News @ M-Media

Tag: US

  • အမေရိကန် စစ်တပ်တွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အစီအရင်ခံစာထွက်၊ လက်ရောက် ကျူးလွန်မှုများ

    မေ ၁၈ ၊ ၂၀၁၄
    M-Media

    2013123233124840734_20

    – လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများကြောင့် လွန်ခဲ့သည့် ၁၂ လတာအတွင်း အမှုထမ်း ၅၀၀ နီးပါးကို အမေရိကန်စစ်တပ်က ထုတ်ပယ်ခြင်း၊ အရေးယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးဌာနမှ ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုကိစ္စအပေါ် ဌာန၏ ကိုင်တွယ်ဖြေရှင်းမှုအတွက် ဝေဖန်မှုများရှိနေစဉ် တရားဝင်ထုတ်ပြန်သော အစီရင်ခံစာလည်းဖြစ်ပြီး အရေးယူခဲ့သည့် အရေအတွက်မှ ၁၃ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို တပ်တလဲလဲကျူးလွန်ကြသူများဖြစ်ကြသည်။ ပြီးခဲ့သည့် စင်ဘာ ၃၀ ရက်နေ့က ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်အတွင်း အမှုထမ်း ၄၉၆ ဦးက လိင်ပိုင်းဆိုင်ရာ နှောက်မှု ၁၃၆၆ မှုကို ကျူးလွန်ခဲ့ပြီး၊  ၅၉ ရာခိုင်နှုန်းမှာ သက်သေခိုင်ခိုင်လုံလုံရှိသည်ဟု ထိုအစီရင်ခံစာအရ သိရသည်။

    တိုင်တန်းခြင်းမရှိသည့် အမှုများရှိနေသည်ဟု ကာကွယ်ရေးအရာရှိများက ယုံကြည်နေပြီး ကျူးလွန်ခြင်းခံရပါက မည်သည့်အချိန်မဆို လာရောက်တိုင်တန်းစေချင်ကြောင်း ပင်တဂွန်မှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများကို စီမံကိုင်တွယ်ရာတွင် ပိုမိုခိုင်မာသော နည်းလမ်းများကို အသုံးပြုရန်အတွက် ကာကွယ်ရေးဌာနက မျှော်လင့်နေကြောင်း ပင်တဂွန်ကဆိုသည်။

    အမေရိကန်စစ်တပ်တွင် လိင်ပိုင်းဆိုင်ရာ လက်ရောက်ကျူးလွန်မှုများမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများထက် ပိုမိုဖြစ်ပွားလေ့ရှိပြီး ၅၀၆၁ မှုရှိကာ ပြီးခဲ့သည့် နှစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားသည်။

    Ref: Pentagon releases sexual harassment figures (Aljazeera)

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရခြင်းနှင့် ပတ်သက်ပြီး အစ္စရေးကို အမေရိကန် အပြစ်တင်

    မေ ၇ ၊ ၂၀၁၄
    M-Media
    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ရခြင်းမှာ အစ္စရေး၏ တရားမ၀င် အိမ်ရာများကြောင့်ဖြစ်သည်ဟု အမေရိကန်ဆို

    361618_Kerry

    – အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရခြင်းမှာ ပါလက်စတိုင်း ပိုင်နက်အတွင်း အစ္စရေးမှ တရားမ၀င် အိမ်ရာများ ဆောက်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု အမေရိကန် အစိုးရက အကြီးတန်းအရာရှိများက ပြောကြားလိုက်သည်။

    ငြိမ်းချမ်ရေးဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် အမေရိကန် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှ အဖွဲ့ဝင်များက အစ္စရေး သတင်းစာ Ynet နှင့်အင်တာဗျူးတွင် ဆွေးနွေးမှု ပျက်ပြားခဲ့ရခြင်းအတွက် အစ္စရေးအား အပြစ်တင်ခဲ့သည်။

    “ငြိမ်းချမ်းရေးအတွက် အားထုတ်မှု ပျက်ပြားသွားတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အစ္စရေးပြည်သူတွေကတော့ ခါးသီးတဲ့အမှန်တရားကို လစ်လျူမရှုသင့်ပါဘူး။ အဓိက အတားအဆီးက (အစ္စရေးရဲ့) တရားမ၀င်အိမ်ရာတွေကြောင့်ဖြစ်ပါတယ်” ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာရီဟာ့ဖ်က အမေရိကန်မှ ကမကထပြု၍ဆောင်ရွက်သည့် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်တန့်ခဲ့ပြီး အမေရိကန် ထိပ်တန်း ညှိနှိုင်းရေးမှူး မာတင် အင်ဒိုက်မှာလည်း အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးတို့ထံမှ အကြံဥာဏ်ရယူရန်အတွက် အမေရိကန်သို့ ပြန်သွားသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက အမေရိကန်၊ ဥရောပအနောက်ခြမ်းနိုင်ငံများ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့မှ အစိုးရအကြီးတန်းအရာရှိများပါဝင်သည့် အစ္စရေးအိမ်ရာများအရေး တံခါးပိတ်ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပါလက်စတိုင်းအာဏာပိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပါက စွန့်ပစ်ခံနိုင်ငံဖြစ်လာလိ့မ်မည်ဟု အစ္စရေးအား သတိပေးခဲ့ကြောင်း အမေရိကန် သတင်းအေဂျင်စီ Daily Beast က ဖော်ပြခဲ့သည်။

    သို့သော်လည်း အမေရိကန်ရှိ အစ္စရေးထောက်ခံသူများက ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိမိအနေဖြင့် ထိုကဲ့သို့ စကားများကို မပြောခဲ့ကြောင်း ဂျွန်ကယ်ရီက ငြင်းဆိုခဲ့သည်။

    Press TV

  • အမေရိကန်တွင် နေအိမ်အတွင်း သေနတ်သမား တဦးဝင်ရောက်ပစ်ခတ် လူ ၃ ဦး သေဆုံး

    မေ ၅ ၊ ၂၀၁၄
    M-Media

    arkansas-shooting
    – အမေရိကန်ပြည်ထောင်စု Arkansas ပြည်နယ်တွင် မိသားစုများ စုရုံးနေသည့် နေအိမ်အတွင်းသို့ သေနတ်သမားက ၀င်ရောက်ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးအပါအ၀င် ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Jonesboro  မြို့တွင် ယမန်နေ့ နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သားတစ်ဦးလည်း သေဆုံးခဲ့ကာ၊ အသက် ၈ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး အပါအ၀င် လူလေးဦး ဒဏ်ရာရရှိရခဲ့သည်။ သေဆုံးခဲ့သူ မိန်းကလေးမှာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးသည်။

    သံသယရှိသူသေနတ်သမားအား အဝေးပြေး လမ်းမတွင် ရပ်ထားသောကား အတွင်း၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး ဒဏ်ရာ ရရှိသော ကလေးငယ်နှစ်ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိနေကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ရဲအရာရှိ ဒေါက်ဖော်မန်က ပြောကြားခဲ့သည်။ သို့သော်လည်း သေနတ်သမားမှာ မိမိကိုယ်ကို ပစ်ခတ်ခြင်းဟုတ်/မဟုတ် ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    မိသားစုပါတီပွဲ ကျင်းပနေသည်ဟု ယူဆရသည်နေအိမ်တစ်ခုတွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က သေနတ်သမား တစ်ဦးမှ ၀င်ရောက်ပစ်ခတ်ခဲ့ပြီးနောက် နာရီဝက် အကြာတွင် အဝေးပြေးလမ်းဘေးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားတစ်ဦးအား သွားရောက် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိခဲ့ခြင်းဖြစ်သည်။

    သေနတ်သမားနှင့် အဆိုပါ မိသားစုမှာ မည်ကဲ့သို့ ဆက်သွယ်မှုရှိနေပြီး မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကို  စုံစမ်းလျက်ရှိနေကြာင်း ဖော်မန်က ထည့်သွင်းပြောကြားခဲ့သည်။

    AP

  • အကြမ်းဖက်နိုင်ငံများ စာရင်းတွင် အမေရိကန်က ထည့်သွင်းခဲ့မှုအား ကျူးဘား ရှုတ်ချ

    မေ ၂ ၊ ၂၀၁၄
    M-Media

    20144277374629580_20

    – အမေရိကန်အစိုးရမှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ကျူးဘား အစိုးရ ကိုယ်တိုင်က အကြမ်းဖက်ဝါဒကို အားပေးနေသည်ဟု ဖော်ပြထားမှုကို ကျူးဘားနိုင်ငံက ရှုတ်ချလိုက်သည်ဟု သိရသည်။

    အကြမ်းဖက်ဝါဒနှင့် ပတ်သက်သည့် နိုင်ငံများ စာရင်းအား အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ရာ ကျူးဘား၊ အီရန်၊ ဆူဒန်နှင့် ဆီးရီးယားနိုင်ငံတို့ ပါဝင်ခဲ့ပြီး ထိုနိုင်ငံများမှာ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်ဝါဒအား ထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။ ကျူးဘားနိုင်ငံမှာ ထိုစာရင်းတွင် ၁၉၈၂ ခုနှစ်ကတည်းကရှိနေခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သတ်မှတ်ခြင်းက ကျူးဘားနိုင်ငံအား ယခင်က ချမှတ်ထားသည့် ဆိပ်ကမ်းများသို့ ၀င်ထွက်သွားလာမှု ပိတ်ပင်ထားခြင်းထက်ပို၍ အခြားသော စီးပွားရေးပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာစေမည်ဖြစ်သည်။

    ကျူးဘားအနိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုကဲ့သို့ သတ်မှတ်ခြင်းကိုပယ်ချခဲ့ပြီး၊ မူမမှန်သော၊ တစ်ဖက်သတ်ဆန်သော၊ စိတ်အလိုအတိုင်းသတ်မှတ်ထားသော အဆိုပါစာရင်းမှ ပယ်ဖျက်ရန် တောင်းဆိုကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော ကျူးဘားအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Reuters
  • ၂၀၁၄ ခုနှစ်အကုန်တွင် တရုတ်စီးပွားရေး အမေရိကန်ကို ကျော်လွှားနိုင်ဖွယ်ရှိ

    ဧပြီ ၃၀၊ ၂၀၁၄
    M-Media
    ရဲဝင်း
    economies_chart_0
    ၂၁ ရာစုနှစ်အတွင်း တဟုန်ထိုး တိုးတက်လာနေတဲ့ တရုတ်နိုင်ငံစီးပွားရေးဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကို ၂၀၁၄ ခုနှစ်အကုန်မှာ ကျော်တက် သွားလိမ့်မယ်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့ စာရင်းအင်း တွက်ချက်မှုတွေအရ သိရပါတယ်။

    အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ ရှေ့ပြေးနိုင်ငံအဖြစ် ဦးဆောင်နေခဲ့ပြီး ၁၈၇၂ ခုနှစ်ကတည်းက အင်္ဂလန် နိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် တွက်ချက်မှုတွေအရ တရုတ်စီးပွားရေးဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံထက် ပိုမို ကြီးထွားသွားလိမ့်မယ်လို့ ဘောဂဗေဒပညာရှင်တွေက တွက်ချက်ထား ခဲ့ပေမယ့် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ်  International Comparison Program (ICP) ရဲ့ အစီရင်ခံစာမှာတော့ ယခင်တွက်ချက်ထားတာထက် တရုတ်စီးပွားရေးက ပိုမိုအားကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ဘဏ်က ကြီးမှူးတဲ့ International Comparison Program (ICP) ဟာ ကမ္ဘာ့နိုင်ငံ ၁၉၉ နိုင်ငံရဲ့ စီးပွားရေး ပမာဏကို နှိုင်းယှဉ် တိုင်းတာရာမှာ နိုင်ငံတွေရဲ့ ငွေကြေးအရ ဝယ်ယူနိုင်စွမ်း ကွာခြားမှုညွှန်းကိန်း Purchasing Power Parity (PPP) ကိုနှိုင်းယှဉ်တွက်ချက်ပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှု ဝယ်ယူနိုင်စွမ်းတွေ အပေါ်မှာအခြေခံတဲ့ ပြည်တွင်းအသားတင် စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တွေ ကို နှိုင်းယှဉ်တဲ့နည်း ကိုအသုံးပြုပြီး နိုင်ငံတွေရဲ့ စီးပွားရေး ပမာဏတွေကို နှိုင်းယှဉ်တိုင်းတာတဲ့ နည်းလမ်းဖြစ်ပါတယ်။

    ယင်းတွက်ချက်မှုတွေအရ ၂၀၀၅ ခုနှစ်မှာ တရုတ်နိုင်ငံစီးပွားရေးဟာ အမေရိကန်နိုင်ငံစီးပွားရေးရဲ့ ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ၈၇ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်က ရှေ့ပြေးနေပြီး တရုတ်နဲ့ အိန္ဒိယ စီးပွားရေးတွေက ဒုတိယနဲ့ တတိယ စီးပွားရေးအကြီးဆုံးနိုင်ငံတွေ အဖြစ် နေရာယူထားပါတယ်။

    ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြားမှာ တရုတ်စီးပွားရေးဟာ ၂၄ ရာခိုင်နှုန်းတိုးလာမှာဖြစ်ပြီး အမေရိကန်ကတော့ ၇.၆ ရာခိုင်နှုန်းသာ တိုးလာ လိမ့်မယ်လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ခန့်မှန်းထားတဲ့တွက် ၂၀၁၄ ခုနှစ်အကုန်မှာတရုတ် စီးပွားရေးက အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယ နိုင်ငံစီးပွားရေးကလည်း ၂၀၀၅ ခုနှစ်မှာ ဒဿမ နေရာမှာရှိနေခဲ့ပေမယ့် ၂၀၀၅ မှ ၂၀၁၁ ခုနှစ် ကြားကာလအတွင်း နှစ်ဆနီးပါး တိုးမြင့်လာခဲ့တဲ့ အတွက် ယခုအခါ တတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

    ကမ္ဘာ့လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိတဲ့ အချမ်းသာဆုံးနိုင်ငံတွေဟာ ကမ္ဘာ့ GDP ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကလည်း တိုးမြင့်လာတဲ့အတွက် ကမ္ဘာပေါ်မှာ ဆင်ရဲ-ချမ်းသာ ကွာခြားမှုနှုန်း လျော့ကျလာနေပါတယ်။

    ယင်းအစီရင်ခံစာမှာ လူနေမှုစရိတ် အမြင့်ဆုံးနိုင်ငံတွေ အဖြစ်  ဆွဇ္ဇလန်၊ နော်ဝေ၊ ဘာမူတ၊ သြစတေးလျနဲ့ ဒိန်းမတ် နိုင်ငံတွေဖြစ်ပြီး လူနေမှုစရိတ် အသက်သာဆုံးနိုင်ငံတွေ အဖြစ် အီဂျစ်၊ ပါကစ္စတန်၊ မြန်မာ၊ အီသီယိုပီးယားနဲ့ လာအို နိုင်ငံ တို့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။