News @ M-Media

Tag: Syria

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    assand

    – ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ၎င်းတို့အစိုးရအနေဖြင့် လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မည်သည့်အရာကို မဆို ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားနှင့် တူရကီတို့က ကမကထပြုသည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်န၀ါရီနှောင်းပိုင်းတွင် ကာဇက်စတန်နိုင်ငံ အစ္စတာနာမြို့တွင် ပြုလုပ်ရန် ရှိနေခြင်းဖြစ်သည်။

    ပြင်သစ်ဂျာနယ်လစ်များနှင့် အင်တာဗျူးတွင် အာဆတ်က အခြားတစ်ဖက်တွင် မည်သူများ ပါဝင်မည်ဆိုသည့် ကိစ္စအပါအ၀င် ဆွေးနွေးပွဲအတွက် မေးခွန်းများစွာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားသို့ အလယ်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ သီယာရီ မာရီယာနီကလည်း အာဆတ်အနေဖြင့် အကြမ်းဖက်အုပ်စုများမှလွဲ၍ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အုပ်စု အားလုံးနှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ သူပုန်များ လက်နက်စွန့်လွှတ်ပါက ပြန်လည်ရင်ကြားစေရေး ဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ဆီးရီးယားနိုင်ငံတစ်ဝှမ်း အပစ်ရပ်ရေး ယနေ့ညစမည်

    ဆီးရီးယားနိုင်ငံတစ်ဝှမ်း အပစ်ရပ်ရေး ယနေ့ညစမည်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    syria

    – အစိုးရတပ်များနှင့် ကုလက အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသည့် အဖွဲ့များအကြား တိုက်ခိုက်နေသည့် နေရာများမှလွဲ၍ ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် အပစ်ရပ်ရေးအတွက် တူရကီနှင့် ရုရှားတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    အဆိုပါသဘောတူညီမှုကို Anadolu သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပစ်ရပ်ရေးအစီအစဉ်ကို ဆီးရီးယား၏ ပြိုင်ဘက်အဖွဲ့များထံ တင်ပြထားကာ ယနေ့ညသန်းခေါင်ယံ GMT ၂၂ နာရီတွင် အသက်ဝင်မည်ဟု ပြောကြားခဲ့သည်။

    အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကမူ အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်တွင် အကြမ်းဖက်အဖွဲ့အစည်းများ မပါကြောင်း ယခုအပစ်ရပ်ရေး အောင်မြင်ပါက တူရကီနှင့် ရုရှားတို့၏ လမ်းညွှန်မှုဖြင့် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆီးရီးယား အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာမီ နက်စ်ဟာရ်ကမူ ထိုကဲ့သို့ အပစ်ရပ်ရေးကို အကောင်အထည်ဖော်မှုမှာ တူရကီအစိုးရက ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်မှုများထဲမှ အကြီးဆုံးဖြစ်သည်ဟု ချီးကျူးခဲ့သည်။

    တူရကီ၊ ရုရှားနှင့် အီရန်တို့မှာ ပြီးခဲ့သည့်သီတင်းပတ်က မော်စကို၌ တွေ့ဆုံခဲ့ပြီး အာဆတ်အစိုးရနှင့် အတိုက်အခံများအကြား ငြိမ်းချမ်းရေးအတွက် အာမခံပေးသူများအဖြစ် ဆောင်ရွက်သွားမည်ဟု သဘောတူညီခဲ့သည်။

    Ref: Aljazeera

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    ကျွန်မရဲ့ဆံနွယ်ဟာ ကျွန်မရဲ့အဓိကအစိတ်အပိုင်းပါ

    5
    ဟိဂျာ့ဗ်ကို ဖယ်ခွာလိုက်ဖို့ အချိန်ကာလကို ပြန်ပြောင်းပြောဆိုနေတဲ့ ရီဟမ်းအလ်ကောင်စာ

    – ရီဟမ်းအလ်ကောင်စာကတော့ ဆီးရီးယားအကြောင်းနဲ့ ဥရောပကဒုက္ခသည်များအကြောင်းရေးသားနေတဲ့ ဆီးရီးယား-ပါလက်စတိုင်းလူမျိုး ဂျာနယ်လစ်တစ်ဦးပါ။ သူမက ဒီလိုပြောကြားပါတယ်။

    ကျွန်မရဲ့ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ၂ နှစ်ကျော်ကြာအောင် အချိန်ယူဆုံးဖြတ်ခဲ့ရတယ်။ ကျွန်မ ဆီးရီးယားကနေ ပထမဆုံးထွက်ခွာလာတဲ့ ဘာလင်ခရီးစဉ် လေယာဉ်ပေါ်မှာပေါ့။ အာရှနွယ်သက်ကြီးလင်မယားဘေးမှာ ကျွန်မ ထိုင်နေတယ်။ သူတို့ အိပ်မောကျနေခဲ့တယ်။ ဖရင့်ဖတ်နိုင်ငံတကာလေဆိပ်မှာ ခရီးတစ်ထောက်နားစဉ် ကျွန်မ ဟိဂျာ့ဗ်ကို ချွတ်လိုက်ပါတယ်။ သူတို့ကတော့ ဒါကို သတိထားမိပုံတောင် မပေါ်ပါဘူး။

    ဥရောပရောက်တဲ့အထိ ကျွန်မက စောင့်နေရဦးမှာလား။ ဖခင်အနေနဲ့စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ဆီးရီးယားမှာ ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ကျွန်မ သတ္တိ မရှိခဲ့ဘူး။ ကျွန်မရဲ့ဆန္ဒကိုပြောတော့ ဖခင်က ဒီလိုပြောပါတယ်။ သမီး ဒီနိုင်ငံက ခွာတဲ့အခါမှာ တစ်ပါးသူတွေရဲ့အတင်းအဖျင်းစကားတွေကနေ ကင်းရှင်းအောင်နေနိုင်တယ်ဆိုရင် လုပ်လိုက်ပါတဲ့။

    ကျွန်မရဲ့ဖခင်က မိခင်လောက် ဘာသာရေးကိုင်းရှိုင်းမှု မရှိပါဘူး။ ဒါပေမယ့် လူထုအမြင်ပိုင်းဆိုင်ရာတွေမှာ တော်တော်နှံ့စပ်ပါတယ်။

    ဒီလိုဆုံးဖြတ်ဖို့ အကြောက်ကြီးကြောက်နေခဲ့တာကို ကျွန်မ ကောင်းကောင်းမှတ်မိနေပါတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်မ ထင်မြင်ခဲ့မိတယ်။ ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။

    ကျွန်မ ဒါကို ဖယ်ရှားချင်တာက ပိုပြီး သဘာဝဆန်ချင်လို့လေ။ ဦးခေါင်းခြုံထားပြီး မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့ ကောလိပ်သွားတက်မယ့် ကျွန်မဟာ အိပ်ရာထသွားတိုက်နေတဲ့ မှန်ထဲက ကျွန်မပုံနဲ့ လုံးဝကွဲပြားနေတာမျိုး ကျွန်မ မနှစ်သက်ပါဘူး။ ကျွန်မဟာ ကျွန်မသိတဲ့ ရီဟမ်းဆိုတဲ့ ကျွန်မပင်ကိုယ်ပုံစံအတိုင်းပဲ တတ်နိုင်သမျှ ဖြစ်နေချင်ပါတယ်။

    ပထမရက်ပိုင်းတွေမှာ စိတ်ရှုပ်ထွေးနောက်ကျိနေခဲ့တယ်။ ရှေ့ဆက်ရမှာကိုလည်း ပူပန်စိုးရိမ်နေခဲ့တယ်။ ၁၀ နှစ်ကျော် ဖုံးကာထားခဲ့ပြီးနောက် ကျွန်မရဲ့ဆံပင်ကို ဘယ်လို ကရုစိုက်ရမယ်ဆိုတာ ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ရုတ်တရက်ဆိုတော့ ကြောင်စီစီ ဖြစ်နေသလိုပါပဲ။ လပေါင်းများစွာလွန်မြောက်ပြီးတဲ့အခါမှာ ကျွန်မ နေသားကျသွားခဲ့ပါတယ်။

    ခုဆိုရင် ကျွန်မရဲ့ဆံနွယ်က ကျွန်မရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ရှုပ်ပွနေသည်ဖြစ်စေ သန်စွမ်းနေသည်ဖြစ်စေ အဲ့ဒါက ကျွန်မရဲ့စရိုက်လက္ခဏာကို ထင်ဟပ်နေစေပါတယ်။ ဒါကို နောင်တရမနေပါဘူး။ တစ်နေ့နေ့ ကျွန်မ ဟိဂျာ့ဗ် ပြန်ဆောင်းပါဦးမလားလို့ မေးရင် ပြန်ဝတ်ကောင်းဝတ်ပါလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီလိုအမြင်မျိုး ယခုချိန်မှာ မရှိသေးပါဘူးလို့ ပြောချင်ပါတယ်။

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    ဖော်ပြခဲ့ပြီးသော အပိုင်းများ

    အပိုင်း(၁)

    အပိုင်း(၂)

    အပိုင်း(၃)

    အပိုင်း(၄)

     

  • ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    syria-3

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ဘ် ပြည်နယ်တွင် ရုရှားက ပြုလုပ်သည်ဟု ယုံကြည်ရသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတစ်ခု ထိမှန်ခဲ့ပြီး ကျောင်းသားများအပါဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယူကေအခြစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ကမူ တိုက်ခိုက်မှုမှာ ဟက်စ်ဆိုသည့်ရွာနှင့် ပတ်ဝန်းကျင်ကို ယမန်နေ့မနက် ၁၁ နာရီခွဲခန့်က ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သေဆုံးသွားတဲ့ကလေးတွေဟာ ကျောင်းသားတွေပါ။ တိုက်ခိုက်တဲ့လေယာဉ်တွေကတော့ ရုရှားလေယာဉ်တွေဖြစ်မယ်လို့ ယုံကြည်ရပါတယ်” ဟု စောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    အမည်မဖော်လိုသူ တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းအာဏာပိုင်တွေက အတန်းရပ်နားပြီး ကျောင်းသားတွေ အိမ်ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ဒုံးကျည်တစ်စင်းက ကျောင်းဝင်ပေါက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

    တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအချို့မှာ အခြေအနေဆိုးရွားသည့်အတွက် သေဆုံးမှု မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    အစ်ဒလစ်ဘ်ပြည်နယ်မှာ သူပုန်ညွန့်ပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး ဆီးရီးယား နိုင်ငံပိုင်တီဗီကမူ ဟက်စ်ရွာရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် လက်နက်ကိုင်များ သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref : Aljazeera

  • ဆီးရီးယားထောက်ပံ့ရေးယာဉ်တန်း တိုက်ခိုက်မှု ရုရှားလက်ချက်ဖြစ်ကြောင်း သေချာ

    ဆီးရီးယားထောက်ပံ့ရေးယာဉ်တန်း တိုက်ခိုက်မှု ရုရှားလက်ချက်ဖြစ်ကြောင်း သေချာ

    အောက်တိုဘာ ၅၊ ၂၀၁၆
    M-Media

    syria3

    – ပြီးခဲ့သည့်လအတွင်းက ဆီးရီးယားနိုင်ငံ အဲလစ်ပိုရှိ အကူအညီပေးရေးယာဉ်တန်းအား တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဂြိုဟ်တုမှ လေ့လာဆန်းစစ်မှုများအရ ထိုတိုက်ခိုက်မှုကို လေကြောင်းမှ ပြုလုပ်ခြင်းဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။

    ကုလနှင့် ဆီးရီးယား လခြမ်းနီအဖွဲ့တို့၏ အဆိုပါ အကူအညီပေးရေး ယာဉ်တန်းအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး လော်ရီကား ၃၁ စီးမှ ၁၈ စီး၊ ကုန်လှောင်ရုံတစ်ခု၊ ဆေးခန်းတစ်ခုတို့ ဖျက်ဆီးခဲ့သည်။

    ကုလကမူ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရုရှားတိုက်လေယာဉ်များ ကောင်းကင်တွင်ရှိနေသည်ဟု ပြစ်တင်ပြောဆိုခဲ့ပြီး ရုရှားကမူ အကူအညီပေးရေးယာဉ်တန်းအား တိုက်ခိုက်မှုမရှိဟု ငြင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ စူးစမ်းဖော်ထုတ်မှုအရ ဒီတိုက်လိုက်မှုဟာ လေကြောင်းက ပြုလုပ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး အခြားသော ရင်းမြစ်တွေကလည်း ဒီလိုပဲ ပြသနေပါတယ်” ဟု UNOSAT မှ အကြံပေးဖြစ်သူ လားစ် ဘရွမ်လေးက ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera