News @ M-Media

Tag: turkey

  • လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တူရကီဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း ဂါဇီယန်တပ်က ငလျင်မှာ အဆောက်အဦး အုတ်ပုံတွေအကြား ပိတ်ပိနေတဲ့ မိသားစု၀င် ၃ ဦးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ထိပ်တန်း ဗလီဆရာတစ်ဦးက လက်ကို အနမ်းပေးနေတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တစ်ပတ်က တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၀၀၀ ကျော် ရှိလာပါပြီ။ 

    တူရကီမှာ ၃၁၆၄၃ ဦး သေဆုံးပြီး၊ ဆီးရီးယားမှာ ၅၈၁၄ ဦး သေဆုံးပါတယ်။ တစ်ပတ်ကျော်ရှိလာတဲ့အချိန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မကြာခင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    ဖေဖော်၀ါရီ ၆၊ ၂၀၂၃

    M-Media 

    -တူရကီနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၆၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ 

    ငလျင်ဟာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိပြီး တူရကီက ဂါဇီယံတက်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ကို လက်ဘနွန်နဲ့ ဆိုက်ပရက်စ်နိုင်ငံတွေကလည်း ခံစားခဲ့ရပါတယ်။ 

    နှစ်ပေါင်း ၈၀ အတွင်း တူရကီမှာ လှုပ်ခတ်တဲ့ အင်အားအပြင်းဆုံး ငလျင်လည်း ဖြစ်ပါတယ်။ 

    တူရကီမှာ သေဆုံးအရေအတွက် ၂၈၄ ဦးအထိ ရှိလာပြီး ဆီးရီးယားမှာတော့ ၂၃၇ ဦး ရှိနေပါတယ်။ အဆောက်အဦးထောင်ချီ ပြိုကျပျက်ဆီးမှုရှိပြီး ပိတ်မိနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။ 

    ဆီးရီးယားက အစိုးရထိန်းချုပ်ရာဒေသမှာရော၊ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသမှာပါ အရေးပေါ်အခြေအနေ ကြေငြာထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ 

    ကျွမ်းကျင်သူတွေက လာမယ့်ရက်အနည်းငယ်အထိ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။ 

    Ref: Aljazeera

  • ရေငုပ်သင်္ဘောတွေကိုယှဥ်မယ့် ဒရုန်းသင်္ဘောတစ်မျိုး တူရကီ ထုတ်လုပ်

    ရေငုပ်သင်္ဘောတွေကိုယှဥ်မယ့် ဒရုန်းသင်္ဘောတစ်မျိုး တူရကီ ထုတ်လုပ်

    နို၀င်ဘာ ၄၊ ၂၀၂၂

    M-Media 

    -ကမ္ဘာ့ဒရုန်းထုတ်လုပ်ရေးနယ်ပယ်မှာ နာမည်ရလာတဲ့ တူရကီဟာ အဆင့်မြင့် ဒရုန်းသင်္ဘောတစ်မျိုးကို ထုတ်ပြလိုက်ပါတယ်။ 

    MIR လို့ အမည်ပေးထားတဲ့ အဲဒီဒရုန်းသင်္ဘောကို တူရကီရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းလုပ်ငန်း Aselsan နဲ့ ပုဂ္ဂလိက သင်္ဘောကုမ္ပဏီ Sefine တို့ ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။ 

    သင်္ဘောကို အလိုအလျောက် မောင်းနှင်စနစ်၊ အ၀ေးထိန်းစနစ်၊ လူလိုက်ပါ မောင်းနှင်နိုင်မယ့်စနစ် စတဲ့ စနစ်သုံးမျိုးနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ 

    တူရကီအစိုးရပိုင် ဒုံးကျည်ကုမ္ပဏီ  Roketsan က ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို သင်္ဘောမှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း သင်္ဘောကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  

    ခေတ်သစ်စစ်ပွဲတွေနဲ့ ကိုက်ညီအောင်၊ ရေငုပ်သင်္ဘောတွေကို ရေပါ်ကနေ ယှဥ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ မကြာခင်မှာ စျေးကွက်တင် ရောင်းချနိုင်တော့မှာပါ။ 

    Ref: Defense News

  • နာမည်ကျော်ဒရုန်း ရုရှားကို မပေးဟု တူရကီထုတ်ပြော

    နာမည်ကျော်ဒရုန်း ရုရှားကို မပေးဟု တူရကီထုတ်ပြော

    ဇူလိုင် ၁၉၊ ၂၀၂၂
    M-Media

    -ရုရှားကို နာမည်ကျော် Bayraktar TB2 ဒရုန်း ထောက်ပံ့မယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ တူရကီက ပြောပါတယ်။

    ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းဟာ တူရကီထုတ် Bayraktar TB2 ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး အောင်မြင်မှုလည်း ရနေပါတယ်။

    ရုရှားက ဒီဒရုန်းတွေကို ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

    ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဟာလုက် ဘေရက္ကတာက မိမိတို့အနေနဲ့ ရုရှားကို ဒရုန်းတွေ ပေးပို့မှာမဟုတ်ဘူးလို့ CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

    “ရုရှားကို ကျွန်တော်တို့ ဘာမှ မပေးထားသလို၊ နောက်လည်း ဘာမှပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကာကွယ်မှုကို ထောက်ခံအားပေးနေတာကြောင့်ပါ”

    ယူကရိန်းရဲ့ ခုခံမှုမှာ Bayraktar TB2 ဒရုန်းတွေက အမှတ်သညာတစ်ခု ဖြစ်လာတာကို ဂုဏ်ယူတယ်လို့လည်း ဟာလုက်ကပြောပါတယ်။

    လစ်သူယေးနီးယား၊ ပိုလန်၊ နော်၀ေနဲ့ ယူကရိန်းပြည်သူတွေက ရန်ပုံငွေကောက်ခံကာ Bayraktar TB2 ဒရုန်း၀ယ်ပြီး ယူကရိန်းစစ်တပ်ကို ထောက်ပံ့ပေးမယ့် လှုပ်ရှားမှုတွေ ပြီးခဲ့တဲ့လမှာ ပေါ်လာခဲ့ပါတယ်။

    တူရကီကတော့ ဒီရန်ပုံငွေကို ယူကရိန်းဒုက္ခသည်ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့ပြီး ဒရုန်းတွေ အလကားပေးခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်ကတည်းက Bayraktar TB2 ဒရုန်း အစီး ၂၀ ကျော် ၀ယ်ယူထားပြီး၊ ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားကျူးကျော်မှုနောက်ပိုင်း အစီး ၅၀ ထပ်မံ ရရှိထားပါတယ်။

    Ref: Aljazeera

  • နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    နာမည်ကျော် ပြည်တွင်းဖြစ် ဒရုန်း ၃ စင်းကို တူရကီက ယူကရိန်းထံ လက်ဆောက်ပေး

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -တူရကီ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Baykar Defense က သူတို့ရဲ့ နာမည်ကျော် Bayraktar TB2 ဒရုန်း ၃ စင်းကို ယူကရိန်းထံ လက်ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Baykar Defense ဟာ တူရကီအစိုးရထံကနေ ကန်ထရိုက်ယူကာ ဒရုန်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ သူတို့ထုတ်တဲ့ Bayraktar TB2 ကတော့ လက်နက်တပ်ဆင်ထားတဲ့ တန်ဖိုးနည်း အဆင့်မြင့်ဒရုန်းတွေထဲမှာ နာမည်ကျော်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ရေး ယူကရိန်းကို ကမ္ဘာတစ်၀ှမ်းက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့နေရာမှာ တူရကီလည်း ပါ၀င်ပါတယ်။

    ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားက ပြည်သူတွေဟာ Bayraktar TB2 တစ်စီး ၀ယ်ယူကာ ယူကရိန်းကို လက်ဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့လမှာ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ၃ ရက်အတွင်း လိုအပ်တဲ့ငွေကို ရရှိခဲ့တာပါ။

    အဲဒီနောက်ပိုင်း ယူကရိန်းကို Bayraktar TB2 ဒရုန်းထောက်ပံ့နိုင်ရေး ကမ္ဘာတစ်၀ှမ်းက ပြည်သူတွေ ရန်ပုံငွေကောက်ခံတဲ့လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

    Baykar Defense ဟာ လစ်သူယေးနီးယား ပြည်သူတွေရဲ့ ငွေပးချေမှုကို လက်မခံဘဲ TB2 ဒရုန်းလေယာဥ်တစ်စီး လက်ဆောင်ပးခဲ့သလို၊ နောက်ထပ် ၃ စီး ယူကရိန်းကို လက်ဆောင်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်က TB2 ဒရုန်းတွေကို တူရကီထံကနေ ၀ယ်ယူဖူးပြီး နိုင်ငံအတွင်း ဖက်စပ်ထုတ်လုပ်ဖို့အတွက်လည်း သဘောတူထားတာဖြစ်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်စစ်မှာ TB2 က လက်စွမ်းပြနေပြီး တင့်ကားတွေ၊ ဒုံးခွင်းစနစ်တွေနဲ့ ရေတပ်သင်္ဘောတွေကိုပါ ဖျက်ဆီးထားနိုင်ပါတယ်။

    ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း Baykar Defense ကုမ္ပဏီကနေ TB2 ဒရုန်း အစင်း ၅၀ လောက် ရရှိထားတယ်လို့ ယူကရိန်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Nikkei Asia