News @ M-Media

Tag: thailand

  • ထိုင်းနိုင်ငံရောက် မြန်မာအချင်းချင်း လူသတ်မှုဖြစ်ပွား ၊ ပါမစ်လုပ်ရန် ငွေ အလွဲသုံးစား လုပ်၍ သတ်ခံရခြင်းဖြစ်

    ထိုင်းနိုင်ငံရောက် မြန်မာအချင်းချင်း လူသတ်မှုဖြစ်ပွား ၊ ပါမစ်လုပ်ရန် ငွေ အလွဲသုံးစား လုပ်၍ သတ်ခံရခြင်းဖြစ်

    ဇွန်လ ၂၇ ၊ ၂၀၁၄
    M-Media

    – တက္ကစီတစ်စီး၏ နောက်ဖုံးတွင် ထည့်ထားသည့် ပုံးအတွင်း မြန်မာ အလောင်း တစ်လောင်းအား တွေ့ရှိခဲ့ ရပြီးနောက် လူသတ်မှုဖြင့် မြန်မာ နှစ်ဦးကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ထိုင်းနိုင်ငံ စမွတ်ဆာခွန်ပြည်နယ် မူအန်ခရိုင်ရှိ တက္ကစီ တစ်စီးတွင် အင်္ဂါနေ့နံနက် စောစောပိုင်းက တွေ့ရှိခဲ့ ရခြင်းဖြစ်ပြီး သေဆုံးသူမှာ ၄၃ နှစ်အရွယ် တန်ညာဘွတ်ဖြစ်ကာ သံသယရှိသူ အသက် ၃၆ နှစ်အရွယ် ချစ်စမ်းမောင်၊ ၂၇ နှစ်အရွယ် သားကြီးတို့အား ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ချစ်စမ်းမောင်အား နန်သာဘူရီပြည်ယ် ဘန်ယိုင်ခရိုင်တွင်လည်းကောင်း သားကြီးအား သေဆုံးသူ အသတ်ခံခဲ့ရသည့် အိမ်နားတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဗုဒ္ဓဟူးနေ့ည သန်းခေါင်းယံ အချိန်တွင် မူအန်ခရိုင် ဆွိုင်ပနန်ပွန်မြို့မှ စမေဒမ်ဒေသသို့ သွားရောက်ရန် တက္ကစီငှားခဲ့ခြင်းဖြစ်ပြီး နောက်ခန်းတွင် ပုံးအကြီး တစ်ခုအား တင်ဆောင်ခဲ့သည်ဟု တက္ကစီဒရိုင်ဘာ အူသိုင်း ပက်ဆီကွီက ပြောကြားခဲ့သည်။

    ရာမာ ၂ လမ်း အရောက်တွင် ၎င်းတို့နှစ်ဦးမှာ ဖုန်းဆက်မည်ဟုဆိုကာ တက္ကဆီမှဆင်း၍ ပျောက်သွားခဲ့ပြီး ပက်ဆီကွီက မသင်္ကာ၍ နောက်ဖုံးရှိပုံးအား ဖွင့်ကြည့်ရာမှ အလောင်းကို တွေ့ခဲ့ရပြီးနောက် ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

    သံသရှိသူများကို ဖမ်းဆီးရာတွင် လူသတ်မှု၌ အသုံးပြုခဲ့သည့် စတီးချောင်း တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ၏ အခန်းထဲတွင် တိုက်ခိုက်မှုများဖြစ်ပွား ခဲ့သည့် လက္ခဏာနှင့် သွေးကွက်များကိုလည်း တွေ့ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် ဖမ်းဆီးရမိသူ နှစ်ဦးက လူသတ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး အလုပ်လုပ်ခွင့် ပါမစ်အတွက် ပေးအပ်ထားသည့် ဘတ် ၁၇၀၀၀ ကို အလွဲသုံးစား လုပ်သောကြောင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    Ref: Phuket Gazette

  • အာဏာသိမ်း ထိုင်းစစ်တပ်ကို ဆန့်ကျင်ရန် ဝန်ကြီးဟောင်း တဦးက အဖွဲ့ တခု ဖွဲ့

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    nocoup-thai
    – ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအား ပြီးခဲ့သည့်လက ဖြုတ်ချကာ အဏာသိမ်းခဲ့သော ထိုင်းစစ်တပ်ကို ဆန့်ကျင်သော ‘Free Thai’ အမည်ရှိ အဖွဲ့တစ်ခုကို ယခင် ကတ်ဘိနတ် ၀န်ကြီးဟောင်းတစ်ဦးက ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ထိုအဖွဲ့မှာ “ဒီမိုကရေစီနှင်လူ့အခွင့်အရေးအတွက် ထိုင်းပြည်သူများ လွတ်မြောက်ရေးအဖွဲ့” ဖြစ်ပြီး မိမိကိုယ်တိုင်မှာလည်း ထိုအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်ဟု ယခင်အာဏာရ ဖြူထိုင်းပါတီမှ ခေါင်းဆောင် ချာရူပွန် ရူအန်ဆူဝမ်က ၎င်း၏ Facebook စာမျက်နှာပေါ်၌ ယနေ့တွင် ရေးသားခဲ့သည်။

    ထို့ပြင် ထို Free Thai အဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်တပ်နှင့် အာဏာရှင်ဆန်သော အုပ်ချုပ်မှုမျိုးအား ဆန့်ကျင်ရန်၊ ဒီမိုကရေးစီနည်းကျ အုပ်ချုပ်ရေးအား မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ သာတူညီမျှစနစ်နှင့် လူ့ဂုဏ်သိက္ခာတို့အား အားပေးရန်ဖြစ်သည်ဟု ၎င်းက ဖော်ပြခဲ့သည်။ သို့သော် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက်နေသည်ဆိုသည်နှင့် မည်သူများက ထိုလှုပ်ရှားမှုတွင် ပါဝင်သည်ကို ရူအန်ဆူဝမ်က ဖော်ပြခဲ့ခြင်းမရှိချေ။

    ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ရူအန်ဆူဝမ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ကမ္ဘောဒီယားနိုင်ငံသို့ တိမ်းရှောင်သွားသည်ဟု သတင်းထွက်ခဲ့သော်လည်း ကမ္ဘောဒီယားအာဏာပိုင်များကမူ ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်း လျှို့ဝှက် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ရန် မည်သည့် နိုင်ငံခြားသားကိုမှ ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဓါတ်ပုံ အညွှန်း- အာဏာသိမ်း ထိုင်းစစ်တပ်ကို ဆန်ကျင်ဆန္ဒပြနေသည့် ပြည်သူတစ်ဦး Photo: EPA

  • ရွှေပြောင်း လုပ်သားများ နှိမ်နင်းနေသည့် ကောလဟလ ဖြေရှင်းရန် ထိုင်းနှင့် ကမ္ဘောဒီးယား သဘောတူ

    ဇွန်လ ၁၈ ၊ ၂၀၁၄
    M-Media

    cambodia-migrant-workers
    – အာဏာသိမ်းထိုင်း စစ်တပ်က တရားမ၀င်အလုပ်သမားများကို နှိမ်နင်းတော့မည်ဆိုသော ကောလဟာလများကို ပယ်ဖျက်ရန်အတွက် ထိုင်းနှင့် ကမ္ဘောဒီယား တာဝန်ရှိသူများက ယနေ့တွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    တရားမ၀င်အလုပ်သမားများမှာ ဖမ်းဆီးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းစစ်တပ်မှ ကြေညာခဲ့ပြီးနောက် ထိုင်း အာဏာပိုင်များမှာ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို ပစ်သတ်ခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ထို့ကြောင့် စက်ရုံများတွင် အလုပ်လုပ်နေကြသော တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ထားသည့် အလုပ်သမာများအပါအ၀င် ကမ္ဘောဒီယား အလုပ်သမား တစ်သိန်းရှစ်သောင်းကျော်မှာ ထိုင်နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်။

    ထိုကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံ သံအရာရှိများက ယနေ့တွင် ဘန်ကောက်မြို့၌ ဆွေးနွေးခဲ့ကြပြီး ထိုကိစ္စအား ရှင်းလင်းအောင် ဆောင်ရွက်သွားရန်နှင့် အလုပ်သမားရေးရာ ပြဿနာများအတွက် တယ်လီဖုန်းလိုင်းတစ်လိုင်း ထားရှိရန် သဘောတူညီခဲ့ကြသည်။

    ကမ္ဘောဒီယားသံအမတ် အီတ် ဆိုဖီယာကမူ ကမ္ဘောဒီးယား အလုပ်သမားများအကြား ရှိနေသည့် ကြောက်ရွံ့မှုများ လျော့ပါးစေရေး ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုင်းအစိုးရ၏ ပေါ်လစီမှာ ပါမစ် ရှိ၊ မရှိကို မကြည့်ဘဲ နိုင်ငံခြား အလုပ်သမားများအား နှိမ်နင်းခြင်း မဟုတ်ကြောင်း၊ ထိုင်းအစိုးရ တာဝန်ရှိသူများက ညှင်းပန်းနှိပ်စက်မှုများကို ပြုလုပ်နေသည် ဆိုခြင်းမှာလည်း မဟုတ်မှတ်ကြောင်း ပြောာကြားခဲ့သည်။

    ထိုင်နိုင်တွင် တရားဝင်စာရွက်စာတမ်းမရှိဘဲ အလုပ် လုပ်ကိုင်နေသည့် ကမ္ဘောဒီယား အလုပ်သမား တစ်သိန်း ရှစ်သောင်း ၀န်းကျင်ရှိသည်ဟု နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများအဖွဲ့က ခန့်မှန်းထားပြီး ယခုလက်ရှိတွင် မည်မျှ ကျန်နေသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

    Ref: AFP

  • ကာဖျူးအမိန့်အား ထိုင်းစစ်တပ် ရုပ်သိမ်း

    ဇွန်လ ၁၄ ရက်၊ ၂၀၁၄
    M-Media
    20146152643956734_20
    – နိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် မေလ ၂၂ ရက်နေ့မှစတင်ကာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ပြန်ခဲ့သော ကာဖျူးအမိန့်ကို ပြီးခဲ့သည့် သောကြာနေ့က ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    သန်းခေါင်ယံအချိန်မှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲပြီးနောက်ပိုင်း မည်သည့် ရုန်းရင်းဆန်ခတ်မှုမှ မဖြစ်သောကြောင့် နိုင်ငံ တစ်ဝှမ်း ပြည်သူများ၏ နေ့စဉ် ဘ၀နှင့် ခရီးသွား လုပ်ငန်းကို မထိခိုက်စေရန်အတွက် ကာဖျူးအမိန့်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီ(NCPO) ၏ အကြီးအကဲ ပရာယွတ် ချန်အိုချက ရုပ်မြင်သံကြားမှ ပြောကြားခဲ့သော အပတ်စဉ် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ၊ အာဏာသိမ်းမှုများအား ဝေဖန်ခြင်းကို ထိုင်းစစ်တပ်က တားမြစ်ထားပြီး ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ကာ အစိုးရသစ်ပြန်လည်ရွေးကောက်ရန်မှာ လာမည့် ၁၅ လအတွင်း ဖြစ်လာမည်မဟုတ်သေးပေ။

    Ref:Agencies

  • စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ရှပ်နီခေါင်းဆောင် တစ်ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    Sombat_Boonngamanong_0606_840_883_100
    – အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ဆန္ဒပြရန် အွန်လိုင်း စာမျက်နှာများတွင် လှုပ်ရှားမှုများပြုလုပ်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေး ခေါင်းဆောင်ကို ဖမ်းဆီးလိုက်သည်ဟု ထိုင်း စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။

    Sombat Boonngamanong ဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက နိုင်ငံအရှေ့ပိုင်း ချွန်ဘူရီ ပြည်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Boonngamanong မှာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများပြုလုပ်ရန်နှင့် “Hunger Games” ရုပ်ရှင်တွင် ပါဝင်သည့် စစ်အစိုးရအား ဆန့်ကျင်သော လက်သုံးချောင်းထောင် သင်္ကေတကို ပြုလုပ်ရန် ဆော်သြခဲ့သူဖြစ်သည်။ ၎င်းမှာ စစ်အစိုးရ၏ အမိန့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ်ရှိနေသည်။

    Boonngamanong မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင်းလပ်တို့ကို အားပေးထောက်ခံသူ ရှပ်နီခေါင်းဆောင်လည်းဖြစ်သည်။ မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းစစ်တပ်မှာ နိုင်ငံရေးသမား၊ ပညာရှင်များနှင့် ဂျာနယ်လစ် ရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    မည်သူများကို ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ကမူ ဖမ်းဆီးခံထားရသည့်ဦးရေမှာ ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

    Photo- ရိုက်တာ

    Ref: Al Jazeera and agencies

    Reuters
    Reuters