News @ M-Media

Tag: UAE

  • စီးပွားရေးသမားတစ်ဦးကို ငွေပေး၍ ယူအေအီးက အမေရိကန်အစိုးရကို ထောက်လှမ်း

    စီးပွားရေးသမားတစ်ဦးကို ငွေပေး၍ ယူအေအီးက အမေရိကန်အစိုးရကို ထောက်လှမ်း

    ဇွန် ၁၁၊ ၂၀၁၉
    M-Media

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇာယဒ် အလ် နဟ်ယန်

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ စီးပွားရေးသမားတစ်ဦးကို ငွေကြေးပေးပြီး အမေရိကန်အစိုးရကို ထောက်လှမ်းခိုင်းတယ်လို့ Intercept သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရာရှစ် အလ်-မာလစ်ဆိုတဲ့ စီးပွားရေးသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်အစိုးရရဲ့ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တဲ့အတွက် ယူအေအီး နိုင်ငံတော်ထောက်လှမ်းရေးအဖွဲ့ NIS ထံကနေ အမေရိကန်ဒေါ်လာ အမြောက်အများ ရခဲ့ပါတယ်။ Intercept ဟာ အမည်မဖော်လိုတဲ့ ရင်းမြစ်တွေ၊ စာရွက်စာတမ်းတွေကို ကိုးကားကာ ဒီသတင်းကို ဖော်ပြခဲ့တာပါ။

    မာလစ် ထောက်လှမ်း ပေးပို့ခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ ကာတာနဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ပြဿနာအပေါ် အမေရိကန်က ကြားဝင်စေ့စပ်ပေးမှု၊ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆလ်မန်တို့ရဲ့ တွေ့ဆုံမှု၊ အမေရိကန်အစိုးရရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    NIS ရဲ့ ညွန်ကြားရေးမှူးဖြစ်တဲ့ အလီ အလ်-ရှမ်စီက မာလစ်ကို ချုပ်ကိုင်ထားကြောင်း၊ ရှမ်စီဟာ သူလျှိုတစ်ဦးထက်ပိုပြီး ယူအေအီး အိမ်ရှေ့မင်းသားနဲ့ သူ့အစ်ကို နိုင်ငံတော်လုံခြုံရေးအကြံပေးတို့ကို တိုက်ရိုက် အစီရင်ခံရကြောင်း၊ ထရမ့်ကို စီးပွားရေးနဲ့ လွှမ်းမိုးနိုင်မယ်လို့ ရှမ်စီနဲ့ ယူအေအီးအစိုးရတို့က ထင်ထားကြောင်း သတင်းရင်းမြစ်တွေက Intercept သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မာလစ်ရဲ့ ရှေ့နေက ဒီသတင်းကို ငြင်းဆိုခဲ့ပြီး၊ အိမ်ဖြူတော်၊ စီအိုင်အေ၊ အမေရိကန်အစိုးရ တရားရေးဌာနတွေကလည်း ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်မှာရှိတဲ့ ယူအေအီး သံရုံးကလည်း ဒီသတင်းကို မှတ်ချက်မပေးခဲ့ဘူးလို့ Intercept က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်

    ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်

    ပက်ထရီယော့ ဒုံးခွင်းစနစ်

    မေ ၄၊ ၂၀၁၉
    M-Media

    -ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတွေကို ကန်ဒေါ်လာ ၆ ဘီလီယံဖိုး လက်နက်ရောင်းဖို့အတွက် အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းအပါအ၀င် ဘာရိန်းက လက်နက် ဒေါ်လာ သန်း ၂၅၀၀ နီးပါးဖို့ ၀ယ်ယူမှာပါ။ ဘာရိန်းက ၀ယ်ယူမယ့် လက်နက်တွေထဲမှာ Patriot ဒုံးခွင်းစနစ်မှာ အသုံးပြုလို့ရပြီး လေယာဉ်နဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ချလို့ရတဲ့ MIM-104E ပဲ့ထိန်းဒုံးကျည်၊ 32 AIM-9X ဒုံးကျ၊ည်၊ 20 AGM-84 Block II Harpoon ဒုံးကျည်၊ F16 တိုက်လေယာဉ်တွေအတွက် အဆင့်မြှင့်တင်ရေးပစ္စည်းတွေနဲ့ အခြားလက်နက်ခဲယမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

    ယူအေအီးကတော့ Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေါ်လာ သန်း ၂၇၀၀ ကျော်ဖိုး ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ဒီရောင်းချမှုကို အတည်ပြုပေးဖို့အတွက် လွှတ်တော်ကို တင်ထားပါတယ်။

    ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ဆော်ဒီကို THAAD ဒုံးခွင်းစနစ် ရောင်းချဖို့အတွက် အမေရိကန်က သဘောတူခဲ့ပါတယ်။

    Ref: Alarabiya

  • ဒူဘိုင်းမှ ‘ကုရ်အာန်ပန်းခြံ’ ကို ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်

    ဒူဘိုင်းမှ ‘ကုရ်အာန်ပန်းခြံ’ ကို ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်

    ဧပြီ ၉၊ ၂၀၁၉
    M-Media

    – ကုန်အာန်ကျမ်းတော်မြတ်ထဲက အကြောင်းအရာတွေ၊ ဗဟုသုတရစရာတွေကို သရုပ်ဖော် ရှင်းလင်းပြသထားတဲ့ ‘ကုရ်အာန်ပန်းခြံ’ (Quranic Park) တစ်ခုကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဖွင့်လှစ်လိုက်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။

    စတင်ဖွင့်လှစ်ခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ ပြည်တွင်း၊ ပြည်ပက လူပေါင်း ၁ သိန်းလောက် လာရောက်ကြည့်ရှုခဲ့ပြီး အဘူဒါဘီက ရှိခ်ဇေယာဒ်ဗလီဝတ်ကျောင်းတော်ပြီးတဲ့နောက် ယူအေအီးမှာ ခရီးသွားတွေ စိတ်ဝင်စားတဲ့ နောက်ထပ်နေရတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဖော်ပြထားတဲ့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာအချို့နဲ့ နေရာတွေကို Quranic Park ပန်းခြံထဲမှာ သရုပ်ဖော် တည်ဆောက်ထားသလို၊ ပန်ခြံပေါင်း ၁၂ ခု ရှိပါတယ်။

    စပျစ်သီးပင်၊ သဖန်းသီးပင်၊ သလဲသီးပင်နဲ့ သံလွင်ပင်တွေလို ကုရ်အာန်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေမှာ ပါရှိတဲ့ ဆေးဖက်ဝင်အတွေကို ပန်းခြံတွေထဲမှာ စိုက်ပျိုးထားပြီး၊ အဲဒီအပင်တွေရဲ့ အာနိသင်တွေကို ရှင်းလင်းပြသထားတဲ့ ပြခန်းတွေလည်း ပါဝင်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေက တမန်တော် အီဆာလို့သိကြတဲ့ ယေရှုခရစ်တော်အကြောင်း အပါအ၀င် ကုရ်အာန်ကျမ်းစာထဲမှာ ပါဝင်တဲ့ ရှေးတမန်တော်တွေအကြောင်း 3D ပုံရိပ်တွေနဲ့ ရှင်းပြပေးတဲ့ အစီအစဉ်ကိုလည်း Quranic Park ထဲမှာ ပြသပေးပါတယ်။

    “ဒါက သိပ်ကောင်းတဲ့အစီအစဉ်ဗျ။ ကျွန်တော်တို့သာသနာရဲ့ တကယ့်အဆုံးအမတွေကို ဒီမှာ ပြသထားတာ။ တစ်ချိန်ထဲမှာပဲ အပန်းလည်း ဖြေလို့ရတယ်လေ။ စိမ်းစိမ်းစိုစို သစ်ပင်လေးတွေနဲ့ သာယာတဲ့ ဥယာဉ်ခြံလေးပေါ့” လို့ လာရောက်လည်ပတ်သူတစ်ဦးဖြစ်တဲ့ အေနန် အလ်-ဟူရာနီက ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တောင်ကိုရီးယားနှင့်ပေါင်း၍ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသိုလှောင်ရုံတစ်ခု ယူအေအီး ဆောက်လုပ်မည်

    တောင်ကိုရီးယားနှင့်ပေါင်း၍ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသိုလှောင်ရုံတစ်ခု ယူအေအီး ဆောက်လုပ်မည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသားနှင့် တောင်ကိုရီးယားသမ္မတို့ တွေ့ဆုံမှု

    – ကမ္ဘာ့အကြီးဆုံး ရေနံစိမ်း သိုလှောင်ရုံတစ်ခုကို ဖူဂျိုင်ရာဒေသမှာ ဆောက်လုပ်ဖို့အတွက် ယူအေအီးက တောင်ကိုရီးယားနဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်တာဝန် ရယူထားတဲ့ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်က သမ္မတအိမ်တော်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဆွေးနွေးပွဲမှာ ယူအေအီးနိုင်ငံပိုင် ရေနံကုမ္ပဏီ ADNOC နဲ့ တောင်ကိုရီးယား အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးလုပ်ငန်း SKEC တို့ဟာ ရေနံစိမ်း စည်ပေါင်း ၁၄ သန်း သိမ်းဆည်းနိုင်မယ့် မြေအောက် သိုလှောင်ရုံပေါင်း ၃ ခု ဆောက်လုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ကန်ဒေါ်လာ ၁.၂၁ ဘီလီယံ တန်ဖိုးရှိမယ့် ဒီစီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုလှောင်ရုံ ဖြစ်လာမှာဖြစ်သလို ယူအေအီးကို ရေနံစိမ်း အဓိကထောက်ပံ့တဲ့ နိုင်ငံတစ်ခုအဖြစ် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ADNOC ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အလ် ဂျဘားရ်က ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဒီ ရေနံသိုလှောင်ရုံဟာ ယူအေအီးရဲ့ စွမ်းအင်လုံခြုံရေးကို အားကောင်းစေမှာဖြစ်သလို၊ ဖူဂျိုင်ရာပြည်နယ်ရဲ့ ကုန်သွယ်ရေး ရည်မှန်းချက်တွေလည်း ပြည့်ဝလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရေနံစိမ်းသိုလှောင်ရုံ ဆောက်လုပ်မှုကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရေနံစိမ်းလွှတ်မယ့် ပိုက်လိုင်း အပါအ၀င် စီမံကိန်း ပထမအဆင့် ပြီးစီးပွားပြီ ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံးကို ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပြီး ရေနံစိမ်းအမျိုးအစား ၃ မျိုးကို သိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။

    ယူအေအီး နိုင်ငံပိုင် ရေနံလုပ်ငန်း ADNOC ဟာ ရေနံထုတ်လုပ်မှုဆိုင်ရာ တိုးတက်ကောင်းမွန်စေဖို့အတွက် ဆမ်ဆောင်းကုမ္ပဏီ၊ ဂျပန်အစိုးရတို့နဲ့လည်း စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    Ref: Khaleej Times

  • လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်

    လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media

    – လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အားပေးမြှင့်တင်ဖို့အတွက် လူငယ်စွမ်းဆောင်ရည်ဆုတစ်ခုကို ချီးမြှင့်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အဓိကပတိကောင်စီဝင် စော်ဘွား ရှိခ် ဒေါက်တာ ဆူလ်တန် ဘင် မိုဟာမက် အလ် ကာစီမီက ကြေငြာလိုက်ပါတယ်။

    ဆုကို Sheikh Sultan Award for Celebrating the Spirit of Youth လို့ အမည်ပေးထားပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု၊ စွန့်စားမှု၊ ကျွမ်းကျင်မှု၊ ၀ါသနာ စတဲ့ အချက်လေးချက်နဲ့ သုံးသပ်ကာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံအတွင်း နေထိုင်တဲ့ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် မည်သည့်နိုင်ငံသားမဆို ဒီဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    “ရှာဂျာပြည်နယ်မှာတင်မဟုတ်ဘဲ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သားတွေ၊ သမီးတွေကို ပံ့ပိုးအားပေးမယ့် အရေးပါတဲ့ ဆုတစ်ခု ချီးမြှင့်သွားမယ်လို့ ကြေငြာလိုပါတ်။ ဒီဆုရဲ့ ရည်ရွယ်ချက်ဟာ လူငယ်တွေကို ထူးချွန်းအောင်၊ ဖန်တီးနိုင်စွမ်းရှိလာအောင်၊ လူမှုဘ၀ နယ်ပယ်အားလုံးမှာ တိုးတက်မှုရအောင် တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” လို့ ရှာဂျာပြည်နယ်ရဲ့ စော်ဘွားလည်းဖြစ်တဲ့ အလ် ကာစီမီက ပြောကြားခဲ့ပါတယ်။

    လူငယ်တွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ဖြစ်ပြီး သားငယ်၊ သမီးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ဟာ မိမိတို့ လူကြီးတွေရဲ့တာဝန် ဖြစ်တယ်လို့လည်း ရှိခ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆုကို ရွေ၊ ငွေ၊ ကြေး ၃ ဆင့် ခွဲထားပြီး နယ်ပယ် ၄ ခုစလုံးမှာ ပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့သူတွေက ရွှေတံဆိပ် ရရှိမှာ ဖြစ်ပါတယ်။ Sheikh Sultan Award for Celebrating the Spirit of Youth ဆုကို အနာဂတ်မှာ နိုင်ငံတကာအဆင့် ဆုတစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့လည်း အလ် ကာစီမီက ဆန္ဒရှိနေပါတယ်။

    “ခြွင်းချက်မထားဘဲ ဘယ်နယ်ပယ်မှာမဆို ထူးချွန်းသူတွေကို ပံ့ပိုး ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ ယူအေအီးက လူငယ်တွေ သင်ယူမှုခရီးလမ်းတစ်လျှောက် သူတို့အားထုတ်နိုင်သလောက် ပေါက်မြောက်နိုင်တယ်ဆိုတာမျိုး သိလာစေဖို့ လမ်းကြောင်းအသစ်တွေ ဖောက်ပေးတဲ့ပုံစံမျိုး စဉ်းစားဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ရှိခ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ref: Khaleej Times