News @ M-Media
Tag: US Muslims
  • တိုင်းပြည်ကို စောင့်ရှောက်သည့် မွတ်စလင်များကို လစ်လျူမရှုရန် ထရမ့်ကို နယူးယောက်မြို့တော်ဝန် သတိပေး
    တိုင်းပြည်ကို စောင့်ရှောက်သည့် မွတ်စလင်များကို လစ်လျူမရှုရန် ထရမ့်ကို နယူးယောက်မြို့တော်ဝန် သတိပေး
    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media
    turmp
    – နုယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာဆီယိုက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗုဒ္ဓဟူးနေ့ မျက်နှာချင်းဆိုင်တွေ့ဆုံတဲ့အချိန်မှာ မွတ်စလင်တွေကလည်း အမေရိကန်လူ့အဖွဲ့အစည်းကို ကာကွယ်ပေးနေတယ်ဆိုတဲ့အကြောင်း အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    လုံခြုံရေးတွေ၊ လက်ထောက်တွေမပါဘဲ နှစ်ဦးချင်း အဲဒီလို မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ ၆၂ မိနစ်တာ ကြာမြင့်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ထရမ့်ဟာ ဒီ ဘလာစီယိုကို နယူးယောက်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးမြို့တော်ဝန်လို့ သမုတ်ခဲ့ဖူးပါတယ်။
    သူဌေးတွေအတွက် အခွန်လျှော့မှာတွေ၊ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မောင်းထုတ်မှာတွေ၊ ရာဇ၀တ်မှုတွေကိုနှိမ်နင်းဖို့ လူမျိုးရေးခွဲခြားတဲ့ ရဲလုပ်ငန်း လုပ်ဆောင်မှာတွေအတွက် စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ကြောင်း ဒီဘလာဆီယိုက Twitter စာမျက်နှာကနေတစ်ဆင့် သူနဲ့ ထရမ့် တွေ့ဆုံမှု အကြောင်းကို မျှဝေခဲ့ပါတယ်။
    နောက်ပြီး ဘီဘလာဆီယိုက သူအနေနဲ့ ထရမ့် တစ်ခါမှမကြားဖူးတဲ့စကားကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
    “ရွေးကောက်ခံသမ္မတကို ဘယ်သူမှ သိပ်မသိကြတဲ့ အကြောင်းတွေလည်း ပြောခဲ့ပါသေးတယ်။ နယူးယောက် ရဲတပ်ဖွဲ့အတွင်း မွတ်စလင် ၉၀၀ လောက်ရှိပြီး ကျွန်တော်တို့ကို ကာကွယ်ပးနေတယ်ဆိုတာကိုလည်း ပါပါတယ်” လို့ မြို့တော်ဝန်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ထရမ့်ဟာ သူ့ရဲ့မဲဆွယ်ပွဲအတွင်းမှာ မွတ်စလင်တွေကို စော်ကားပြောဆိုမှုတွေ ရှိခဲ့ပြီး နယူးယောက်မြို့တော်ဝန်က ဒီလို ငါ့စကားနွားရတွေပြောပြီး နေ့စဉ် တိုင်းပြည်ကို စောင့်ရှောက် ကာကွယ်ပေးနေတဲ့ မွတ်စလင်တွေရဲ့ သစ္စာစောင့်သိမှုကို လစ်လျူမရှုဖို့ အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
    နယူးယောက် ရဲမင်းကြီးဟောင်း ဘီလ် ဘရက်တန်ကလည်း နယူးယောက်ရဲဌာနမှာအလုပ်လုပ်နေတဲ့ မွတ်စလင်ရဲဝန်ထမ်းက တော်တော်များများကို ထရမ့်တာဝါမှာ တာဝန်ပေးထားပြီး ထရမ့်ကို ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
    Ref: mic.com
  • မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးကာ အမုန်းကို ဆန့်ကျင်လိုက်တဲ့ အမေရိကန်ကျောင်းသားများ
    မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးကာ အမုန်းကို ဆန့်ကျင်လိုက်တဲ့ အမေရိကန်ကျောင်းသားများ
    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    michigan
    မွတ်စလင်များ ၀တ်ပြုနေစဉ်
    – အမေရိကန်မှာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေ မြင့်တက်လာတဲ့အချိန် မီချီဂန်တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေက သူတို့ရဲ့ ကျောင်းနေဖက် မွတ်စလင်သူငယ်ချင်းတွေ ဘုရားဝတ်ပြုမှုကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး အမုန်းတရားတွေကို လှလှပပလေး တုန့်ပြန်သွားခဲ့ပါတယ်။
    မွတ်စလင်ကျောင်းသားတွေဟာ သူ့တို့ရဲ့ အယူဝါဒတွေကို ကျင့်သုံးဖို့အတွက် ခြိမ်းခြောက်ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေက တက္ကသိုလ်ရဲ့ ရင်ပြင်ကြီးမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ မွတ်စလင်တွေရဲ့ ညဉ့်ဦးယံဝတ်ပြုမှု (အီရှာဝတ်ပြုမှု) ကို ၀န်းရံပေးခဲ့ကြတာပါ။
    ဒီဝတ်ပြုမှုကို တက္ကသိုလ်ရဲ့ မွတ်စလင်ကျောင်းသားများအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အသင်းဥက္ကဌ ဖာရ်ဟန် အလီကတော့ မိမိတို့အနေနဲ့ မွတ်စလင်ဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့အကြောင်းကို ပြသချင်တဲ့အတွက် ဒီလို စုပေါင်းဝတ်ပြုမှုကို ပြုလုပ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
    “တစ်ချို့တွေကျတော့လည်း ၀တ်ပြုနေတဲ့အချိန်မှာ ကျွန်တော်တို့ တိုက်ခိုက်ခံရမလားဆိုပြီး စိုးရိမ်ကြတာပေါ့လေ။ ဒါ့ကြောင့် ကျွန်တော်တို့ကို အားပေးကူညီဖို့အတွက် မိတ်ဆွေတွေခေါ်ဖို့ အတွေးရခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားဝတ်ပြုနေတဲ့အချိန် သူတို့ ကျွန်တော်တို့ပတ်လည်မှာ ၀ိုင်းလိုက်ပြီး လုံခြုံရေးအတွက် အကာကွယ်ပေးခဲ့ကြပါတယ်” လို့ အလီက ဖွင့်ဟခဲ့ပါတယ်။
    ဒါပေမယ့် အလီတစ်ယောက် ၀တ်ပြုမယ့်မွတ်စလင်တွေနဲ့ စောင့်ရှောက်ပေးမယ့် မွတ်စလင်မဟုတ်သူတွေ ဒီလောက်များလိမ့်မယ်လို့တော့ မထင်ခဲ့ပါဘူး။
    “၀တ်ပြုဖို့နဲ့ ကျွန်တော်တို့ကို စောင့်ရှောက်ဖို့ အဖွဲ့နှစ်ခုစလုံးအတွက် လူတွေ ရာနဲ့ချီ လာရောက်ကြတာပါ။ စောင့်ရှောက်ခဲ့တဲ့ ပမာဏကတော့ တော်တော်လေးကို အံ့သြစရာကောင်းပါတယ်။ ဒါက မွတ်စလင်ကျောင်းသားတွေကို စိုးရိမ်စိတ် လျော့ကျစေပြီး ကျွန်တော်တို့ဖက်က မားမားမတ်မတ်ရပ်တည်လိုတဲ့သူတွေ ရှိပါလားဆိုတာကိုလည်း ပြသနေတာဖြစ်ပါတယ်”
    တက္ကသိုလ်ရဲ့ အီမာမ်ဖြစ်သူ မိုဟာမက် အစ်ရှ်တီယက်ကတော့ မွတ်စလင်တွေကို အားပေးထောက်ခံဖို့ ရောက်လာတဲ့ အဲဒီ လူအုပ်စုတွေမှာ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ လူပေါင်းစုံ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး အချို့လူတွေက ‘ခင်ဗျားတို့လည်း ဒီနိုင်ငံသားတွေပါပဲ’ ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
    “ညက သိပ်အေးပေမယ့် ကျွန်တော်တို့ကို စောင့်ရှောက်ခဲ့တဲ့ပမာဏကတော့ ကြက်သီးထစရာပါပဲ။ ဒီလို စည်းလုံးညီညွှတ်မှု ပြယုဂ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေပါတယ်” လို့ အစ်ရှ်တီယက်က ပြောကြားခဲ့ပါတယ်။
    ဒီလို အီရှာဝတ်ပြုမှုကို တက္ကသိုလ်ပရဝုဏ်ထဲမှာ စုပေါင်းဝတ်ပြုတာဟာ ဟီဂျဘ်ဝတ်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို အပြင်လူတစ်ယောက်က အရှက်ရအောင်လုပ်ခဲ့မှုကို တုန့်ပြန်တဲ့အနေနဲ့ မွတ်စလင်ကျောင်းသားများအသင်းက စီစဉ်တာဖြစ်ပါတယ်။
    us-3
    မွတ်စလင်များ၏ ၀တ်ပြုမှုကို စောင့်ကြပ်ပေးနေသော လူအုပ်ကြီး
    ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်တစ်ဝှမ်းက မွတ်စလင်တွေနဲ့ အခြားသော လူနည်းစုတွေအပေါ် အရှက်ရအောင်ပြုလုပ်မှုတွေ၊ ရန်စန်မှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။
    ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း မီချီဂန်တက္ကသိုလ်က မွတ်စလင်လူ့အဖွဲ့အစည်းမှာ ၀မ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ မလွယ်ကူမှုတွေ ၀င်ရောက်လာခဲ့တယ်လို့ အလီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့အုပ်စုဟာ စုစုစည်းစည်းစည်းဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့ရဲ့ အင်္ကျီလက်တွေကို ခေါက်တင်ပြီး အလုပ်ပြန်လုပ်ရပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့အတူ တိုက်ခိုက်မှုက အဆုံးမသတ်သွားတာကြောင့်ပါ။ ကျွန်တော်တို့ကိုစာနာတဲ့ မိတ်ဆွေတွေရှိတယ်။ ခုခံနိုင်စွမ်းရှိနေပြီး တိုက်ခိုက်မှုတွေကို ကြောက်ရွံ့တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိနေပါတယ်”
    Ref: huffingtonpost
  • ၀ါရှင်တန်မှ ကုရ်အာန်ပြပွဲတွင် သက်တမ်းရင့်လက်ရေးမူများ ပါဝင်
    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    quran
    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် ကုရ်အာန်ဆိုင်ရာ အနုပညာပြပွဲတစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စတင်ခဲ့ပြီး သမိုင်းတစ်လျှောက် အဖိုးမဖြတ်နိုင်သည့် လက်ရေးမှုပေါင်း ၆၀ ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။
    ပြပွဲတွင် ပြသထားသည့် အဆိုပါလက်ရာများမှာ မြောက်အာဖရိကမှ တူရကီ၊ အီရန်နှင့် အာဖဂန်နစ္စတန်တို့အထိ အစ္စလာမ်ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်အရင်က ရေးသားခဲ့သည့် လက်ရာများဖြစ်သည်။
    The Art of the Quran ဟု အမည်ပေးထားသည့် အဆိုပါ ပြပွဲကို စာကြည့်တိုက်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် နမည်ကျော်သော Smithsonian Institution အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Arthur M. Sackler Gallery အနုပညာပြခန်းတွင် ပြလုပ်ခြင်းဖြစ်ကာ ပြခန်းတာဝန်ခံ မာဆူမာ ဖာဟဒ်က ကုရ်အာန်လက်ရာများကို စုဆောင်းရသည့် တာဝန်ကို ရယူထားသည်။
    ပြခန်းသို့ လာရောက်သူများ ပထမဆုံး တွေ့မြင်ရန်အတွက် ချိတ်ဆွဲထားသည့် အရောင်အသွေးစုံလင်၍ ကြီးမားသော လက်ရေးမူ ကားချပ်နှင့်ပတ်သက်၍ သူမက “ဒါဟာ အကြီးဆုံးနဲ့ အလေးချိန်အစီးဆုံးပါ။ ဒီကားရဲ့ အလေးချိန်က ၆၀ ကီလိုလောက် ရှိပါတယ်။ အင်မတန် အံ့သြမှင်သက်လောက်စရာပါပဲ။ ဒီကားချပ်တွေဟာ အဓိကအားဖြင့် ခန့်ထည်အောင် ချိတ်ဆွဲဖို့ဖြစ်ပါတယ်။ အဲဒီကားတွေကို ဗလီတွေ၊ ဂူဗိမာန်တွေမှာ ချိတ်ဆွဲဖို့အတွက် လက်ဆောင်ပေးကြတာမျိုးပါ” ဟု ပြောကြားခဲ့သည်။
    ပြပွဲတွင် ခင်းကျင်းပြသထားသည့် လက်ရာအများစုမှာ အစ္စတန်ဘူလ်ရှိ တူရကီနှင့် အစ္စလာမ့်အနုပညာဆိုင်ရာ ပြတိုက်မှဖြစ်ပြီး အချို့လက်ရာများမှာ Smithsonian Institution အသင်း၏ ကိုယ်ပိုင်စုဆောင်းမှုဖြစ်သည်။
    သက်တမ်းအရင့်ဆုံး ကုရ်အာန်လက်ရေးမူမှာ ၇ ရာစုက ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် ရေးသားခဲ့သည့် လက်ရေးမူဖြစ်ပြီး သက်တမ်းအနုဆုံးမှာ ၁၇ ရာစု အစ္စတန်ဘူလ်မှ လက်ရာဖြစ်သည်။
    အချို့သော လက်ရာများကမူ အော်တိုမန် ဆူလ်တန်ဘုရင်များ မြှုပ်နှံထားရှိရာ ဂူဗိမာန်များမှ ရရှိခြင်းဖြစ်သည်။
    ဖာဟဒ်က ပြခန်းတွင် ခင်းကျင်းပြသထားသည့် လက်ရေးမူတစ်ချို့တွင် ကျမ်းချက်များက အတူတူပင် ဖြစ်သော်လည်း ရေးဟန်မှာ ကွဲပြားကြောင်း၊ ပညာရှင်တိုင်းက ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကုရ်အာန်ကျမ်းတော်မြတ်ကို အထူး အနုပညာလက်ရာများဖြင့် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ဥပမာအားဖြင့် စာပန်းချီပညာရှင် ယာကွတ်ရဲ့ လက်ရာတစ်ခုပေါ့ရှင်။ သူက ၁၂ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစု အစောပိုင်းတွေမှာ အစ္စလာမ်ကမ္ဘာရဲ့ အကြီးကျယ်ဆုံး စာပန်းချီပညာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်”
    အဆိုပါပြပွဲတွင် စာပန်းချီများ၏ လှပမှုနှင့် ကုရ်အာန်ကျမ်းတော်မြတ်၏ အသေးစိတ် အချက်အလက်များကို တွေ့မြင်ရမည်ဖြစ်ပြီး အချို့သော လက်ရေးမူများအတွက် ၎င်းတို့ကို ဖန်တီးသူများ၊ အစောပိုင်း ပိုင်ရှင်များအကြောင်းကိုလည်း ဖော်ပြထားသည်။
    “ဘယ်လို စိတ်ဝင်စားမှုမျိုးပဲ ရှိနေပါစေ။ လာရောက်လာပတ်သူတွေဟာ ဒီအကြောင်းအရာတွေထဲက အချို့ကို ရသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ တစ်ချို့က စာပန်းချီကို စိတ်ဝင်စားမယ်။ တစ်ချို့ကလည်း စာပန်းချီပညာရှင် တစ်ဦးချင်းစီကို စိတ်ဝင်စားမယ်၊ ဒါမှမဟုတ် အရောင်တောက်တောက်လေး ရေးထားတဲ့ လက်ရာမျိုးကို သဘောကျကြမယ်။ ကျွန်မတို့ ပြသသထားတဲ့ ပုံစံမျိုးက လာရောက်သူတွေကို တစ်ခုခုပေးဖို့ မျှော်လင့်တာ ဖြစ်ပါတယ်” ဟု ဖာဟဒ်က ပြောကြားခဲ့သည်။
    Sackler Gallery တွင် ပြသထားသည့် အဆိုပါပြပွဲကို ၂၀၁၇ ခုနှစ် ဖော်ဝါရီ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။
    Ref: VOA
  • ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းနေရာကို ရယူတော့မယ့် အမေရိကန်မွတ်စလင်အမတ်
    ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်းနေရာကို ရယူတော့မယ့် အမေရိကန်မွတ်စလင်အမတ်
    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media
    usmuslim
    – ‘အမေရိကန်ကို မွတ်စလင်တွေ ၀င်ရောက်မှု လုံးဝ ပိတ်ပစ်မယ်’ လို့ ကျွေးကြော်ခဲ့သူက အင်္ဂါနေ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
    ဒါပေမယ့် ပထမဆုံး အမေရိကန်မွတ်စလင် အောက်လွှတ်တော်အမတ် ကိသ် အယ်လီဆန်ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ မဟာဗျူဟာတွေကို ချမှတ်ပေးတဲ့ အမျိုးသား ဒီမိုကရက်တစ်ကော်မတီရဲ့ DNC မှာ ဥက္ကဌဖြစ်ရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။
    မင်နီဆိုတာပြည်နယ်ကိုယ်စားပြုတဲ့ အယ်လီဆန်ဟာ ဒီ သြဇာကြီးမားတဲ့ ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီအတွက် အယ်လီဆန်ကိုယ်တိုင်က ဘယ်လိုမှတ်ချက်မျိုးမှ မပေးသေးပေမယ့် အထက်လွှတ်တော်အမတ် ဘာရ်နီ ဆန်းဒါးရ်စ်နဲ့ အလီဇဘက်သ် ၀ါရန်၊ နယူးယောက် အထက်လွှတ်တော်အမတ် ချက်ရှူမားတို့အပါအ၀င် သြဇာကြီးမားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများကတော့ သူ့ကို ထောက်ခံထားကြပါတယ်။ ချက်ရှူးမားဟာ အထက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင်ဖြစ်ဖို့ မျှော်မှန်းထားသူပါ။ အယ်လီဆန်ဟာ အထက်လွှတ်တော်က ဒီမိုကရက်တစ်ခေါင်းဆောင် နီဗာဒါပြည်နယ်က ဟာရီ ရေ့ဒ်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
    “ကျွန်တော့်သူငယ်ချင်း ကိသ် အယ်လီဆန်ဟာ အင်မတန်တော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိတဲ့ အရှေ့ကိုကြိုမြင်သူတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်ဟာ DNC မှာ အတွေးအခေါ်အသစ်တွေ၊ ခြေလှမ်းအသစ်တွေ လိုအပ်နေတဲ့အချိန်ဖြစ်ပြီး ဒါဟာ ကိသ် (အယ်လီဆန်) ရဲ့ အချိန်ပါပဲ” လို့ ရေ့ဒ်ကထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ပါတီအတွက် ဘယ်လို လူငယ်ခေါင်းဆောင်အသစ်တွေ ပေါ်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် DNC ရဲ့ နောက်ထပ်အကြီးအကဲ ရွေးချယ်မှုဟာ ဟီလာရီ ကလင်တန်တစ်ယောက် ထရမ့်ကို မထင်မှတ်ဘဲ ရှုံးနိမ့်မှုအပြီး ဒီမိုကရက်တစ်ပါတီက ဘယ်လမ်းကြောင်းကို လျှောက်မလဲဆိုတာကိုနဲ့ ပြသမယ့် အရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။
    တကယ်လို့ အယ်လီဆန်သာ အရွေးခံရမယ်ဆိုရင် ထရမ့်ရဲ့ လူဖြူမဟုတ်သူတွေကိုအပေါ် ပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ တော်တော်လေး စိုးထိတ်မှုတွေရှိနေတဲ့ မွတ်စလင်တွေအပါအ၀င် တစ်ခြား လူမျိုးစုငယ်လေးတွေရဲ့အရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
    မင်နီယာပိုလစ်က သူ့ရဲ့ ခရိုင်ရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးမှာ အယ်လီဆန်က သူ့ပတ်ဝန်းကျင်က မွတ်စလင်တွေဟာ ထရမ့် သမ္မတဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ သူတို့အပေါ် ခွဲခြားမှုတွေ၊ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ရှိမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
    “‘ကျွန်မတို့ ကလေးတွေက သားတို့တွေ မောင်းထုတ်ခံရတော့မှာလား။ လုံခြုံမှုဆက်ရှိမှာလားဆိုပြီး မေးနေကြတယ်’ လို့ ကျွန်တာ့်ကို ပြောပြတဲ့မိခင် တစ်ယောက်မက ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကလည်း သူတို့အနေနဲ့ သူတို့ ဆန္ဒရှိရင် ဟီဂျဘ် ဆက်ဝတ်လို့ရမလားဆိုပြီး မေးကြတာတွေလည်း ရှိပါတယ်။ ဒါက ကိုယ်ပိုင်ရွေးချယ်မှုပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါမျိုးဝတ်ဆင်ဖို့ မလုံခြုံတော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါပြီ” လို့ အယ်လီဆန်က ပြောကြားခဲ့ပါတယ်။
    အရင်အင်တာဗျူးတွေတုန်းကလိုပဲ အခုအချိန်မှာလည်း အယ်လီဆန်က အံ့သြဖို့ကောင်းတဲ့ မှတ်ချက်တစ်ခု ပေးခဲ့ပါသေးတယ်။ ဒါကတော့ အခုအချိန်ဟာ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်မှာ ကြုံတွေ့ရတဲ့ အခြေအနေမျိုးထက် ပိုဆိုးတဲ့ အခြေအနေမျိုးလို့ သူက ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
    “အခုအချိန်က ပိုပြီး ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”
    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ တင်းမာမှုတွေက တစ်ဖြည်းဖြည်းလျော့ကျကာ ပုံမှန် ပြန်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ အောက်လွှတ်တော်ရဲ့ ပထမဆုံး မွတ်စလင်အမတ် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတ ဂျော့ဂ်ျ ဒဘလျူ ဘုရှ်က “‘လက်ဆွဲနှုတ်ဆက်ပြီး ‘အယ်လီဆန်ရေ – အောက်လွှတ်တော်မှာ မွတ်စလင်အမတ်တစ်ယောက် ရှိလာတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်’” လို့ ပြောကြာခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
    နောက်ပြီး အစ္စလာမ်သာသနာက ပြဿနာမဟုတ်ဘဲ့ အကြမ်းဖက်သမားတွေ၊ လူသတ်သမားတွေနဲ့ အဲဒီအရူးတွေကသာ ပြဿနာဖြစ်တယ်လို့လည်း ဘုရှ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    အယ်လီဆန်ကတော့ “ဘုရှ်ဟာ ဒီစကားအတွက် သြဘာပေးမှု သိပ်မရခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
    Ref: CNN
  • မွတ်စလင်များကို ပိတ်ပင်ရန် ထရမ့်၏ပြောကြားချက် ၎င်း၏ ၀ဘ်ဆိုက်မှ ပျောက်ကွယ်
    မွတ်စလင်များကို ပိတ်ပင်ရန် ထရမ့်၏ပြောကြားချက် ၎င်း၏ ၀ဘ်ဆိုက်မှ ပျောက်ကွယ်
    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media
    – မွတ်စလင်တွေ အမေရိကန်ထဲ ၀င်ရောက်လာမှုကို လုံးဝပိတ်ပစ်မယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို မဲဆွယ်ရေးအဖွဲ့က သူတို့ရဲ့ ၀ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
    ၂၀၁၅ ခုနှစ် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး မွတ်စလင်တွေကို အမေရိကန်ထဲဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးရင် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောကြားခဲ့တာပါ။
    ဒီလိုပြောကြားမှုအတွက်လည်း ထရမ့်ဟာ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရတာကြောင့် နောက်ပိုင်းမှာ သူနဲ့သူ့အဖွဲ့က မွတ်စလင်အားလုံးကို ဆိုလိုတာမဟုတ်ဘဲ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံကလူတွေကိုပဲ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
    ထရမ့်မဲဆွယ်ရေးဝဘ်ဆိုက်မှာ တင်ထားတဲ့ အဲဒီသတင်းဟာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းအထိ ရှိနေသေးတယ်လို့ အွန်လိုင်း cache တွေအရ သိရပြီး ညပိုင်းမှာတော့ ၀င်ရောက်ကြည့်ရှုလို့မရတော့ဘဲ ဒီသတင်းခေါင်းစဉ်ကို နှိပ်လိုက်တာနဲ့ မဲဆွယ်ပွဲအတွက် ငွေလှူဒါန်းဖို့ တိုက်တွန်းတဲ့ စာမျက်နှာကို ရောက်ရှိသွားတာဖြစ်ပါတယ်။
    ဘယ်အချိန်မှာ ဒီလိုဖယ်ရှားလိုက်တယ်ဆိုတာ အတိအကျမသိနိုင်ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းနဲ့ ညပိုင်း ကြားကာလအတွင်းသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
    ဒီလို ၀င်ရောက်ကြည့်ရှုလို့မရတော့တာနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကတော့ ဘယ်လိုထုတ်ပြန်ချက်မှ မပြုလုပ်သေးပါဘူး။
    ထရမ့်ရဲ့ ၀ဘ်ဆိုက်မှာ ဒီလို သတင်းဖယ်ရှားတာမျိုးဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဇနီးဖြစ်သူ မီလာနီယာ ထရမ့်ဟာ တက္ကသိုလ်က ဘွဲ့မရဘူးဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ၀ဘ်ဆိုက်မှာ တင်ထားတဲ့ သူမရဲ့ ကိုယ်ရေးရာဇ၀တ်ကို ဖြုတ်ချခဲ့ဖူးပါတယ်။
    Ref: independent