News @ M-Media

Tag: US

  • အမေရိကန်တွင် ပြဿနာကြုံနိုင်သည့် နိုင်ငံသားများကို ကူညီရန် မက္ကဆီကို စီစဉ်

    အမေရိကန်တွင် ပြဿနာကြုံနိုင်သည့် နိုင်ငံသားများကို ကူညီရန် မက္ကဆီကို စီစဉ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    maxico

    – နိုဝင်ဘာ ၈ ရက် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် ဖြစ်လာနိုင်သည့် ပြဿနာများမှ ကာကွယ်ပေးရန် လုပ်ငန်းစဉ်များကို မက္ကဆီကိုနိုင်ငံက ကြေငြာခဲ့ပြီး အဆိုပါအစီအစဉ်တွင် ဖုန်းဖြင့် အကူအညီတောင်းခံနိုင်မှုလည်း ပါဝင်သည်။

    ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ထရမ့်မှာ မက္ကဆီကိုများအား လူမျိုးရေး ခွဲခြားစော်ကားမှုများ ရှိခဲ့ပြီး အမေရိကန် မက္ကဆီကို နယ်စပ်တွင် မက္ကဆီကို၏ ကုန်ကျမှုဖြင့် တံတိုင်းတစ်ခု တည်ဆောက်ရမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း နှိမ်နှင်းသွားမည်ဟု ဆိုသည်။

    မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အမေရိကန်ရှိ မက္ကဆီကိုနိုင်ငံသားများ စော်ကားမှု၊ လိမ်လည်မှုများကို ရှောင်ရှားနိုင်စေရန်အတွက် မိမိတို့၏ တယ်လီဖုန်းဖြင့်အကြံပြုမှုကို ရွှေ့ပြောင်းအခြေချ လူ့အဖွဲ့အစည်းအထိ ရောက်ရှိအောင် ချဲ့ထွင်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ၀န်ဆောင်မှုများအတွက် ဖုန်းလိုင်းကိုလည်း ၂၄ နာရီ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူများ နိုင်ငံကူလက်မှတ်၊ မွေးစာရင်း၊ သံရုံးအသိအမှတ်ပြုကဒ်များ ရရှိရန်အတွက် ၀န်ထမ်းများ ထပ်တိုး ခန့်ထားမည်ဟုလည်း ဆိုသည်။

    မက္ကဆီအနေဖြင့် မိမိတို့၏ နိုင်ငံသားများကို ကာကွယ်ရန်အတွက် အမေရိကန်ရှိ ဖက်ဒရယ်နှင့် ဒေသတွင်း အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို အားကောင်းအောင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ မက္ကဆီကန် ရွှေ့ပြောင်းအခြေချသူများအနေဖြင့် အမေရိကန်ရှိ မည်သည့် ပဋိက္ခအခြေအနေမျိုး၊ ဥပေဒေချိုးဖောက်မှုမျိုးတွင်မှ မပါဝင်ရန်လည်း ၀န်ကြီးဌာနက တိုက်တွန်းခဲ့သည်။

    လက်တင်အမေရိကန်မှ ဆင်းရဲသော ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာနှင့် အလ်ဆာဗေဒိုး နိုင်ငံများကလည်း အမေရိကန်ရှိ ၎င်းတို့နိုင်ငံသားများအား ကူညီနိုင်ရေး ပူးပေါင်းမဟာဗျူဟာ ချမှတ်ရန်အတွက် မက္ကဆီကို၏ ပံ့ပိုးမှုရရန် ကြိုးစားနေသည်ဟု ယမန်နေ့တွင် အလ်ဆာဗေဒိုး နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    china-2

    – ကမ္ဘာ့အကြီးဆုံး စီးပွားရေးရှိသည့် နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသာ နောက်ဆုံးနည်းလမ်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို အကြံပြုပြောကြားလိုက်သည်။

    “တရုတ်နဲ့ အမေရိကန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းက ပူးပေါင်းဆောင်ရွက်ရေးသာ ဖြစ်တဲ့အကြောင်းကို အချက်အလက်တွေက သက်သေပြနေပါတယ်” ဟု ဖုန်းဖြင့် စကားပြောဆိုမှုအတွင်း ရှီက ထရမ့်အား ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနမှ ဖော်ပြခဲ့သည်။

    ထို့ပြင် ပိုမိုကောင်းမွန်သည့် တရုတ်-အမေရိကန်ဆက်ဆံရေး ဖြစ်လာရန်အတွက် မိမိတို့နှစ်ဖက်စလုံးမှာ ကြိုးပမ်းအားထုတ်ရန်၊ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုးမြှင့်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုအတွက် ချီးကျူးသည့်အနေဖြင့် ပြုလုပ်သည့် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ရှီက မိမိတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာကြီးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင်တင်ပေးခဲ့သည်ဟု ဆိုသည်။

    ခေါင်းဆောင်နှစ်ဦးမှာ နီးကပ်သည့် ဆက်ဆံရးကို ထိန်းသိမ်းရး သဘောတူညီခဲ့ပြီး မကြာမီ တွေ့ဆုံရန်လည်း ရှိနေသည်။

    Ref : Presstv

  • အာဏာရပြီးရင် ထရမ့် ဘာတွေလုပ်မလဲ

    အာဏာရပြီးရင် ထရမ့် ဘာတွေလုပ်မလဲ

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    trump-2

    – ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ယူကာ ကမ္ဘာကို အံ့သြစေခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ မနေ့က CBS သတင်းဌာနနဲ့ ပထမဆုံး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။

    မိနစ် ၆၀ ကြာမြင့်ခဲ့တဲ့ အဲဒီအင်တာဗျူးမှာ ထရမ့်က သူမဲ့ဆွယ်စဉ်က ပြောခဲ့တဲ့ နယ်စပ်တံတိုင်းကာရေး၊ လိင်တူလက်ထပ်မှုနဲ့ ကလေးဖျက်ချတဲ့ကိစ္စ၊ အခွန်ကိစ္စ၊ သူ့ကိုဆန့်ကျင်တဲ့ ကိစ္စ၊ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ အဆုံးသတ်ရေး စတာတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ပေါ်လစီတွေကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ပထမဆုံးအနေနဲ့ သူအနိုင်ရမှုဟာ ပြည်တွင်းကို အာရုံစိုက်ရမယ့်အစား ပြည်ပကိုသာ ပစ်မှတ်ထားနေတဲ့ အမေရိကန်ရဲ နိုင်ငံခြားရေးပေါ်လစီအပေါ် ပြည်သူတွေရဲ့ စိတ်ပျက်မှု၊ ဒေါသထွက်မှုတွေက တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ဆိုပါတယ်။

    “အခုအချိန်ဟာ နိုင်ငံရေးသမားတွေက ပြည်သူတွေကို အလေးမထားတဲ့အချိန်ပါ။ အလုပ်အကိုင်ကိစ္စတွေမှာ အလေးမထားဘူး။ စစ်ရေးမှာလည်း သူတို့က ပြည်သူတွေကို အလေးမထားပါဘူး။ ကျွန်တော်တို့ ဒီစစ်ပွဲကို တိုက်နေရတာ ၁၅ နှစ်ရှိပြီဗျ။ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ ကျွန်တော်တို့ ကန်ဒေါ်လာ ၆ ထရီလီယံလောက် ကုန်ခဲ့တယ်။ ၆ ထရီလီယံဗျ။ အဲဒီ ပိုက်ဆံနဲ့ ကျွန်တော်တို့တိုင်းပြည်ကို ၂ ဆ ပျံနေအောင် လုပ်လို့ရတယ်။ ကျွန်တော်တို့ဆီကလမ်းတွေ၊ တံတားတွေ၊ လှိုဏ်ခေါင်းတွေနဲ့ လေဆိပ်တွေကို ကြည့်ပါ။ ဟောင်းနွမ်းဆွေးမြေ့နေပါပြီ” လို့ ထရမ့်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    နိုင်ငံအတွင်းမှာ ပြန်လည်တည်ဆောက်ရေးတွေ လုပ်လိုပေမယ့် မိမိရဲ့ ဦးစားပေးအလုပ်က နိုင်ငံကို ကာကွယ်ဖို့ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

    “(မက္ကဆီကိုနယ်စပ်က) အချို့နေရာတွေမှာ ကျွန်တော် ခြံစည်းရိုးခတ်သွားမယ်။ ဒါပေမယ့် တစ်ချို့နေရာတွေကတော့ တံတိုင်းကာတာ ပိုကောင်းပါတယ်။ ကျွန်တော် ဒီလုပ်ငန်းမှာ သိပ်တော်ပါတယ်။ ဒါကို ဆောက်လုပ်ရေးလို့ ခေါ်ပါတယ်”

    ဒါက မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရေးအတွက် ထရမ့်ရဲ့ ပြောကြားမှုဖြစ်ပြီး ဒီကိစ္စဟာ မဲဆွယ်ပွဲ တစ်လျှောက်လုံးမှာ ထရမ့် ပြောလာခဲ့တဲ့ စကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို မက္ကဆီကိုသမ္မတနဲ့ ပုပ်ရဟန်းမင်းကြီးအပါအ၀င် တော်တော်များများက ဝေဖန်ခဲ့ကြပြီး ထရမ့်ကတော့ ဒီဝေဖန်သူတွေဟာ ကျက်သရေမရှိသူတွေလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

    တရားမ၀င် ၀င်ရောက်လာသူတွေအတွက် ထရမ့်ဆောင်ရွက်မယ့် ကိစ္စကတော့ တော်တော်လေး ပြင်းပါတယ်။

    “ရာဇ၀တ်ကောင်တွေ၊ ရာဇ၀တ်မှတ်တမ်းရှိသူတွေ၊ လူဆိုးဂိုဏ်းဝင်တွေ၊ မူးယစ်ကုန်သည်တွေဟာ ၂ သန်းလောက်ကနေ ၃ သန်းအထိရှိနေပြီး သူတို့ကို ကျွန်တော်တို့တိုင်းပြည်က နှင်ထုတ်တာမျိုး၊ ဖမ်းဆီးထိန်းသိမ်းထားတာမျိုး လုပ်ဆောင်သွားမှာပါ”

    အခြားသော ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်လို့တော့ ထရမ့်မှာ ရေရာတဲ့အစီအစဉ်မျိုး မရှိသေးပါဘူး။

    “နယ်စပ်ကလည်း လုံခြုံသွားပြီ၊ အားလုံးလည်း ပုံမှန်ဖြစ်သွားပြီဆိုရင် ခင်ဗျားပြောတဲ့ ဘယ်သူတွေဟာ ကြောက်စရာကောင်းလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ။ ဒါဟာ သိပ် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့နယ်စပ်ကို လုံခြုံချင်ပါတယ်”

    နောက်ပြီး ကလေးဖျက်ချမှုဆန့်ကျင်ရေးကို သူက လုပ်ဆောင်သွားမှာဖြစ်ပြီး ‘အသက်ရှင်သန်မှုလိုလားတဲ့ တရားသူကြီးတွေ’ ခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်တာဗျူးသူ လက်စ်လီ စတာလ်က အကယ်၍များ သူ့အနေနဲ့ ကြီးမားတဲ့ တာဝန်တွေကြောင့် စိုးရိမ်တုန်လှုပ်မှုရှိလားလို့ မေးမြန်းရာမှာ ထရမ့်က “အလုပ်တာဝန်ကို လေးစားမှာဖြစ်ပေမယ့် ကျွန်တော် ကြောက်နေမှာ မဟုတ်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    နောက်ပြီး လက်တလောမှာ အားလပ်ရက်ခရီးထွက်မှာ မဟုတ်သေးဘဲ သမ္မတလစာကိုလည်း ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကရရေးတတ်တာနဲ့ ပတ်သက်လို့တော့ ထရမ့်က ရှောင်ရှားမှာဖြစ်တယ်လို့ဆိုပြီး ဆိုရှယ်မီဒီယာရဲ့ ပြန့်နှံ့နိုင်မှုကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

    “Facebook၊ Twitter နဲ့ Instagram မှာ ကျွန်တော့်ပရိတ်သတ် ၂၈ သန်း ရှိပါတယ်။ ဒါဟာ ကောင်းမွတ်တဲ့ ဆက်သွယ်ရေးပုံစံ တစ်ခုပါပဲ။ အခုအချိန်မှာ ကျွန်တော်က ဒါကို လုံးဝ စွန့်လွှတ်လိုက်ပြီ၊ မသုံးတော့ဘူးလို့ ပြောရမှာလား။ ဒါဟာ တော်တော်ကြီးမားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပါ။ ပရိတ်သတ်တွေက ထပ်တိုးနေတယ်။ မနေ့ကလည်း ၁ သိန်း ထပ်တိုးပါတယ်။ ကျွန်တော် ဒါကို စုံမက်တယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ကျွန်တော့်စကားကို လူတွေသိစေတယ်လေ။ ကျွန်တော် ပြန်ပြီး တုန့်ပြန်ပြောဆိုနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ့”

    ထရမ့်က သူ့အနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း အမေရိကန်ရဲ့ အားကိုးရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် လုပ်နိုင်တဲ့စွမ်းရည် ရှိတယ်လို့လည်း ပြောကြးခဲ့ပါတယ်။

    “ကျွန်တော်က တည်ကြည်လေးနက်သူတစ်ယောက်ပါ။ မီဒီယာက ကျွန်တော်နဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို နည်းနည်းထူးခြားနေအောင် လုပ်တယ်လို့ ထင်ပါတယ်။ နည်းနည်းရိုင်းတဲ့လူမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဒီလိုလူမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အင်မတန် တည်ကြည်လေးနက်တဲ့ လူတစ်ဦးပါ”

    နောက်ပြီး ထရမ့်က သူ့အနေနဲ့ ကောင်းမွန်တဲ့ပုံစံနဲ့ ပြောဆိုဆက်ဆံတပ်ပေမယ့် အခြေအနေပေါ်မှာ မူတည်ကြောင်း တစ်ခါတစ်ရံမှာ တင်းမာရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကမ္ဘာကြီးကိုကြည့်ရင်အခြားတိုင်းပြည်တွေကို ကျွန်တော်တို့ တိုင်းပြည်အပေါ် အမြတ်ထုတ်ကြတယ်ဗျ။ ကျွန်တော် ရဲရဲဝံ့ဝံ့ ကျွေးကြော်ချင်ကာက ‘အမေရိကန်သာ ပထမဦးစားပေး’ ဖြစ်တယ်ဆိုတာပါပဲ။ အခုလုပ်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်ကို ဆုံးရှုံးနေပါပြီ။ ဒါ့ကြောင့်ပဲ ကျွန်တော် ဒီရွေးကောက်ပွဲမှာ နိုင်တာပါ။ အလွယ်တကူ နိုင်ခဲ့တာပေါ့ဗျာ”

    Ref: RT

  • အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ

    အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ

    နိုဝင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြသူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာသည်ဟု သိရသည်။

    ဆန္ဒပြမှုများမှာ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲရလဒ်ထွက်ပြီးကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး စနေနေ့ကမူ နယူးယောက်နှင့် ချီကာဂိုမြို့ကြီးများတွင် လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကာ ‘အမုန်းမရှိရင်၊ ကြောက်ရွံ့မှုလည်းမရှိ။ ပြောင်းရွှေ့အခြေချသူတွေကို ကြိုဆိုသည်’ စသည့် ကျွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

    တိုက်ခိုက်မှုမှာ ပေါ့တ်လန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် တွေ့ဆုံစဉ် လူတစ်ဦးက ကားအတွင်းမှထွက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံရသူကို ဆေးရုံသို့ တင်ပို့ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရချေ။

    သေနတ်ဖြင့် ပစ်ခတ်သူကို ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။

    သောကြာနေ့ကလည်း မိုင်ယာမီ၊ အတ္တလန်တာ၊ ဖီလာဒဲလ်ဖီးယား၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ပေါ့တ်လန်းမြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထရမ့်၏ မက္ကဆီကန်များ၊ လူမည်းများ၊ အမျိုးသမီးများ၊ မွတ်စလင်များကို လူမျိုးရေးခွဲခြားစော်ကားမှုများကို ရှုတ်ခဲ့ကြသည်။

    အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အချို့က အမေရိကန်အလံကိုဝှေ့ယမ်းကာ၊ အချို့ကာ ‘ငါတို့သမ္မတမဟုတ်’ ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

    Ref: Aljazeera

  • ထရမ့်အနိုင်ရပြီးနောက် လူဖြူအစွန်းရောက်များက အာရှနွယ်ဖွားများကို စော်ကားမှု မြင့်တက်

    ထရမ့်အနိုင်ရပြီးနောက် လူဖြူအစွန်းရောက်များက အာရှနွယ်ဖွားများကို စော်ကားမှု မြင့်တက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    asia-1

    – မဲဆွယ်ပွဲမှာ လူမျိုးရေးခွဲခြားစော်ကားမှုစကားတွေကို တွင်တွင်သုံးခဲ့တဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၄၈ နာရီအတွင်းမှာပဲ လူမျိုးရေးခွဲခြားစော်ကားမှုတွေ တော်တော်များများ ဖြစ်ပေါ်လာတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖော်ပြမှုတွေကို တွေ့လာရပါတယ်။

    အဲဒီအထဲမှာ လူမျိုးရေးခွဲခြားစော်ကားခံရသူအများစုဟာ အာရှသားတွေဖြစ်နေပြီး အမေရိကန်ကနေ ထွက်သွားလို့ မောင်းထုတ်တာမျိုးတွေ၊ လိုက်နှောက်ရှက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    sannah အမည်နဲ့ Twitter အသုံးပြုသူ အာရှသူတစ်ဦးက သူ့ရဲ့ ၀မ်းကွဲညီမ လူမျိုးရေးခွဲခြားစော်ကားခံရမှုကို အခုလို မျှဝေခဲ့ပါတယ်။

    “(အမေရိကမှာ မွေးဖွားကြီးပြင်းတဲ့) ကျွန်မညီမဟာ (သူနေတဲ့) နယူးယောက်မှာ ထရမ့်ကိုထောက်ခံ ချီတက်နေကြတဲ့ လူအုပ်နားကနေ ဖြတ်သွားတဲ့အခါ ‘ကိုယ့်နိုင်ငံကိုပြန် သောက်တရုတ်မ (chink)’လို့ အပြောခံခဲ့ရပါတယ်”

    asia-2Kathy Mirah Tu ဆိုတဲ့ အမျိုးသမီးတစ်ဦးကလည်း သူ့အနေနဲ့ ၀ါရှင်တန်တံတားမှာ လူဖြူအမျိုးသားတစ်ဦးရဲ့ နှောက်ယှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ကိုယ်ထိလက်ရောက် စော်ကားမှုပါ ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “ဒီနေ့မှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုဖြစ် ပျက်ခဲ့ပါတယ်။ ကျွန်မဟာ ၀ါရှင်တန်တံတားမှာ လမ်းလျှောက်နေတဲ့အချိန် လူဖြူအမျိုးသားတစ်ယောက်က အရှေ့မှာပိတ်ရပ်ပြီး ‘အာရှကိုပြန်တော့’ လို့ အော်ခဲ့ပါတယ်။ ကျွန်မတော်တော်လေး တုန်လှုပ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်မ ဘာပြန်ပြောရမှန်း မသိပါဘူး။ ဒါပေမယ့် ပြဿနာမဖြစ်ချင်တဲ့အတွက် မကြားချင်ယောင်ဆောင်ပြီး ဆက်လျှောက်သွားပါတယ်။ တအောင့်ကြာတော့ အဲဒီလူကပဲ လမ်းရှေ့မှာ ပိတ်ရပ်ပြီး ‘မင်းကိုစကားပြောနေတဲ့အချိန် မင်းက ထွက်သွားတာဟာ မလေးမစားလုပ်တယ်ဆိုတာ မင်းမသိဘူးလား’ လို့ မေးပါတယ်။ ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ပြီး ‘နင့်စကားနားမထောင်ချင်တဲ့လူကို အတင်းလိုက်ပြောနေတာကရော မလေးစားရာကျတယ်ဆိုတာ နင်မသိဘူးလား’ လို့ ပြန်ပြောခဲ့ပါတယ်။ နင်ပြောသလိုပြောရရင် ငါလည်း အမေရိကန်နိုင်ငံ သားပဲ။ နင်ကငါ့ကို မောင်းထုတ်ချင်ရင် နင်လည်း နင်လာတဲ့ဆီကို ပြန်။ ငါတို့အားလုံးက ပြောင်းရွှေ့အခြေချသူတွေပဲ။ ဒီမှာ နေထိုက်တဲ့သူတွေက ဌာနေအမေရိကန်တွေ (Native American) တွေပဲရှိတယ်’ လို့လည်း ပြောခဲ့ပါတယ်။ သူက ကျွန်မပြောတာတွေကို လက်ခံဘဲ ကျွန်မကို ‘အသိဉာဏ်မရှိသူ’ လို့ ပြန်ပြောပါတယ်” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နောက်ပိုင်းမှာ အဲဒီလူဖြူအမျိုးသားရှေ့ကနေ ထွက်သွားမလို့လုပ်တဲ့အခါမှာ ဒီအမျိုးသားက လက်ဖမ်းဆွဲကာ လှည့်လိုက်ကြောင်း၊ သူ့အနေနဲ့ အလွန်စိတ်ဆိုးသွားပြီး လက်ကိုလွှတ်ဖို့ပြောတဲ့အခါ ရင့်ရင့်သီးသီးစကားတွေ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

    “တစ်မိနစ်အတွင်းမှာ ငါ့ကိုမလွှတ်ဘူးဆိုရင် ပြဿနာတက်ပြီး တစ်ယောက်ယောက်တော့ နာတော့မယ်၊ အဲဒီနာမယ့်သူက ငါမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ သူက ကျွန်မကိုလှောင်ပြီး ‘ကောင်းပြီလေ ဒါဆိုလည်း ထိုးကြတာပေါ။ ပိန်ညောင်ရိုးနင်က ငါ့ကို မနိုင်ပါဘူးကွာ’ လို့ သူက ပြန်ပြောခဲ့ပါတယ်။ သူကျွန်မကို ထိုးမယ့်ပုံစံမျိုး (တစ်ကြိမ်မက) လုပ်ပြပါတယ်။ ကျွန်မလည်း မခံနိုင်တော့ပါဘူး။ သူ ကျွန်မကို မတိုက်ခိုက်ခင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ပြီး ကိုင်ထားတဲ့သူ့လက်ကိုဖယ်ကာ လည်ပင်ကို ထိုးချလိုက်ပါတယ်။ ကျွန်မနိုင်တော့မယ်ဆိုတာသိတော့ တောက်လျှောက် ရပ်ကြည့်နေတဲ့ သူ့သူငယ်ချင်းတွေက အဲဒီတော့မှ လာဖြန်ဖြေကြပါတယ်”

    အဲဒီနောက်မှာတော့ သူတို့သူငယ်ချင်းကို စော်ကားတယ်ဆိုပြီး ရဲတိုင်ခဲ့ကာ ရဲရောက်လာတဲ့အခါမှာလည်း သူမရဲ့ စကားကို နားမထောင်ခဲ့ကြောင်း၊ လက်ထိပ်ခဲ့ပြီး အချက်အလက်တွေကို စစ်ဆေးခဲ့ကာ ဘာပြစ်မှုမှမရှိတဲ့အတွက် လက်ထိပ်ဖြုတ်ပေးခဲ့ကြောင်း ကေသီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    asia-3

    ကယ်လီဖိုးနီးယားက အမည်မဖော်လိုတဲ့ နောက်တစ်ယောက်ကတော့ သူ့အနေနဲ့ စီးကရက်ဝယ်ဖို့ စတိုးဆိုင်သွားတဲ့အချိန်မှာ လူဖြူအုပ်စုက သူ့ကိုဝိုင်းကာ မခံသာအောင်ပြောခဲ့ပြီး ‘အမေရိကန် စစ်စစ်တွေက ဒီကို ပြန်လာတော့မယ်ကွ’ လို့ ပြောခဲ့ကြောင်း၊ နောက်ပိုင်းမှာ ဘင်လာဒင်လို့ခေါ်ခဲ့ပြီး လက်ဝါးကပ်တိုင်တင် မီးရှို့ဖို့ ပြန်လာအုံးမယ်လို့ ခြိမ်းခြောက်သွားကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်က Jen Choi ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်ကတော့ ဒီလို ခွဲခြားစော်ကားမှုကို တက္ကစီ စီးရင်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်မထွက်သေးခင်ညက ဘားကနေ ပြန်ဖို့ Uber Pool တက္ကစီကို ခေါ်လိုက်တဲ့အချိန် တက္ကစီထဲမှာ အမျိုးသားခရီးသည်တစ်ဦး ပါလာခဲ့ပြီး အဲဒီခရီးသည်က ထရမ့်အမာခံ ဖြစ်ပါတယ်။ ဟီလာရီကတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမှန်း သိတဲ့လူမဟုတ်ဘူးလို့ ခရီးဖော်ကပြောတဲ့အခါမှာတော့ Jen Choi က ဟီလာရီရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ပြောလိုက်မိပါတယ်။ ရလဒ်ကတော့ ထရမ့်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံလိုက်ရတာပါပဲ။

    asia-4

    “Uber ကို ကျွန်မရပ်ဖို့ပြောလိုက်တယ်။ ကားပေါ်ကဆင်းတဲ့အခါ မျက်လုံးကနေ မျက်ရည် ပေါက်ပေါက်ကျလာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီလူရဲ့ ပါးစပ်ကထွက်တဲ့စကားဟာ အမေရိကန်တွေ သမ္မတအဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်အဖြစ်၊ လွတ်လပ်တဲ့ကမ္ဘာရဲ့ ခေါင်းဆောင်အဖြစ် ရွေးလိုက်တဲ့သူရဲ့ ပါးစပ်က ထွက်လာသလို ပေါက်လွှတ်ပဲစားစကားတွေ ဖြစ်လို့ပါပဲ” လို့ Facebook စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

    asia-7

    asia-6

    Ref: nestshark.com