News @ M-Media

Tag: UK

  • ယမန်နေ့က လန်ဒန်တိုက်ခိုက်မှု၏ အဓိကအကြောင်းအရင်းမှာ စိတ်ကျန်းမာရေးဖြစ်

    ယမန်နေ့က လန်ဒန်တိုက်ခိုက်မှု၏ အဓိကအကြောင်းအရင်းမှာ စိတ်ကျန်းမာရေးဖြစ်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    london2

    – ယမန်နေ့က လန်ဒန်မြို့တွင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူ ၅ ဦးဒဏ်ရာရရှိခဲ့သည့် လူငယ်တစ်ဦးက ဓားဖြင့်တိုက်ခိုက်မှု၏ အဓိကအကြောင်းအရင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    မြို့လည်ကောင်ရှိ Russell Square တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    “စောစောပိုင်း တွေ့ရှိမှုတွေအရတော့ ဒီကိစ္စမှာ စိတ်ကျန်းမာရေးက အဓိက အကြောင်းအရင်း ဖြစ်နေပါတယ်။ ဒါက စုံစမ်းစစ်ဆေးမှုတစ်ပိုင်းပါ။ ဒါပေမယ့် တစ်ခြားလှုံ့ဆော်မှုရှိမလား၊ အကြမ်းဖက်ဝါဒက ဒီလိုလုပ်ဖို့ လှုံ့ဆော်ပေးလားဆိုတဲ့ အယူအဆကတော့ ဆက်ရှိပြီးနေပြီး စုံစမ်းစစ်ဆေးမှုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အကြီးတန်းရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ မာ့ခ် ရိုလေးက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရသူများမှာ ၃ ဦးမှာ အမျိုးသားဖြစ်ကာ၊ ၂ ဦးမှာ အမျိုးသမီးဖြစ်သည်။

    Ref: Aljazeera

  • အီရတ်ကို ကျူးကျော်တိုက်ခိုက်မှု မခိုင်လုံသည့် ထောက်လှမ်းရေးအချက်အလက်ကို အခြေခံခဲ့ခြင်းဖြစ်

    အီရတ်ကို ကျူးကျော်တိုက်ခိုက်မှု မခိုင်လုံသည့် ထောက်လှမ်းရေးအချက်အလက်ကို အခြေခံခဲ့ခြင်းဖြစ်

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    blair

    – ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကို အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ဗြိတိန်ရဲ့ ပါဝင်မှုဟာ ချို့ယွင်းချက်ရှိတဲ့ ထောက်လှမ်းရေး အချက်အလက်ကို အခြေခံခဲ့တာဖြစ်ကာ အဲဒီအချက်အလက်တွေကလည်း ၀င်ရောက်တိုက်ခိုက်ရလောက်တဲ့အထိ အရေးမပါဘူးလို့ ဗြိတိန် စုံစမ်းရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    အီရတ်စစ်ပွဲမှာ ဗြိတိန်ရဲ့ ပါဝင်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့က ယနေ့မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြလိုက်တာဖြစ်ပြီး အဖွဲ့ဥက္ကဌ ဂျွန်ချီလ်ကော့ကတော့ ဒီလို ကျူးကျော်တိုက်ခိုက်မှုဟာ တော်တော်လေးမှားယွင်းတဲ့ကိစ္စလို့ ဆိုပါတယ်။

    “အီရတ်ကို စစ်ရေးအရ အရေးယူတာမျိုးဟာ တစ်ချိန်းမှာ လိုအပ်နိုင်သလို၊ မလိုအပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် (ကျူးကျော်တိုက်ခိုက်ခဲ့တဲ့) ၂၀၀၃ ခုနှစ်မတ်လကတော့ ဆက်ဒမ်ဟူစိန်ဆီက ခြိမ်းခြောက်မှု လုံးဝမရှိသေးတဲ့အချိန်ပါ” လို့ ချီလ်ကော့က ပြောကြားခဲ့ပါတယ်။

    စာလုံးရေ ၂.၆ သန်းလောက်ပါဝင်တဲ့ အဲဒီအစီရင်ခံစာထွက်လာဖို့ ၇ နှစ်လောက် ကြာခဲ့ပါတယ်။

    အစီရင်ခံစာမထုတ်ပြန်ခင် ချီလ်ကော့ရဲ့ မိနစ် ၃၀ ကြာ ပြောကြားမှုမှာ အီရတ်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ပါဝင်ဖို့ ယူကေကရွေးချယ်မှုဟာ လက်နက်ဖျက်သိမ်းရေး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ဆောင်ရွက်မှု မပြီးဆုံးခင်မှာ ဖြစ်လာခဲ့တာဖြစ်ပြီး၊ သတိပေးမှုတော်တော်များများရှိခဲ့ပေမယ့် မလိုက်နာခဲ့ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရတ်စစ်ပွဲမှာပါဝင်ဖို့ ဆုံးဖြတ်တဲ့ ယူကေအစိုးရမှာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ တိုနီဘလဲကတော့ ဒီကိစ္စအတွက် မိမိအနေနဲ့ ဆင်ခြေမရှိ လုံးဝ တာဝန်ယူမှာဖြစ်ကြောင်း အစီရင်ခံစာထွက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

    ဒါပေမယ့် သူရရှိခဲ့တဲ့ သတင်းအချက်အလက်အရ စစ်ပွဲမှာပါဝင်ဖို့ ဆုံးဖြတ်မှုဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ကျူးကျော်ပြီးနောက်ပိုင်း ချမှတ်ခဲ့တဲ့ အစီအစဉ်တွေ၊ အလုပ်ငန်းစဉ်တွေမှာသာ မှားယွင်းခဲ့တာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗြိတိန်ပါဝင်ခဲ့တဲ့ အဲဒီကျူးကျော်စစ်ပွဲ ၈ နှစ်တာအတွင်းမှာ အီရတ်ပြည်သူ သိန်းချီသေဆုံးခဲ့ပြီး၊ ဗြိတိန်စစ်သားကတော့ ၁၇၉ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂလန်တွင် ကျောင်းဆရာသပိတ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    အင်္ဂလန်တွင် ကျောင်းဆရာသပိတ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    uk 1

    – ပညာရေး ရန်ပုံငွေ နည်းပါးမှု၊ လုပ်ခလစာနှင့် အလုပ်အကိုင်အခြေအနေများကို မကျေနပ်နပ်မှု စတာတွေကြောင့် အင်္ဂလန်နိုင်ငံက ကျောင်းဆရာတွေဟာ ယမန်နေ့က ၂၄ နာရီ သပိတ်မှောက်ဆန္ဒပြမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းပေါင်း ရာနဲ့ချီ ပိတ်ပစ်လိုက်ရတယ်လို့ သိရပါတယ်။

    အဲဒီလိုသပိတ်မှောက်ဖို့ကို ကျောင်းဆရာများသမဂ္ဂ NUT က တိုက်တွန်းလှုံ့ဆော်ခဲ့တာဖြစ်ပြီး ၁၀ စုနှစ် တစ်ခုကျော်အတွင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီသပိတ်ကြောင့် နိုင်ငံတွင်းရှိ ကျောင်းပေါင်းများစွာပိတ် ပစ်ခဲ့ရပြီး တစ်ချို့ကျောင်းတွေမှာလည်း ကျောင်းဆရာတွေဟာ စာသင်ကြားခြင်း မရှိခဲ့ပါဘူး။

    အစိုးရက စာသင်ကျောင်းတွေကို ဘက်ဂျက်ချပေးမှုနည်းတာ၊ အလုပ်ချိန်များလွန်းတာနဲ့ လုပ်ခလစာနည်းတာတွေက ဒီသပိတ်မှောက်မှုရဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပြီး NUT ကတော့ ကျောင်းဆရာတွေဟာ ဒီကိစ္စနဲ့ပတ်သက်လို့ သတ်မှတ်ပြဌာန်းချက်တွေကို တစ်ပြေးညီ ဖြစ်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်္ဂလန် ပညာရေးဌာနကတော့ ဒီလိုလုပ်ရပ်ဟာ မလိုအပ်တဲ့လုပ်ရပ်ဖြစ်ပြီး ပညာရေးကဏ္ဍကို ထိခိုက်ပျက်ဆီးစေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • ယူကေရှိ မြင့်တက်လာသည့် လူမျိုးရေးခွဲခြားမှုအတွက် စိုးရိမ်မိသည်ဟု ကုလပြော

    ယူကေရှိ မြင့်တက်လာသည့် လူမျိုးရေးခွဲခြားမှုအတွက် စိုးရိမ်မိသည်ဟု ကုလပြော

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    uk

    – ဥရောပသမဂ္ဂမှ ထွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ယူကေတွင် လူနည်းစုများနှင့် နိုင်ငံခြားသားများအပေါ် လူမျိုးရေးခွဲခြားစော်ကားမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်မိသည်ဟု ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါတို့ကို မည်သည့်အခြေအနေမျိုးတွင်မှ လက်မခံဟု ဆိုသည်။

    “ဒီလိုနိုင်ငံခြားသားကြောက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသား တိုက်ခိုက်မှုတွေအတွက် သံသယရှိသူတွေကို တရားစွဲဆိုရေး ဆောင်ရွက်ဖို့ ယူကေအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့ နေ့ရက်တွေဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀က ခွဲခြားဆက်ဆံမှုလုပ်ရပ်တွေကို ကျွန်တော်တို့က ငြိမ်ခံနေလို့ မရပါဘူး” ဟု အလ်ဟူစိန်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲနောက်ပိုင်းတွင် အင်္ဂလန်ရှိ ဥရောပသားများမှ လူဖြူ မဟုတ်သည့် ဗြိတိန်နိုင်ငံသားများအထိ လူနည်းစုများကို တိုက်ရိုက်ပစ်မှတ်ထားသော တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုနှင့် နှင်ထုတ်မှုများမှာ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • အီးယူမှထွက်ရန် ဆုံးဖြတ်ပြီးနောက် ယူကေတွင် နိုင်ငံခြားသားများအပေါ် ခွဲခြားစော်ကားမှု မြင့်တက်လာ

    အီးယူမှထွက်ရန် ဆုံးဖြတ်ပြီးနောက် ယူကေတွင် နိုင်ငံခြားသားများအပေါ် ခွဲခြားစော်ကားမှု မြင့်တက်လာ

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    pole

    – ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ယူကေက ဆုံးဖြတ်ပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ ပိုလန်လူ့အဖွဲ့အစည်းအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် လူမျိုးရေးခွဲခြား စော်ကားမှု အဖြစ်အပျက်များနှင့်ပတ်သက်၍ မိမိအနေဖြင့် တုန်လှုပ်စိုးရိမ်မိသည်ဟု ယူကေဆိုင်ရာ ပိုလန်သံအမတ်ကြီး ၀ီးလ်တော့ဒ် ဆော့ဘ်ကိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပိုလန်နိုင်ငံသားများနှင့် အရှေ့ဥရောပသားများအပေါ် ကျူးလွန်သည့် ကိစ္စများအပါအ၀င် အင်္ဂလန်တစ်ဝှမ်း လူမျိုးရေးခွဲခြားစော်ကားသည့် ဖြစ်ရပ်အများအပြား ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ရှိခဲ့သည်။

    ကမ်းဘရစ်ဂျရှိုင်းယားခရိုင် ဟူတင်ဒန်မြို့တွင် အီးယူမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲအပြီး နာရီပိုင်းအကြာတွင်”ပိုလန်တိရစ္ဆာန်များ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်ကို စာသင်ကျောင်းများအနီး အပါအ၀င် ဒသတွင်း စိုက်ထူမှုများအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

    အနောက်လန်ဒန် ဟမ်းမားစမစ်မြို့ရှိ ပိုလန်ယဉ်ကျေးမှုစင်တာ မျက်နှာစာတွင်လည်း လူမျိုးရေးစော်ကားသည့် ဂရပ်ဖစ်တီများ ရေးဆွဲမှုလည်း ဖြစ်ပွားခဲ့သည်။

    “ပိုလန်လူ့အဖွဲ့အစည်းနဲ့ ပြောင်းရွှေ့အခြေချသူတွေကနေ ပေါက်ဖွားလာတဲ့ ယူကေနိုင်ငံသားတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားကြောက် စော်ကားမှုတွေအတွက် ကျွန်တော်တို့ဟာ တုန်လှုပ်မိပြီး တော်တော်လေးလည်း စိုးရိမ်မိပါတယ်” ဟု သံအမတ်ကြီး ဆော့ဘ်ကိုက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့သံရုံးအနေဖြင့် ထိုအဖြစ်အပျက်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ကလည်း ဟမ်းမားစမစ်နှင့် ဟန်တင်ဒန်တို့မှ ကိစ္စများအား စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

    “နိုင်ငံခြားသားကြောက် စော်ကားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ပိုလန်နိုင်ငံသားတွေ၊ မျက်မြင်သက်သေတွေအနေနဲ့ ဒီအဖြစ်အပျက်ကို ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားဖို့ တိုက်တွန်းပါတယ်” ဟု သံအမတ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယူကေတွင် နေထိုင်နေသည့် ပိုလန်နိုင်ငံသား အရေအတွက်မှာ ၈ သိန်းနီးပါးရှိနေပြီး နိုင်ငံအတွင်း အကြီးဆုံး လူနည်းစု ၃ ခုတွင် တစ်ခုပါအ၀င်အဖြစ်သည်။

    Ref: Aljazeera