News @ M-Media
Tag: US
  • ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    clinton
    – အင်္ဂါနေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၀ါရှန်တန်ပို့စ်နှင့် ABC သတင်းဌာနတို့က ကောက်ယူပြီး ယနေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ထက် အနည်းငယ်သာ အသာရနေသည်ဟု သိရသည်။
    ကလင်တန်ကို ထောက်ခံသူမှာ ၄၇ ရာခိုင်နှုန်းရှိပြီး ထရမ့်ကို ထောက်ခံသူမှာ ၄၄ ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။ ကလင်တန်အား ထောက်ခံသူများတွင် အမာခံအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းရှိပြီ ထရမ့်အတွက် အမာခံအရေအတွက်မှာ ၄၃ ရာခိုင်နှုန်း ရှိနေသည်။ ပြိုင်ဘက်သမ္မတလောင်းအား ဆန့်ကျင်သူများတွင် ထရမ့်ကိုထောက်ခံသူများက ပိုများနေသည်။
    အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့က သမ္မတလောင်းနှစ်ဦးမှာ ၎င်းတို့၏ နောက်ဆုံးမဲဆွယ်မှုကို ပြုလုပ်ခဲ့သည်။ နီဗာဒါတွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ မဲဆွယ်ပွဲတွင် လူဖြူအမျိုးသားတစ်ဦးက ‘သေနတ်’ ဟု အော်ခဲ့သောကြောင့် လုံခြုံရေးများမှာ ထရမ့်အား စတိတ်စင်နောက်ဖက်သို့ ခေတ္တ ခေါ်ဆောင်သွားခဲ့ရသည်။
    သို့သော်လည်း အဆိုပါ အမျိုးသားနှင့် ပတ်ဝန်းကျင်အား ရှာဖွေစစ်ဆေးမှုအရ မည်သည့်လက်နက်မှ မတွေ့ခဲ့ပေ။
    Ref: Aljazeera
  • အမေရိကန်လူမည်းဘုရားကျောင်း မီးရှို့ခံရ၊ ‘ထရမ့်ကို မဲပေး’ ဟု ရေးသွား
    အမေရိကန်လူမည်းဘုရားကျောင်း မီးရှို့ခံရ၊ ‘ထရမ့်ကို မဲပေး’ ဟု ရေးသွား
    နိုဝင်ဘာ ၄၊ ၂၀၁၆
    M-Media
    3eabf6e3120d4c7e826c0ad3a1639922_18
    – အမေရိကန်ပြည်ထောင်စု မစ်စစ္စပီတွင် လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သူများက ဘုရားကျောင်းနံရံတွင် ‘ထရမ့်ကို မဲပေးပါ’ ဟု ရေးသားခဲ့သည်။
    ဂရင်းဗီလီရှိ Hopewell MB ကျောင်းဖြစ်ပြီး အင်္ဂါနေ့ည ၉ နာရီက တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် မီးဖိုဆောင်နှင့် သင်းအုပ်ဆရာရုံးခန်းအပါအ၀င် ဘုရားကျောင်းမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်။ သို့သော် မီးရှို့တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။
    FBI က ထုတ်ပြန်သာ ကြေငြာချက်တွင် ထိုအဖြစ်အပျက်အတွင်း နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်မှုသလားဆိုသည်နှင့်ပတ်သက်၍ ဒေသတွင်း၊ ပြည်နယ်နှင့် ဖက်ဒရယ်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။
    ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိချေ။ ဂရင်းဗီလီမြို့တော်ဝန် အဲရစ် ဆင်မွန်ကမူ အဆိုပါ အဖျက်အပျက်မှာ အမုန်းအခြေခံပြီး သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်နှစ် ဇွန်လက တောင်ကယ်ရိုလိုင်းနားပြည်ယန် ချာလ်စတန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နိုင်ငံတောင်ပိုင်းရှိ ထင်ရှားသော လူမည်းဘုရားကျောင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ချာလ်စတန်ပစ်ခတ်မှုအတွင်း လူ ၉ ဦး သေဆုံးခဲ့သည်။
    Ref : Aljazeera
  • ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်
    ခင်ပွန်းကို အရွဲ့တိုက်ထီထိုးရာမှ အမေရိကန်အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ သန်းပေါက်
    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media
    lottery
    – ထီအရမ်းထိုးလွန်းတဲ့ ခင်ပွန်းသည်ကို အရွဲ့တိုက်ချင်တဲ့စိတ်နဲ့ ဈေးကြီးကြီးထီတစ်စောင်ထိုးခဲ့တဲ့ ဇနီးသည်တစ်ဦးဟာ ကံကောင်းထောက်မစွာပဲ ဒေါ်လာ တစ်သန်းဆုကြီးပေါက်ခဲ့တဲ့ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်။
    မြောက်ကယ်ရိုလိုင်းနားက ဂလန်ဒါ ဘလက်ဝဲလ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက ထီတွေထိုး ပိုက်ဆံဖြုန်းတီးနေတာကို လုံးဝ မနှစ်မြို့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့တစ်ပတ် စနေနေ့မှာတော့ သူမ အပြင်သွားကာနီး ခင်ပွန်းဖြစ်သူက ထီထိုးဖို့ မှာပါတယ်။ ဘလက်ဝဲလ်ကလည်း စိတ်ပေါက်ပေါက်နဲ့ ခါတိုင်းထက် တန်ဖိုးများတဲ့ ဒေါ်လာ ၁၀ တန် ကာရိုလိုင်းနား ခဲခြစ်သန်းထီကို ၀ယ်လာခဲ့ပါတော့တယ်။
    “ကျွန်မ တော်တော် စိတ်တိုသွားပြီး ဘာထိုးထိုး ပေါက်မှာမဟုတ်ဘူးဆိုတာကိုပြဖို့ ခဲခြစ်ထီလက်မှတ်ကို ၀ယ်လာခဲ့ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်မ စိတ်ပေါက်ပေါက်နဲ့ ‘ရှင် ပိုက်ဆံတွေ ဖြုန်းနေတာပဲ’ လို့ ဆူစောင့်ပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
    ဒါပေမယ့် သူဝယ်လာတဲ့ ဒီခဲခြစ်ထီလက်မှတ်က ကံကောင်းထောက်မစွာနဲ့ပဲ ဒေါ်လာ ၁ သန်းဆုကြီး ပေါက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကို ထီထိုးတဲ့အတွက် ထပ်ပြီး ကြိမ်းမောင်းအုံးမလားဆိုတဲ့အခါ သူမက
    “ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရတော့မှာပေါ့ရှင်။ ဒါပေမယ့် ၀င်ရကျိုးနပ်ပါတယ်” လို့ အပြုံးတစ်ပိုင်းနဲ့ ဘလက်ဝဲလ်က ပြောကြားခဲ့ပါတယ်။
    သူမက ဒီငွေတွေနဲ့ အိမ်တွေ၊ မြေတွေဝယ်ဖို့စိတ်ကူးထားပြီး မြေးနှစ်ယောက် ကောလိပ်တက်ဖို့နဲ့ သမီးဖြစ်သူကို ကူညီဖို့ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
    Ref : CNN
  • အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်
    အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်
    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media
    us
    – အမေရိကန်၏ အာဖဂန်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများနှင့်ပတ်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က လာမည့် ရက်သတ္တပတ်များအတွင်း ပြုလုပ်သွားမည်ဟု Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
    ယုံကြည်ရလောက်သည့် ရင်းမြစ်များ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သားများ၊ တာလီဘန် သောင်းကျန်းသူများအပြင်၊ အာဖဂန်အစိုးရနှင့်ပါ ဆက်နွယ်နိုင်သည့် စစ်ပွဲအတွင်း ဥပဒေချိုးဖောက်မှုများအတွက် ပြည့်ဝပြီး ခြွင်းချင်းကင်းသော စုံစမ်း စစ်ဆေးမှုတစ်ခု စတင်ရန် သီတင်းပတ်အနည်းငယ်သာလိုတော့ကြောင်း ICC ရှေ့နေချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။
    အကယ်၍ အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဆိုပါက ယင်းသို့စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ပြီး ICC မှာ ယခင်က အာဖဂန်တွင် အမေရိကန်စစ်သားများက ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အရေးယူမှုပြုလုပ်ရန် မစဉ်းစားခဲ့ဖူးချေ။
    အဆိုပါ စုံစမ်းစစ်ဆေးမှုကို ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရပြီး၊ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ မကြာသေးမီက ICC ရုံးစိုက်ရာ The Hague မြို့သို့ သွားရောက်ခဲ့ကာ စုံစမ်းစစ်ဆေးမှု၏ ဖြစ်နိုင်ချေကို သိရှိရန်ဖြစ်နိုင်သည်ဟု Foreign Policy က ထည့်သွင်းဖော်ပြခဲ့သည်။
    Ref : RT
  • သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား
    သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    turkey
    – အမေရိကန်နိုင်ငံသားများအပေါ် ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် အစ္စတန်ဘူလ်ရှိ သံရုံဝန်ထမ်းများကို နိုင်ငံအတွင်းမှာ ထွက်ခွာရန် အမိန့်ပေးထားသည်ဟု အမေရိကန်အစိုးရက ပြောကြားလိုက်သည်။
    “အစ္စတန်ဘူလ်မှာအခြေစိုက်တဲ့ ဒါမှမဟုတ် မကြာခဏနေထိုင်တဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် အစွန်းရောက်အုပ်စုတွေက ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ လုံခြုံရေးသတင်းအချက်အလက်တွေကို အခြေခံပြီးတော့မှ အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာပါ” ဟု ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။
    အမေရိကန် သံရုံးကိုမူ အစ္စတန်ဘူလ်၌ ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ယခုအမိန့်မှာ တူရကီတွင် အခြားသော သံတမန်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူများ မပါဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    တူရကီနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည်ဟု အမေရိကန်က ယခင်ကလည်း သတိပေးမှုများ ရှိခဲ့သည်။
    ထို့ပြင် တူရကီနိုင်ငံအတွင်း ရှိနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံအရှေ့တောင်ပိုင်းသို့ ခရီးသွားလာမှုကို ရှောင်ကျဉ်ရန်နှင့် မည်သည့်နေရာတွင်မဆို သတိဝိရိယရှိကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းထားသည်။
    လူ ၄၇ ဦးသေဆုံးခဲ့သည့် အစ္စတန်ဘူလ်လေဆိပ် တိုက်ခိုက်မှုအပြီး ၂ ပတ်အကြာတွင် ပြင်သစ်ကလည်း အန်ကာရာရှိ ၎င်းတို့၏ သံရုံးနှင့် သံရုံးလုပ်ငန်းများကို ယာယီပတ်ပစ်ခဲ့သည်။
    Ref: Aljazeera