News @ M-Media
Tag: US
  • ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲလျှင် ယူကရိန်းအစိုးရကို အမေရိကန် အရေးယူ ပိတ်ဆို့မှုများ လုပ်မည်။
    ဒီဇင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    ALeqM5g1CQHEBo2Svw3iJvezyKd0OumcCg
    – မြို့တော်ကိဗ်ရှိ လွတ်လပ်ရေးရင်ပြင်၌ရှိနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့များမှ အကြမ်းဖက် ဖြိုခွဲမှုများ ပြုလုပ်ခဲ့ပါက ယူကရိန်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုများ ပြုလုပ်ရန်ရှိနေသည်ဟု သိရသည်။ အကြမ်းဖက်နှိမ်နှင်းမှုများ တိုးမြှင့်ပြုလုပ်ပါက ယူကရိန်း အစိုးရတာဝန်ရှိသူများအား ပြည်ဝင်ခွင့်ဗီဇာမပေးရန်နှင့် အမေရိကန်ရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ရပ်တန့်ပစ်ရန် စသည့်အချက်အလက်များပါဝင်သည့် ဥပဒေတစ်ခုကို ပြဌာန်းရန် စဉ်းစားနေသည်ဟု အမေရိကန် ဥပဒေပြု အမတ်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ရုရှားနှင့် ဆက်ဆံရေး ဆိုးရွားမည်ကို စိုးရိမ်သောကြောင့် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက် မြို့တော်ကိဗ်တွင် ဆန္ဒပြမှုများအဆက်မပြတ်ဖြစ်ပွားခဲ့ပြီး၊ ယမန့်ကစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား ဖယ်ရှားရန် ကြိုးပမ်းနေသည်။
    ဓါတ်ပုံအညွှန်း- မြို့တော်ကိဗ် Independence Square တင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်နေကြစဉ်
    (Photo-AFP-Sergei Supinsky)
    Ref: aljazeera
  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန် ကျောင်းသား(၄) ဦးသေဆုံး
    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media
    4 killed in US-led airstrikes in Afghanistan
    – အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် အမေရိကန်ကပြုလုပ်ခဲ့သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား ၄ ဦးသေဆုံးခဲ့သည်ဟု အာဖဂန် စစ်တပ်မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    ၂၀၀၁ ခုနှစ်က အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာ သေကျေခဲ့ရသည်။
    ကုလသမဂ္ဂမှ တားမြစ်ထားသော အဆိုပါဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုမှာ စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဟု ပင်တဂွန်မှ ပြောကြားသော်လည်း လက်တွေ့တွင် သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြသည်။
    Ref: Press TV
  • တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်ခြင်းကြောင့် တောင်တရုတ် ပင်လယ်တွင် တင်းမာမှု မြင့်တက်လာခြင်း
    ဒီဇင်ဘာ ၃၊ ၂၀၁၃
    M-Media
    Sylvania 300
    အမေရိကန်နိုင်ငံမှ လက်နက်မဲ့ဘီ-၅၂လေယာဉ်ပျံနှစ်စင်းသည် လေကြောင်း ကာကွယ်ရေးဇုံအဖြစ် သတ်မှတ်ထားသော ပြဿနာဖြစ်နေသော တောင်တရုတ် ပင်လယ်တွင် မိမိလုပ်ပိုင်ခွင့် အရ ဆောင်ရွက်သည့် သဘောဖြင့် နေ့လည်(၁)နာရီမှ မွန်းလွဲ(၁)နာရီ(၂၂)မိနစ်အထိ ပျံသန်းပြလိုက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်နှင့် မကိုက်ညီကြောင်း ပြသလိုက်ပါသည်။ အမေရိကန်နိုင်ငံကလည်း မိမိတို့လေယာဉ်နှစ်စင်းသည် လွန်ခဲ့သော စနေနေ့က တရုတ်နိုင်ငံက လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်ချက် မတိုင်မီကပင် စီစဉ်ထားသည့် အတိုင်း ပျံသန်းခဲ့ကြောင်း ရှင်းပြသော်လည်း လက်တွေ့ဆောင်ရွက်ချက်သည် ပေးပို့လိုသော သတင်းကို ထင်ရှားအောင် ပြသလိုက်ခြင်း ဖြစ်ပါသည်။
    ပင်တဂွန်အရာရှိများက ပြောကြားရာတွင် ဂူအမ်ကျွန်းအခြေစိုက် စခန်းမှ ပျံသန်းလာသော လေယာဉ် ခရီးစဉ်သည် နှစ်ပေါင်းများစွာ လက်ခံထားသော အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာလေကြောင်း ခရီးသွားလာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များကို ပြသရာရောက်ကြောင်း၊ တရုတ်နိုင်ငံ၏ တစ်ဖက်သတ်ကြေငြာ ချက်သည် ရန်စမှုသာဖြစ်ပြီး ဒေသတွင်း မှားယွင်းစွာ တွက်ချက်မှုကြောင့် စိုးရိမ်မှုကို ဖြစ်စေရန်သာရှိကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောကြားချက်တွင် မိမိတို့နိုင်ငံ အနေဖြင့် ချမှတ်ထားသည့်မူ အတိုင်း လိုက်နာမည်ဖြစ်ပြီး ချိုးဖောက်မှု အတွက် တုံ့ပြန်မှုမှာ ရန်ပြုမှု၏ အကြီးအသေးပေါ်တွင် မူတည်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ဆက်လက် ဖော်ပြရာတွင် လေယာဉ်နှစ်စင်းသည် တရုတ်အခေါ် “ဒိုင်အိုယုကျွန်း”(ဂျပန်အခေါ်“ဆန်ကာကူ”)၏ အရှေ့ဖက်(၂၀) ကီလိုမီတာအကွာမှ ပျံသန်းခဲ့ကြောင်း၊ အင်္ဂါနေ့နေ့လည်တွင် ဖြစ်ပါသည်။ အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ရှိ အဆိုပါကျွန်းသည် တရုတ် နိုင်ငံက ထုတ်ပြန်ခဲ့သော ကာကွယ်ရေးဇုံအနီးတွင် ရှိပြီး၊ ဂျပန်နိုင်ငံ၏ သတ်မှတ်နေရာနှင့် အပြန်အလှန် ရောထွေးနေပါသည်။ ထိုဇုံ၏ အကျယ်အ၀န်းသည် အင်္ဂလန်နိုင်ငံ အကျယ်အ၀န်း၏ သုံးပုံနှစ်ပုံခန့်ရှိပြီး ဂျပန်နိုင်ငံ၏ သတ်မှတ်နေရာနှင့် အပြန်အလှန် တရုတ်နိုင်ငံက ထိုဇုံအတွင်းဝင်ရောက်ပါက လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာပြီး ခွင့်ပြုချက်ရမှသာ ဖြတ်သန်းရမည်ဟု ဆိုထားပါသည်။ တရုတ်နိုင်ငံအနေ ဖြင့် ထိရောက်သော အုပ်ချုပ်ရေးနှင့်လေကြောင်း ကာကွယ်ရေးကို ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဆိုပါသည်။
    ထိုအခြေအနေများပေါ်ပေါက်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံမှ ဘလော့ဂ်ဂါများက တရုတ် အစိုးရ၏ အမေရိကန် လေယာဉ်များ ပျံသန်းမှုအပေါ် တုံ့ပြန်မှုများကို ဝေဖန်ပြစ်တင်နေကြသည်။ တရုတ်နိုင်ငံ ၏ Twitter ဟုခေါ်ဆိုနိုင်သောSina Weiboပေါ်တွင် ဒေါသတကြီးရေးသားနေကြသည်။ သို့သော် Netizen ဟု ခေါ်သည့် Net အသုံးပြုသူများကမူ တရုတ်နိုင်ငံ၏ ကိုင်တွယ်ပုံပျော့ညံ့မှုကို ထိန်းသိမ်းစွာရေးသားကြပါသည်။ ဥပမာအားဖြင့်တရုတ်နိုင်ငံက အမိန့်ထုတ်ပြန်ပြီးနောက် အမေရိကန်လေယာဉ်နှစ်စင်းက ပျံသန်းပြခဲ့သည်။ Sina Weibo တွင် Mr.Bei Gunကမူ တရုတ်နိုင်ငံအတွက် အတော် မျက်နှာပျက်စရာကောင်းပါသည်၊ ANT9634ကမူ ကျွန်တော်တို့လေယာဉ်နှစ်စင်းလွှတ်ပြီး လှည့်ပတ်စောင့်ကြည့်သင့်တာပေါ့ဟု ဆိုသည်။ တရုတ်အစိုးရ၏ အကြံပေးတစ်ဦးဖြစ်သောMr.Fan Jian Chuanကမူ သူ၏ ဘလော့ဂ်တွင် အမေရိကန်၏ ဒေါသဖြစ်စရာ လုပ်ရပ်သည် ဂျပန်နိုင်ငံ၏ ထောက်ခံမှုဖြစ်စေပြီး အမေရိကန်အတွက်မူ မျက်နှာရစရာဖြစ် စေသည်။ အခြားတစ်ဦးကမူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ပြင်းထန်စွာ တုံ့ပြန်၍ မရနိုင် သည့်အနေအထားတွင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဟု ဆိုပြန်ပါသည်။ Weiboတွင် ဘလော့ဂ် တင်နေသူPan Jiazuကမူ အမေရိကန်၏ ချက်ခြင်းတုံ့ပြန်မှု (စကားလုံးရော လုပ်ဆောင်ချက်ပါ)သည် တရုတ် နိုင်ငံ၏ စွန့်စားမှု တစ်ရပ်အပေါ်တွင် သွယ်ဝိုက်သောနည်းဖြင့် အရှက်ရစေသော နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပေါ်စေသည်ဟု ရေးသားခဲ့ပါသည်။
    ဤအချက်သည် အမှန်ကန်ဆုံးအချက်ဟု ပြောဆိုနိုင်ပါသည်။ သယံဇာတပေါကြွယ် ၀သောတောင်တရုတ် ပင်လယ်ဒေသကြီး တစ်ခုလုံးကို ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့နှင့် အငြင်းအခုံပြုလုပ်ပြီး တရုတ်နိုင်ငံက တစ်ဦးတည်းပိုင် အဖြစ်ကြေငြာနေ ခြင်းမှာ အရှက်ရစေမည့် နောက်ဆက်တွဲ ကိစ္စရပ်ဖြစ်ပေါ်လာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ အင်အား အကြီးဆုံး အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ် အရေးအခင်းတွင် တရုတ်နိုင်ငံနှင့် အပြင်းအထန်ဆုံး အရေးဆိုနေကြသည့် ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အတူ ကာကွယ်ရေး သဘောတူညီချက်များ ရယူထား၍ ဖြစ်ပါသည်။ အရေးကြီးလျှင် သွေးနီးကြမည်ဆိုသော အချက်ကို ပြသလို၍ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံက ကြေငြာချက် ထုတ်ပြန်ပြီး မကြာမီကာလအတွင်း ယခုကဲ့သို့လေယာဉ် များစေလွှတ် ပျံသန်းစေခြင်းဖြင့် အရေးထားစရာ မလိုကြောင်းပြသပေးလိုက်ခြင်းဖြစ်ပါသည်။ ဤအခြေအနေ မျိုးတွင် ဂျပန်နိုင်ငံကလည်း ကာကွယ်ရေး အသုံးစရိတ်ကို မူလထက် (၀.၈)ရာခိုင်နှုန်း တိုးမြင့်လိုက်ပြီး ကမ္ဘာ ပေါ်တွင် အမေရိကန်နိုင်ငံပြီးနောက် ဒုတိယ အကြီးဆုံးနှင့် အစွမ်းဆောင်နိုင်ဆုံး ရေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီးယိုဂျီကိုဒက ပြောကြားလိုက် ပါသည်။ လက်ရှိကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းဒေါ်လာ(၄၈) ဘီလျံရှိသော ဂျပန်နိုင်ငံကိုလည်း တရုတ်နိုင်ငံက ရေရှည်အတွက် မျှော်မှန်းတွက်ချက်ရပါမည်။ မစ္စတာကိုဒ အပါအ၀င်စစ်ရေးကျွမ်းကျင်သူ ဂျပန် အရာရှိများ၏ အဆိုအရ တရုတ်နိုင်ငံသည် အရှေ့အာရှဒေသ စစ်ရေးချိန်ခွင်လျှာညီမျှစေရန် အမေရိကန်နှင့် ဂျပန်တို့၏ လက်ရှိ စွမ်းရည်ကို မှီနိုင်ရေးအတွက် (၁၅)နှစ်ခန့်ကာကွယ်ရေး အသုံးစရိတ် ဂဏန်းနှစ်လုံးမျှသုံးစွဲ မှသာ ရရှိနိုင်မည်ဟု ဆိုကြပါသည်။ တရုတ်နိုင်ငံ၏ ယခုနှစ်ကာကွယ်ရေး အသုံးစရိတ်သည် ဘတ်ဂျက်၏ (၁၀.၇)ရာခိုင်နှုန်း ဒေါ်လာ(၁၁၉)ဘီလျံကို ပြောဆိုသော်လည်း ကျွမ်းကျင်သူများ အဆိုအရ ဘီလျံ(၂၀၀) အထိရှိနိုင်သည်ဟု ဆိုကြပါသည်။
    ဂျပန်နိုင်ငံသည် ကမ်းတက်ရေယာဉ်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး အမေရိကန် မရိန်းတပ်ဖွဲ့အသွင် မိမိပိုင် ကျွန်းများကို ကာကွယ်ရန် ဆောင်ရွက်မည်ဟု ပြောဆိုနေပါသည်။ ပထမအဆင့်အဖြစ် တပ်သား(၇၀၀)ခန့်မှ စတင် စုဆောင်းပြီး တပ်သား(၃၀၀၀)ခန့်အထိဖြည့်ဆည်း သွားမည်ဖြစ်ကြောင်း၊ ကြည်း တပ်ဖွဲ့မှပင် ရွေးချယ်ဖွဲ့စည်းမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောကြားပါသည်။ ဂျပန်နိုင်ငံတွင် ရှိပြီး ဖြစ်သော ကမ်းတက်ရေယာဉ်အုပ်စုနှင့် ဟယ်လီကော်ပတာတင်ရေယာဉ်များက ထိုစစ်ဆင်ရေးများအတွက် အထောက်အကူပြုပေးမည်ဖြစ်ပါသည်။
    လက်ရှိကာလများအတွင်း ဂျပန်နိုင်ငံသည် စစ်သည်(၃၄၀၀၀)ပါဝင်သောစစ်ရေးလေ့ကျင့်မှုကို အိုကီနာဝါကျွန်း၏ တောင်ဖက်ရှိ ကျွန်းငယ်များတွင် ကမ်းတက်လေ့ကျင့်မှုအပါအ၀င်အခြားနည်းစနစ် များကို ပြုလုပ်ခဲ့ပါသည်။ နှစ်ဆန်းပိုင်းက အမေရိကန်မရိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ဂျပန်စစ်သည်(၁၀၀၀)ခန့် က ကမ်းတက်လေ့ကျင့်မှုများကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။
    ဖိလစ်ပိုင်နိုင်ငံကမူ တောင်တရုတ်ပင်လယ်တွင်းသို့ တရုတ်လေယာဉ်တင်သင်္ဘောကြီး “လောင်နင်း”၊ ဖျက်သင်္ဘောနှစ်စင်းနှင့် တိုက်ခိုက်ရေးသင်္ဘောနှစ်စင်း အင်္ဂါနေ့က ၀င်ရောက်လာမှုအပေါ် တင်းမာမှုတိုးပွားလာမည်ဟု ပြောဆိုခဲ့ပါသည်။ အဆိုပါသင်္ဘောအုပ်စုသည် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း၊ ပုံမှန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ် အရာရှိများက ပြောကြားခဲ့ပါသည်။
    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ရာအူးလ်ဟာနန်ဒက်ဇ်က ပြောကြားရာတွင် သင်္ဘောကြီးရောက်ရှိလာမှုသည် စိုးရိမ်စရာဖြစ်စေနိုင်သလို တောင်တရုတ်ပင်လယ်တွင် ပြဿနာ မဖြစ်ပွားအောင် ဆောင်ရွက်ပါမည်ဆိုသော သဘောတူညီချက်နှင့် ကွဲလွဲမှုရှိနေကြောင်း၊ တင်းမာမှုကို တိုးပွားလာစေပြီး ကျင့်ဝတ်ဆိုင်ရာ ထိန်းသိမ်းရမည့်သဘောတူညီချက်(Code of Conduct)ကို ဖောက်ဖျက် ရာကျကြောင်း ပြောဆိုပါသည်။ အဆိုပါရေယာဉ်ကြီး တည်ရှိနေမှုသည် အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်းဆိုင်ရာ ဥပဒေ အပါအ၀င် အပြည်ပြည်ဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ချိုးဖောက်ရာ မကျစေရန် ဆောင်ရွက်ရပါမည်။
    တူဒေးသတင်းစာတွင် ပါဝင်သောဆောင်းပါးများကို အခြေခံပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
    မောင်ထွေးဝင်း(ဓနုဖြူ)
  • အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ
    အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ
    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    337449_David-Manning
    မိမိတို့၏ အချစ်ဇာတ်လမ်းလျို့ဝှက်ချက်များအား ထိန်းသိမ်းရန်အလို့ငှာ အမျိုးသမီးတစ်ဦးအား အိုဘားမားက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည်အောက်တိုဘာလက အတားအဆီးများကိုကျော်ဖြတ်ကာ အိမ်ဖြူတော်သို့ ကားဖြင့်အတင်းမောင်းနှင့် ၀င်ရောက်လာသည့် သွားဆရာဝန်တစ်ဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မီရီယမ် ကာရေးအား ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုအပေါ် Atlah World Missionary အသင်းတော်၏ သိက္ခာတော်ရဆရာတော် ဂျိမ်းဒေးဗစ်မန်နင်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
    ထိုအမျိုးသမီးအား သတ်ဖြတ်မှုအပေါ်မည်သူမှ ၀င်ရောက်ဟန့်တားခြင်းမရှိခဲ့ကြောင်း၊ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့်၊ ၎င်းတို့(ရဲတပ်ဖွဲ့ဝင်များ)မှာ အရေးကြီးသော အရာတစ်ခုအဖြစ်ခံစားနေရပြီး အိုဘာမားအား ကာကွယ်ခြင်းဖြစ်ကြောင်း၊ ထိုအမှုမှာ ယခုအချိန်တွင် ပိတ်သိမ်းပြီးဖြစ်ကြောင်း ဆရာတော် ဂျိမ်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၁၁ခုနှစ် မေလ ၁၈-ရက်နေ့က အိုဘားမားမှာ အဆိုပါ သွားဆရာဝန်အမျိုးသမီးထံသို့ အရေးပေါ်ကုသရန် သွားရောက်ခဲ့စဉ်အတွင်း ငြိစွန်းခဲ့ပြီး သူမ၏ ကလေးငယ်၏ အဖေမှာ အိုဘားမားဖြစ်သည်ဟု ရုရှားထောက်လှမ်းရေးများက စုံစမ်းသိရှိရကြောင်း What Does It Mean? ဟု ခေါ်သည့် ၀ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။
  • ဗြိတိန်အစိုးရမှ မှ ၄င်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို အမေရိကန်အား သူလျှိုလုပ်ခွင့်ပြု
    နိုဝင်ဘာ ၂၃ ၂၀၁၃
    M-Media
    Tony-Blair-2313083
    ၂၀.၁၁.၂၀၁၃ ညဥ့်သတင်းထုတ်ပြန်ချက်အရ တိုနီဘလဲ (Tony Blair) ၏အစိုးရဌာနမှ  သန်းပေါင်းများစွာသော ဗြိတိန်ပြည်သူတို့၏ အချက်အလက်များကို လေ့လာရန် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးများကို ခွင့်ပြုလိုက်သည်ဟု သိရသည်။
    အကြမ်းဖက်သူဟု သံသယ၀င်သူများ၊ ၄င်းတို့နှင့်ဆက်နွှယ်နေသူများ၏ အီးမေးလ်များ၊ ဖုန်းများ နှင့် အင်တာနက် မှတ်တမ်းများကို အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးဌာန(America’s National Security Agency) အား သိမ်းဆည်းထားခွင့် နှင့် လေ့လာခွင့်များပေးအပ်ထားသည်။
    ပေါက်ကြားသွားသည့်အချက်အလက်များအရ ၂၀၀၄ ခုနှစ်မှစ၍ ပြည်တွင်း ဖုန်းလိုင်းများအား ဖောင်းပွအောင်လုပ်ခြင်းဖြင့်  NSA သည် ၄င်းတို့အား ဖြတ်တောက်ပစ်စရာ မလိုတော့ကြောင်း ဗြိတိန်က ဆိုသည်။
    ၂၀၀၅ ခုနှစ်က NSA ၏ အကြီးတန်းအရာရှိမှရေးသားထားသော ဒုတိယမှတ်တမ်းထဲ၌ အမေရိကန်များသည် ဗြိတိန်အစိုးရ၏ ခွင့်ပြုမိန့်ကို မရယူဘဲ ဗြိတိန်လူမျိုးများအား လျှို့ဝှက်လေ့လာ ထောက်လှမ်းရန် စီစဉ်ပေးထားကြောင်း တွေ့ရသည်။
    သို့သော် ယင်းဖော်ပြပါစာပိုဒ်အပေါ် “NOFORN” ဟု အမှတ်အသားပြုထားသည်။ ထိုအဓိပ္ပာယ်သည် ဗြိတိန်များကိုပင် ပေးဖတ်ခွင့်မရှိဟုဖြစ်ကြောင်း၊ အမေရိကန်များသည် မိမိတို့အစိုးရကိုအသိပေးခြင်းမရှိဘဲ ဗြိတိန်တို့အပေါ်တွင် ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် လေ့လာနိုင်အောင်စီစဉ်ပေးထားသည့် အထူးသီးသန့်လျှို့ဝှက်ချက်ဟု ရည်ညွှန်းသည်။
    ၂၀၀၆ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂျက်စထရော(Jack Straw) နှင့် စီမံသူ မာဂရက် ဘက်ကက်(Margaret Beckett) တို့သည် ၂၀၀၇ ခုနှစ်အတွင်း ၄င်းစာချုပ်ချုပ်ဆိုရာတွင် အသိသက်သေများဖြစ်ကြသော်လည်း သူတို့က သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည် ဟု Channel 4 News သတင်းဌာနမှ တင်ပြခဲ့သည်။
    NSA နှင့် GCHQ အဖွဲ့များသည်လည်း ပေါက်ကြားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ငြင်းဆိုခဲ့သည်။