News @ M-Media

Tag: thailand

  • ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ၀န်ကြီးဟောင်းအချို့ ပိုင်ဆိုင်မှုများကို စစ်ဆေးခံရမည်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    69d9fb7132ef0f011d4af106f9c27bd0
    – ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ပိုင်ဆိုင်သည့် ပစ္စည်းများအား စစ်ဆေးရန်အတွက် ကော်မတီတစ်ခုဖွဲ့စည်းရန် ထိုင်းအမျိုးသား ချစားမှုတိုက်ဖျက်ရေး ကော်မရှင် NACC က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှု၌ လယ်သမားများဆီမှ စပါးဝယ်ယူမှု အစီအစဉ်တွင် ပါဝင်ခဲ့သည့် ၀န်ကြီးဟောင်းများဖြစ်သော ကုန်သွယ်ရေးဝန်ကြီးများ၊ လက်ထောက် ၀န်ကြီးများလည်း ပါဝင်မည်ဖြစ်ပြီး စပါးဝယ်ယူမှု အစီအစဉ်မှ ပုံမှန်မဟုတ်သည့် ငွေကြေးပိုင်ဆိုင်မှုများကို စုဆောင်းထားခြင်း ရှိမရှိ စစ်ဆေး သွားရန်ဖြစ်သည်ဟု ကော်မရှင်၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

    ယင်းလပ်၏ ကတ်ဘိနတ်အဖွဲ့ဟောင်းတွင် ပါဝင်သူများမှာ ဇွန်လ ၅ ရက်နေ့မှ စတင်ကာ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို NACC သို့ ပြသရမည်ဖြစ်ပြီး စစ်ဆေးမှု ရလဒ်များကို ဇူလိုင်လ အစောပိုင်းတွင် ထုတ်ပြန်သွားရန် NACC က စီစဉ်ထားသည်။

    ယင်းလပ်မှာ အာဏာအလွဲသုံးစားလုပ်သည်ဟူသော စွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ မေလ ၇ ရက်နေ့တွင် ၀န်ကြီးချုပ်ရာထူးအား စွန်လွှတ်ခဲ့ရသည်။ ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ စစ်တပ်က အုပ်ချုပ်နေပြီး စောစာပိုင်းက ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်ကိုလည်း အချို့နေရာများတွင် လျှော့ပေါ့ပေးထားသည်။

    ဆင်ဟွာ

  • ယင်းလပ် အပါအ၀င် ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံရေးသမားများအား ထိုင်းစစ်တပ်ပြန်လွှတ်ပေး

    မေ ၂၈ ၊ ၂၀၁၄
    M-Media
    urn publicid ap.org e04e9c7d235443f4885bfed229b0fc82
    – စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တန်းလျားတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင် နာဝပ်ထရာမှာ ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။

    ယင်းလပ်အပြင် အစိုးရလိုလားသူ ရှပ်နီခေါင်းဆောင်များဖြစ်ကြသည့် Chatuporn Prompand၊ Nattavut Saikua၊ Verakant Musikapong၊ Weng နှင့်Tida Tojirakarn တို့ကိုလည်း စစ်တပ်က သတင်းထောက်များရှေ့တွင် လွှတ်ပေးခဲ့ပြီး ၎င်းတို့ကမူ ထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ချေ။

    ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်မှာ ယင်းလပ်အပါဝင် ယခင်အစိုးရအရာရှိဟောင်းများနှင့် နိုင်ငံရေးသမားဟောင်း ၂ဝဝ ကျော်အား ထိန်းသိမ်းခဲ့ပြီး ယခုအခါ ၁ဝဝ ကျော် ပြန်လွှတ်ပေးခဲ့ပြီဖြစ်သည်။ စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Winthai Suvaree  ကမူ ထိန်းသိမ်းခံခဲ့ရသူအားလုံး စစ်တပ်က ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုင်းစစ်တပ်မှာ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများအား ဂရုတစိုက် စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အင်တာနက် အသုံးပြုမှုအပါအ၀င် ကန့်သတ်မှုများလည်း ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။

    Ref: ဆင်ဟွာ

  • နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းပြီ

    မေ ၂၂ ၊ ၂၀၁၄
    M-Media

    201452002744877734_20
    – အင်္ဂါနေ့ မာရှယ်လော ထုတ်ပြန်ခဲ့သည့် စစ်တပ်မှာ အစိုးရအဖွဲ့အား ထိန်းချုပ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ယနေ့တွင် ကြေညာလိုက်သည်။

    ထိုင်းအစိုးရ၊ အတိုက်အခံနှင့် စစ်တပ်တို့ မြို့တော် ဘန်ကောက်တွင် နှစ်ရက်ကြာဆွေးနွေးမှု မအောင် မမြင်ဖြစ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ကာဖျူးကိုလည်း တစ်ဆက်တည်း ထုတ်ပြန်ခဲ့သည်။ မာရှေယ်လောထုတ်ပြီးကတည်းက ထိုင်းစစ်တပ်မှာ နိုင်ငံတစ်ဝှမ်းတွင် တပ်ဖြန့်ချခဲ့ပြီးဖြစ်သည်။

    စစ်တပ်က အာဏာ သိမ်းခဲ့သော်လည်း မိမိတို့မှာ ဆက်လက် ဆန္ဒပြသွားမည်ဟု ရှပ်နီခေါင်းဆောင် ဂျာတူပွန် ပရွမ်ပန်က ပြောကြားခဲ့ပြီး ဆန္ဒပြ အုပ်စုများကိုလည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ် သွားရန် တိုက်တွန်းခဲ့သည်။ ရှပ်နီအဖွဲ့မှာ စစ်တပ်မှ အာဏာသိမ်းပါက ခုခံသွားမည်ဟု ပြောကြားထားသော အဖွဲ့ဖြစ်သည်။

    ၁၉၃၂ ခု စည်းမျဉ်းခံဘုရင်စနစ် စတင်ခဲ့ပြီးကတည်းက ယခုအချိန်အထိ ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့သည့်မှာ ၁၂ ကြိမ်ရှိပြီဖြစ်သည်။

    Al Jazeera

  • ထိုင်းတွင် မာရှယ်လောထုတ်၊ အာဏာသိမ်းခြင်း မဟုတ်ဘဲ အမျိုးသားလုံခြုံရေး အတွက် ဆောင်ရွက်ခြင်းဟု စစ်တပ်ပြော

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် ထိုင်းတွင် စစ်တပ်က မာရှယ်လောထုတ်၊ အမျိုးသားလုံခြုံရေး အတွက် ဆောက်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု စစ်တပ်ဆို

    _74966219_74966218
    – အစိုးရနှင့် အတိုက်အခံများအကြား တင်းမာမှုများ တိုးပွားလာနေချိန်တွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် မာရှယ်လော ထုတ်ပြန်လိုက်သည်ဟု ထိုင်းအစိုးရက ယနေ့တွင် ကြေညာခဲ့သည်။

    စစ်တပ်မှ အာဏာသိမ်းမှုများရှိသည့် ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်မှုမှာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး အမိန့်အား အကောင်အထည်ဖော်ရန်အတွက် အခွင့်အာဏာကိုလည်း ကြည်းတပ်မှရရှိခဲ့သည်။ သို့သော်လည်း အမျိုးသား လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု ထိုင်းစစ်တပ်က အခိုင်အမာ ပြောကြားခဲ့သည်။

    အဆိုပါ မာရှယ်လောထုတ်ပြန်မှုတွင် အစိုးရအနေဖြင့် စစ်တပ်နှင့် ဆွေးနွေးခဲ့ခြင်း မရှိဟု ခေတ္တ၀န်ကြီးချုပ်၏ လုံခြုံရေး အကြံပေးက ပြောကြားခဲ့သည်။

    “အမျိုးသားလုံခြုံရေးကိစ္စအတွက် စစ်တပ်က တာဝန်ယူလိုက်တာက လွဲလို့ အားလုံးဟာ ပုံမှန်ပါပဲ” ဟု အကြံပေး Paradorn Pattanatabut က ပြောကြားခဲ့သည်။

    ဘန်ကောက်မြို့ အပြင်ဘက်တွင် ဆန္ဒပြနေသည့် အစိုးရထောက်ခံသူများကို စစ်တပ်က ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်နေသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာ သိမ်းခဲ့သည်မှာ ၁၁ ကြိမ်ရှိခဲ့ပြီး နောက်ဆုံး အာဏာသိမ်းမှုမှာ ၂၀၀၆ ခုနှစ်တွင်ဖြစ်သည်။

    Ref: BBC

  • အစိုးရအဖွဲ့အားလုံး ဖယ်ရှားပေးရန် ထိုင်းအတိုက်အခံများ ဆန္ဒပြ၊ လုံခြုံရေး တပ်ဖွဲ့များမှ အင်အားသုံးနှိမ်နင်း

    မေ ၉ ၊ ၂၀၁၄
    M-Media

    – ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ် ယင်လပ် ရာထူးမှဆင်းပေးရန် အမိန့်ချမှတ်ခဲ့ပြီးနောက် အစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ရန်အတွက် ထိုင်းအတိုက်အခံများက မြို့တော်ဘန်ကောက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    20145951147601734_20

    ယင်လပ်၏ ကျန်ရှိနေသည့် ဖြူထိုင်းပါတီ အစိုးရအဖွဲ့ ၃ ရက်အတွင်း မဆင်းပေးလျှင် မိမိတို့မှာ ရုပ်သံလွှင့်ဌာန၊ အစိုးရရုံးများနှင့် ရဲစခန်းများကို သိမ်းပိုက်မည်ဟု ဆန္ဒပြသူများက ယနေ့တွင် ကြေညာခဲ့သည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ ဆန္ဒပြခေါင်းဆောင် ဆူသပ်သောင်ဆူဘန်ကလည်း ထိုင်းပါလီမန်အဆောက်အဦး၊ ၀န်ကြီးချုပ်ရုံးနှင့် ရုပ်သံလွှင့်ဌာန ၅ ခုအား အစိုးရက သုံးစွဲခြင်းကို တားမြစ်ရန်အတွက် ထိုအဆောက်အဦးများရှေ့၌ ဆန္ဒပြရန် ဆော်သြေခဲ့သည်။

    အစိုးရ၀န်ထမ်းတစ်ဦးအား ဌာနပြောင်းရွှေ့ရာတွင် ယင်လပ်မှာ အာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟု အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် သူမနှင့် ၀န်ကြီးများမှာ ဗုဒ္ဓဟူးနေ့က ရာထူးမှ ထွက်ပေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ ဘီလီယံနှင့်ချီ၍ အရှုံးပေါ်ခဲ့သည့် လယ်သမားများဆီမှ ဆန်ဝယ်ယူမှု ကိစ္စတွင်လည်း ယင်လပ်မှာ တာဝန်ပျက်ကွက်ခဲ့သည်ဟု ကြာသာပတေးနေ့က စွဲချက်တင်ခဲ့သည်။

    ယနေ့တွင်ဖြစ်ပွားသည့် အဆိုပါ ဆန္ဒပြမှုကို ထိန်းသိမ်းရန် ရဲတပ်သား ရာပေါင်းများစွာကိုစေလွှတ်ထားပြီး မျက်ရည်ယိုဗုံးများ သုံးကာ နှိမ်နင်းနေသည်။ ထို့ပြင် ပြိုင်ဘက်အုပ်စုနှစ်ခုအကြား ပဋိပက္ခများဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရပြီး ယင်းလပ်အားထောက်ခဲ့သည့် ရှပ်နီအဖွဲ့ကမူ စနေနေ့တွင် ဆန္ဒပြပွဲအကြီးအကျယ်ပြုလုပ်ရန် ဆော်သြာ်ထားသည်။

    Agencies