News @ M-Media

Tag: US Muslims

  • အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ မွတ်စလင်အမျိုးသမီး

    အမေရိကန်ရွေးကောက်ပွဲမှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ မွတ်စလင်အမျိုးသမီး

    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    us-mus

    – အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အသက် ၃၄ နှစ်အရွယ် ဆိုမာလီနွယ်ဖွာ မွတ်စလင်အမျိုးသမီး အစ်လ်ဟမ် အိုမာရ်ဟာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်လာခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

    ဆိုမာလီမှာမွေးဖွားပြီး အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့တဲ့ အစ်လ်ဟမ်ဟာ မင်နီဆိုတာပြည်နယ်လွှတ်တော်မှာ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒါဟာ အမေရိကန်ရောက် ဆိုမာလီနွယ်ဖွားတွေ နိုင်ငံရေးမှာ အမြင့်ဆုံးအဆင့်ကို ရရှိလိုက်တာလည်း ဖြစ်ပြီး အစ်လ်ဟမ်ဟာ ဆိုမာလီနွယ်ဖွားတွေထဲမှာ ပထမဆုံး လွှတ်တော်အမတ် ဖြစ်လာသူလည်း ဖြစ်ပါတယ်။

    မင်နီဆိုတာက ဆိုမာလီပြောင်းရွှေ့အခြေချသူတွေဟာ ‘အစွန်းရောက်အယူအဆတွေကို ဖြန့်ဖြူးနေတယ်’ လို့ သမ္မဖြစ်လာတဲ့ ထရမ့် ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီလို သမိုင်းဝင်းရွေးချယ်မှုကို ခံခဲ့ရတာပါ။

    မင်နီဆိုတာပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ ဆိုမာလီလူ့အဖွဲ့အစည်း အများစုရှိရာဒေသဖြစ်ပြီး လူဦးရေ ၅ သောင်းလောက် ရှိပါတယ်။

    ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အစ်လ်ဟမ်က မိမိအနေနဲ့ ပြည်နယ်လွှတ်တော်မှာ ‘ဘေးဖယ်ခံထားရသူတွေအတွက် အသံထုတ်သွားမယ်’ လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မဟာ လူငယ်တွေရဲ့ အသံတွေကို ထုတ်မယ်လို့ စဉ်းစားထားတယ်။ အရှေ့အာဖရိက လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အသံကိုလည်း ကျွန်မ ထုတ်သွားမယ်။ မွတ်စလင်တွေရဲ့ အသံကိုလည်း ထုတ်သွားမှာပါ။ အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ လူငယ်မိခင်တွေရဲ့ အသံကိုလည်း ထုတ်သွားမှာ ဖြစ်ပါတယ်” လို့ အစ်လ်ဟမ်က မင်နီဆိုတာ ပြည်သူ့ရေဒီယိုကို ပြောကြးခဲ့ပါတယ်။

    အစ်လ်ဟမ်ဟာ ဆိုမာလီမှာ ပြည်တွင်းစစ် စတဲ့အချိန် အသက် ၈ နှစ်လောက်မှာ မိသားစုနဲ့အတူ ထွက်ပြေးလာခဲ့တာပါ။

    သူတို့တွေဟာ ကင်ညာက ဒုက္ခသည်စခန်းမှာ ၄ နှစ်လောက် နေခဲ့ရပြီး နောက်ပိုင်းမှာတော့ အမေရိကန်ကို ပြောင်းရွှေ့လာကာ မင်နီဆိုတာက ဆိုမာလီ-အမေရိကန်ရပ်ကွက်မှာ အခြေချနေထိုင်ခဲ့ပါတယ်။

    ဟီဂျဘ်ကို ဂုဏ်ယူသည်

    ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ DFL ညွန့်ပေါင်းပါတီ ကိုယ်စားပြုသူ အစ်လ်ဟမ်ဟာ ရီပက်ဘလစ်ကန်ပါတီက အမတ်လောင်းတစ်ဦးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲဒီပြိုင်ဘက်က မိသားစုကိစ္စကြောင့် ရွေးကောက်ပွဲကနေ ထွက်သွားခဲ့ပါတယ်။

    သြဂုတ်လက ပြုလုပ်ခဲ့တဲ့ ပါတီအတွင်း ယှဉ်ပြိုင်မှုမှာလည်း အစ်လ်ဟမ်ဟာ မင်နီဆိုတာပြည်နယ်ရဲ့ သက်တမ်းအရင့်ဆုံး အမတ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

    မင်နီယာပိုလစ်ထုတ် Star Tribune သတင်းစာကတော့ အစ်လ်ဟမ်ကို ‘ဟီဂျဘ်ကို ဂုဏ်ယူစွာဝတ်ဆင်သည့် အမေရိကန်မွတ်စလင်’ လို့ ကင်ပွန်းတပ်ခဲ့ပြီး ‘သမိုင်းတွင် မကြုံစဖူး နုပျိုသစ်လွင်ကာ၊ မြို့ပြဆန်ပြီး လူမျိုးရေး၊ ဘာသာရေး မျှတသည့် DFL ညွှန့်ပေါင်းပါတီ၏ ခေါင်းဆောင်ပိုင်းသို့ တိုးဝင်လာသူတစ်ဦး’ လို့ အမွှမ်းတင်ခဲ့ပါတယ်။

    Ref: BBC

  • အမေရိကန်တွင် ဗလီမီးရှို့သူကို ထောင် ၅ နှစ်ချ

    အမေရိကန်တွင် ဗလီမီးရှို့သူကို ထောင် ၅ နှစ်ချ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    joplin

    – အမေရိကန်ပြည်ထောင်စုရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို မီးရှို့မှုနှင့် ဆေးခန်းတစ်ခုကို မီးရှို့ရန် ကြိုးစားမှုတို့အတွက် မစ်ဇူရီပြည်နယ်မှ အမျိုးသားတစ်ဦးအား ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခဲ့သည်ဟု သိရသည်။

    အသက် ၃၂ နှစ်အရွယ် ဂျီဒီဒီယာ စတောက်ဆိုသူဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လက ဂျိုပလင်ဗလီဝတ်ကျောင်းတော်ကို မီးရှို့ ဖျက်ဆီးမှု၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ဂျိုပလင်မြို့မှ Planned Parenthood ကို မအောင်မြင်သော မီးရှို့ရန်ကြိုးစားမှု ၂ ကြိမ် ပြုလုပ်ခဲ့မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားရေးဌာနမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    စတောက်ကမူ မိမိအနေဖြင့် အစ္စလာမ်ကို မကြိုက်ဟုဆိုပြီး မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု ပေးသည့်အတွက် ဆေးခန်းကို မီးရှို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်။

    “ပြည်သူတွေ ၀တ်ပြုရာနေရာ ဒါမှမဟုတ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုပေးရာ နေရာတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုဟာ တိုင်းပြည်ရဲ့ဥပဒေကို ချိုးဖောက်ပြီး၊ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်စေတယ်ဆိုတာကို ဒီပြဒဏ်ချမှတ်မှုက ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်တာပါပဲ” ဟု တရားရေးဌာန၏ နိုင်ငံသားအခွင့်အရေးဆိုင်ရာဌာနခွဲ အကြီးအကဲ ဗာနီတာ ဂွပ်တာက ပြောကြားခဲ့သည်။

    စတော့မှာ ထိုအမှုများအတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၇၀၂၀၀၀ ပေးရမည်ဟုလည်း တရားရေးဌာနက ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် မီးလောင်လွယ်သည့် ပစ္စည်းများထည့်ထားသော ကျောပိုးအိတ်တစ်ခုကို Planned Parenthood ဆေးခန်း၏ ခေါင်မိုးပေါ်သို့ စတောက်က ပစ်တင်ခဲ့ပြီး စနက်တံကို မီးရှို့ခဲ့သည်။ ထိုမအောင်မြင်သော ကြိုးပမ်းမှုကို လုံခြုံရေးကင်မရာဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် ၎င်းအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဗလီကို မီးရှို့ရာတွင်လည်း ထိုနည်းလမ်းအတိုင်း ပြုလုပ်ခဲ့သည်ဟု ၎င်း ၀န်ခံခဲ့သည်။

    Ref: Reuter

  • အစ္စလာမ်ကို ကိုယ့်ဆန္ဒနဲ့ကိုယ် လေ့လာသင်ယူနေတယ်လို့ ဖွင့်ဟလာတဲ့ လဲင်ဇီလိုဟန်

    အစ္စလာမ်ကို ကိုယ့်ဆန္ဒနဲ့ကိုယ် လေ့လာသင်ယူနေတယ်လို့ ဖွင့်ဟလာတဲ့ လဲင်ဇီလိုဟန်

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media

    lindsay
    – ဧပြီလတုန်းက နာမည်ကျော် ဟောလီးဝုဒ်မင်းသမီး လဲင်ဇီလိုဟန် တစ်ယောက် အစ္စလာမ်ကို ပြောင်းလဲ သက်ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း နယူးယောက်မြို့တစ်နေရာမှာ ကုရ်အာန်တစ်အုပ်ကိုင်ကာ လမ်းလျှောက်နေတဲ့ဓာတ်ပုံ ထွက်လာလို့ အုပ်အော်သောင်းနင်း ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ မင်းသမီးဟာ အာရပ်ယဉ်ကျေးမှုကို စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြခဲ့ပါတယ်။

    ဒါပေမယ့် အခုအချိန်မှတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လင်ဆေးလိုဟန် ကိုယ်တိုင်က ဖွင့်ပြောပြလာပါပြီ။ တူရကီ တီဗီရဲ့ Haber Turk အစီအစဉ်မှာ အသက် ၃၀ အရွယ် မင်သမီးက ကုရ်အာန်ကို ကိုင်ပြီး လမ်းလျှောက်တဲ့ပုံ ပေါ်ထွက်လာပြီးနောက်ပိုင်း အမေရိကန်မှာ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

    “လန်ဒန်မှာ ကျွန်မရဲ့ သိပ်ချစ်ရတဲ့၊ ကျွန်မကို တော်တော်လေး ဖေးမပေးခဲ့တဲ့ သူငယ်ချင်းတွေက ဆော်ဒီတွေပါ။ သူတို့ ကျွန်မကို ကုရ်အာန်တစ်အုပ်ပေးတယ်။ အဲဒါကို လေ့လာနေတာကြောင့် နယူးယောက်ကို ကျွန်မ ယူလာတယ်။ နာမ်ပိုင်းဆိုင်ရာ အတွေ့အကြံတစ်ခုရဖို့၊ ဘ၀ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို ရှာဖွေဖို့ ကျွန်မ နှလုံးသားကို ဖွင့်ထားပါတယ်။ ကျွန်မက ဒီလိုလူမျိုးပါ” လို့ လဲင်ဇီလိုဟန် က ပြောကြားခဲ့ပါတယ်။

    နယူးယောက်က ဒီဓာတ်ပုံ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အဖျက်သဘောမြင်တဲ့၊ အမြင်သေးသိမ်တဲ့ အမေရိကန်တစ်ချို့ရဲ့ တုန့်ပြန်မှုကိုလည်း သူမက ဒီလို ဖွင့်ဟခဲ့ပါတယ်။
    “အမေရိကန်မှာ သူတို့ ကျွန်မကို ၀ိုင်းပြီး ပြောကြတော့တာပဲ။ ကျွန်မကို စာတန်နတ်ဆိုးတစ်ယောက် ဖြစ်အောင်တောင် သူတို့ ပုံဖော်လိုက်ကြတယ်။ ကုရ်အာန်ကို ကိုင်လိုက်တာနဲ့ ကျွန်မ လူဆိုးဖြစ်သွားတာပေါ့လေ။ အဲဒီနောက်ပိုင်း ကျွန်မ (အမေရိကန်မှာ) မနေချင်တော့ဘဲ လန်ဒန်ပြန်သွားခဲ့ပါတယ်။ ကျွန်မတိုင်းပြည်မှာ လုံခြုံတယ်လို့ မခံစားရဘူးလေ။ (အစ္စလာမ်က) ကျွန်မ လေ့လာသင်ယူချင်တဲ့ ဘာသာတစ်ခုပါ။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒပါပဲ”

    နောက်ပြီး သူအနေနဲ့တောင် ဒီလို ခံစားရရင် အမေရိကန်မွတ်စလင်တွေ ဘယ်လို ခံစားရမလဲဆိုတာကိုလည်း သူမက ထောက်ပြခဲ့ပါတယ်။

    “တစ်ချိန်လုံး ဒီလိုအခြေအနေမျိုး လူဘယ်လောက်များများ ကြုံတွေ့နေရမလဲဆိုတာ ကျွန်မ စဉ်းစားလို့ကို မရပါဘူး။ ဒီလို အတွေ့အကြုံမျိုးက ကျွန်မကို တစ်စိမ်းတစ်ယောက်လို ခံစားရစေပါတယ်”

    ဒါပေမယ့် လဲင်ဇီလိုဟန် ရဲ့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်တော့မယ်ဆိုတဲ့ သတင်းဟာ အနှုတ်လက္ခဏာဆောင်တဲ့ တုန့်ပြန်မှုမျိုးတွေပဲ ရခဲ့တာ မဟုတ်ပါဘူး။ တစ်ချို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေရဲ့ အားပေထောက်ခံမှုတွေလည်း ရှိခဲ့ပါတယ်။

    လဲင်ဇီလိုဟန် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာလည်း ဆီးရီးယားနဲ့ တူရကီတို့က ဆီးရီးယားဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့သလို သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ထပ်ဆင့် ဖွင့်ဟခဲ့ပါသေးတယ်။

     

    lindsay-2
    ဧပြီလက The Sun သတင်းစာနဲ့ အင်တာဗျူးမှာတော့ လိုဟန်က အစ္စလာမ်ဟာ သူမရဲ့စိတ်ကို ငြိမ်းချမ်းစေတယ်လို့ ပြောကြားခဲ့ပြီး ဆိုရှယ်မီဒီယာပို့စ်တွေမှာလည်း အစ္စလာမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏ ရေးတင်လေ့ ရှိပါတယ်။

    အမေရိကန် အနုပညာရှင်တွေ၊ အားကစားသမားတွေ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်တာဟာ အရင်တုန်းကလည်း ရှိခဲ့ပြီး လက်ဝှေ့ကျော် မိုဟာမက်အလီနဲ့ မိုက်တိုင်ဆန်၊ အဆိုတော် အေကွန်တို့ကတော့ ထင်ရှားပါတယ်။

    မင်းသမီး လဲင်ဇီလိုဟန် တစ်ယောက် အနာဂတ်မှာ အစ္စလာမ်ရဲ့ အေးရိပ်ဆာယာအောက် ရောက်ရှိလာမလား ဆိုတာကိုတော့ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

    Ref: emirateswoman

     

  • ဒီမိုကရေစီ တိုင်းပြည်တစ်ခု၏ ဘာသာရေး လွတ်လပ်ခွင့် သရုပ်သကန် သို့မဟုတ် ဗိုလ်လောင်း ဆာနာ ဟမ်ဇီ

    ဒီမိုကရေစီ တိုင်းပြည်တစ်ခု၏ ဘာသာရေး လွတ်လပ်ခွင့် သရုပ်သကန် သို့မဟုတ် ဗိုလ်လောင်း ဆာနာ ဟမ်ဇီ

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media
    14705645_1223371607705307_6127818629342969360_n
    – အမေရိကန်ပြည်ထောင်စုရှိ သက်တမ်းအရင့်ဆုံး ကာကွယ်ရေးတက္ကသိုလ်တွင် စစ်ယူနီဖောင်းနှင့်အတူ ဟီဂျဘ်ဝတ်ဆင် တက်ရောက်ခွင့်ရသည့် ပထမဆုံး အမျိုးသမီးဗိုလ်လောင်းဖြစ်သော်လည်း ဆာနာ ဟမ်ဇီက မိမိအနေဖြင့် ရှေ့ဆောင်ပုဂ္ဂိုလ်အဖြစ် မခံစားရဟု ဆိုသည်။

    နော်ဝစ်ခ်ျကတ္ကသိုလ်၏ ဗားမောင့်စစ်ဖက်ဆိုင်ရာ ကောလိပ်မှ ဗိုလ်လောင်းရွေးချယ်ရေးတပ်ဖွဲ့တွင် ဗိုလ်လောင်းများ လိုက်နာရန်အတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တစ်သွေမတိမ်းလိုက်နာရင်း သင်ကြားမှုများကို အသေးစိတ်မှတ်သားနိုင်ရန်သာ အာရုံစိုက်သည်ဟု သူမက ဖွင့်ဟခဲ့သည်။

    အခြားသော ဗိုလ်လောင်းများနည်းသူ စစ်ချီမှု၊ ထမင်းမစားခင် တန်းစီမှု၊ အိမ်စက်ရန် အမိန်ပေးမှသာ အိပ်စက်မှု စသည့် စည်းကမ်းများကိုလည်း သူမက သင်ယူရသည်။ ရွေချယ်မှုအပြီး ဗိုလ်လောင်းတပ်ဖွဲ့၏ တရားဝင် ဗိုလ်လောင်းဖြစ်လာကာ တင်းကျပ်မှုများမှ လွတ်မြောက်လာသည့်အချိန်ကိုလည်း ဟမ်ဇီက လွမ်းဆွတ်နေသည်။

    သို့သော်လည်း ဖလော်ရီဒါပြည်နယ် ဖို့ဒ် လောက်ဒါဒါလီ ဇာတိဖြစ်ဖြစ်သော အသက် ၁၈ နှစ်အရွယ် ဟမ်ဇီ၏ ဗိုလ်လောင်းဝတ်စုံမှာ အနည်းငယ် ထူးခြားနေသည်။ အခြားသော အမျိုးသမီးဗိုလ်လောင်းများကဲ့သို့မဟုတ်ဘဲ ဟမ်ဇီမှာ စစ်ဝတ်စုံနှင့်အတူ ဟီဂျဘ်ကိုလည်း ၀တ်ဆင်သည်။

    သူမ၏ ဘ၀ရည်မှန်းချက်က မိဘများကဲ့သို့ စစ်တပ်နှင့် အစိုးရဌာနများတွင် ၀င်ရောက်ကာ တိုင်းပြည်တာဝန်ထမ်းဆောင်လိုခြင်းဖြစ်ပြီး၊ ထိုအိပ်မက်အကောင်အထည်ဖော်ရေး ကြိုးစားရာတွင် သူမ၏ ဘာသာတရားက သတ်မှတ်ထားသည့်
    ပုံစံအတိုင်း ဘ၀ကို တည်ဆောက်ချင်သည်။ ထို့ကြောင့် ယခုနှစ်အစောပိုင်း စစ်တက္ကသိုလ်သို့ လျှောက်ထားရာတွင် ဟီဂျဘ်ခေါင်းဆောင်းပုဝါ ၀တ်ဆင်ခွင့်ပေးရန် ယူနီဖောင်းရေးရာဌာနကို မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံ၏ စစ်တက္ကသိုလ် ၆ ခုမှ တစ်ခုဖြစ်သည့် နော်ဝစ်ခ်ျတက္ကသိုလ်ကလည်း သူမ၏ မေတ္တာရပ်ခံမှုကို သဘောတူခဲ့သည်။

    “ဒီခွင့်ပြုမှုက ကမ္ဘာကြီးကို ဒါမှမဟုတ် အမေရိကန်ကို ပြောင်းလဲလိုက်တာလို့ ကျွန်မ မမြင်ပါဘူး။ အမေရိကန် ကျောင်းတစ်ကျောင်းက သူတို့ရဲ့ ကျောင်းသားကို ရေတပ်အရာရှိကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင်ပေးနေတဲ့ တစ်ချိန်တည်းပဲ သူ့ရဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးခွင့် ပေးတယ်လို့ပဲ ရိုးရိုးလေး မြင်ပါတယ်” ဟု ဟမ်ဇီက ပြောကြားခဲ့သည်။

    ဟမ်ဇီ၏ မျိုးရိုးက ပြည်သူ့ဝန်ထမ်းမျိုးရိုးဖြစ်သည်။ ဖခင်ဖြစ်သူ၏ အဘွားက အမေရိကန်လေတပ်တွင် အမှုထမ်းခဲ့ပြီး၊ အဖေဘက်မှ အဘိုး၊ အဘွား နှစ်ဦစလုံးကလည်း ပေါ်တိုရီကိုရှိ အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖခင်က ဖလော်ရီဒါမှ ရဲအရာရှိတစ်ဦးဖြစ်သည်။

    မိမိအနေဖြင့် ဟီဂျဘ်ဖြင့် အများပြည်သူများရှေ့တွင် သွားလာသည့်အခါ စူးစိုက်ကြည့်မှု၊ တီးတိုးပြောဆိုမှုကို ခံခဲ့ရသော်လည်း စစ်တက္ကသိုလ်တွင် ထိုအပြုအမူမျိုးမရှိဟု ဟမ်ဇီက ဖွင့်ဟခဲ့သည်။ နော်ဝစ်ခ်ျတက္ကသိုလ်လက်အောက်ရှိ ဗားမောင့် စစ်ဖက်ဆိုင်ရာကောလိပ်တွင် တက်ရောက်သည့် မွတ်စလင်များတွင် သူမက ပထမဆုံး မဟုတ်။ သူမ၏ ဘာသာတရားအပေါ် ရန်လိုမှုက တိုင်းပြည်တာဝန်ထမ်းဆောင်ချင်သည့် သူမ၏ အိပ်မက်ကို အဆီးအတား မဖြစ်စေခဲ့။

    “ကျွန်မလုပ်နေတဲ့အရာက ဘယ်သူ့ကိုမှ အကျိုးမယုတ်စေဘူးဆိုတာ သိတဲ့အတွက် ကျွန်မ နည်းနည်းမှ မကြောက်ပါဘူး။ကျွန်မ လုပ်နေတာက တိုင်းပြည်ကို ကာကွယ်ဖို့ဖြစ်ပြီး၊ တိုင်းပြည်ကို ကာကွယ်ပေးတဲ့အဖွဲ့အစည်းနဲ့ ကျွန်မ ဆက်သွယ်ပါဝင်ခဲ့တာပါ” ဟု ဟမ်ဇီက ပြောကြားခဲ့သည်။
    14702389_1223371957705272_5283425351146399055_n
    ချာလ်စတန်၊ တောင်ကယ်ရိုလိုင်းနားတို့ရှိ စစ်တက္ကသိုလ်များက ၎င်းတို့၏ ယူနီဖောင်းပေါ်လစီတွင် ပြောင်းလဲမှုပြုလုပ်ရန် ငြင်းဆိုထားချိန် တွင် နော်ဝစ်ခ်ျစစ်တက္ကသိုလ်က ဟီဂျဘ် ၀တ်ဆင်ခွင့်ပေးမှုမှာ   ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။ ဂျူး
    အမျိုးသားများကို ယူနီဖောင်းနှင့် အတူ သံပုရာခြမ်း ဦးထုပ် ဆောင်းခွင့်ပြုခဲ့သည့် အဆိုပါ တက္ကသိုလ်က ဟီဂျဘ်ဝတ်ဆင်ရန်အတွက်လည်း လွယ်လွယ်ကူကူပင် ခွင့်ပြုခဲ့သည်။

    ဗားမောင့်ပြည်နယ်မြို့တော် မွန့်မီလီယာ၏တောင်ဘက် ၁၀ မိုင်အကွာ နော့သ်ဖီးလ်မြို့တွင်ရှိသည့် နော်ဝစ်ခ်ျတက္ကသိုလ်မှာ နိုင်ငံ၏ သက်တမ်းအရင့်ဆုံး စစ်တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။ ပြီးခဲ့သည့် နွေဦးရာသီက အရန်စစ်သားလေ့ကျင့်ရေး သင်တန်း၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။

    စစ်တက္ကသိုလ်တွင် ကျောင်းသားပေါင်း ၂၂၅၀ ရှိနေပြီး ထိုအထဲမှ ၃ ပုံ ၂ ပုံက ဗိုလ်လောင်းများဖြစ်ကြကာ ကျန်ကျောင်းသားများက စစ်ဖက်လေ့ကျင့်ရေးသင်တန်းတွင် မပါဝင်သည့် အရပ်သားကျောင်းသားများဖြစ်သည်။

    အာဖဂန်နစ္စတန်မှ မွတ်စလင်အရပ်ဖက်ကျောင်းသား အလီ ရှာဟီဒီက ၎င်းအနေဖြင့် ဟမ်ဇီနှင့် ဆုံဖူးပြီး အနီးအနားရှိ ဗလီဝတ်ကျောင်းတော်တွင်လည်း သူမနှင့်အတူ ၀တ်ပြုဆုတောင်းဖူးသည်ဟု ဖွင့်ဟခဲ့သည်။ မည်သို့ပင်ဖြစ်စေ အလီက
    ဟမ်ဇီမှာ သူမကိုယ်ကို သတိမထားမိသော်လည်း ခေါင်းဆောင်းတစ်ယောက်၏ အရည်အချင်းရှိသည်ဟု ယူဆနေသည်။

    “အနာဂတ်မှာ သူမလို ကျောင်းသားတွေ ထပ်ရှိလာမယ်ဆိုတာနဲ့ တိုင်းပြည်အတွက် စစ်တပ်မှာ အမှုထမ်းချင်ပေမယ့် သူတို့ရဲ့ အသွင်အပြင်၊ ဟီဂျဘ်တွေကြောင့် စိုးရိမ်နေကြတဲ့ မွတ်စလင်ကျောင်းသားတွေအတွက် တွန်းအား ဖြစ်လာမယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်”

    Ref: Arabnews

  • ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    trump-2

    – အမေရိကန်ပြည်ထောင်စုသို့ မွတ်စလင်များဝင်ရောက်မှုကို ပိတ်ပင်သည့် ထရမ့်၏ ပေါ်လစီကို အကောင်အထည်ဖော်ပါက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်သည်ဟု လေ့လာမှုသစ်တစ်ခုအရ သိရသည်။

    အဆိုပါလေ့လာမှုကို နိုင်ငံခြား ဆက်ဆံရေးကောင်စီမှ ပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များကို အမေရိကန်အတွင်း ၀င်ရောက်ရန် ပိတ်ပင်ပါက ခရီးသွားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် နှစ်စဉ် ကန်ဒေါ်လာ ၇၁ ဘီလီယံ ဆုံးရှုံးနိုင်သည်ကို တွေ့ရှိခဲ့သည်။

    ထိုပြင် ထိုပိတ်ပင်မှုက ခရီးသွားလာရေးလုပ်ငန်းများကို မှီခိုနေရသည့် လူ့အဖွဲ့အစည်းများ၊ ၀န်ဆောင်မှုများကိုလည်း ထိခိုက်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၅၀၀၀၀ မှ ၁၃၅၀၀၀ အထိ ဆုံးရှုံးနိုင်သည်ဟုလည်း ဆိုသည်။

    အမေရိကန် တက္ကသိုလ်နှင့် ကောလိပ်များမှ နိုင်ငံတကာ မွတ်စလင်ကျောင်းသားများ နှုတ်ထွက်သွားပါကလည်း ကန်ဒေါ်လာ ၄.၆ ဘီလီယံ နစ်နာနိုင်မည်ဖြစ်ပြီး အမေရိကန်၏ ပညာရေးစနစ်တွင် နိုင်ငံခြားကျောင်းသားများ၏ သုံးစွဲမှု ၁၅ ရာခိုင်နှုန်း ဖြစ်သည်။

    ထို့ပြင် တစ်နှစ်လျှင် မွတ်စလင်ခရီးသွား ၄.၅ သန်းမှ ၉.၃ သန်းအထိ ဆုံးရှုံးမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုများကို တားဆီးရန်အတွက် ထရမ့်က နိုင်ငံရပ်ခြားမှ မွတ်စလင်များ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်မှုကို လုံးဝ ပိတ်ပင်ရမည်ဟု ပြောကြားထားသော်လည်း အသေးစိတ်လုပ်ငန်းစဉ်ကို ထုတ်ဖော်ခြင်း မရှိသေးပေ။

    “ခရီးသွားလုပ်ငန်းဝင်ငွေမှာ လျော့ကျမှုဟာ ဒေသတွင်းလူ့အဖွဲ့အစည်း အထူးသဖြင့် ခရီးသွားလုပ်ငန်းက စီးပွားရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတဲ့ နေရာတွေမှာ သိသိသာသာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ထောက်ပံ့ရေး ကွင်းဆက်တွေလည်း ထိခိုက်ပြီး သုံးစွဲမှုတွေ လျော့ကျမယ်။ ဒေသတွင်းအစိုးရတွေရဲ့ ၀င်ငွေတွေလျော့ကျပြီး စီးပွားရေးမှာ၊ အစိုးရက ၀န်ဆောင်မှုပေးတဲ့နေရာတွေမှာ ရေရှည် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု လေ့လာမှုခေါင်းဆောင် အဒ်ဝပ် အလ်ဒင်က ပြောကြားခဲ့သည်။

    Ref : The Hill