News @ M-Media

Tag: Syria

  • ဆီးရီးယားမှ အကူအညီပေးရေးအဖွဲ့ နိုင်ငံတကာဆုတစ်ခု ရရှိ

    ဆီးရီးယားမှ အကူအညီပေးရေးအဖွဲ့ နိုင်ငံတကာဆုတစ်ခု ရရှိ

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    white-helmet

    – ဆီးရီးယား ပြည်တွင်းစစ်တွင် စစ်ဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုဖြစ်သော White Helmets မှာ နိုဘယ်ဆုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည့် Right Livelihood Award ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    The Right Livelihood Award ဖောင်ဒေးရှင်းက အဆိုပါအဖွဲ့အား ရွေးချယ်မှုကို ယမန်နေ့က ကြေငြာခဲ့ခြင်းဖြစ်ပြီး White Helmets အဖွဲ့မှာ ‘စစ်ဘေးသင့်ပြည်သူများကို ကူညီရာတွင် ထူးချွန်ပြောင်မြောက်သော ရဲစွမ်းသတ္တိ၊ ဂရုဏာစိတ်၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဆောင်ရွက်ခဲ့သည်’ ဟု ချီးမွမ်းခဲ့သည်။ White Helmets အဖွဲ့ကို ဆီးရီးယားပြည်သူ့ ကာကွယ်ရေးအဖွဲ့ (Syria Civil Defence) ဟုလည်း ခေါ်ဆိုသည်။

    ‘ဒုတိယမြောက် နိုဘယ်ဆု’ (the alternative Nobel prize) ဟု အမည်တွင်သည့် အဆိုပါဆုအတွက် နိုင်ငံ ၅၀ မှ အမည်စာရင်းတင်သွင်းခံရသည့် ၁၂၅ ဖွဲ့မှ အဖွဲ့ ၄ ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ဆီးရီးယားနိုင်ငံမှ ပထမဆုံး ဆုရရှိသည့် White Helmets မှာ အဖွဲ့ဝင် ၃၀၀၀ ခန့်ရှိပြီး ဗုံးထိအဆောက်အအုံများမှ လူများကို ကယ်ဆယ်ခြင်း၊ မီးဘေးမှ ကယ်တင်ပေးခြင်းနှင့် ရှေးဦးသူနာပြုအကူအညီများ ပေးခြင်း၊ တစ်ခါတစ်ရံတွင် အလွန်အမင်း စွန့်စားရမှုများလည်း ရှိခဲ့သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    White Helmets အဖွဲ့နှင့်အတူ ဆုရရှိသည့် အခြားအဖွဲ့များမှာ ဒုက္ခသည်များ၊ ပြောင်းရွှေ့အခြေချသူများအတွက် ဥပဒေပိုင်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အကူအညီများပေးနေသော Civic Assistance Committee အဖွဲ့ကို တည်ထာင်သည့် ရုရှား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆက်ဗ်လာနာ ဂန်နုရှ်ကီနာ၊ တူရီနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ရရေး တိုက်ပွဲဝင်နေသည့် Cumhuriyet နေ့စဉ်သတင်းစာ၊ ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိးသမီးအခွင့်အရေး မြှင့်တင်ပေးနေသူ အီဂျစ်အမျိုးသမီး မိုဇန် ဟာဆန်နှင့် Nazra for Feminist Studies အဖွဲ့တို့ဖြစ်သည်။

    ၎င်းတို့မှာ ဆုကြေးငွေအဖြစ် ကန်ဒေါ်လာ ၈၈၀၀၀ ကို ရရှိမည်ဖြစ်သည်။

    Ref; Aljazeera

  • ၆ နှစ်အရွယ် ကလေးငယ်ကပေးသော လူသားဆန်မှု သင်ခန်းစာ

    ၆ နှစ်အရွယ် ကလေးငယ်ကပေးသော လူသားဆန်မှု သင်ခန်းစာ

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    alex
    အဲလက်စ်

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျ ပျက်ဆီးရာကနေ ကယ်ထုတ်ခဲ့ရတဲ့ ကလေးငယ်လေး လူနာတင်ယာဉ်ပေါ်မှာ သွေးသံရဲရဲနဲ့ တိတ်ဆိတ်သြအံ့စွာ ထိုင်နေတဲ့ ဓာတ်ပုံကို လူတိုင်း မှတ်မိကြမှာပါ။

    အိုမရန်လို့ခေါ်တဲ့ အဲဒီကလေးငယ်လေးရဲ့ အဖြစ်အပျက်ဟာ ဆီးရီးယားနိုင်ငံက ကလေးငယ်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခသည်တွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး သူ့ကို အကြောင်းပြုလို့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း ဆီးရီးယားက ကလေးငယ်လေးတွေရဲ့ဘ၀ကို ဂရုဏာ သက်ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ထိပ်သီးအစည်းဝေး (Leaders Summit on Refugees) မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အိုမရန်လေးရဲ့ အဖြစ်အပျက်ကို တွေ့ပြီးနောက်ပိုင်းမှာ နယူးယောက်မြို့ဆင်ခြေဖုံးက အသက် ၆ နှစ်အရွယ် အဲလက်စ် ရေးသားခဲ့တဲ့စာကို ဖတ်ပြခဲ့ပါတယ်။

    omran
    အိုမရန်

    ဒီနေ့ကမ္ဘာကြီးမှာ ပျောက်ဆုံးနေတဲ့ လူသားဝါဒ အပြည့်အ၀ပါတဲ့ အဲလက်စ်လေးရဲ့စာက တက်ရောက်လာသူ အားလုံးရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ ‘နေထိုင်တဲ့ နေရာဌာန၊ ပုံပန်းသဏ္ဍာန်၊ ယုံကြည်သက်ဝင်မှု စတာတွေအပေါ် အခြေခံပြီး မကောင်းမြင်ဖို့၊ သံသမျက်စိနဲ့ကြည်ဖို့၊ ကြောက်ရွံ့ဖို့ သင်ကြားပေးခြင်း မခံရေသးတဲ့ ကလေးငယ်က ပြသတဲ့ ဒီလူသားဆန်မှု – ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေနဲ့အတူ သူနေထိုင်ကြီးပြင်းရသလို တစ်ခြားသူတွေကိုလည်း ဒီလို နေထိုင်ကြီးပြင်းစေရမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိမှုတွေဟာ မိမိတို့အားလုံး အဲလက်စ်ဆီက သင်ယူရမယ့် သန်ခင်းစာတွေပဲ ဖြစ်ပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အတုယူ လေးစားအားကျဖွယ်ကောင်းတဲ့ စာလေးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ချစ်လှစွာသော သမ္မတကြီး အိုဘားမားခင်ဗျာ –

    ဆီးရီးယားမှာ လူနာတင်ယာဉ်ပေါ် ချီပြီး အပို့ခံရတဲ့ ကောင်လေးကို မှတ်မိပါသလား။ သူ့ကို သွားခေါ်ပြီး သားအိမ်ကို ခေါ်လာပေးပါ။ ကားလမ်းမှာပဲဖြစ်ဖြစ်၊ လမ်းကြားလေးထဲမှာပဲဖြစ်ဖြစ် ကားတွေရပ်ပြီး သမ္မတကြီးတို့ကို အလံတွေ၊ ပန်းတွေ၊ ဘောလုံးတွေနဲ့ သားတို့ စောင့်ကြိုနေမှာပါ။ သားလေ – သူ့ကို မိသားစုလေးတစ်ခု ပေးချင်ပါတယ်။ သူက သားရဲ့ ညီအစ်ကိုပေါ့။ သားညီမလေး ကက်သရင်းက သူ့အတွက် လိပ်ပြာလေးတွေ၊ ပိုးစုန်းကြူးလေးတွေ ဖမ်းပေးမယ်။ ကျောင်းမှာလည်း ဆီးရီးယားက သားသူငယ်ချင်း အိုမာရ်နဲ့ သား သူ့ကို မိတ်ဆက်ပေးမှာပါ။ သားတို့ အတူတူ ကစားကြမယ်။ မွေးနေ့ပွဲတွေတက်ဖို့လည်း သူ့ကို သားဖိတ်မယ်။ သူ့ဆီကနေလည်း ဘာသာစကားကို သားသင်မယ်။ ဂျပန်က သားသူငယ်ချင်း အေအိုတိုကို သင်ပေးသလိုမျိုး အင်္ဂလိပ်စာကိုလည်း သားတို့ သူ့ကို သင်ပေးမှာပါ။

    သူ့လိုမျိုး အင်မတန်ကြင်နာတတ်တဲ့ အဲလက်စ်ဆိုတဲ့ သူ့ရဲ့ ညီလေးတစ်ယောက်ရှိတယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပေးပါနော်။ သူ အရုပ်တွေလည်း ယူလာစရာမလိုပါဘူး။ သူမှာ အရုပ်မရှိရင်လည်း ညီမလေး ကက်သရင်းက အပြာရောင် အစင်းကြောင်းအင်္ကျီလေး ၀တ်ထားတဲ့ အဖြူရောင် ယုန်ရုပ်ကလေး ပေးမှာပါ။ သား စက်ဘီးကိုလည်း သူ့ကို ပေးစီးမယ်။ စက်ဘီးစီးတတ်အောင်လည်း သား သင်ပေးမယ်။ သင်္ချာမှာ အပေါင်း၊ အနှုတ်တွေကိုလည်း သားသင်ပေးမယ်။ ကက်သရင်းက သူ့ရဲ့ အစိမ်းရောင် ပင်ဂွင်းရုပ် နှုတ်ခမ်းဆိုးဆေးရဲ့ အမွှေးနံ့ကိုလည်း သူကို့ မွှေးခိုင်းလိမ့်မယ်။ သူ့က အဲဒါကို သားကိုတောင် ပေးကိုင်တာ မဟုတ်ပါဘူး။

    ကျေးဇူးတင်ပါတယ်။ သမ္မတကြီးသူ့ကိုခေါ်လာမယ့်အချိန်ကို သား မစောင့်နိုင်တော့ဘူး။

    အဲလက်စ်
    အသက် ၆ နှစ်

    Ref: Whitehouse

    let

    let-2

    let-3

  • ဆီးရီးယားတွင် အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရ

    ဆီးရီးယားတွင် အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    syria

    – တစ်ပတ်တာကြာမြင့်ခဲ့ပြီး အလုပ်မဖြစ်သည့် အပစ်ရပ်ရေး ယမန်နေ့က အဆုံးသတ်သွားပြီးနောက်ပိုင်း သူပုန်များ ထိန်းချုပပ်ထားရာ အဲလစ်ပိုအနီးရှိ အကူအညီပေးရေး ယာဉ်တန်းအား ဆီးရီးယားအစိုးရဖက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    မြို့အနောက်ပိုင်းဒေသတွင် အကူအညီသွားရောက်ပေးအပ်နေစဉ်အတွင်း ထိုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၁၂ ဦး သေဆုံးခဲ့သည်။ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ ယမန်နေ့ အပစ်ရပ်ရေး ပြီးဆုံးကာနီးနှင့် ပြီးဆုံးပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

    ဆီးရီးယား လခြမ်းနီအဖွဲ့ကလည်း အဲလစ်ပိုတွင် အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး၊ ဆီးရီးယားဆိုင်ရာ ကုလကိုယ်စားလှယ် စတာဖန် ဒီ မစ်တူရာကမူ ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

    အမေရိကန်နှင့် ရုရှားတို့က ကြားဝင်စေ့စပ်ပေးသည့် တစ်ပတ်တာ အပစ်ရပ်ရေးအတွင်းမှာပင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဆီးရီးယားအစိုးရစစ်တပ်နှင့် သူပုန်တို့က အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

    Ref: Aljazeera

  • တူရကီ-ဆီးရီးယားနယ်စပ်တွင် IS ရန် ရှင်းပြီ

    တူရကီ-ဆီးရီးယားနယ်စပ်တွင် IS ရန် ရှင်းပြီ

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    northern syria

    – တူရကီ-ဆီးရီးယားနယ်စပ်အတွင်း ကျန်ရှိနေသည့် IS တပ်ဖွဲ့ဝင်များကို တူရကီတပ်ဖွဲ့နှင့် ဆီးရီးယား သူပုန်များက လုံးဝ မောင်းထုတ်နိုင်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နိုင်ငံအရှေ့တောင်ဘက်ရှိ ဒီယာဘာကီရ်မြို့တွင် ပြောကြားသည့် မိန့်ခွန်း၌ ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားမြောက်ပိုင်း နယ်စပ်မြို့များဖြစ်ကြသည့် အေဇက်နှင့် ဂျာရာဘလွတ်စ်တို့အကြားရှိ ဒေသကို ရှင်းလင်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

    တူရကီတပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များ၏ ထိုးစစ်ဆင်မှုမှာ ဆီးရီးယားမြောက်ပိုင်းနှင့် တူရကီအကြားရှိ ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်သည်ဟု တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu က စောစောပိုင်းတွင် ဖော်ပြခဲ့ပြီး၊ ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရး စောင့်ကြည့်အဖွဲ့ကလည်း IS မှာ ဆီးရီးယားနယ်စပ်မှ ဒေသများအား ဆုံးရှုံးရခြင်းကြောင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    turkey 4

    – ပြီးခဲ့သည့် သီတင်းပတ်အတွင်း IS လက်မှ သိမ်းယူနိုင်ခဲ့သည့် ဆီးရီးယားနိုင်ငံမြာက်ပိုင်းမှ နယ်စပ်မြို့သို့ တူရကီက တင့်ကားအင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီး ထိုဒေသအတွင်းရှိ တိုက်ခိုက်ရေးသမားများအားလုံးကို ရှင်းလင်းရန်အတွက် စစ်မျက်နှာအသစ် ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

    ဂျာရာဘလွတ်စ်၏ အမည်ရသည့် အဆိုပါမြို့ကို တူရကီတပ်ဖွဲ့များနှင့် မဟာမိတ် ဆီးရီးယားသူပုန်များက သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ထိုးစစ်ဆင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်။

    ယမန်နေ့က သူပုန်များမှာ တူရကီနယ်စပ်နှင့်ကပ်နေသည့် ဆီးရီးယားဘက်ခြမ်းမှ အခြားမြို့ပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်။

    တူရကီလိုလားသည့် Sultan Murad သူပုန်အဖွဲ့မှ တပ်မှူးဖြစ်သူ အဟ်မဒ် အွတ်သမန်ကမူ မိမိတို့မှာ ဂျာရာဘလွတ်စ်ပြီးနောက် နောက်ထပ် ရွာပေါင်း ၁၇ ရွာကို သိမ်းယူနိုင်ခဲ့ပြီး အလ်-ရိုင်းနှင့် ဂျာရာဘလွတ်စ်မြို့ကြားရှိ ရွာအားလုံးကို သိမ်းယူရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera