News @ M-Media

Tag: US

  • ရခိုင်အကြမ်းဖက်မှုရပ်တန့်အောင် အရေးယူရန် ကုလဆိုင်ရာ အမေရိကန်သံအမတ် မြန်မာအစိုးရကိုပြော

    ဧပြီ ၂၀-၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်သည်။

    ရိုက်တာ။    ။၂၀၁၄ ခုနှစ်၊ ဧပြီ ၁၀ ရက် နယူးယော့ခ်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ဗဟို အာဖရိကနိုင်ငံအတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များ စေလွှတ်ရေး အဆိုပြုချက်အား မဲခွဲဆုံးဖြတ်အတည်ပြုပြီးနောက်၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အကြား ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်တန့်အောင် အရေးယူရန်၊ လူသားချင်းစာနာထောက်ပံ့ရေး အကူအညီလုပ်ငန်းများ ပြန်လည် စတင်စေရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်ကြောင်း ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်းသား ပါဝါ မှ မီဒီယာများသို့ ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

    unnamed

    မြန်မာနိုင်ငံအကြပ်အတည်းနှင့်ပတ်သက်သော အနှစ်ချုပ်အစီရင်ခံစာကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလလုံခြုံရေးကောင်စီထံသို့ ကုလ၏မြန်မာ့ရေးရာ အထူးအကြံပေး ဗီဂျေး နမ်ဗီးယားမှ တင်ပြပြီးနောက် ပါဝါ၏ အဆိုပါမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ၂၀၁၂ ဇွန်လကတည်းက ဖြစ်ပွားနေခဲ့သော ဘာသာရေးဆိုင်ရာအကြမ်းဖက်မှုတွင် လူပေါင်း ၂၃၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး တစ်သိန်းလေးသောင်းကျော် အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ရသည်။ ၎င်းတို့အနက် အများစုမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများ၌ ပါဝင်ပြီး ရိုဟင်ဂျာလူမျိုး တစ်သန်း အခြေချနေထိုင်လျက်ရှိသည်။

    ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေးအောက်မှ ပေါ်ထွက်လာသော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ စိတ်ဝင်စားဖွယ် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအပေါ် အကြမ်းဖက်မှုက အကြီးစား ခြိမ်းခြောက်မှုတစ်ခု သက်ရောက်လာကြောင်း ကုလအရာရှိများက သတိပေးထားပြီဖြစ်သည်။

    “ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက်ထောက်ခံသွားမှာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုထဲ အစိုးရအနေနဲ့ ထိထိရောက်ရောက် ထိုးဖောက် အရေးမယူဘူးဆိုရင် ပိုပြီးဆိုးရွားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အသက်ပေါင်းများစွာ ဆုံးရှုံးဦးမယ်၊ အရေးပေါ်လူသားချင်း စာနာမှုလုပ်ငန်းဟာလည်း ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး ” ဟု ပါဝါ၏စကားတစ်ရပ်တွင် တွေ့ရသည်။

    ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်၌ ကူညီရေးအေဂျင်စီများ၏ လုပ်ငန်းလည်ပတ်မှုကို အဓမ္မရပ်ဆိုင်းခြင်းခံရ၏။ ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့က အေဂျင်စီတို့၏ အိမ်ရာများ၊ ရုံးများ၊ ကုန်သိုလှောင်ရုံများသာမက သယ်ယူပို့ဆောင်ရေးလိုအပ်ချက်ဖြစ်သည့် လှေများကိုပါ ဖျက်ဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။

    ကူညီကယ်ဆယ်ရေးအုပ်စုများမှာ ရိုဟင်ဂျာတို့အား မျက်နှာသာပေးသည်ဟု စွပ်စွဲခံရပြီး ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးအချို့၏ အမျက်သင့်မှုကို ကာလအတန်ကြာ ခံစားခဲ့ရသည်။

    လူသားချင်းစာနာထောက်ထားရေးအုပ်စုများက မွတ်စ်လင်မ်တို့အပေါ် ဘက်လိုက်သည်ဟူသော စွပ်စွဲချက်များကို ပယ်ချထားသည့်အပြင်၊ မိမိတို့မှာ ခြိမ်းခြောက်ခြင်းနှင့် သွေးဆောင်ခြင်းကို ခံနေရကြောင်း လုပ်သားဝန်ထမ်းများစွာက ဆိုသည်။

    “ ရခိုင်ပြည်နယ်တွင်း အနေအထား၊ ရင်ကြားစေ့ညှိနှိုင်းမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းများနဲ့ပတ်သက်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲမှာ စိုးရိမ်မကင်းတဲ့အသံတွေ အများအပြား ထွက်ပေါ်ခဲ့တယ်။ တစ်ချို့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်က ခြေလှမ်းတွေကို ချီးမွှမ်းတာမျိုး ရှိကြတယ် ”။

    လုံခြုံရေးကောင်စီအစည်းအဝေးပြီးသည့်နောက် ကုလဆိုင်ရာ ဗြိတိန်၏လက်ထောက်သံတမန် ပီတာ ၀ီလ်ဆင်က အထက်ပါအတိုင်းပြောကြားကာ ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုကို အဆုံးသတ်လိုက်ရန်၊ ကူညီရေးလုပ်သားများ
    ပြန်လည်ဝင်ရောက်ဆောင်ရွက်ခွင့်ပြုရန် နှိုးဆော်တိုက်တွန်းခဲ့သည်။

    မြန်မာတို့က ရိုဟင်ဂျာများကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ရွှေ့ပြောင်းဝင်ရောက်လာသူအဖြစ် ရည်ညွှန်း၍ ဘင်္ဂလီဟု ဖော်ပြလေ့ရှိကြသည်။ စင်စစ်၌ ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်တွင် မျိုးဆက်အလီလီ နေထိုင်လာခဲ့သူများဖြစ်သည်ဟု များစွာသောသူတို့က ဆိုနေကြသည်။

    “ မြန်မာ့လူထုတွေအနေနဲ့ လူသားအားလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ အနာဂတ်တစ်ရပ်ကို ရွေးချယ်ဖို့ – ကောက်ကျစ်စွာ ထိန်းချုပ်ခံရမှု၊ အကြောက်တရားနဲ့ ခွဲခြားပိုင်းစိပ်မှုတွေကို ပယ်ချဖို့ အခွင့်အရေး ရှိနေပါတယ်။ အာဏာပိုင်အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင်၊ ဒီမိုကရေစီလမ်းခရီးပေါ်ရှိတဲ့အဟန့်အတားတွေကို တားဆီးကာကွယ်နိုင်အောင် အရေးပေါ်ခြေလှမ်းတွေ ဆောင်ရွက်ရပါလိမ့်မယ် ” ဟူ၍ ပါဝါမှ ဆိုခဲ့သည်။

    မြန်မာစစ်တပ်မှ ဘေးထွက်ထိုင်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အစားထိုးထားသော အရပ်သားတစ်ပိုင်းအစိုးရအဖွဲ့ကို သမ္မတဦးသိန်းစိန်မှ ဦးဆောင်နေသည်။ သူကိုင်တွယ်သော ပြန်လည်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အောက်ဝယ် ၁၅ နှစ်အထိ အိမ်တွင်းအကျယ်ချုပ်ခံနေရသော အတိုက်အခံအခါင်းဆောင် နှင့် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလောကသို့ တစ်ကျော့ပြန်ဝင်ခွင့် နိုင်ငံခြားခရီးစဉ်များစွာ ထွက်ခွာခွင့်ကိုလည်း ရရှိခဲ့သည်။

    Michelle Nichols ရေးသားတင်ပြ၍ Gunna Dickson မှ တည်းဖြတ်သည်။

  • ဘော်စတွန် ဗုံးကွဲခဲ့သည့်နေရာတွင် ဗုံးထောင်သည့်ပုံစံ လုပ်ကြံသော လူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

    ဧပြီ ၁၇၊ ၂၀၁၄
    M-Media

    – ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် ဘော်စတွန်မာရသွန်ပြိုပ်ပွဲ ပန်းဝင်သည့်နေရာတွင် ဗုံးထောင်သော ပုံစံ လုပ်ကြံသည့် လူတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဘော်စတွန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    201441641525691734_20

    ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဘော်စတွန်ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြီးနောက် ယမန်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ရာ ပန်းဝင်သည့်နေရာ၌ လူတစ်ဦးက ကျောပိုးအိတ်တစ်လုံးကို ပစ်ချခဲ့ပြီး ရဲအရာရှိတစ်ဦးက မသင်္ကာသောကြောင့် ထိုသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲမှူး ရန်ဒဲလ် ဟဲလ်စတီဒ်က ပြောကြားခဲ့သည်။ ထိုကျောပိုးအိတ်ထဲတွင် ထမင်းပေါင်းအိုးတစ်လုံးကို တွေ့ရှိခဲ့သည်။

    လူသုံးဦးသေဆုံးပြီး ၂၆၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ယမန်နှစ်က ဗုံးပေါက်ကွဲမှုတွင် ပြစ်မှုကျူးလွန်သူများမှာ ထမင်းပေါင်းအိုးထဲသို့ သံတိုသံစများ၊ ချွန်ထက်သော အရာတ္ထုများကို ထည့်သွင်း၍ ဗုံးကဲ့သို့ ပြုလုပ်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုံးပုံစံ လုပ်ကြံထားသည့် ထိုသူမှာ ငြိမ်းချမ်းရေးကို နှောက်ယှက်ခြင်း၊ မငြိမ်မသက်ဖြစ်အောင် ပြုလုပ်ခြင်း စသည့်စွဲချက်များဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဟဲလ်စတီဒ်က ဆိုသည်။

ုထိုကျောပိုးအိတ်အား ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖောက်ခွဲခဲ့ပြီး အခြားသော ကျောပိုးအိတ်တစ်ခုကိုလည်း အနီးအနားတွင် ထပ်မံတွေ့ရှိခဲ့သည်။ ဒုတိယကျောပိုးအိတ်အား မည်သူပိုင်ဆိုင်သည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဘောစတွန်ဗုံးပေါက်ကွဲမှု နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသည့် လူပေါင်း ၂၅၀၀ ခန့်မှာ  ထိတ်လန့်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ် ဘော်စတွန်ဗုံးပေါက်ဖောက်ခွဲမှုအား ကျူးလွန်သူမှာ ညီအကိုနှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် အကိုဖြစ်သူမှာ သေနတ်မှန်၍ သေဆုံးခဲ့သည်။ ညီဖြစ်သူမှာ ယခုလက်ရှိတွင် တရားရင်ဆိုင်နေရပြီး သေဒဏ်ကျဖွယ်ရှိနေသည်။

  • အလုပ်ခွင်တွင် အမျိုးသမီးများကို ခွဲခြား ဆက်ဆံမှုများ ရှက်စရာဖြစ်ကြောင်း အိုဘားမားဝန်ခံ

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    အလုပ်ခွင်တွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုများအတွက် ရှက်စရာဖြစ်ကြောင်း ကန်သမ္မတ အိုဘားမားဝန်ခံ

    10264946_688200531222420_3840552237327040265_n

    အလုပ်ခွင်တွင် အမျိုးသမီးများအား ခွဲခြားကာ အမျိုးသားများနှင့်တန်းတူ လုပ်ခလစာများ မပေးဘဲရှိနေသဖြင့် သမ္မတအိုဘားမားက ဤသည်မှာ ရှက်စရာဖြစ်ကြောင်း၊ အမျိုးသားများနှင့် အမျိုးသမီးများသည် ပညာရေးတွင် လည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုတွင် လည်းကောင်း တန်းတူဖြစ်နေ သော်လည်း အမျိုးသမီးများကမူ လုပ်ခလစာ လျော့၍ ရနေကြောင်းဖြင့် စနေနေ့က ရေဒီယိုနှင့် အင်တာနက် တို့မှ တဆင့် ပြောဆိုလိုက်ကြောင်း သိရသည်။

    ထို့သို့ပြောဆိုခြင်းမှာ ရီပတ်ဘလီကန်ကွန်ဂရက်အမတ် ကသေးမက်မောရစ်က အိုဘားမားအစိုးရလက်အောက်တွင် အမျိုးသမီးများ ထိခိုက်နေ ရကြောင်း ဝေဖန်အမျိုး ထွက်ပေါ်လာခြင်းဖြစ်သည်။

    ကသေးမက်မောရစ်၏ ဝေဖန်ချက်တွင် အမေရိကန်၌ လုပ်ခလစာ နည်းပါးစွာရရှိနေသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ထိုသည်ကို တိုက်ဖျက်ပြီး အမျိုးသမီးများအားလည်း အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

    Ref: huffpost

  • လေကြောင်း အန္တရာယ် ကင်းရှင်းရေး Blacklist မှ ဖိလစ်ပိုင်လေကြောင်းလိုင်းအား အမေရိကန် ပယ်ဖျက်

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ဖိလစ်ပိုင်လေကြောင်းလိုင်းအား လေကြောင်း အန္တရာယ်ကင်းရှင်းရေး blacklist အတွင်း ထည့်သွင်းထားမှုအပေါ် အမေရိကန်ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဌာန FAA က ပယ်ဖျက်လိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေညာခဲ့ပြီး ထိုကဲ့သို့ ပယ်ဖျက်ပေးခြင်းမှာ ဖိလစ်ပိုင် လေကြောင်းလိုင်း အမေရိကန်သို့ တိုးချဲ့ပြေးဆွဲရန် အတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    Philippine_Airline

    လေကြောင်း အန္တရာယ်ကင်းရှင်းရေး စနစ်များကို ဖိလစ်ပိုင်နိုင်ငံမှ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂကလည်း ၎င်းတို့၏လေပိုင်နက်အတွင်း ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပယ်ဖျက်ပေးခဲ့သည်။

    “၂ နှစ်တာကလအတွင်းမှာ အောင်မြင်မှုတစ်ခုကနေ နောက်အောင်မြင်မှုတစ်ခု ရလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ စနစ်တွေနဲ့ ကိုက်ညီအောင် လေကြောင်းကဏ္ဍတိုးမြှင့်ရေး ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့နိုင်ငံက ပြုလုပ်ခဲ့ပါတယ်” ဟု ဖိလစ်ပိုင် ပို့ဆောင်ရေးဌာနမှာ ဂျိုးဆက်ပ် အဘာယာက ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အဆင့်မြှင့်တင်မှုက နိုင်ငံ၏ စီးပွားရေး၊ ခရီးသွား ကဏ္ဍတိုးမြှင့်ခြင်း ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်သွယ်မှုများကို သိသာသောအကျိုးသက်ရောက်မှုများ ရှိလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လေကြောင်းလိုင်း၏ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီသောကြောင့် FAA မှ လေကြောင်းအန္တရာယ်ကင်းရှင်းရေး blacklist “အုပ်စု ၂” တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်းထားခြင်းဖြစ်သည်။

်ထို့ကြောင့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များမှာ အမေရိကန်သို့ ပျံသွန်းခွင့်မရဘဲ၊ ၂၀၁၀ ခုနှစ်တွင် ဥရောပ သမဂ္ဂကလည်း အန္တရာယ်ကင်းရှင်းရေး အကြောင်းကြောင့်ပင် ဖိလစ်ပိုင်လေကြောင်းလိုင်းအား ပိတ်ပင်ခဲ့သည်။

    – AFP/ac

  • ကျွန်းပိုင်ဆိုင်မှုကိစ္စ တစ်ဖက်သတ် ဆောင်ရွက်ခြင်း မပြုရန် တရုတ်အား အမေရိကန် သတိပေး

    ဧပြီ ၆၊ ၂၀၁၄
    M-Media
    201446553271580_20
    – ဂျပန်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများနှင့် ဖြစ်ပွားနေသည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများကို ဖြေရှင်းရာတွင် တစ်ဘက်သတ် ဆောင်ရွက်မှုများ မပြုလုပ်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က တရုတ်နိုင်ငံအား သတိပေး ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှု၊ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံနှင့် အငြင်းပွားနေသော ကျွန်းစုအား ရဲရဲတင်းတင်း လုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် စိုးရိမ်မှုများ တိုးပွားလာနေသည့် မဟာမိတ် ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိစဉ်အတွင်း ချက်ဟေဂယ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်မှာ မနက်ဖြန်တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

    “အင်အားကြီးနိုင်ငံတစ်ခုမှာ ကြီးမားတဲ့ တာဝန်ယူမှုလည်း ရှိရပါမယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခုပါ” ဟု ဟေဂယ်ကဆိုပြီး တရုတ်နိုင်ငံ၏ စစ်အင်အား အသုံးပြုမှုနှင့် စပ်လျဉ်း၍လည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဟေဂယ်မှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့တောင်အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသည့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများနှင့် ပတ်သက်၍ အမေရိကန်မှာ စိုးရိမ်မှု ကြီးထွားလာနေသည်ဟု သတိပေးခဲ့သည်။