News @ M-Media

Tag: UAE

  • ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ရက်စ် အလ် ခိုင်မာပြည်နယ်က ဗလီဝတ်ကျောင်းတော်ပေါင်း ၉၃၀ မှာ သစ်ပင်ပေါင်း ၅ သောင်း စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

    ယူအေအီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (EPDA) က ကြီးမှူးကာ ဒီသစ်ပင်စိုက်လှုပ်ရှားမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။

    EPDA က နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရိပ်ရအပင်ပေါင်း ၁.၁ သန်း စိုက်ပျိုးရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တာပါ။

    ဗလီဝတ်ကျောင်းတော်တွေမှာ သစ်ပင်စိုက်မယ့်လှုပ်ရှားမှုကို ယူအေအီး အစ္စလာမ့်ရေးရာနဲ့ လူသားရင်းမြစ် အာဏာပိုင်အဖွဲ့ (IAEA) က ပူးပေါင်းဆောင်ရွက်ပြီး ဗလီဝတ်ကျောင်းတော်တစ်ဝိုက် သီးပင်၊ စားပင်၊ အရိပ်ရအပင်တွေကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

    IAEA ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး အပင်တွေစိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တာတွေ လုပ်ဆောင်နေပါတယ်။

    အဖွဲ့ရဲ့ မန်နေဂျာ အလီ အလ် ခန်ဘူလီက “ဒီလှုပ်ရှားမှုဟာ IAEA အနေနဲ့ အစိုးရဌာနအားလုံး၊ အသင်းအဖွဲ့အားလုံးနဲ့ မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဗလီဝတ်ကျောင်းတော်တွေကို စောင့်ရှောက်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ယူအေအီးဟာ ထင်ရှားပြီး နိုင်ငံတစ်ဝှမ်း ထင်ရှားတဲ့နေရာတွေ၊ တောင်တွေ၊ ချိုင့်ဝှမ်းတွေမှာ စိမ်းစိုအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

    Ref: Khaleej Times

  • ဒီပါဝါလီ ဆုမွန်ကောင်းတောင်းပေးတဲ့ ယူအေအီးဝန်ကြီးချုပ်

    ဒီပါဝါလီ ဆုမွန်ကောင်းတောင်းပေးတဲ့ ယူအေအီးဝန်ကြီးချုပ်

    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media

    ယူအေအီး ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်

    – အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝါလီနေ့အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၀န်ကြီးချုပ်က ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

    ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်ဟာ ဒီနေ့မနက်မှာ Twitter ကနေတစ်ဆင့် ‘ယူအေအီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဆင်နွှဲကြမယ့်သူ အားလုံးအတွက် ပျော်ရွှင်စရာ ဒီပါဝါလီနေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ပွဲတော်မီးအလင်းရောင်တွေက ကျွန်တော်တို့အားလုံးအပေါ် ထွန်းတောက်ပါစေ’ လို့ ဆုတောင်းပေးခဲ့တာပါ။

    ယူအေအီးနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက လာရောက်အလုပ်လုပ်သူတွေ များပြားတဲ့နိုင်ငံဖြစ်ပြီး အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသားဦးရေ တော်တော်များများလည်း ပါဝင်ပါတယ်။

    ယူအေအီးခေါင်းဆောင်တွေဟာ ဘာသာပေါင်းစုံညီညွတ်ရေးကို အမြဲတမ်း အားထုတ်ကြိုးပမ်းနေကြသူတွေဖြစ်ပြီး အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ဘုရားရှစ်ခိုးနိုင်ဖို့အတွက် ဒူဘိုင်းမှာ ဟိန္ဒူဘုရားကျောင်းတစ်ခုကို ဆောက်လုပ်ပေးထားပါတယ်။

    Twitter မှ ဆုတောင်း

    Ref: Khaleejtimes

  • ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်နွယ်ဖွားဖြစ်ပြီး လက်ရှိ ဒူဘိုင်းမှာနေထိုင်တဲ့ အာရပ်အမျိုးသမီး ရှာဒီယာ ဘစီဆိုဟာ အာရပ်ကမ္ဘာရဲ့ အားကစားလောကမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    ဒါကတော့ နိုင်ငံတကာ နပန်းအားကစားလောက နာမည်ကြီး ကုမ္ပဏီ WWE နဲ့ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ကာ နပန်းလောကထဲဝင်ရောက်လာတဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ရှာဒီယာဟာ အားကစားလောကထဲကို ၀င်တာ သိပ်မကြာသေးပါဘူး။ ၂၀၁၃ ခုနှစ်မှာ ဂျူဂျစ်ဆု စတင်ကစားခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုတိုအတွင်းမှာ အောင်မြင်မှု ရခဲ့ပါတယ်။

    “ခါးပတ်အဖြူရပြီး ၃ လအကြာမှာ ဒူဘိုင်းက ပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့ပါတယ်။ ကြေးတံဆိပ်ရတာပါ။ အဲဒီပြိုင်ပွဲကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါဘူး” လို့ ပထမဆုံးအောင်ပွဲအတွက် ရှာဒီယာက ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

    ယူအေအီးက နောက်ပိုင်း ဂျူဂျစ်ဆုပြိုင်ပွဲတွေမှာ ဆုတွေ ဆက်တိုက်ယူနိုင်ခဲ့တဲ့ သူမဟာ လော့စ်အိန်ဂျလိစ်၊ နယူးယောက်တို့က နိုင်ငံတကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

    “ဒီပြိုင်ပွဲတွေက WWE မှာ ၀င်စမ်းကြည့်ဖို့ ယုံကြည်မှုတွေ ရခဲ့ပါတယ်။ CrossFit ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ တစ်နေ့ကို ၃ ကြိမ် ၄ ရက်လေ့ကျင့်ခဲ့ရပြီး တကယ့် အားကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်ကို ရရှိစေခဲ့ပါတယ်။ တော်တော်လေးကို ကောင်းမွန်တဲ့ အတွေ့အကြုံပါ”

    WWE ကို စိတ်ဝင်စားလာတဲ့ ရှာဒီယာဟာ ဒူဘိုင်းမှာ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် WWE က လူသစ်ရှာဖွေရေးအဖွဲ့ အကြီးအကဲ ၀ီလီယံ ရီဂဲလ်နဲ့ တွေ့ဆုံခဲ့ကာ အော်လန်ဒိုက WWE ရဲ့ Performance Center ကို ဖိတ်ခေါ်ခဲ့ရပါတယ်။

    “WWE က ခေါ်ယူစာချုပ်ချုပ်တဲ့ ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်ရတဲ့အတွက် ကျွန်မ တကယ်ကို ဂုဏ်ယူမိပါတယ်။ ဒါဟာ ဂုဏ်ယူစရာနဲ့ အခွင့်အထူးဖြစ်သလို ကြီးမားတဲ့ တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မပေါ်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားကြမယ်ဆိုတာ ကျွန်မ သိသလို၊ အပြင်းအထန်ကြိုးစားကာ
    အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ WWE ကြိုးဝိုင်းထဲမှာ အရှေ့အလယ်ပိုင်းကို ကိုယ်စားပြုပြီး သူတို့ ဂုဏ်ယူနိုင်စေဖို့ပေါ့ရှင်” လို့ ရှာဒီယာက သူ့ရဲ့ခံစားရမှုကို ပြောကြားသွားခဲ့ပါတယ်။

    WWE နပန်းပွဲကို အမျိုးသမီးအားကစားသမားတွေ စိတ်ဝင်စားမှုဟာ ဒီနှစ်ပိုင်းမှာ မြင့်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အမျိုးသမီး လူငယ်ကစားသမားတွေ လက်စွမ်းပြနိုင်ဖို့အတွက် အမျိုးသမီးသီးသန့် Mae Young Classic နပန်းပြိုင်ပွဲကို WWE က ဒီနှစ်နွေရာသီမှာ စီစဉ်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ရှာဒီယာလည်း သွားရာက်ြ
    ကည့်ရှုခွင့်ရခဲ့ပါတယ်။

    WWE ပြိုင်ပွဲတွေအတွက် လေ့ကျင့်ဖို့ ရှာဒီယာဟာ ဇန်န၀ါရီမှာ အမေရိကန်ပြည်ထောင်စု အော်လန်ဒိုမြို့ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

    “ကျွန်မရဲ့ ကိုယ်ပိုင်ဟန်ပန်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်မ အရှေ့အလယ်ပိုင်းမှာ ကြီးပြင်းတယ်။ ကျွန်မ ဂျော်ဒန်ကပါ။ ဒါ့ကြောင့် ကိုယ်ပိုင်ဟန်မှာ ဒါတွေ ပါဝင်မှာပါ။ ကျွန်မ ကြိုးဝိုင်းထဲဝင်တဲ့ ဂီတကို အာရပ်ဂီတဖြစ်ချင်တယ်။ ဒါဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုပါ။ အဲတာတွေကို ကိုယ်စားပြုရတာ နှစ်သက်ပါတယ်”

    ပြီးတော့ သူမဟာ အရှေ့အလယ်ပိုင်းက အမျိုးသမီးငယ်တွေ အားကျရသူတစ်ဦးလည်း ဖြစ်ချင်နေပါတယ်။

    “လုပ်သာလုပ်ပါ။ ဘယ်လိုရည်မှန်းချက်တွေကို ချမှတ်ထားသည်ဖြစ်စေ အဲဒီရည်မှန်းချက်အပေါ်မှာ အရူးအမူး လုပ်ဆောင်ပါ။ WWE က စူပါစတားပဲဖြစ်ဖြစ်၊ တီဗီ စူပါစတားပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ချစ်ဖြစ်ချင် အဲဒီရည်မှန်းချက်အပေါ် အရူးအမူးသာ လျှောက်လှမ်းပါ”

    Ref: Alarabiya

  • ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူအေအီးက အကူအညီထပ်ပို့မည်

    ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူအေအီးက အကူအညီထပ်ပို့မည်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ယခင်ပေးပို့ခဲ့စဉ်က

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးအကူအညီများကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက လေယာဉ် ၃ စီးစာ ထပ်မံပေးပို့သွားမည်ဟု သိရသည်။

    ဒူဘိုင်းမှာ အောက်တိုဘာလ အစောပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ အသက်ရှင်သန်ရေးအတွက် လိုအပ်သော အကူအညီများကို လေကြောင်းဖြင့် ပို့ဆောင်ပေးနေသည်မှာ ၆ ကြိမ်ရှိနေပြီဖြစ်သည်။

    ပေးပို့ခဲ့သော အကူအညီများကို ကုလသမဂ္ဂဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNHCR)၊ နိုင်ငံတကာကြက်ခြေနီအသင်း (IFRC)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)၊ ယူအေအီးလခြမ်းနီအဖွဲ့၊ နိုင်ငံတကာရွှေ့ပြောင်းဒုက္ခသည်များအဖွဲ့ချုပ် (IOM)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) စသည့် အဖွဲ့များက စီ
    မံခန့်ခွဲကာ မြန်မာနိုင်ငံမှ ညှင်းပန်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၂၃၀၀၀၀ ကျော်ဆီ တိုက်ရိုက်ပေးပို့နိုင်ခဲ့သည်။

    ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ ဆိုးရွားလျက်ရှိနေပြီး အရေးကြီးလိုအပ်ချက်များဖြစ်သော အစားအစာ၊ အမိုးအကာ၊ ရေနှင့် အ၀တ်အစားများ လုံလုံလောက်လောက် မရရှိချေ။

    Ref : Khaleejtimes