News @ M-Media
Tag: US
  • အာရှပစိဖိတ်ဒေသ အမေရိကန်၏ ရပ်တည်ချက်မှာ ဗိုလ်ကျမှုသာဖြစ်သည်ဟု တရုတ်ဆို
    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    2014617280422734_20
    – အာရှပစိဖိတ်ဒေသရှိ အငြင်းပွားမှုများတွင် အမေရိကန်၏ ရပ်တည်ချက်က ဗိုလ်ကျစိုးမိုးမှု၊ ခြိမ်းခြောက်မှုဖြင့် ပြည့်နှက်နေသည်ဟု တရုတ် စစ်တပ်မှ အကြီးတန်း အရာရှိ ၀မ် ဂွမ်ဇွန်းက ယနေ့တွင် ပြောကြားလိုက်သည်။
    စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် Shangri-La Dialouge တွင် မိန့်ခွန်းပြောကြားပြီးနောက် သတင်းထောက်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    ထိုမှတ်ချက်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချက်ဟေဂယ်က ဒေသတွင်းနှင့် နိုင်ငံတကာ အမိန့်ကို နိုင်ငံများက စိန်ခေါ်ရန်ကြိုးစားသည့်အခါ အမေရိကန်မှာ အခြားနည်းလမ်းကို ရှာဖွေမည် မဟုတ် (စစ်တိုက်မည်)ဟု ပြောကြားမှုကို တုန့်ပြန်ပြောဆိုခြင်းလည်းဖြစ်သည်။
    ဟေဂယ်၏ အဆိုပါပြောစကားက အာရှပစိဖိတ်ဒေသအတွင်း ပြဿနာများဖြစ်ပွားရန် ရည်ရွယ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မဟာမိတ် တပ်များ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သည်ဟု ဂွမ်ဇွန်းက ထည့်သွင်းပြောကြားခဲ့သည်။ ဟေဂယ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုမှာ ဒေသအတွင်း မတည်မငြိမ်ဖြစ်စေပြီး အာရှ၏ နှစ်ရှည်တိုးတက်မှုကိုလည်း ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    တရုတ်သမ္မတ ဇီဂျင်ပင်းကမူ တရုတ်အနေဖြင့် ရန်စသော လုပ်ရပ်ကို လုပ်မည်မဟုတ်ဘဲ အခြားနိုင်ငံများက ပြုလုပ်လျှင်လည်း တရုတ်နိုင်ငံက ပြန်လည် တုံ့ပြန်သွားမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    ref:aljazeera
  • တာလီဘန် အကျဉ်းသား ၅ ဦးနှင့် အမေရိကန် အကျဉ်းသား ၁ ဦး လှဲလှယ်
    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    တာလီဘန်နှင့် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဖြင့် တစ်ဦးတည်းသော အမေရိကန်စစ်သား လွတ်မြောက်လာ
    US soldier freed in Taliban prisoner swap
    – တာလီဘန်တို့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် တစ်ဦးတည်းသော အမေရိကန်စစ်သားတစ်ဦးမှာ တာလီဘန်-အမေရိကန် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
    ကာတာအစိုးရက ကြားဝင်စေ့စပ်ပေးသောကြောင့် ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် တပ်ကြပ် ဘာ့ဂ်ဒါလ်မှာ လွတ်မြောက်လာခဲ့သည်။ ၎င်းအား ယမန်နေ့ညနေက အာဖဂန်အရှေ့ပိုင်းတွင် အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဘာ့ဂ်ဒါလ်မှာ ကျန်းမာရေးကောင်းမွန်ပြီး အာဖဂန်ရှိ အမေရိကန် လေတပ်စခန်းတွင် ဆေးစစ်ခဲ့ပြီးနောက် ဂျာမနီရှိ အမေရိကန် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု အမေရိကန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    201453120505964734_20
    အမေရိကန်ကလည်း ဆိုးရွားစွာ ညှင်းပမ်းနှိပ်စက်မှုများ ရှိနေသည်ဟု သတင်းထွက်နေသည့် ဂွာတာနာမိုအကျဉ်းစခန်းမှ တာလီဘန် အကြီးတန်း အဖွဲ့ဝင် ၅ ဦးကို C-17 လေယာဉ်ဖြင့် ကာတာသို့ ပို့ဆောင်ပေးခဲ့သည်။ တာလီဘန် အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်းတို့ဘက်မှ အကျဉ်သားလွှတ်ပေးမှုမှာ ၀မ်းမြောက်ခြင်းကို ယူဆောင်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။
    အမေရိကန်ကမူ ၎င်းတို့၏ အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော ကာတာ အစိုးရအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    Al Jazeera and agencies
  • အမေရိကန်မောင်းသူမဲ့ လေယာဉ်နှစ်စင်း ဂျပန်ရှိ စစ်အခြေစိုက် စခန်းသို့ ရောက်ရှိ
    မေ ၃၁ ၊ ၂၀၁၄
    M-Media
    20145308231551734_20
    – ဂျပန်နိုင်ငံမြောက်ပိုင်း စစ်အခြေစိုက်စခန်းတွင် ခရီးရှည်ဖြန့်ကျက်နိုင်သည့် အဆင့်မြင့် ဒရုန်းလေယာဉ်နှစ်စင်းကို အမေရိကန်လေတပ်မှ ပြီးခဲ့သည့် တစ်ပတ်က ချထားခဲ့သည်ဟု သိရသည်။
    လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အဆိုပါ Global Hawk ဒရုန်းလေယာဉ်မှာ ဂူအမ်ရှိ ပစိဖိတ်ကျွန်းသို့ ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားရှိ နျူကလီးယား ဆောင်ရွက်မှုများ၊ တရုတ်ရေတပ်၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်ရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ချထားခြင်းဖြစ်သည်ဟု ဆိုသည်။
    ဂျပန်နိုင်ငံမှာ အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး ယခုကဲ့သို့ ဒရုန်းလေယာဉ်များ ချထားခြင်းက ပစိဖိတ်ဒေသ စစ်အင်အားကို ချိန်ညှိရေး အမေရိကန်၏ ကတိက၀တ်ကို ဖြည့်ဆည်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
    ထိုကိစ္စက မောင်းသူမဲ့ လေယာဉ်အုပ်စုများ တိုးတက်လာရန် ဆောင်ရွက်နေသည့် တရုတ်နှင့် မြောက်ကိုရီးယားတို့အတွက် အနှောက်အယှက်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
    Ref: aljazeera
  • Facebook အကောင့်အတုဖြင့် အမေရိကန် တာဝန်ရှိသူချို့ကို အီရန် ဟက်ကာများ ထောက်လှမ်းခဲ့
    မေ ၂၉ ၊ ၂၀၁၄
    M-Media
    201452953040453734_20
    – အမေရိကန်နှင့် အနောက်နိုင်ငံများမှ အာဏာပိုင်များကို မိတ်ဆွေဖွဲ့၍ လျှိ့ဝှက် စုံစမ်းထောက်လှမ်းရန် အတွက် အီရန်ဟက်ကာများက Facebook အကောင့် အတုများကို ပြုလုပ်ခဲ့သည်ဟု အင်တာနက် လုံခြုံရေး ကုမ္ပဏီ  ISight Partners က ပြောကြားလိုက်သည်။
    အဆိုပါ ဟက်ကာများမှာ ဟန်ဆောင်ထားသော Profile ဖော်ပြချက်များဖြင့် လူကြိုက်များအောင် ဖန်တီးကာ မိတ်ဆွေများဖွဲ့ခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၊ သံအမတ်များ၊ ၀ါဒဖြန့်သူများ ယူကေနှင့် ဆော်ဒီအာရေဗျနိုင်ငံ အပါအ၀င် အခြားသောနိုင်ငံများမှ အာဏာပိုင် များလည်း ပါဝင်သည်ဟု ယုံကြည်ရကြောင်း အဆိုပါ ကုမ္ပဏီ၏အဆိုအရ သိရသည်။
    သို့သော်လည်း မည်သူမည်ဝါမှာ ထောက်လှမ်းခံခဲ့ရပြီး မည်သည့်အချက်အလက်များ ခိုးယူခံခဲ့ရသည်ကို ပြောဆိုရန် ISight Partners က ငြင်းဆိုခဲ့သည်။
    “တကယ်လို့ ဒီလိုလုပ်တာ တော်တော်ကြာနေပြီဆိုရင်တော့ သူတို့အောင်မြင်ခဲ့တာ ထင်ရှားနေပါပြီ” ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် တစ်ဖနီဂျုံးက ပြောကြားခဲ့သည်။
    အီရန်ဟက်ကာများမှာ newsonair.org ၀ဘ်ဆိုဒ် ၊ ကာကွယ်ရေး ကန်ထရိုက်တာနှင့် အခြားသော အဖွဲ့စည်းများတွင် အလုပ်လုပ်သည်ဟု ဖော်ပြထားသည့် အကောင့်အတုများဖြင့် အနည်းဆုံး ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါ ထောက်လှမ်းရေးလုပ်ငန်းကို လုပ်ကိုင်နေသည်ဟု ယုံကြည်ရသည်။
    ၎င်းတို့မှာ လူပေါင်း ၂၀၀၀ ကျော်နှင့် အဆက်အသွယ်ရှိကာ ရာပေါင်းများစွာအား ပစ်မှတ်ထား၍ ဖြည်းဖြည်းမှန်မှန်ပုံစံဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း အီရန်အစိုးရနှင့် ဆက်သွယ်မှုရှိမရှိကိုမှု မသိရဘဲ ထိုအလုပ်များမှာ ရှုပ်ထွေးသောကြောင့် အစိုးရ၏ ထောက်ပံ့မှုရှိမည်ဟု ယုံကြည်ကြောင်း ISight Partners က ထည့်သွင်း ပြောကြားခဲ့သည်။
    Ref: Agencies
  • အာဖဂန် ခရီးစဉ်တွင် အိုဘားမား တွေ့ဆုံမည့်စာရင်း ဂျာနယ်လစ်များသို့ မေးလ်ပို့ရာ ထိပ်တန်း သူလျို နာမည် မှားယွင်းပါသွား
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    201452694958193734_20
    – အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ အာဖဂန်ခရီးစဉ်အတွင်း တွေ့ဆုံမည့်သူများ စာရင်းကို အိမ်ဖြူတော်က ဂျာနယ်လစ်များအား ပေးပို့ခဲ့ရာ ကဘူးလ်ရှိ အမေရိကန်၏ ထိပ်တန်း စပိုင်တစ်ဦး၏ အမည် မတော်တဆ ပါဝင်သွားခဲ့သည်ဟု သိရသည်။
    အကြီးဆုံးလေတပ်စခန်း Bagram သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ သွားရောက်မည့် သမ္မတအိုဘားမား တွေ့ဆုံမည့်သူများတွင် CIA မှ အဆိုပါစပိုင်၏ အမည်အား Chief of Station ခေါင်းစဉ်အောက်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုစာရင်းကို အိမ်ဖြူတော် မီဒီယာခန်းမှ ဂျာနယ်လစ် ၆ ထောင်ကျော်သို့ အီးမေးလ်ဖြင့် တနင်္ဂနွေနေ့က ပေးပို့ခဲ့သည်။
    အမေရိကန် အစိုးရက မီဒီယာများသို့ ပေးပို့သည့် အချက်အလက်များတွင် ထောက်လှမ်းရေး အရာရှိများ၏ အမည်ကို ထည့်သွင်းဖော်ပြလေ့မရှိချေ။
    Ref: Agencies