News @ M-Media

Tag: US

  • ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ

    ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်လာနိုင်သည့် အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးရန်အတွက် အမေရိကန် ဆိုက်ဘာစစ်ဌာနချုပ်မှ အကြီးအကဲ ဗိုလ်ချုပ် ကိသ်အလက်ဇန်းဒါးမှာ တောင်ကိုရီးယား နိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ထို့နောက် ဗိုလ်ချုပ် အလက်ဇန်ဒါးမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကောင်ဂျင်န်နှင့် ဆိုးလ်မြို့တွင် တံခါးပိတ် ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းကာ မြောက်ကိုရီးယား၏ အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်မည်ဆိုသည်ကို ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ဆွေးနွေးပွဲအကျဉ်းချုပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ု ထို့ပြင် အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ၏ ဒါရိုက်တာလည်းဖြစ်သူ ဗိုလ်ချုပ်အလက်ဇန်းဒါးမှာ ၎င်း၏ အတွေ့အကြုံများကိုလည်း ဝေငှသွားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် အမေရိကန်မှ လျှို့ဝှက်ပြုလုပ်နေသည့် ထောက်လှမ်းရေးလုပ်ငန်းများမှ တောင်ကိုရီးယားနိုင်ငံအား ဖယ်ထုတ်ပေးမည်ဟု အလက်ဇန်းဒါးက ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာတစ်စောင်ဖြစ်သည့် Kukmin Daily က ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

    လာမည့်မတ်လတွင် ရာထူးမှထွက်ခွာတော့မည့် အလက်ဇန်းဒါးမှာ ဆိုးလ်မြို့တွင် တစ်ရက်တာ နေထိုင်ပြီးနောက် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။

    Ref : Xinhua

  • မုတ်ဆိတ်ထားခြင်း အပါအဝင် ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်မှု အမေရိကန် စစ်တပ်ခွင့်ပြု

    ဇန်နဝါရီ ၂၃၊ ၂၀၁၄
    M-Media

    _72461030_sikh
    – အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာရေးဆိုင်ရာ အဆင်အပြင်များ ၀တ်ဆင်ခြင်းကို ကန့်သတ်ထားမှုအား လျှော့ချလိုက်ပြီး ပေါင်းထုပ်၊ ဦးထုပ်များဝတ်ဆင်ခြင်း၊ မုတ်ဆိတ်ထားခြင်းနှင့် ဆေးမင်ကြောင်ထိုးခြင်း စသည်တို့ကို ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန် စစ်တပ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထို့ကြောင့် အမေရိကန် စစ်တပ်များရှိ အစ္စလာမ်၊ ဆစ်ခ်၊ ဂျူးနှင့် ၀ီကာ ဘာသာဝင်စစ်သားများအနေဖြင့် ယူနီဖောင်းနှင့် ပတ်သက်၍ စစ်တပ်၏ တင်းကျပ်သော ပေါ်လစီများနှင့် ကန့်သတ်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်မည်ဖြစ်သည်။

    ထိုကဲ့သို့တောင်းခံလာပါက စစ်တပ်နေဖြင့် တစ်ဦးချင်းအလိုက် စစ်ဆေးမည်ဖြစ်ကာ စစ်ဆင်ရေးလုပ်ငန်းများအား နှောက်ယှက်မှုမရှိပါက ခွင့်ပြုမည်ဟု သိရပြီး၊ ယခင်က ဆစ်ခ်ဘာသာဝင် သုံးဦး၏ ၎င်းတို့ဘာသာ အယူဝါဒအရ ခေါင်းပေါင်းပေါင်းရန် တောင်းဆိုမှုကိုလည်း အမေရိကန် စစ်တပ်က ခွင့်ပြုပေးခဲ့သည်။

    အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ကြသည့် စစ်သားများ၏ ဘာသာရေးဆိုင်ရာ အသွင်အပြင် အယူအဆများ ၀တ်ဆင်ဆောင်ရွက်ရန်အတွက် တောင်းဆိုမှုများက စစ်ဆင်ရေးဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အမိန့်နှင့် စည်းကမ်းလိုက်နာခြင်း စသည်တို့အား ထိခိုက်မရှိပါက ထိုတောင်းဆိုမှုများကို ခွင့်ပြုပေးသွားမည်ဟု တပ်မှူး နိတ် ခရစ်တန်ဆန်က ပြောကြားခဲ့သည်။
    BBC

  • အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှု အချို့ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့မှ လျှော့ချ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    EU and US ease some sanctions against Iran
    – နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန် ကိစ္စကို အီရန်နိုင်ငံ စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။

    ထိုဖြေလျှော့မှုများတွင် ရေနံနှင့် ပတ်သက်သည့် ဓာတုပစ္စည်းများနှင့် အဖိုးတန် ဓာတ်သတ္တုများ ကုန်သွယ်မှု၊ ရေနံပို့ဆောင်ရေးလုပ်ငန်းများအပေါ် အာမခံထားခြင်းများ ဆောင်ရွက်နိုင်မှုတို့ ပါဝင်သည်။

    အီရန်အနေဖြင့် နျူးကလီးယားအစီအစဉ်ရပ်တန့်ရန် ပဏာမ သဘောတူညီချက်အား အကောင်ထည်ဖော်ခဲ့သောကြောင့် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကဏ္ဍအတွက် ပြုလုပ်ထားသော ပိတ်ဆို့မှုများအား ဖြေလျှော့ပေးရန် လိုအပ်သော လုပ်ငန်းများကို စီမံရေးဌာနမှ လုပ်ဆောင်ပြီးပြီဟု အမေရိကန် ဘဏ္ဍာရေးဌာနမှ ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နေ့က ထုတ်ပြန်ခဲ့သော ဥရောပသမဂ္ဂ၏ ကြေညာချက်တွင်လည်း အီရန်အပေါ်ထားရှိသည့် သောပိတ်ဆို့မှုအချို့အား ဖယ်ရှာခဲ့ပြီး စောင့်ကြည့် ကာလ ၆ လထားရှိမည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့၏ နျူးကလီးယား သဘောတူညီချက်အရ နိုင်ငံအလယ်ပိုင်းရှိ နျူးကလီးယား သန့်စင်မှုလုပ်ငန်းအား အီရန်နိုင်ငံမှ ယမန်နေ့ အစောပိုင်းတွင် ရပ်တန့်ခဲ့ပြီး၊ နိုင်ငံတကာ နျူးကလီးယားအေဂျင်စီ IAEA ကလည်း ထိုကဲ့သို့ ရပ်တန့်ခဲ့မှုအား အတည်ပြုခဲ့သည်။
    Ref: aljazeera.

  • မြစ်ထဲသို့ ဓာတုပစ္စည်းများ ယိုစိမ့်ခဲ့မှုကြောင့် အနောက်ဗာဂျီးနီးယားအား အရေးပေါ် အခြေအနေ ကြေညာထား

    ဇန်နဝါရီ ၁၁၊ ၂၀၁၄
    M-Media

    ပြည်နယ်အတွင်း ရေပေးဝေနေသော မြစ်ထဲသို့ ဓာတုဗေဒ ပစ္စည်းများ ယိုစိမ့်ခဲ့မှုကြောင့် အနောက် ဗာဂျီးနီးယားပြည်နယ်အား အရေးပေါ် အခြေအနေ ကြေညာထား
    rtx178s8.si

    – အမေရိကန်ပြည်ထောင်စု အနောက် ဗာဂျီးနီးယားပြည်နယ်ကို ရေဖြန့်ဝေပေးသော အဲလ်က် မြစ်အတွင်းသို့ ဓာတုဗေဒပစ္စည်းများ ယိုစိမ့်ခဲ့သောကြောင့် အိမ်ဖြူတော်က ထိုပြည်နယ်အား အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

    စက်ရုံကြီးများအတွက် ဓတုဗေဒပစ္စည်းများ ထုတ်လုပ်ပေးသော စက်ရုံတစ်ခုမှ မီသိုင်းဆိုင်ကလိုဟက်ဇိန်း မက်သနော ဓာတုပစ္စည်း ဂါလန် ၅ ထောင်ခန့်မှာ အဲလ်က်မြစ်အတွင်း ယမန်နေ့က ယိုစိမ့်ခဲ့ခြင်းဖြစ်ပြီး ကောင်တီ ၉ ခုရှိ လူပေါင်း ၃ သိန်းကျော်သို့ ထိခိုက်ခဲ့သည်။ ထိုရေကို သောက်သုံးခဲ့သူ ၇၀၀ ခန့်မှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၁၀ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။

    ထို့ကြောင့် ပိုက်လိုင်းမှ လာသည့် ထိုရေကို အသုံးပြု၍ အစားအသောက်များ ချက်ပြုတ်ခြင်း၊ ထိုရေးအား သောက်သုံးခြင်း၊ ရေချိုးခြင်းနှင့် လျှော်ဖွတ်ခြင်းများကို မပြုလုပ်ရန်နှင့် ထိုရေအား သန့်စင်ခန်းများနှင့် မီးငြှိမ်းသက်ရန်အတွက်သာ သုံးနိုင်ကြောင်း ဒေသခံများကို အာဏာပိုင်များက သတိပေးထားသည်။

    ထိုသတင်းကြောင့် ဒေသခံများမှာ ရေသန့်ဘူးများကို အလုအယက်ဝယ်ယူခဲ့ပြီး စတိုင်းဆိုင်များနှင့် စူပါမားကတ်များတွင် ရေသန့်ဘူးများ ပြတ်လပ်လျက်ရှိနေကာ အစိုးရကထောက်ပံ့မှုများပြုလုပ်ရန် စီစဉ်နေသည်။ ထို့ပြင် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ယိုစိမ့်မှုဖြစ်ခဲ့ကြောင်းကို စုံးစမ်းစစ်ဆေးလျက်ရှိပြီး၊ ထိထိရောက်ရောက် အရေးယူသွားမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    Ref: RT

  • အငြင်းပွား ရေပိုင်နက် ငါးဖမ်းသင်္ဘောဝင်ခွင့် ကန့်သတ်သည့် တရုတ် ပေါ်လစီ အမေရိကန် ဝေဖန်

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ် ရေပိုင်နက်အတွင် ငါးဖမ်းသင်္ဘောများ ၀င်ရောက်မှုကို ကန့်သတ်သည့် တရုတ်နိုင်ငံ၏ ပေါ်လစီအား အမေရိကန်က ဝေဖန်

    201419235520214734_20

    – တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော ရေပိုင်နက်အတွင်း နိုင်ငံခြား ငါးဖမ်းသင်္ဘောမျာ ၀င်ရောက်မှုအား ကန့်သတ်ခဲ့သည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အား အန္တရာယ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံက ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁ ရက်နေ့မှ စ၍ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူးနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် အဆိုပါရေ ပိုင်နက်အတွင်း နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ၀င်ရောက်ပါက တရုတ်နိုင်ငံ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး ထိုရေပိုက်နက်အတွင်း တရုတ်နိုင်ငံ၏ ဥပဒေသာ အာဏာတည်မည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုကဲ့သို့ သတ်မှတ်ခဲ့မှုမှာ နိုင်ငံတကာ ဥပဒေနှင့် မညီညွတ်ဘဲ၊ ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာစေနိုင်ကြောင်းနှင့် သံတမန်ရေးရာ အရ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ထိခိုက်နိုင်ကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန် ပီတာစာကီက ယမန်နေ့တွင် ပြေကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အရှေ့တရုတ်ပင်လယ်တွင် လေကြောင်းကောကွယ်ရေးဇုံတစ်ခု သတ်မှတ်ခဲ့ပြီး ထိုကာကွယ်ရေး ဇုန်အတွင်း ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်း၏ လေပိုင်နက်အစိတ်အပိုင်းတစ်ချို့ ပါဝင်ခဲ့သောကြောင့် အမေရိကန်က သတိပေးမှုပြုလုပ်ခဲ့သေးသည်။

    Ref: aljazeera