News @ M-Media

Tag: thai

  • ထိုင်းအတိုက်အခံ ခေါင်းဆောင်အား အစိုးရက ဖမ်းဝရမ်းထုတ်၊ အင်အား မသုံးချင်၍ လာရောက်အဖမ်းခံရန် တိုက်တွန်း

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၄
    M-Media

    thailand-opposition-suthep-thaugsuban-20131201-afp

    – လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးဆန့်ကျင်ရေး ဆန္ဒပြမှုများအား ဦးဆောင်နေသူ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဆူသပ် သောင်ဆူဘန်အား ထိုင်းအစိုးရက ၀ရမ်းထုတ်လိုက်ပြီး၊ အစိုးရထံ လာရောက်အဖမ်းခံရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ဘန်ကောက်မြို့တွင် ထုတ်ပြန်ထားသည့် အရေးပေါ် ဥပဒေအား ချိုးဖောက်ခဲ့သည့် အတွက် ရာဇ၀တ်ခုံရုံးက ယနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက အင်အားသုံး၍ မဖမ်းဆီးခင်အလျဉ် မိမိကိုယ်တိုင် လာရောက်အဖမ်းခံရန် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးစင်တာ၏ အကြီးအကဲ အလုပ်သမားဝန်ကြီး Chalerm Yubamrung တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    “အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံဖို့ ဆူသပ်ကို ပြောထားပါတယ်။ သူကို့ဖမ်းဖို့ ကျွန်တော်တို့ အင်အားမသုံးချင်ပါဘူး။ သူ့ကို လက်နက်ကိုင် အယောက် ၅၀ လောက်က စောင့်နေတဲ့အတွက် နောက်ထပ် သွေးထွက်သံယိုဖြစ်မှာ ကျွန်တော်တို့ မမြင်ချင်ပါဘူး” ဟု Chalerm က ပြောကြားခဲ့သည်။

ုဆောင်ဆူဘန်အပါအ၀င် အတိုက်အခံအဖွဲ့တွင် အရေးပါသူများဖြစ်ကြသည့် ယခင်ပါလီမန် မတ်ဟောင်း ၁၈ ဦးကိုလည်း ဖမ်းဆီးရန် ထိုင်းအာဏာပိုင်များက ၀ရမ်းထုတ်ခဲ့သည်။

    လွန်ခဲ့သည့် ၃ လခန့်မှ စ၍အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သောကြောင့် ထိုင်းအစိုးရက ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း အတိုက်အခံများဘက်ကမူ ထိုရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ကာ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့်လည်း ယခုလက်ရှိတွင် ကျန်ရှိနေသည့် အမတ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်။

  • ထိုင်း အတိုက်အခံ ခေါင်းဆောင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media

    2014126152816801734_20

    – ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ မဲပေးသည့် မဲရုံများကို ဆန္ဒပြသူများက ၀န်းရံခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အစိုးရ အတိုက်အခံခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဘန်ကောက်မြို့တွင် ကြိုတင်မဲပေးမှု ပြုလုပ်နေစဉ်အတွင်း ပြည်သူများအား မဲမပေးရန် ထောင်ပေါင်း များစွာသော ဆန္ဒပြသူများက မဲရုံအား ၀န်းရံကာ တားမြစ်နေစဉ် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူမှာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် Dhrma Amy မှ  အစိုးရ အတိုက်အခံခေါင်းဆောင် ဆူသင် သာရာသင်ဖြစ်သည်။ ထိုပတ်ခတ်မှုအတွင်း နည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

    ထို့ကဲ့သို့ ဆန္ဒပြမှုများကြောင့် ဘန်ကောက်မြို့ရှိ ကြိုတင်မဲရုံ ၄၀ ခန့်အား ပိတ်ပစ်ခဲ့ရသည်။ ဆန္ဒပြသူများက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲအား ဖျက်သိမ်းရန် အလိုရှိနေပြီး၊ ရွေးကောက်ပွဲကော်မရှင်ကလည်း အကြမ်းဖက်မှုများဖြစ်နိုင်သောကြောင့် ထိုရွေးကောက်ပွဲအား နောက်ဆုတ်ရန် တောင်းဆိုထားသော်လည်း အစိုးရကမူ ဆန္ဒပြမှုများ မရပ်တန့်ပါက ရွေးကောက်ပွဲရက်အား ရွှေ့ဆိုင်းမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုမှာ သုံးလနီးပါး ရှိလာပြီဖြစ်ပြီး ပါလီမန်အားဖျက်သိမ်းကာ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု အစိုးရက ကြေညာခဲ့သော်လည်း ဆန္ဒပြသူများက လက်ခံခြင်းမရှိပေ။

    Ref: Al Jazeera

  • ထိုင်းပါလီမန်အား ဖျက်သိမ်း၊ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပကာ ပြည်သူလက်ထဲ အာဏာပြန်အပ်မည်ဟု ယင်းလပ်ပြော

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    201312951637445734_20
    မြို့တော်ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီးနောက် မိမိအနေဖြင့် ပါလီမန်အား ဖျက်သိမ်းကာ ရွေးကောက်ပွဲကို အမြန်ဆုံးပြုလုပ် ပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင် ပြောကြားလိုက်သည်။

    “အဖွဲ့အများကြီးကလူတွေဟာ အစိုးရကို ဆန့်ကျင်ပြလာတဲ့ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ထိုင်းပြည်သူတွေ လက်ထည့်ပြန်ပေးပြီး၊ ရွေးကောက်ပွဲကျင်းပပေးဖို့ပါပဲ။ ထိုင်းပြည်တွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ရုပ်သံမှ တိုင်းပြည်အား ပြောဆိုခဲ့သည့် မိန့်ခွန်းတွင် ယင်းလပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ယင်းလပ်အနေဖြင့် ယနေ့တွင် ပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဆန္ဒပြမှုအား အဆုံးသတ်မည်မဟုတ်ဟု အတိုက်အခံခေါင်းဆောင်က ပြောကြားခဲ့သည်။

    “ဒီနေ့ ကျွန်တော်တို့ အစိုးရအိမ်တော်ကို ဆက်လက်ချီတက်မှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မအောင်မြင်သေးပါဘူး။ ပါလီမန်ဖျက်သိမ်းတာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး” ဟုဆိုပြီး၊ ၎င်းအနေဖြင့် ရွေးကောက်ပွဲပြုလုပ်မှုကို မလိုချင်ဘဲ ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးမှုကိုသာလိုချင်ကြောင်း Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။

    တစ်လကျော်ကြာကြာမြင့်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကာ ၂၀၁၀ နောက်ပိုင်း အကြီးဆုံး လူထုအုံကြွမှုကြီးလည်း ဖြစ်သည်။
    Ref: aljazeera

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media မှ ခွင့်ပြုချကမရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ရာထူးမှနှုတ်ထွက်ရန်နှင့် ပါလီမန်အား ဖျက်သိမ်းရန်အသင့်ဟု ယင်းလပ်ပြောကြား

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    2013-11-29T145529Z_9_CBRE9AR087D00_RTROPTP_2_THAILAND-POLITICS

    တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ ရပ်တန့်သွားရန် အတွက် ပါလီမန်အား ဖျက်သိမ်းရန်နှင့် ရာထူးမှ နှုတ်ထွက်ရန်အသင့်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင်ပြောကြားလိုက်သည်။

    သို့သော်လည်း ရွေးကောက်ပွဲအား ပါလီမန်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည်ဟု ဆိုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်ကဖြစ်ပွားသကဲ့သို့ တိုင်းပြည်အား စစ်တပ်က အုပ်ချုပ်မှုကို မလိုချင်ဟု ထည့်သွင်းပြောကြားသည်။ ထို့ပြင် အတိုက်အခံများက ထိုကမ်းလှမ်းမှုအား လက်မခံပါက နိုင်ငံရေး အကြပ်အတည်းမှာ ပိုမိုကြာရှည်သွားနိုင်သည်ဟု ယင်းလပ်က သတိပေးပြောကြားခဲ့သည်။

    အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်ကမူ အစိုးရနှုတ်ထွက်သော်လည်း ဆန္ဒပြမှုများမှာ ရပ်တန့်သွားမည်မဟုတ်ဘဲ ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရမည်ဟု စောစောပိုင်းက တောင်းဆိုထားပြီး၊ ယင်းလပ်က ထိုတောင်းဆိုမှုမှာ အခြေခံဥပဒေနှင့်မညီဟု တုံ့ပြန်ပြောကြားခဲ့သည်။ သောင်ဆူဘန်မှာ ဒီဇင်ဘာ ၉ ရက်နေ့(မနက်ဖြန်တွင်) ပြုလုပ်မည့် ဆန္ဒပြပွဲသို့ တစ်နိုင်ငံလုံးမှ ပြည်သူများ လာရောက်ပါဝင်ကြရန်နှင့် ထိုဆန္ဒပြပွဲမှာ အစိုးရအား ဖြုတ်ချရန်အတွက် နောက်ဆုံး ဆန္ဒပြမှုဖြစ်လာမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ

  • ထိုင်းဆန္ဒပြမှုများ ပြန်စမည်

    ထိုင်းဆန္ဒပြမှုများ ပြန်စမည်

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media

    201312615017962734_20

    ထိုင်းဘုရင် ဘူမိဘော၏ မွေးနေ့ကျင်းပရန်အတွက် ရပ်နားထားသည့် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများကို ထိုင်းအတိုက်အခံများက ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင် နေသည်ဟု သိရသည်။ မွေးနေ့အခမ်းအနားတွင် ဘူမိဘောက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားအားလုံး အတူတကွလုပ်ဆောင်ရန် မိန့်ကြားခဲ့ သော်လည်း လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာမှာ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ လွှမ်းမိုးမှုများရှိနေသည်ဟု အတိုက်အခံများက ယုံကြည်နေကြပြီး ယင်းလပ်ဦးဆောင်သည့် အစိုးရအား ဖြုတ်ချရန်အတွက် ရည်ရွယ်ထားကြသည်။

    သို့သော် ၀န်ကြီးချုပ်ယင်းလပ်က တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဟု ပြောကြားထားသော်လည်း အတိုက်အခံဘက်မှတောင်းဆိုထား သည့် ရာထူးမှနှုတ်ထွက်ရေးနှင့် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးကိုမူ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားထားသည်။ တစ်လတာကြာမြင့်ခဲ့သည့်ဖြစ်သည့် ထိုင်းနိုင်ငံ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၃ ဦးခန့်သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

    Ref : Aljazeera