ပက်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် တောင်ကိုရီးယားလွှတ်တော် ဆုံးဖြတ်

    သမ္မတ ပက်ဂျုံဟေးကို ရာထူးမှ ဖယ်ရှားရန် တောင်ကိုရီးယားလွှတ်တော် ဆုံးဖြတ်

    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media

    south-3

    – ခြစားမှုရှိသည်ဆိုသည်သော သတင်းများကြောင့် ပြည်သူများ၏ ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေရသည့် သမ္မတ ပက်ဂျုံဟေးအား ရာထူးမှ ဖြုတ်ချရန်အတွက် တောင်ကိုရီးယားလွှတ်တော်က ယနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    သမ္မတအား ဖြုတ်ချရေး မဲခွဲရာတွင် ထောက်ခံမဲ ၂၃၄ မဲနှင့် ကန့်ကွက်မဲ ၅၄ မဲရရှိခဲ့ပြီး၊ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် လွှတ်တော်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် ဆန္ဒပြသူများက အောင်ပွဲခံခဲ့ကြသည်။

    တောင်ကိုရီးယား အခြေခံဥပဒေခုံရုံးကမူ လွှတ်တော်၏ မဲခွဲမှုကို လက်ခံမည်လား သို့မဟုတ် ပယ်ချကာ ပက်ဂျုံဟေးကို သမ္မတအဖြစ် ပြန်လည်တာဝန်ယူစေမည်လားဆိုသည်ကို ရက်ပေါင်း ၁၈၀ အတွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ ထိုဆုံးဖြတ်ချက်က ပတ်ဂျုံဟေး၏ အနာဂတ် ဖြစ်မည်ဖြစ်သည်။

    ယခုအခြေအနေကြောင့် ပက်ဂျုံဟေးမှာ တောင်ကိုရီးယားသမိုင်းတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရပြီးနောက် ရာထူးမှ ဖြုတ်ချခံရသည့် ပထမဆုံးသမ္မ ဖြစ်လာဖွယ် ရှိနေသည်။

    Ref: Aljazeera

  • သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    south

    – ခြစားမှုရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သမ္မတ ပတ်ဂျုံဟေး နှုတ်ထွက်ပေးရန်အတွက် ၁.၃ သန်းသော တောင်ကိုရီးယားပြည်သူများမှာ ယနေ့တွင် အေးခဲနေသော အပူချိန်ကို အန်တုကာ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ဆန္ဒပြမှုကို မြို့တော်ဆိုးလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများမှာ ဖယောင်းတိုင်များကိုင်၍ “ပတ်ဂျုံဟေးကို ဖမ်းပေး” “ပက်ကို ထောင်ချ” စသည့် ကျွေးကြော်သံများကို ဟစ်အော်ကာ သီချင်းသီဆိုမှု၊ ကပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ စုရပ်မှ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။

    ပတ်ဂျုံဟေးနှင့်ပတ်သက်သည့် မကောင်းသတင်းများ ထွက်လာခဲ့သည့် ပြီးခဲ့သည့် တစ်လအရင်ကတည်းက တောင်ကိုရီးယားပြည်သူများမှာ ဆန္ဒပြမှုများ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အကြီးဆုံးဖြစ်သည်။

    ယခုဆန္ဒပြပွဲတွင် မိဘများ၊ ကလေးငယ်များ တက္ကသိုလ်ကျောင်းသားများ၊ ဘုန်းကြီးများ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ စုစုပေါင်း ၂၆၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုကို စီစဉ်သူများကမူ ၁.၃ သန်းအထိ ရှိသည်ဟု ဆိုသည်။

    Ref: Channelewsasia

  • တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    korea-2

    – ပြဿနာများနှင့် ရင်ဆိုင်နေရသည့် သမ္မတပတ်ဂျုံဟေး ချက်ခြင်းနှုတ်ထွက်ပေးရန်အတွက် တောင်ကိုရီးယားပြည်သူ သိန်းပေါင်းများစွာမှာ ယနေ့တွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုလည်းဖြစ်သည်။

    သမ္မတမှာ မိတ်ဆွေ ချိုဆွန်ဆီလ်အား နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့်ပေးကာ၊ ထိုအမျိုးသမီးကလည်း ၎င်းနှင့် နီးစပ်မှုကို အလွဲသုံးစားလုပ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားပြည်သူများက ပတ်ဂျုံဟေးအပေါ် မကျေမနပ်ဖြစ်လာခဲ့သည်။

    ပတ်နှင့် ချိုတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သော်လည်း ပြည်သူများက မကျေနပ်ဘဲ ယနေ့ဆန္ဒပြမှုမှာ တစ်ပတ်အတွင်း တတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ဆန္ဒပြမှုတွင် လူ ၂ သိန်းနီးပါး ပါဝင်ပြီး မိမိတို့တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို တပ်ဖြန့်ချထားသည်ဟု ပြောကြားခဲ့သော်လည်း စီစဉ်သူများကမူ ၅ သိန်းမှ တစ်သန်းကြားရှိသည်ဟု ဆိုသည်။

    ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသို့ အနယ်နယ်အရပ်မှ ဘတ်စ်ကားများ၊ ရထားများနှင့် လာရောက်ပါဝင်ခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀၀ ပါဝင်သည့် အုပ်စုတစ်ခုမှာမူ နာမည်ကျော် ဂျယ်ဂျူးကျွန်းမှ စင်းလုံးလေယာဉ်ဖြင့် လာရောက်ပါဝင်ခဲ့ကြသည်။

    ကျောင်းသားများ၊ ကက်သလစ်သီလရှင်များ၊ အလုပ်သမားများ၊ လယ်ာသမားများ၊ ပင်စင်စားများ၊ လူငယ်များ စသဖြင့် လူတန်းစားပေါင်းစုံ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ သမ္မတနှုတ်ထွက်ပေးရန် တိုက်တွန်းသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် နှုတ်မှလည်း သမ္မတ နှုတ်ထွက်ရေး ကျွေးကြော်ခဲ့ကြသည်။

    ညနေပိုင်းတွင်မူ အဆိုပါ ဆန္ဒပြလူအုပ်စုကြီးမှာ ဖယောင်းတိုင်မီးများထွန်းကာ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ လမ်းများကို ပိတ်ဆို့ထားလိုက်ပြီး ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ လမ်းကြောင်းကန့်သတ်မှုကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တောင်ကိုရီးယားသမ္မတ၏ အာဏာခွဲဝေမှုအစီအစဉ် အတိုက်အခံက လက်မခံ

    တောင်ကိုရီးယားသမ္မတ၏ အာဏာခွဲဝေမှုအစီအစဉ် အတိုက်အခံက လက်မခံ

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    south

    – နိုင်ငံရေးအကြပ်အတည်းဖြစ်နေသည့် တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးက ရာထူးတည်မြဲစေရန် ရည်ရွယ်၍ ၀န်ကြီးချုပ်ရာထူးပေးရန် ကမ်းလှမ်းမှုအား အတိုက်အခံပါတီက ပယ်ချလိုက်သည်ဟု သိရသည်။

    သမ္မတအိမ်တော်မှ ယမန်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်၌ သမ္မတမှာ အတိုက်အခံများနှင့် အာဏာခွဲဝေရန် အမှန်တကယ် စိတ်ဆန္ဒရှိနေပြီး ၀န်ကြီးချုပ်ရာထူးကို အတိုက်အခံဘက်မှ ရွေးချယ်ရေး အသေးစိတ်ဆွေးနွေးရန်အတွက် အာဏာရပါတီနှင့် အတိုက်အခံပါတီ နှစ်ခုစလုံးကို အစည်းအဝေးခေါ်ခဲ့သည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း ပတ်ဂျုံဟေး၏ ထိုကမ်းလှမ်းမှုမှာ သံသယဖြစ်စရာကောင်းနေပြီး စဉ်းစားရန်ပင် မထိုက်တန်ဟု အတိုက်အခံဖက်က ပြန်လည် တုန့်ပြန်ခဲ့သည်။

    ထို့ပြင် သမ္မတအနေဖြင့် ၀န်ကြီးချုပ်အား ကက်ဘိနတ်ဝန်ကြီးများရွေးချယ်ခြင်း၊ နိုင်ငံ့အရေးများကို ကိုင်တွယ်ခြင်းတို့တွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်နှင့် ကြားဝင်မနှောက်ယှက်ဟူသော အာမခံချက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ ပက်ကမူ ၀န်ကြီးချုပ်အဖြစ် သူမအဆိုပြုထားမှုကို ရုပ်သိမ်းရန် တောင်းဆိုမှုကို အင်္ဂါနေ့က လိုက်လျောခဲ့သော်လည်း ထိုကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည့်ကိစ္စအား သဘောတူညီလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။

    “အတိုက်အခံနဲ့ အာဏာရပါတီတို့ရဲ့ သဘောတူညီချက်နဲ့ ပါလီမန်က သင့်တော်တဲ့လူတစ်ယောက်ကို အဆိုပြုမယ်ဆိုရင် ကျွန်မ အဲဒီလူကို ၀န်ကြီးချုပ် ခန့်အပ်သွားမှာဖြစ်ပြီး ကတ်ဘိနတ်ကို ကိုင်တွယ်ခွင့်ပေးမှာဖြစ်ပါတယ်” ဟု ပက်က ပါလီမန်တွင်ပြောကြားခဲ့သည်။

    ပက်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆွန်ဆီလ်မှာ နိုင်ငံရေးရာများတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ သမ္မတနှင့် သိကျွမ်းမှုကို အသုံးချကာ စီးပွားရေးလုပ်ငန်းကြီးများမှ ငွေကြေးအလှူခံခြင်းတို့ ရှိခဲ့သည်ဟု သတင်းထွက်ခဲ့ပြီးနောက် တောင်ကိုရီးယားက ပြည်သူများက သမ္မတနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ၎င်းတို့နှစ်ဦးစလုံးမှာ နောက်ပိုင်းတွင် မှားယွင်းကြောင်း တောင်းပန်ခဲ့ပြီး ချိုကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများကမူ သမ္မနှုတ်ထွက်ရန်သာ ဆက်လက်တောင်းဆိုနေကြသည်။

    Ref : Presstv

  • တောင်ကိုရီးယား သမ္မတ၏ အကြံပေးဟောင်းများ ဖမ်းဆီးခံရ

    တောင်ကိုရီးယား သမ္မတ၏ အကြံပေးဟောင်းများ ဖမ်းဆီးခံရ

    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media

    south-2

    – သမ္မတပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆီလ်ဆွန်က နိုင်ငံ့အရေးများတွင် ၀င်ရောက်စွက်ဖက်မှု၊ သမ္မတနှင့် နီးစပ်မှုအား အသုံးချမှုတို့နှင့်ပတ်သက်၍ သမ္မတ အကြံပေးဟောင်းနှစ်ဦးကို တောင်ကိုရီးယားက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ပြည်သူထောင်ပေါင်းများစွာမှာ လမ်းပေါ်သို့ထွက်ကာ ဆန္ဒပြ၍ ပတ်ဂျုံဟေးနှုတ်ထွက်ရန် တောင်းဆိုမှုများ ပြုလုပ်နေပြီး၊ သမ္မတအား လူကြိုက်များမှုမှာလည်း ၅ ရာခိုင်နှုန်းသာ ရှိတော့ကာ ရာထူးလက်ရှိသမ္မတတစ်ယောက်အတွက် စံချိန်တင်ကျဆင်းမှုလည်း ဖြစ်ခဲ့သည်။

    ပတ်ဂျုံဟေး၏ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ အဟ်ဂျွန်ဘွန်ကို အာဏာအလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှုစွဲချက်များဖြင့် ယနေ့တွင် တရားဝင်ဖမ်းဆီးခဲ့ပြီး ချိုမှာ ထိပ်တန်း စီးပွားရေးလုပ်ငန်များထံမှ ဒေါ်လာသန်းချီ ယူခဲ့မှုတွင် ၎င်းက ကူညီခဲ့သည်ဟု သံသယဖြစ်ခံရသူဖြစ်သည်။

    အဖမ်းခံရသည့် အခြားတစ်ဦးမှာ သမ္မတအကြံပေးဟောင်း ဂျီအွန်ဟိုဆွန်ဖြစ်ပြီး ထိပ်တန်းလျှို့ဝှက် အချက်အလက်များ ပေါက်ကြားမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံနေရသည်။ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျီအွန်မှာ ပတ်ဂျုံဟေး၏ ညာလက်ရုံးအဖြစ် လူသိများပြီး ၁၉၉၈ ခုနှစ်ကတည်းက ပတ်အား ကူညီလာခဲ့သူဖြစ်သည်။

    ၎င်းမှာ သမ္မတ၏ မိန့်ခွန်းများ၊ နိုင်ငံတော် စာရွက်စာတမ်းများကို ချိုထံသို့ ပေးပို့သည်ဟု သံသယဖြစ်ခံထားရသည်။

    လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ချိုနှင့် သမ္မတ ပတ်ဂျုံဟေးတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ တောင်းပန်ခဲ့သော်လည်း ပြည်သူများကမူ လက်မခံပဲ သမ္မတနှုတ်ထွက်ရေးကိုသာ ဆက်လက်တောင်းဆိုနေကြသည်။

    Ref: Channelnewsasia