နိုဝင်ဘာ ၂၄၊ ၂၀၁၅
M-Media
– သြဂုတ်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် လူ ၂ ဦးကို ထိုင်းစစ်ဖက်ဆိုင်ရာ တရားရုံးက ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။
၎င်းတို့နှစ်ဦးမှာ ဘီလာလ် မိုဟာမက်နှင့် ယူဆူဖူ မီရိုင်လီတို့ဖြစ်ပြီး လူပေါင်း ၂၀ သေဆုံးခဲ့သည့် သြဂုတ် ၁၇ ရက် ဗုံးပေါက်ကွဲမှုအတွက် စွဲချက် ၁၀ ခုဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစွဲချက်များတွင် ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ ကြိုတင်ကြံစည် လူသတ်မှုတို့လည်း ပါဝင်သည်။
၎င်းတို့နှစ်ဦးစလုံးမှာ တရုတ်နိုင်ငံအေနောက်ပိုင်း ဇင်ကျန်းဒေသမှ ၀ီဂါလူမျိုးများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းတာဝန်ရှိသူများကမူ အဆိုပါ ဖောက်ခွဲမှုမှာ ၎င်းတို့၏ လူကုန်ကူးမှု နှိမ်နှင်းသည့် စစ်ဆင်ရေးများကို လက်စားချေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.