News @ M-Media

Tag: UAE

  • ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက Dubai Hospital ဆေးရုံဟာ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကို ခွဲထုတ်ပေးခဲ့တဲ့အတွက် ဂင်းနစ်စံချိန်မှာ မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

    အသက် ၅၆ နှစ်အရွယ် အဟ်မဒ် စအစ်ဆိုတဲ့ အမျိုးသားဆီက ၁၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကျောက်ကပ်ကို ခွဲထုတ်ခဲ့ရတာပါ။ အဲဒီအရွယ်အစားဟာ ၁၅၀ ဂရမ်သာရှိတဲ့ သာမန် ကျောက်ကပ်ထက် အဆ ၄၀ ပိုကြီးနေတာဖြစ်ပါတယ်။

    ခွဲစိပ်မှုကို ဦးဆောင်ခဲ့တဲ့ ဆေးရုံရဲ့ ဆီးဘက်ဆိုင်ရာဌာန အကြီးအကဲ ဒေါက်တာ ဖာရီဘော့ဇ် ဘဂ်ဟီရီက မစ္စတာ စအစ်ဟာ မျိုးရိုးဗီဇ မူမမှန်မှုကြောင့် Polycystic Kidney Disease လို့ခေါ်တဲ့ ကျောက်ကပ်အရွယ်အစားကြီးတဲ့ ရောဂါကို မွေးဖွားစဉ်ကတည်းက ခံစားခဲ့ရတာဖြစ်ပြီး သတမ်းတစ်လျှောက်လုံး ကျောက်ကပ်ဆေးပြီး နေထိုင်လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    သာမန် ကျောက်ကပ်တစ်လုံးရဲ့ အရွယ်အစားဟာ ၁၂ စင်တီမီတာသာရှိပေမယ့် စအစ်ဆီက ခွဲထုတ်လုပ်လိုက်တဲ့ ကျောက်ကပ်က တစ်ခုကို ၃၄ စင်တီမီတာရှိပြီး အချင်းက ၁၇ စင်တီမီတာ ရှိပါတယ်။ ဘယ်ဖက်ကျောက်ကပ်ရဲ့ အလေးချိန်က ၆.၁ ကီလိုဂရမ်ရှိကာ၊ ညာဘက်ကျောက်ကပ်ကတော့ ၆.၆ ကီလိုဂရမ်ရှိပါတယ်။ ညာဘက်ကျောက်ကပ်ဟာ အရည်စစ်သွားတဲ့အချိန်မှာ ၂.၂၅ ကီလိုဂရမ်ရှိပြီး ဆေးရုံရဲ့ ခန္ဓာဗေဒဌာနမှာ သိမ်းဆည်းထားပါတယ်။

    ဂင်းနစ်မှတ်တမ်းဝင်တဲ့ကျောက်ကပ်ကတော့ ညဘက်ကျောက်ကပ်ဖြစ်ပြီး နောက်ဆုံးစံချိန်ဖြစ်တဲ့ ၂.၂၄ ကီလိုဂရမ်ထက်ကို ၂ ဆလောက် ပိုကြီးနေတာဖြစ်ပါတယ်။

    ဒူဘိုင်းက ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဆိုင်ရာ အကြီးအကဲ တာလာလ်အိုမာရ်က မိမိတို့အနေနဲ့ ဒီကိစ္စ စာရင်းသွင်းဖို့အတွက် လပေါင်းများစွာကြာ ဆေးဘက်မှတ်တမ်းတွေကို ရှာဖွေဖတ်ရှုခဲ့ရကြောင်း၊ အခုအချိန်မှာ တွက်ချက်မှု ပြီးဆုံးသွားပြီဖြစ်ပြီး ဒူဘိုင်းက ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ခွဲစိပ်ပေးတဲ့ စံချိန်ကို ရရှိသွားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ညီနောင်များ ဒုက္ခမရောက်စေရန် ယူအေအီးသို့ ဓာတ်ငွေ့တင်ပို့မှု ဆက်လုပ်မည်ဟု ကာတာပြော

    ညီနောင်များ ဒုက္ခမရောက်စေရန် ယူအေအီးသို့ ဓာတ်ငွေ့တင်ပို့မှု ဆက်လုပ်မည်ဟု ကာတာပြော

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – မိမိတို့နှင့် သံတမန်ရေးအရ ပြဿနာဖြစ်နေသော်လည်း ယူအေအီးပြည်သူများကို ငဲ့ညှာသာအနေဖြင့် ယူအေအီးသို့ ဓာတ်ငွေ့ထောက်ပံ့နေမှုကို ရပ်ဆိုင်းသွားမည်မဟုတ်ဟု ကာတာနိုင်ငံပိုင် စွမ်းအင်လုပ်ငန်း Qatar Petroleum ၏ အမှုဆောင်အကြီးအကဲ ဆအဒ် ရှီရီဒါ အလ်-ကာဘီက ပြောကြားလိုက်သည်။

    ဒေါလ်ဖင် ဂက်စ်ပိုက်လိုင်း သဘောတူညီချက်အရ ကာတာမှာ ယူအေအီးနိုင်ငံအား တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ ဘီလီယံ ပေးပို့နေပြီး၊ စာချုပ်တွင် မမျှော်လင့်ထားသည့် အခြေအနမျိုးအတွက် မည်သည့်သတ်မှတ်ချက်မှ မပါဝင်သောကြောင့် ယခု သံတမန်ရေးအရ ပြဿနာဖြစ်နေချိန်တွင် တင်ပို့မှု ရပ်ဆိုင်းလိုပါက ရပ်ဆိုင်းနိုင်သည်။

    သို့သော်လည်း အလ်-ကာဘီက မိမိတို့၏ ညီနောင်များအတွက် ဓာတ်ငွေ့ထောက်ပံ့မှုကို ရပ်ဆိုင်သွားမည်မဟုတ်ဆိုသည်။

    “ကျွန်တော်တို့ ဒီနေ့တွေ့ကြုံနေရတဲ့ ပိတ်ဆို့မှုက မမျှော်လင့်ထားတဲ့ အခြေအနေမျိုးပါ။ ယူအေအီးကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ကျွန်တော်တို့ ရပ်တန့်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဓာတ်ငွေ့ဖြတ်လိုက်ရင် ယူအေအီးနဲ့ ယူအေအီးပြည်သူတွေကို တော်တော် ထိခိုက်မှာပါ။ ကျွန်တော်တို့က သူတို့ကို ညီနောင်လို သဘောထားတာပါ။ ဓာတ်ငွေ့မဖြတ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု အလ်-ကာဘီက ပြောကြားခဲ့သည်။

    ကာတာနိုင်ငံမြောက်ပိုင်း ဓာတ်ငွေ့သိုက်မှ ယူအေအီးနှင့် အိုမန်နိုင်ငံများသို့ ဆက်သွယ်ထားသည့် အဆိုပါ ဒေါလ်ဖင် ဓာတ်ငွေ့ပိုက်လိုင်းကို ကာတာက ရပ်ဆိုင်းလျှင် ယူအေအီး၏ စွမ်းအင်ကဏ္ဍတွင် အလွန်အမင်း ထိခိုက်မှုများ ဖြစ်သွားနိုင်သည်ဟု ကျွမ်းကျင်သူများ ပြောကြားထားသည်။

    တနင်္ဂနွေနေ့ အစောပိုင်းကလည်း ယူအေအီးရေနံလုပ်ငန်း Sharjah National Oil Corp မှ အမှုဆောင်အကြီးအကဲက ယခု ယူအေအီးနှင့် ကာတာနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် သံတမန်ပြဿနာကြောင့် ဓာတ်ငွေ့တင်သွင်းမှုတွင် အခက်အခဲဖြစ်မည်မဟုတ်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

    ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့မှာ ဇွန်လ ၅ ရက်နေ့မှစ၍ ကာတာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ပြီး၊ ရေကြောင်း၊ လေကြောင်း ကုန်းကြောင်း၊ ကုန်သွယ်ရေး စသည့် ဆက်သွယ်မှုအားလုံးကိုလည်း ဖြတ်တောက်ခဲ့သည်။

    Ref : Aljazeera

  • မွတ်စလ်-ခရစ်ယာန် ညီညွတ်ရေးအတွက် ယူအေအီးရှီ ဗလီတစ်လုံးကို ခရစ်ယာန်အမည်ပေး

    မွတ်စလ်-ခရစ်ယာန် ညီညွတ်ရေးအတွက် ယူအေအီးရှီ ဗလီတစ်လုံးကို ခရစ်ယာန်အမည်ပေး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    “မာရီယမ် အွမ်မေ့ အီဆာ” ဗလီဝတ်ကျောင်းတော်

    – မတူညီသော ဘာသာတရားများအကြား သဟဇာတဖြစ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၏ အမည်ကို ခရစ်ယာန်အမည် မှည့်ခေါ်လိုက်သည်ဟု သိရသည်။

    “ရှိခ် မိုဟာမက် ဘင် ဇေယဒ်” ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ်-နဟ်ယန်၏ အမိန့်အဖြင့် ‘ခရစ်တော်၏ မယ်တော် မေရီ ဗလီဝတ်ကျောင်းတော်’ ဟု အဓိပ္ပါယ်ရသည့် “မာရီယမ် အွမ်မေ့ အီဆာ” ဟူသော အမည်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

    အိမ်ရှေ့မင်းသားကမူ ထိုသို့ အမည်ပြောင်းလဲခြင်းမှာ မတူညီသော ဘာသာဝင်များအကြား လူသားဆန်မှု အနှောင်အဖွဲ့ကို ပိုမိုခိုင်မြဲစေရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူအေအီး ‘ခန္တီစ၀န်ကြီးဌာန’ ၀န်ကြီး ရှိခ်ခါ လွဘ်နာ အလ်-ကာစီမီက ယခုကဲ့သို့ အမည်ပြောင်းလဲခြင်းမှာ စစ်မှန်သည့် လူသားဝါဒ၊ ယူအေအီးနိုင်ငံရှိ ဘာသာရေးသည်းခံမှုနှင့် အတူယှဉ်တွဲနေထိုင်မှုပုံရိပ်ကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်တွင် အခြားသော ဘာသာဝင်များ၏ ၀တ်ကျောင်းတော်များ တည်ရှိနေပြီး ဘာသာရေးသည်းခံမှု၊ အတူယှဉ်တွဲနေထိုင်မှု ပုံရိပ်ကို ပေါ်လွင်စေသည်ဟုလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ယူအေအီးမှာ ခန္တီစ၀န်ကြီးဌာနကို ထူထောင်ခဲ့ပြီး ယူအေအီးလူ့အဖွဲ့အစည်းတွင် ခန္တီတရားကို အခြေခံတန်ဖိုးအဖြစ် မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်ကို ခရစ်ယာန်အမည်ပြောင်းမှုအတွက် မိမိအနေဖြင့် ပီတိဖြစ်ရသည့် ဗလီအနီးရှိ စိန့်အန်ဒရူး အန်ဂလိကန် ခရစ်ယာန်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ကာနွန် သော်မဆင်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဘာသာတရားနှစ်ခုကြားက တူညီတဲ့အရာတစ်ခုကို ဖော်ကျူးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ကြည်နူးရပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    Ref: Alarabiya

  • ယူအေအီးတွင် ပထမဆုံး စက်ရုပ်ရဲ စတင် တာဝန်ထမ်းဆောင်

    ယူအေအီးတွင် ပထမဆုံး စက်ရုပ်ရဲ စတင် တာဝန်ထမ်းဆောင်

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းရဲတပ်ဖွဲ့မှာ ပထမဆုံး စက်ရုပ်ရဲတပ်ဖွဲ့ဝင်တစ်ဦး မနေ့က စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ကမ္ဘာ့အမြင့်ဆုံး နာမည်ကျော် Burj Khalifa တာဝါအောက်မှာ လှည့်ကင်းအဖြစ် တာဝန်ထမ်းဆောင်တာဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွားတွေ၊ ဖြတ်သွားဖြတ်လာ ပြည်သူတွေက အဲဒီ စက်ရုပ်ရဲနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

    ရဲတပ်ဖွဲ့ဝင်ဦးထုပ် ဆောင်ထားပြီး ဘီးနဲ့ ရွေ့လျားတဲ့ ဒီစက်ရုပ်ရင်ဘတ်မှာ ကွန်ပျူတာ touch-screen ထားရှိပြီး ရာဇ၀တ်မှုအတွက် သတင်းပို့တာ၊ သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းတဲ့ကားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နိုင်မှာပါ။

    ၅ ပေ ၅ လက်မမြင့်ပြီး ၁၀၀ ကီလိုဂရမ်လောက်လေးတဲ့ ဒီစက်ရုပ်ဟာ ဘာသာစကား ၆ မျိုးကို ပြောနိုင်သလို မျက်နှာအမူအရာကိုလည်း စကန်ဖတ်နိုင်ပါတယ်။

    “၂၀၃၀ ကျရင် ရဲတပ်ဖွဲ့ရဲ့ ၂၅ ရာခိုင်နှုန်းကို စက်ရုပ်တွေနဲ့ အစားထိုးဖို့ ကျွန်တ်ာတို့ ရည်ရွယ်ပါတယ်” လို့ ဒူဘိုင်းရဲတပ်ဖွဲ့ နည်းပညာဌာန အကြီးအကဲ ခါလစ် အလ် ရာဇူကီက ပြောကြားခဲ့ပါတယ်။

    ဒီစက်ရုပ်တွေကို ကမ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေမှာ ချထားမှာဖြစ်ပြီး စက်ရုပ်မှာပါတဲ့ ကင်မရာကနေ ထိန်းချုပ်ရေးခန်းကို အရုပ်၊ အသံတွေကို တိုက်ရိုက်ပို့မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီစက်ရုပ်ဟာ ရဲတပ်ဖွဲ့ အလိုရှိနေသူတွေကိုလည်း ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    ရာဇူကီက စက်ရုပ်ရဲတွေရဲ့ အဓိကရည်ရွယ်ချက်ဟာ လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ နည်းလမ်းသစ် ရှာဖွေရေးဖြစ်ပြီး တရားခံကို ဖမ်းဆီးတာမျိုးတွေလို ကိစ္စမှာတော့ လူသားတွေနေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့ဟာ Lamborghini နဲ့ Ferrari လို တန်ဖိုးကြီးကားတွေကို ပတ္တယောင်ရဲကားအဖြစ် အသုံးပြုမှုအတွက်လည်း ကျော်ကြားပါတယ်။

    Ref: Telegraph

  • ယူအေအီးဗလီများ အလင်းပေးမှု သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်အောင် ဆောင်ရွက်မည်

    ယူအေအီးဗလီများ အလင်းပေးမှု သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်အောင် ဆောင်ရွက်မည်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံတစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀၀ ကျော်တွင် စွမ်းအင်အစားနည်းသည့် မီးလုံးများ တပ်ဆင်သွားမည်ဟု သိရသည်။

    ထိုအစီအစဉ်အတွက် အစ္စလာမ့်ရေးရာနှင့် ပရဟိတဆိုင်ရာ ဦးစီးဌာန၊ ဒူဘိုင်း ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ရာသီဥတုပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာန၊ လမ်းနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၊ ရှိခ် ဇာယဒ် အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတို့ အားလုံးမှာ ၎င်းတို့လက်အောက်ရှိ အဆောက်အဦးများအားလုံးတွင် စွမ်းအင်ချွေတာသည့် LED မီးလုံးများကို အသုံးပြုသွားရန် သဘောတူခဲ့သည်။

    “ဒါက တီထွင်ဆန်းသစ်ပြီး၊ ရေရှည်တည်တံ့ကာ ခြွင်းချက်ကင်းတဲ့ ရည်မှန်းချက်မျိုးဖြစ်ပြီး ဒေသတွင်းမှာလည်း ပထမဆုံး ဖြစ်မှာပါ။ ပြီးတော့ နိုင်ငံအတွက် စီးပွားရေးဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရှိမှာဖြစ်ပါတယ်” ဟု ဒူဘိုင်း မြူနီစီပယ်ဌာန ညွှန်ကြားရေးမှူးချုပ် ဟူစိတ် နာဆရ် လူတာက ပြောကြားခဲ့သည်။

    အဆိုပါ မီးသီးတစ်လုံးမှာ လျှင်စစ်ဓာတ်အားခ ၉၀ ရာခိုင်နှုန်းအဖြစ် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၁၀၀ ခန့် သက်သာမည်ဖြစ်ပြီး နှစ်ပေါင်း ၂၅ နှစ်ခန့် အသုံးခံမည်ဖြစ်ကြောင် ဒူဘိုင်း မြူနီစီပယ်ဌာနက ပြောကြားခဲ့သည်။

    ဒူဘိုင်း လျှပ်စစ်နှင့် ရေဆိုင်ရာ အာဏာပိုင်အဖွဲ့ (DEWA) က နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များတွင် ရေခြွေတာရေး နည်းပညာများကို ပေးအပ်ခဲ့ပြီး ခါလီဖါ အလ် တာဂျာရ် ဗလီမှာ နိုင်ငံ၏ ပထမဆုံး သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သည့် ဗလီဝတ်ကျောင်းတော်အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။

    Ref: IINA