News @ M-Media
Tag: US
  • လုံခြုံရေးအကြံပေးရာထူးအတွက် ကမ်းလှမ်းမှုကို အမေရိကန်တပ်မှူးဟောင်း ပယ်ချ
    လုံခြုံရေးအကြံပေးရာထူးအတွက် ကမ်းလှမ်းမှုကို အမေရိကန်တပ်မှူးဟောင်း ပယ်ချ
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media
    ထရမ့်၏ လုံခြုံရေးအကြံပေးရာထူးကို ပယ်ချခဲ့သော အလယ်ပိုင်း စစ်ဌာနချုပ် ဒုတိယ တပ်မှူးဟောင်း ဘော့ဘ် ဟာဝါ့ဒ်
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးရာထူးအတွက် ကမ်းလှမ်းခြင်းခံထားရသည့် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် ဒုတိယ တပ်မှူးဟောင်း ဘော့ဘ် ဟာဝါ့ဒ်မှာ ကမ်းလှမ်းမှုအား ယမန်နေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။
    ယခင် အမျိုးသားအကြံပေးအဖြစ် တာဝန်ယူထားသူ မိုက်ကယ် ဖလင်းမှာ အိမ်ဖြူတော်သို့ မရောက်ခင်က အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်နှင့် ဖုန်းဆက်စကားပြောဆိုမှု ကိစ္စကြောင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် ထရမ့်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဂျိုးဆက်ပ် ကိသ် ကဲလ်လော့ဂ်ကို ယာယီအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။
    ထို့နောက် ဟာဝါ့ဒ်အား ကမ်းလှမ်းခဲ့ပြီး CNN ၏ မေးမြန်မှုတွင် ဟာဝါ့ဒ်က စိတ်မ၀င်စားဟု ပြောကြားခဲ့သည်။
    “နိုးပါ။ ကျွန်တော် စိတ်မ၀င်စားပါဘူး။ အနားယူပြီးကတည်းက အခုလိုအခြေအနေမျိုးမှာ ရင်ဆိုင်နေရတဲ့ ငွေရေးကြေးရေးနဲ့ မိသားစုပြဿနာတွေကို ဖြေရှင်းနေရပါတယ်။ ဒီအလုပ်ဟာ တစ်နေ့ကို ၂၄ နာရီလုံးလုံး၊ တစ်ပတ်ကို ၇ ရက်လုံးလုံး အာရုံစိုက်၊ စိတ်နှစ်မြှုပ်ပြီး လုပ်ရတယ်ဆိုတာ စစ်သားတိုင်း သိကြပါတယ်။ လက်ရှိမှာ ကျွန်တော် ဒီလောက် စိတ်မနှစ်နိုင်ပါဘူး” ဟု ဟာဝါ့ဒ်က ဆိုသည်။
    ၎င်း၏ သူငယ်ချင်းဖြစ်သူက ဟာဝ့ါဒ်မှာ အိမ်ဖြူတော်အနေဖြင့် ၀ရုန်းသုန်းကား နိုင်ပုံရသောကြောင့် ထိုရာထူးကို လက်ခံရန် တွန့်ဆုတ်နေကြောင်၊ ထိုကမ်းလှမ်းမှုမှာ မစားကောင်းသောအသီးဟု ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
    ရီပက်ဘလစ်ကန် တာဝန်ရှိသူက ဟာဝါ့ဒ်မှာ အဆိုပါရာထူးကို ကိုယ်တိုင် အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်သည်ဆိုသည့် ခြွင်းချက်ဖြင့် ကမ်းလှမ်းခံခဲ့ရကြောင်း ပြောကြားခဲ့ပြီး၊ ထိုဖြစ်စဉ်နှင့် နီးစပ်သူ အကြီးတန်း ရီပက်ဘလစ်ကန်ပါတီဝင် တစ်ဦးက လုပ်ပိုင်ခွင့်ကိစ္စ ရှင်းလင်းမှုမရှိခြင်းမှာ ဟာဝါ့ဒ်၏ ငြင်းဆိုမှုအတွက် အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဆိုသည်။
    Ref: CNN
  • သမ္မထရမ့်ကို တုန့်ပြန်မည့် Day Without Immigrants လှုပ်ရှားမှု အမေရိကန်တွင် လုပ်မည်
    သမ္မထရမ့်ကို တုန့်ပြန်မည့် Day Without Immigrants လှုပ်ရှားမှု အမေရိကန်တွင် လုပ်မည်
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media
    – အမေရိကန်တွင် ပြောင်းရွှေ့အခြေချသူများက တိုင်းပြည်၏ စီးပွားရေးနှင့် နေ့စဉ်ဘ၀တွင် မည်မျှအရေးပါသည်ကို ပြသရန်အတွက် Day Without Immigrants (ပြောင်းရွှေ့အခြေချသူမရှိသော နေ့တစ်နေ့) ဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
    ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဖီလာဒဲလ်ဖီးယား၊ ၀ါရှင်တန်၊ ဘော့စတွန်၊ ချီကာဂိုနှင့် နယူးယောက်မြို့များတွင် ထိုလှုပ်ရှားမှုများကို စီစဉ်သူများမှာ ပြောင်းရွှေ့အခြေချသူများအနေဖြင့် ၎င်း၏ အလုပ်၊ ကျောင်းများသို့ မသွားရန်၊ ဈေဝယ်ထွက်ခြင်း မပြုလုပ်ရန် တိုက်တွန်းနေသည်။
    အဆိုပါ လှုပ်ရှားမှုမှာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက နိုင်ငံအတွင်း တရားမ၀င်နေထိုင်သူများအား နယ်နှင်မည့်ဆိုသည့် ပြောကြားမှု၊ နိုင်ငံအတွင်းသို့ ဒုက္ခသည်များဝင်ရောက်မှုကို ပိတ်ပင်ခြင်း၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာပိတ်ခြင်း စသည့် လုပ်ရပ်များကို တုန့်ပြန်ရန်ဖြစ်ကာ ဆိုရှယ်မီဒီယာများတွင် ထောက်ခံအားပေးမှု အများအပြား ရရှိခဲ့သည်။
    အချို့သော မြို့များမှ အလုပ်ရှင်များ၊ အသင်းအဖွဲ့များကလည်းက ထိုလှုပ်ရှားမှုတွင် ပါဝင်မည်ဟု ကြေငြာခဲ့ကြသည်။ ပြောင်းရွှေ့အခြေချသူများ၏ အဆိုပါ သပိတ်မှောက်မှုမှာ နိုင်ငံ၏ စီးပွားရေးတွင် ၎င်းတို့က မည်မျှ အရေးပါသည်ကို ကမ္ဘာကြီးအား ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။
    အမေရိကန်နိုင်ငံတွင် လိုအပ်သည့် စာရွက်စာတမ်းများမရှိဘဲ နေထိုင်သူများမှာ အနည်းဆုံး ၁၁ သန်းခန့် ရှိနေပြီး၊ Pew Research Centre က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအရ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်သားများ၏ ၉ ရာခိုင်နှုန်းခန့်မှာ အဆိုပါ အထောက်အထားမရှိသူများဖြစ်သည်ဟု ဆိုသည်။
    Ref: Aljazeera
  • ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့
    ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့
    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media
    – အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေး အမေရိကန်၏ ကာလရှည် သဘောထားကို သမ္မတ ဒေါ်နယ်ထရမ့်က အဆင့်လျှော့ချလိုက်ပြီး အစ္စရေးတစ်နိုင်ငံတည်း မူဝါဒကိုလည်း ထောက်ခံမည်ဟု ပြောကြားလိုက်သည်။
    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က နှစ်ဖက်သဘောတူညီလျှင် တစ်နိုင်ငံတည်းအဖြေကို တောက်ခံသွားမည်ဟု ဆိုသည်။
    “နှစ်နိုင်ငံပဲဖြစ်ဖြစ်၊ တစ်နိုင်ငံပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နှစ်ဖက်စလုံးက လက်ခံရင် တစ်နိုင်ငံတည်းကို ကြိုက်ပါတယ်။ နှစ်ဖက်လုံးက တစ်နိုင်ငံတည်းအဖြေကို ကြိုက်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်” ဟု ထရမ့်က နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် အမေရိကန်က ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရန်အတွက် တိုက်တွန်းအားပေးကာ လုံ့လစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း သဘောတူညီချက်အတွက် ၎င်းတို့နှစ်ဦးနှစ်ဖက် ဆွေးနွေးရမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
    အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒမှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အမေရိကန်နှင့် နိုင်ငံတကာ၏ အခြေခံမူဖြစ်ခဲ့သည်။
    ထရမ့်က ဤမူကို အလေးမထားမှုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သဘောထားကို ဆန့်ကျင်ခြင်းလည်းဖြစ်သည်။
    နေတန်ယာဟုကမူ ငြိမ်းချမ်းရေးအတွက် တင်ကြိုလက်ခံရမည့် အချက် ၂ ချက်ရှိပြီး တစ်ချက်မှာ ပါလက်စတိုင်းများအနေဖြင့် ဂျူးနိုင်ငံကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ အခြားတစ်ချက်မှာ ဂျော်ဒန်မြစ် အနောက်ခြမ်းဒေသ လုံခြုံရေးကို အစ္စရေးက ထိန်းချုပ်မှုအား လက်ခံရမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထရမ့်ကလည်း အစ္စရေးရှိ အမေရိကန်သံရုံးကို တလ်အဗီးမှ အရှေ့ဂျေရုစလင်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အရှေ့ဂျေရုစလင်မှာ အနာဂတ် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားသည်။
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် နှစ်နိုင်ငံအဖြေမှလွဲ၍ အခြားအဖြေမရှိဟု အင်္ဂါနေ့တွင် သတိပေးပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရုရှားပြဿနာကြောင့် ထရမ့်၏ လုံခြုံရေးအကြံပေး ရာထူးမှ နှုတ်ထွက်
    ရုရှားပြဿနာကြောင့် ထရမ့်၏ လုံခြုံရေးအကြံပေး ရာထူးမှ နှုတ်ထွက်
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
    M-Media
    ရာထူးမှ နှုတ်ထွက်သွားသည့် အမျိုးသား လုံခြုံရေးအကြံပေး မိုက်ကယ် ဖလင်း
    – အမေရိကန်သမ္မ ဒေါ်နယ်ထရမ့် ရာထူးမယူခင်အချိန်တွင် ရုရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဆိုသောကိစ္စကြောင့် ထရမ့်၏ လုံခြုံရေးအကြံပေး မိုက်ကယ် ဖလင်းမှာ ရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဟု သိရသည်။
    ဖလင်း၏ ထိုကဲ့သို့ ဆက်သွယ်မှုများက ၎င်း၏အခြေအနေကို အန္တရာယ်ရှိစေမည်ဟု တရားရေးဌာနက အစိုးရကို ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က သတိပေးမှုပြုလုပ်ခဲ့သည်ဆိုသည့် သတင်း ထွက်ပြီး နောက်တစ်နေ့တွင် ယခုနှုတ်ထွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
    အမေရိကန်တွင် သာမန်နိုင်ငံသားတစ်ယောက်အနေဖြင့် တိုင်းပြည်၏ သံရေးတမန်ရေးကို ဆောင်ရွက်မှုမှာ တရားမ၀င်ပေ။
    “အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာကြောင့် ကံမကောင်းစွာနဲ့ဘဲ ရုရှားသံအမတ်နဲ့ ဖုန်းပြောဆိုမှုတွေနဲ့ စပ်လျဉ်းပြီး ရွေးချယ်ခံ ဒုတိယသမ္မတနဲ့ အခြားသူတွေကို မပြည့်မစုံ ပြောလိုက်မိပါတယ်။ နှုတ်ထွက်စာကို ကျွန်တော် တင်သွင်းလိုပြီး၊ ကမ္ဘာ့အလယ်မှာ အမေရိကန်ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းဖို့ အခြေခံကျတဲ့ နည်းလမ်းတွေနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ၃ ပတ်တာအတွင်းမှာ ဆန်းသစ်ခဲ့တဲ့ သမ္မတ ထရမ့်ဆီမှာ တာဝန်ထမ်းဆောင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ဖလင်းက ၎င်း၏ နှုတ်ထွက်စာတွင် ရေးသားခဲ့သည်။
    လက်ရှိတွင် အိမ်ဖြူတာ်၏ အမျိုးသားလုံခြုံရေးကောင်စီ၏ ဦးစီးချုပ် ဗိုလ်ချုပ်ဟောင်း ကိသ် ကဲလ်လော့ဂ်ကို ယာယီ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ထားသည်။
    ဖလင်းမှာ ထရမ့်၏ ယုံကြည်အကိုးစားရဆုံးသူ ဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေးရာထူးမှာလည်း အစိုးရတစ်ခု၏ အရေးပါဆုံး ရာထူးတစ်ခုဖြစ်သည်။
    ရုရှားမှာ အမေရိကန် သမ္မတရွေးကောက်ပွဲအတွင်း အမေရိကန်အစိုးရ၏ ကွန်ပျူတာအချက်အလက်များကို ဖောက်ထွင်းမှု ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့်အချိန်တွင် ဖလင်း၏ ထိုနှုတ်ထွက်မှုက ထရမ့်အတွက် အထိနာစေမည်ဖြစ်သည်။
    ဖလင်းမှာ အမေရိကန်က ရုရှားအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရေးအပါအ၀င် အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်နှင့် အကြောင်းအရာ အများအပြားကို ပြောဆိုဆွေးနွေးခဲ့သည်ဟု ယူဆရသည်။
    Ref: Aljazeera
  • လူဖြူအစွန်းရောက် KKK အဖွဲ့၏ အဖွဲ့ခွဲခေါင်းဆောင် အသတ်ခံရ
    လူဖြူအစွန်းရောက် KKK အဖွဲ့၏ အဖွဲ့ခွဲခေါင်းဆောင် အသတ်ခံရ
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇
    M-Media
    Traditionalist American Knights မှ ခေါင်းဆောင်ဖြစ်သည်ဟု ကြေငြာထားသည့် ဖရန့် အန်ကိုနာ
    – အမေရိကန်မှ လူဖြူအစွန်းရောက် အမျိုးသားရေးအဖွဲ့ KKK ၏ လက်ခွဲအဖွဲ့ Traditionalist American Knights မှ ခေါင်းဆောင်ဖြစ်သည်ဟု ကြေငြာထားသည့် ဖရန့် အန်ကိုနာမှာ ပြီးခဲ့သည့်တစ်ပတ်က မစ်ဇူရီတွင် ပစ်သတ်ခံခဲ့ရပြီး ၎င်း၏ ဇနီးနှင့် မယားပါသားတို့အား ယမန်နေ့တွင် တရားစွဲဆိုထားသည်ဟု သိရသည်။
    ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် အန်ကိုနာ၏ အလောင်းကို Big River မြစ်ကမ်းနဖူးပေါ်တွင် စနေနေ့က တွေ့ခဲ့ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး လူသတ်မှုဖြစ်သည်ဟု ဆိုသည်။ ၀ါရှင်တန်ကောင်တီမှ သေမှုသေခင်း စုံစမ်းရေးအရာရှိ ဘရိုင်ယန် ဒီကလူးက အန်ကိုနာမှာ ပစ္စတိုဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တနင်္လာနေ့က အန်ကိုနာ၏ ဇနီး အသက် ၄၄ နှစ်အရွယ် မာလီဆာ အန်ကိုနာ၊ မယားပါသား အသက် ၂၄ နှစ်အရွယ် ပေါလ် ဂျင်ကာဆန်တို့ကို အန်ကိုနာသေဆုံးမှုနှင့်ပတ်သက်၍ ရာဇ၀တ်မှုပုဒ်များဖြင့် စွဲချက်တင်ထားသည်။
    နယူးယောက်တိုင်းမ်စ်နှင့် ယခုလအတွင်း အင်တာဗျူးတွင် မစ္စတာ အန်ကိုနာက ၎င်းမှာ KKK ၏ အဖွဲ့ဝင်ဖြစ်နေသည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိပြီး ၂၀၀၉ ခုနှစ်တွင် Traditionalist American Knights အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။
    လူမည်းများ၊ ဂျူးများနှင့် လူဖြူမဟုတ်သူများ၊ ခရစ်ယာန်ဂိုဏ်းကွဲများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လူဖြူအမျိုးသားရေးအစွန်းရောက် အဖွဲ့ KKK ၏ လက်အောက်ခံ သီးခြားအဖွဲ့ပေါင်း အနည်းဆုံး ၂၉ ခု ရှိနေသည်။
    Ref NY Times