News @ M-Media

Tag: Syria

  • ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်

    ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်

    မေ ၁၀၊ ၂၀၁၈
    M-Media

    ဂိုလန်တောင်ကုန်းရှိ အစ္စရေးတပ်ဖွဲ့

    – ဆီးရီးယားနိုင်ငံအတွင်းက အီရန်အခြေစိုက်စခန်းတွေကို မနေ့က အကြီးစားတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့မှာ ပြောကြားလိုက်ပြီး အီရန်က ဂိုလန်တောင်ကုန်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေအပေါ် ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒုံးကျည်ပစ်ခတ်တဲ့နေရာတွေ၊ ထောက်လှမ်းရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သိုလှောင်ရေးနေရာတွေနဲ့ ယာဉ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    စစ်ဆင်ရေးအတွင်း ဆီရီးယားစစ်တပ်ရဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ဆီးရီးယားရဲ့ ရေဒါစနစ်တစ်ခု ဖျက်ဆီးခံလိုက်ရကြောင်း ဖော်ပြခဲ့ပါတယ်။

    ဂိုလန်တောင်ကုန်းဟာ ဆီးရီးယားပိုင်ဒေသဖြစ်ပြီး အစ္စရေးက ၁၉၆၇ ခုနှစ်စစ်ပွဲအပြီးမှာ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆီးရီးယားပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ကျော်လောက် ပြုလုပ်ခဲ့ပြီး ဧပြီလကလည်း ဟုမ်းစ်ပြည်နယ်အနီးက လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်းမှာ အစ္စရေး F-16 တိုက်လေယာဉ်တစ်စီးဟာ တိုက်ခိုက်ဖို့အတွက် ဆီးရီးယားကို ၀င်လာစဉ်မှာ ဆီးရီးယားတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။ အစ္စရေးကတော့ ဂိုလန်တောင်ကုန်းကို အီရန်က ဒရုန်းတစ်စင်း လွှတ်မှုအတွက် တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မနေ့ညပိုင်းက တိုက်ခိုက်မှုအတွင်းမှာ အစ္စရေး တိုက်လေယာဉ် အစီး ၂၀ လောက်ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးရဲ့ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

    ကွန်ရီကက်စ်က တိုက်ခိုက်မှုလုပ်ခင်မှာ ရုရှားကို အကြောင်းကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    အမေရိကန်မှာ ဆီးရီးယားကို ခွဲခြမ်းရန် ကြိုးစားနေသည်ဟု ရုရှား စွပ်စွဲ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    – အမေရိကန်ဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံထဲ ဒုံးကျည်တွေပစ်ကာ ဆီးရီးယားကို နှစ်ခြမ်းခွဲဖို့ ကြိုးစားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ပြောကြားလိုက်ပါတယ်။

    မနေ့က မော်စကိုမှာ တူရကီ၊ အီရန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ၇ နှစ်တာကြာမြင့်ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းအရေး ဆွေးနွေးစဉ်မှာ ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးရဲ့ တွေ့ဆုံမှုဟာ လာမယ့်လ ကာဇက်စတန်မှာလုပ်မယ့် ၉ ကြိမ်မြောက် ဆီးရီးယားအရေး အစည်းအဝေးအတွက် အခြေခံအချက်တွေ ညှိနှိုင်းတာဖြစ်ပါတယ်။

    လာမယ့်လအစည်းအဝေးမှာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    ရုရှား၊ အီရန်နဲ့ တူရကီတို့က ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ဆွေးနွေးမှုမှာ သူတို့ဟာ အာမခံပေးသူဖြစ်ကြောင်း၊ ကာဇက်စတန်က ညှိနှိုင်းမှုကသာ တင်းမာမှုတွေလျော့ကျရေး တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

    မနေ့ကဆွေးနွေးမှုမှာ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးက ဆီးရီးယားဟာ အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိရမယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။ လာဗရော့ဗ်ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ အရှေ့အလယ်ပိုင်းကို ပုံပြောင်းဖို့နဲ့ ဆီးရီးယားကို ခွဲခြမ်းဖို့ ကြိုးစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားအစိုးရတပ်တွေက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ဟာ ဧပြီလ ၁၄ ရက်နေ့မှာ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လာဗရော့ဗ်က ဒီလုပ်ရပ်ဟာ ရှိပြီးသားအခြေအနေကို ပိုဆိုးစေတယလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ပြင်သစ်ကပေးထားသည့် ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ပြန်အပ်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ဆီးရီးယားသမ္မတ ဘာာရှာ အလ်-အာဆတ်က ပြန်လည်အပ်နှံခဲ့ပြီး ဆီးရီးယားကို ဗုံးကြဲသော ကျွန်နိုင်ငံတစ်ခုမှ ပေးအပ်သည့် ဂုဏ်ပြုဆုကို လက်ခံထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Legion of Honor ဆုဖြစ်ပြီး ၂၀၀၁ ခုနှစ်က သမ္မတအာဆတ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    “သမ္မတအာဆတ်ကို ပေးအပ်ထားတဲ့ Grand Croix of the Légion d’honneur ဆုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်နိုင်ငံကို ပြန်ပေးခဲ့ပါတယ်” ဟု ဆီးရီးယားသမ္မတရုံး၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပြီး နိုင်ငံအတွင်း ပြင်သစ်အကျိုးစီးပွားကို ကိုယ်စားပြုသည့် ရိုမေးနီးယားသံရုံးမှတစ်ဆင့် ပြန်အပ်ခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ပြန်အပ်ရန် ဆုံးဖြတ်မှုမှာ ဧပြီလ ၁၄ ရက်နေ့က ဆီးရီးယားအား ၃ နိုင်ငံကျူးကျော်မှုတွင် ပါဝင်မှု၊ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးပြီး နိုင်ငံကတကာ ဥပဒေ၏ အခြေခံကျသော စံနှုန်းများ၊ စည်းမျဉ်းများကို ဖောက်ဖျက်သည့် ‘အမေရိကန်၏ နောက်လိုက် ကျွန်နိုင်ငံတစ်ခု’က ပေးအပ်သည့် ဆုတံဆိပ်ကို သမ္မတ အာဆတ်က လက်မခံလိုမှုကြောင့် ဖြစ်ကြောင်း Twitter ကြေငြာချက်တွင် ဖော်ပြထားသည်။

    အာဆတ်အားပေးထားသည့် အဆိုပါဆုကို ပြင်သစ်က ပြန်ရုတ်သိမ်းတော့မည်ဟု ပြင်သစ်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

    ပြင်သစ်မှာ အမေရိကန် စက်ဘီးသမား လန့်စ် အမ်းစထရောင်း၊ ဗြိတိသျှဒီဇိုင်နာ ဂျွန်ဂါလီယာနိုနှင့် ဟာဗေး ၀ိုင်စတိန်းတို့အား ပေးထားသည့် အဆိုပါဂုဏ်ထူးဆောင်ဆုများကိုလည်း ယခင်က ပြန်ရုပ်သိမ်းခဲ့ဖူးသည်။

    Ref: RT

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    သောကြာနေ့မနက် နိုင်ငံတကာသတင်းတို

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    ပြင်သစ်ပြည်သူများ ဆန္ဒပြမှု

    – အီရတ်နဲ့ ကပ်နေတဲ့ ဆီးရီးယားနယ်စပ်က IS စခန်းတွေကို အခုတစ်ပတ်အတွင်း လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အီရတ်အစိုးရက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အီရတ်ဟာ IS အပေါ် အောင်နိုင်ကြောင်း ပြီးခဲ့တဲ့နှစ်မှာ ကြေငြာနိုင်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ဆက်ရှိနေဆဲပါ။ အခု တိုက်ခိုက်မှုဟာ ဆီးရီးယားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    – ကျူးဘားလွှတ်တော်ဟာ မနေ့က သမ္မတသစ် ဒီယာ့ဇ် ကာနယ်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးနောက်ပိုင်း ကက်စထရိုညီအစ်ကိုရဲ့ တိုင်းပြည်ကို ၅၉ နှစ်ကြာ အုပ်စိုးမှု အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခန့်အပ်မှုဟာ ကြိုတင်စီမံထားတာ ဖြစ်ပါတယ်။ သမ္မတသစ်ကတော့ သမိုင်းတွင်မယ့် ဒီလိုအချိန်မျိုးမှာ တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    – သမ္မတမာခရွန်ရဲ့ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုတွေကို မကျေနပ်တဲ့အတွက် ရထားအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေအပါအ၀င် ပြင်သစ်ပြည်သူ ထောင်ပေါင်းများစွာဟာ မနေ့က နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမျာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဖြစ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။

    – ဒမတ်စကတ်တောင်ပိုင်းက IS တွေထိန်းချုပ်ထားတဲ့ဒေသကို ဆီးရီးယားအစိုးရတပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ဂူတာကို ပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဆီးရီးယားအစိုးရဟာ ဒမတ်စကတ်နားက IS ဒေသတွေကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဆီးရီးယားသို့ S-300 ဒုံးခွင်းစနစ် ပေးပို့ရန် ရုရှား စဉ်းစားနေ

    ဧပြီ ၁၇၊ ၂၀၁၈
    M-Media

    ရုရှားလုပ် S-300 ဒုံးခွင်း

    – ဆီးရီးယားအစိုးရအား S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က ပြောကြားလိုက်ပြီး အမေရိကန်နှင့် အပေါင်းအပါများက ဆီးရီးယားကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    “S-300 စနစ်တွေကို ပေးပို့ဖို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆီးရီးယားက တောင်းဆိုခဲ့ပေမယ့် ကျွန်တ်ာတို့ မပေးခဲ့ပါဘူး။ အမေရိကန်၊ ပြင်သစ်နဲ့ ဂရိတ်ဗြိတိန်တို့ရဲ့ ဒီလို လွန်လွန်းတဲ့ ကျူးကျော်မှုကြောင့် အခုတော့ ကျွန်တ်ာတို့ဟာ ဆီးရီးယားရဲ့ လုံခြုံရေးအတွက် နည်းလမ်းတွေကို စဉ်စားရတော့မှာပါ” ဟု လာဗရော့က ယနေ့တွင် ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

    နောက်ထပ်ဖြစ်လာမည့် ကျူးကျော်မှုများအား ဆီးရီးယားက ကာကွယ်နိုင်ရေး ကူညီရန် ရုရှားက နည်းလမ်းအားလုံးကို စဉ်းစားသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    စနေနေ့တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့မှာ ဆီးရီးယားရှိ နေရာ ၃ ခုကို ဒုံးကျည်များဖြင့်လည်းကြောင်း၊ လေကြောင်းမှလည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်နှင့် သက်ဆိုင်သော နေရာများကို တိုက်ခိုကခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားစစ်တပ်မှာ ဒုံးကျည်ပေါင်း ၁၀၃ စင်းမှ ၇၁ ခုကို ရုရှားလုပ် လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ရုရှားစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆာဂျီ ရုဒ်စ်ကိုအီက အမေရိကန်၏ ယခုလုပ်ရပ်မှာ ဆီးရီးယားတွင် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို ပိုမိုဆိုးရွားအောင် ရည်ရွယ်ခြင်းဖြစ်ပြီး ရုရှားအနေဖြင့် ဆီးရီးယားအပါအ၀င် အခြားနိုင်ငံများသို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပေးပို့သွားနိုင်သည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

    Ref: Press TV