News @ M-Media

Tag: WuhanVirus

  • တစ်ကျော့ပြန် ကိုရိုနာကြောင့် ဘေဂျင်းတွင် လူသန်းဝက်ကို Lock Down ချ

    တစ်ကျော့ပြန် ကိုရိုနာကြောင့် ဘေဂျင်းတွင် လူသန်းဝက်ကို Lock Down ချ

    ဇွန် ၂၈၊ ၂၀၂၀
    M-Media

    ဘေဂျင်းမြင်ကွင်း

    – တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် လူသန်းဝက်လောက်ကို သီးသန့်ခွဲထား စောင့်ကြည့်နေရပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘေဂျင်းမှာ Covid-19 ကူးစက်သူတွေကို ပြန်တွေ့လာရတာပါ။ မနေ့ကတော့ ကူးစက်သူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်တဲ့ မိုင် ၉၀ တစ်ဝိုက်ကို တံခါးပိတ်ကာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ဗိုင်းရပ်စ်စတင်တဲ့ ဝူဟန်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်မျိုး ချမှတ်လိုက်တာဖြစ်ပြီး လူပေါင်း ၅ သိန်းလောက်အပေါ် သက်ရောက်မှာပါ။ အိမ်နီးချင်း ဟူဘေးပြည်နယ်မှာလည်း ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။

    Ref: Aljazeera

  • Covid-19 နောက်ထပ်အန္တရာယ်အဆင့်ကို ရောက်နေပြီဟု WHO ကို သတိပေး

    Covid-19 နောက်ထပ်အန္တရာယ်အဆင့်ကို ရောက်နေပြီဟု WHO ကို သတိပေး

    ဇွန် ၂၀၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှုဟာ ပြန်လည်မြင့်တက်လာပြီး ကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ သတိပေးလိုက်ပါတယ်။

    ကြာသာပတေးနေ့မှာ ကမ္ဘာတစ်ဝှမ်း ကူးစက်သူပေါင်း ၁၅၀၀၀၀ ကျော်ရှိခဲ့ပြီး ဗိုင်းရပ်စ်စတင်ပြန့်နှံ့တဲ့ ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း တစ်ရက်တာ အများဆုံးကူးစက်မှု ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈.၅ သန်း ရှိနေပြီး၊ သေဆုံးသူက ၄ သိန်း ၅ သောင်းကျော်လာပြီ ဖြစ်ပါတယ်။

    “ကမ္ဘာကြီးဟာ နောက်ထပ် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ အလျင်အမြန်ပြန့်နှံ့နေပြီး ကြောက်စရာကောင်းနေတုန်းပါ။ လူအများစုလည်း ထိတွေ့ကူးစက်မှု ခံနေရပါတယ်” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့ပါတယ်။

    ထပ်မံကူးစက်သူ ထက်ဝက်လောက်ဟာ အမေရိက နိုင်ငံတွေဖြစ်ပြီး တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း ကူးစက်သူတွေ သိသိသာသာ မြင့်တက်လာပါတယ်။

    လူတွေဟာ အိမ်ထဲမှာပဲနေရတာကို ပျင်းရိငြီးငွေ့လာပြီး နိုင်ငံတွေကလည်း ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးလာကြပေမယ့် ခပ်ခွာခွာနေထိုင်ရေး၊ နှာခေါင်းစည်းတပ်ရေး၊ လက်မှန်မှန်ဆေးရေးဟာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အရေးပါနေဆဲဖြစ်ကြောင်း၊ ရွေ့လျားသွားလာမှု ကန့်သတ်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း Ghebreyesus က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    Ref: VOA

  • Covid-19 ကို ထိထိရောက်ရောက် ကုသနိုင်မည့်ဆေး တွေ့ပြီ

    Covid-19 ကို ထိထိရောက်ရောက် ကုသနိုင်မည့်ဆေး တွေ့ပြီ

    ဇွန် ၁၆၊ ၂၀၂၀
    M-Media

    -Covid-19 ဗိုင်းရပ်စ်ကို သိသိသာသာ ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးတစ်မျိုးကို တွေ့ရှိခဲ့ပြီလို့ ယူကေ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    Aexamethasone လို့ခေါ်တဲ့ ထိုးဆေးဖြစ်ပြီး စျေးသက်သာကာ များများစားစား ရရှိနိုင်ပါတယ်။ ဒီဆေးဟာ အသက်ရှုစက်တပ်ထားရသူတွေမှာ သေဆုံးမှုနှုန်းကို ၃ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်ပြီး၊ အောက်ဆီဂျင်ပေးနေရသူတွေမှာတော့ သေဆုံးမှုကို ၅ ပုံ ၁ ပုံအထိ လျှော့ချနိုင်တာကို တွေ့ခဲ့ရပါတယ်။

    လက်ရှိရနိုင်တဲ့ ဆေးဝါးတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ဖွယ်ရှိတဲ့ ဆေးတွေကို စမ်းသပ်အသုံးပြုမှုကနေ ဒီတွေ့ရှိချက် ပေါ်ထွက်လာတာပါ။

    ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်စဉ်ကတည်းက ဒီဆေးကို ရရှိခဲ့မယ်ဆိုရင် ယူကေမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ကို ၅ ထောင်လောက်အထိ လျှော့ချနိုင်လိမ့်မှာဖြစ်တယ်လို့ သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    ကူးစက်မှု၊ သေဆုံးမှုများပြားပြီး ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒီဆေးကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်လိမ့်မယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    အသက်ကယ်ဆေး

    ဒီဆေးကို သုံးစွဲခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၀ မှာ ၁၉ ဦးက ဆေးရုံမလာဘဲ ကောင်းသွားတာကို စမ်းသပ်မှုမှာတွေ့ခဲ့ရပြီး ဆေးရုံတင်ရသူ အများစုကလည်း ဒီဆေးကို သုံးစွဲပြီးတဲ့နောက် ပြန်ကောင်းသွားကြပါတယ်။ အသက်ရှုစက် တပ်ထားရတဲ့ လူနာတွေ၊ အောက်ဆီဂျင်ပေးထားရတဲ့ လူနာတွေ အတွက်လည်း Aexamethasone ဆေးက အသုံးဝင်မှာ ဖြစ်ပါတယ်။

    စမ်းသပ်ကုသမှုကို အောက်စဖို့ဒ်တက္ကသိုလ်က အဖွဲ့တစ်ခုက ဦးဆောင်ခဲ့တာဖြစ်ပြီး ဆေးရုံတင်ထားရတဲ့ လူနာ ၂၀၀၀ လောက်မှာ ထိုးနှံကာ ဆေးမထိုးထားတဲ့ လူနာ ၄၀၀၀ ကျော်နဲ့ နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

    အသက်ရှုစက်တပ်ထားတဲ့ လူနာတွေကို ဒီဆေး ထိုးပေးခဲ့ရာမှာ သေဆုံးမှုဟာ ၄၀ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ ​ေလျာ့ကျခဲ့ပြီး၊ အောက်ဆီဂျင်ပေးရတဲ့ လူနာတွေမှာတော့ သေဆုံးမှုဟာ ၂၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျ​ော့ကျသွားခဲ့ပါတယ်။

    “အခုအချိန်အထိ စမ်းသပ်ခဲ့တဲ့ဆေးတွေထဲမှာ သေဆုံးမှုနှုန်းကို လျှော့ချနိုင်တဲ့ တစ်ခုတည်းသော ဆေးပါ။ သေဆုံးမှုဟာ သိသိသာသာ ကျဆင်းခဲ့ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်” လို့ စမ်းသပ်မှုကို ဦးဆောင်သူ ပရော်ဖက်ဆာ ပီတာဟော်ဘီက ပြောကြားခဲ့ပါတယ်။

    သုတေသနအဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ မာတင် လန်ဒရေးကလည်း ရလဒ်တွေအရ အသက်ရှုစက် တပ်ထားရသူ ၈ ဦးကို ​ထိုးပေးရင် ၁ ဦးရဲ့အသက်ကို ကယ်တင်နိုင်ပြီး အောက်ဆီဂျင် ပေးထားရသူ ၂၀ ကနေ ၂၅ ဦးကို ထိုးပေးရင် ၁ ဦးရဲ့အသက်ကို ကယ်နိုင်တယ်ဆိုတာကို တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    “ရလဒ်က သိပ်ရှင်းပါတယ်။ Dexamethasone နဲ့ ကုသမှုကာလက ၁၀ ရက်လောက်သာကြာပြီး ကုန်ကျစားရိတ်က လူနာတစ်ဦးအတွက် ၅ ပေါင်သာ ရှိပါတယ်။ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖို့အတွက် ၃၅ ပေါင်သာ ကျမှာပါ။ ဒီဆေးကို ကမ္ဘာတစ်ဝှမ်းမှာ လွယ်လွယ်ကူကူ ရနိုင်ပါတယ်”

    Covid-19 ကြောင့် သေဆုံးမှုကို လျှော့ချနိုင်မယ့် ဆေးဝါးတွေကို အရင်ကလည်း စမ်းသပ်တွေ့ရှိခဲ့ပေမယ့် စျေးကြီးတာ၊ များများစားစားမရနိုင်တာလို အခက်အခဲတွေရှိကာ သေဆုံးနှုန်းကိုလည်း သိသိသာသာ လျှော့မချနိုင်ပါဘူး။

    Ref: BBC

  • ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ဇွန် ၁၃၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံဝူဟန်မြို့မှာ Covid-19 ပြန့်နှံ့လာတဲ့ အချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းက ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေဟာ ဒီရောဂါအကြောင်း ပိုမို သိရှိနားလည်အောင် ကြိုးစားလာခဲ့ကြပါတယ်။

    ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပေမယ့ ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကနေတစ်ဆင့် ပြန်လည် ကူးစက်မှုရှိတာကို တွေ့လာရပါတယ်။

    ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကို Asymptomatic လူနာတွေလို့ခေါ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ သိကောင်းစရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ Asymptomatic ဆိုတာဘာလဲ?

    လူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ရောဂါလက္ခဏာ မပြတာမျိုးကို Asymptomatic လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်စမှာ ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှာ ပြလာတာကို Pre-symptomatic လို့ခေါ်ပါတယ်။ Asymptomatic နဲ့ Pre-symptomatic တို့ဟာ မတူညီပါဘူး။

    Pre-symptomatic လူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ပြီး ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ကြပြီး အများစုက ၅ ရက်နေ ၆ ရက်အတွင်းမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။

    Covid-19 နဲ့ ရောဂါလက္ခဏာတွေက ဖျားတာ၊ မောပမ်းနွမ်းနယ်တာ၊ ချောင်းခြောက်ဆိုးတာတွေဖြစ်ပြီး တစ်ချို့လူနာတွေကတော့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ လည်​ချောင်းနာတာ၊ ဝမ်းလျောတာ၊ ပါးစပ်ပျက်တာတွေ ဖြစ်တတ်ကြပါတယ်။

    ၂။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ် ပြန့်နှံ့လား?

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများစုက ရောဂါပြန့်နှံနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။

    WHO ကလည်း Asymptomatic လူနာတွေထံကနေ Covid-19 ပြန့်နှံ့နိုင်တယ်လို့ အတည်ပြုထားပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြန့်နှံ့နိုင်လဲဆိုတာကို သုတေသနလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    မြောက်အမေရိက ပါကစ္စတန်ဆရာဝန်များအသင်း APPNA ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ နာဟစ် အွတ်စမာနီက Asymptomatic လူနာတွေကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အသေအချာ စောင့်ကြည့်တာမျိုး မလုပ်ဘဲ၊ သူတို့တွေကနေတစ်ဆင့် ရောဂါ ပြန့်နှံ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၃။ Asymptomatic လူနာတွေထံကနေ ဘယ်လိုပြန့်နိုင်သလဲ?

    ရောဂါလက္ခဏာပြတဲ့လူနာတွေလိုပဲ Asymptomatic လူနာတွေရဲ့ တံတွေးထွေးတာ၊ ချောင်းဆိုတာ၊ နှာချေတာတွေ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ရောဂါကူးစက်နိုင်ပါတယ်။

    အခြားသူတွေကို တိုက်ရိုက်ထိတွေ့တာ၊ ဗိုင်းရပ်စ်ရှိသူတွေ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာ၀တ္ထုတွေကို ထိတွေ့ကိုင်တွယ်တာတွေကနေတစ်ဆင့်လည်း ကူးစက်ပါတယ်။

    “နှာခေါင်းကိုပွတ်မယ်၊ ပါးစပ်ကိုကိုင်မယ်၊ မျက်လုံးကို ပွတ်မယ်။ နောက်ပြီး အခြားအရာတွေကို သွားကိုင်မယ်။ ခင်ဗျားမှာ ဗိုင်းရပ်စ်ရှိနေရင် ဒီလိုနည်းလမ်းနဲ့လည်း ဗိုင်းရပ်စ်က ပြန့်ပွားနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ အန်နီ ရီမိုအင်က ပြောကြားခဲ့ပါတယ်။

    ၄။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု နည်းလား?

    ဒီလူတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု များလား၊ နည်းလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သုတေသနလုပ်ဖို့ လိုအပ်ပါတယ်။

    WHO ကတော့ Asymptomatic လူနာတွေထံကနေ ရောဂါကူးစက်မှုဟာ ရောဂါလက္ခဏာပြတဲ့ လူနာတွေထံက ကူးစက်မှုလောက် မများဘူးလို့ ပြောကြားထားပါတယ်။

    ဒေါက်တာ အွတ်စမာနီကလည်း ဒီအချက်ကို သဘောတူပြီး ကူးစက်မှုဟာ ဗိုင်းရပ်ဝင်ရောက်မှု ပမာဏနဲ့ ဆက်နွယ်နေမယ်ဆိုရင် ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြတဲ့ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ နည်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၅။ ဘယ်လိုကာကွယ်မလဲ?

    ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နည်းက ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မ​​ကြာခဏ လက်ဆေးတာ၊ နေအိမ်တွေကို အမြဲတမ်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောတာ၊ လူများတဲ့နေရာတွေကိုသွားရင် နှာခေါင်းစည်း တပ်သွားတာတွေ ဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေထိုင်ဖို့သင့်ပြီး လက်မဆေးဘဲနဲ့ မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တွေိကို မကိုင်မိစေဖို့ သတိပြုရပါမယ်။

    Ref: Aljazeera

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ဇူလိုင် ၇၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၄ သိန်းကျော်လာခဲ့ပြီး ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆.၉ သန်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    လက်ရှိ အဆိုးဝါးဆုံး ကူးစက်ရာဒေသက လက်တင်အမေရိကဖြစ်ပြီး စုစုပေါင်း ကူးစက်သူ ၁.၂ သန်းနီးပါး၊ သေဆုံးသူ ၆ သောင်းကျော် ရှိနေပါတယ်။ စမ်းသပ်စစ်ဆေးမှုပမာဏ နည်းတာ၊ သေဆုံးမှု သတင်းမရောက်တာတွေကြောင့် ကူးစက်မှု၊ သေဆုံးမှုအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။

    သေဆုံးမှုမှာ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေပြီး၊ ဥရောပမှာတော့ ယူကေက ဗိုင်းရပ်ဒဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။

    တောင်ကိုရီးယားမှာ ကိုရိုနာဒုတိယလှိုင်းလုံးနဲ့ ကြုံတွေ့နေရပြီး၊ အိန္ဒိယနိုင်ငံမှာလည်း ကူးစက်မှုတွေဟာ တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာပါတယ်။

    အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းကာ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နေတဲ့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က စက်တင်ဘာမှာ ကာကွယ်ဆေးအရေအတွက် ၂ ဘီလီယံလောက် ဖြန့်ဖြူးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်မှာလည်း ကာကွယ်ဆေး ၂ သန်းလောက် အဆင်သင့်ရှိနေပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ အောင်မြင်ရင် ဖြန့်ဖြူးမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNN, India Express