News @ M-Media

Tag: WuhanVirus

  • ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ကမ္ဘာ့နိုင်ငံများ ပိုမိုတံခါးပိတ်လာ

    ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ကမ္ဘာ့နိုင်ငံများ ပိုမိုတံခါးပိတ်လာ

    မတ် ၁၉၊ ၂၀၂၀
    M-Media

    ကမ္ဘာတစ်ဝှမ်း တံခါးပိတ်ထားသည့် နိုင်ငံများ (အဝါ -တစ်စိတ်တစ်ပိုင်း၊ အနီ – တစ်နိုင်ငံလုံး)
    • COVID-19 ဗိုင်းရပ်စ် ပြန်နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဟာ တစ်နိုင်ငံလုံး ဒါမှမဟုတ် ဒေသတစ်ချို့ကို တံခါးပိတ်တာ၊ ပြည်ဝင်ခွင့်ကန့်သတ်တာ၊ လေယာဉ်ပျံသန်းမှု ပိတ်ပင်တာ၊ သွားလာလှုပ်ရှားမှု ကန့်သတ်တာတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြပါတယ်။
    • အီတလီနိုင်ငံမှာ COVID-19 ကြောင့် ဗုဒ္ဓဟူးနေ့မှာ ၄၇၅ ဦး သေဆုံးခဲ့ပြီး ဒါဟာ တစ်ရက်တာကာလမှာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၉၇၈ ဦး ရှိလာခဲ့ပြီး ကူးစက်မှုကလည်း ၃၅၇၁၃ ဦး ရှိလာပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့က အီတလီမှာ သေဆုံးသူ ၃၆၈ ဦး ရှိခဲ့ပြီး ဒါဟာ တစ်ရက်တာ ဒုတိယအမြင့်ဆုံး ဖြစ်ပါတယ်။ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ အီတလီနိုင်ငံကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂ ပတ်အရင်ကတည်းက တံခါးပိတ်ထားခဲ့တာပါ။ အီတလီမှာ COVID-19 ကြောင့် သေဆုံးသူဟာ ကမ္ဘာ့မှာ သေဆုံးမှုစုစုပေါင်းရဲ့ ၃၄.၂ ရာခိုင်နှုန်းအထိ ရှိလာတာ ဖြစ်ပါတယ်။
    • ကမ္ဘာတစ်ဝှမ်းက လူပေါင်းသောင်းချီ ပါဝင်မယ့် အစ္စလာမ်ဘာသာရေးအခမ်းအနားတစ်ခုကို ရပ်ဆိုင်းဖို့အတွက် အင်ဒိုနီးရှားအာဏာပိုင်တွေက ပွဲစီစဉ်သူတွေနဲ့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ကမ္ဘာ့ အစ္စလာမ်သာသနာပြုလှုပ်ရှားမှု Tablighi Jama’ ရဲ့ အာရှဆိုင်ရာ တွေ့ဆုံပွဲ Ijtima Asia ကို နိုင်ငံအရှေ့ပိုင်း မာကက်ဆာမြို့မှာ မတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ အင်ဒိုနီးရှားနဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် သောင်းချီတက်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဒီပွဲကနေတစ်ဆင့် COVID-19 ဗိုင်းရပ်စ် ပြန့်နှံမှု အကြီးအကျယ်ဖြစ်ပွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ အစပိုင်းမှာ စီစဉ်ထားတဲ့အတိုင်း ပွဲကို ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက ကြားဝင်ညှိနှိုင်းကာ ပွဲကို ရပ်ဆိုင်းဖို့ ဖျောင်းဖြနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်း မလေးရှားက လူပေါင်း ၁၆၀၀၀ လောက် တက်ရောက်ခဲ့တဲ့ ဒီလိုအခမ်းအနားတစ်ခုကနေ လူရာနဲ့ချီ ဗိုင်းရပ်စ်ကူးစက်ခဲ့ပြီး စင်ကာပူ၊ ဘရူးနိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဒီအခမ်းအနား တက်ရောက်သူတွေပါ ကူးစက်ခံခဲ့ရပါတယ်။နောက်ဆက်တွဲအဖြစ် မလေးရှားဟာ နိုင်ငံကို မတ်လကုန်အထိ ၂ ပတ်ကြာတံခါးပိတ်ကာ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရပါတယ်။
    • လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်ဟာ လေထဲမှာ ၃ နာရီလောက် ရှင်သန်နိုင်ပြီး ပလက်စတစ်နဲ့ သံတွေပေါ်မှာ ၃ ရက်လောက်အထိ ရှင်သန်နိုင်တယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျုရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ ကြေးပြားအပေါ်မှာ ၄ နာရီလောက် ရှင်သန်နိုင်သလို၊ စက္ကူပေါ်မှာတော့ ၂၄ နာရီ ရှင်သန်နိုင်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ကိုရိုနာဗိုင်းရပ်စ်ဟာ များသောအားဖြင့် နှာချေ၊ ချောင်းဆိုးမှုကနေ ထွက်လာတဲ့ အရည်အစက်လေးတွေကြောင့် ကူးစက်တာဖြစ်ပြီး၊ ဗိုင်းရပ်စ်ရှိတဲ့အရာတွေကို ကိုင်ကာ ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတွေကို ထိတွေ့ရာကနေလည်း ကူးစက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • COVID-19 ကြောင့် ဖြစ်လာသည့် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

    COVID-19 ကြောင့် ဖြစ်လာသည့် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

    မတ် ၁၉၊ ၂၀၂၀
    M-Media

    -COVID-19 ဗိုင်းရပ်စ် ပိုမိုပြန့်နှံ့မှု၊ နောက်ဆက်တွဲရိုက်ခတ်မှုတွေကြောင့် ပြည်သူလူထုအကြား စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေလည်း မြင့်တက်လာပါတယ်။

    တစ်ချို့နိုင်ငံတွေမှာ မထင်မှတ်ဘဲ အလျင်အမြန်ပြန့်နှံ့လာတာ၊ အလုပ်တွေပိတ်ရလို့ အလုပ်လက်မဲ့ဖြစ်တာ၊ ဝင်ငွေနည်းတာ၊ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ သတင်းမှားတွေပြန့်နှံ့နေတာကလည်း နဂိုရှိရင်းစွဲ စိုးရိမ်စိတ်တွေကို ပိုမိုမြင့်တက်လာစေပါယ်။

    ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၂၆၄ သန်းလောက်ဟာ စိုးရိမ်စိတ်လွန်ကဲမှုပြဿနာကို ရင်ဆိုင်နေရပြီး အမျိုးသားတွေထက်၊ အမျိုးသမီးတွေမှာ ဒီဒဏ်ကို ပိုမိုခံစားလာရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ကြောင့် လူတွေခံစားရတဲ့ ကျန်းမာရေးပြဿနာ ၁၀ ခုကို စာရင်းပြုစုထားရာမှာ အတွေးဆိုးဝင်ပြီး စိုးရိမ်လွန်ကာ စိတ်မူမမှန်တဲ့ရောဂါ (obsessive-compulsive disorder – OCD) ကို ထိပ်ဆုံးမှာ ထည့်သွင်းခဲ့ပါတယ်။

    အရင်က စိတ်ကျန်းမာရေးမှာ ကောင်းမွန်ခဲ့သူတွေလည်း COVID-19 ပြန့်နှံ့မှုကြောင့် စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာကြပါတယ်။ ဒါ့ကြောင် စိတ်ဖိစီးမှု လျော့ပါးရေး လွယ်လွယ်ကူကူဆောင်ရွက်နိုင်တဲ့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ဆိုရှယ်မီဒီယာသုံးစွဲချိန်ကိုလျော့ပါ

    COVID-19 နဲ့ပတ်သက်ပြီး နောက်ဆုံး သတင်းအချက်အလက်တွေကို လူတိုင်း သိရှိချင်ကြပေမယ့် တစ်ဖက်မှာတော့ ဒါဟာ မလိုအပ်ဘဲ စိုးရိမ်စိတ် ကြီးထွားစေမယ့် အကြောင်းအရင်းတစ်ခု ဖြစ်လာပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေတာကြောင့် အချိန်ကြာကြာ သုံးခြင်းအားဖြင့် မလိုလားအပ်တဲ့ အတွေးတွေလည်း ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် သတင်းတွေ ကြည့်ရှုမှု၊ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို လျော့ချပြီး စိတ်ကို ခဏအနားပေးကာ အခြားကိစ္စတွေမှာ အာရုံစိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်လွန်ကဲမှုတွေကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ အချိန်တစ်ခုသတ်မှတ်ကာ သတင်းကြည့်တဲ့ အလေ့အထကို မွေးမြူပါ။ ဒီထက်ပိုအရေးကြီးတာက စိတ်ချရတဲ့ သတင်းရင်းမြစ်တွေနေတစ်ဆင့်သာ သတင်းတွေကိုရယူတာပဲဖြစ်ပါတယ်။

    ၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

    လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာဟာ စိတ်ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အိမ်ထဲမှာ နေထိုင်နေရပေမယ့် ခြံထဲဆင်းပြီး လမ်းလျှောက်တာ၊ လှေကားမှာ တက်လိုက်ဆင်းလိုက်လုပ်တာ၊ ခုံမှာထိုင်ပြီး လုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးတာက စိတ်ကို အပြောင်းအလဲဖြစ်စေသလို ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

    ၃။ လေကောင်းလေသန့် ထွက်ရှူပါ

    အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလို စိုးရိမ်စိတ်လွန်ကဲမှု၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေပါတယ်။ အခွင့်သာမယ်ဆိုရင် လူနည်းပြီး၊ ဗိုင်းရပ်စ်ကူးစက်မှာ မကြောက်ရတဲ့ တောအုပ်လေးတွေ၊ ပန်းခြံတွေကို သွားရောက်ကာ အညောင်းအညာပြေ လမ်းလျှောက်ပေးပါ။ အဲဒီလိုအချိန်မှာ ဖုန်းမကြည့်ဖြစ်အောင်တော့ ဂရုစိုက်ပါ။

    ၄။ စိုးရိမ်စိတ်လွန် ဆောင်ရွက်မှုတွေကို လျှော့ချပါ

    စိုးရမ်စိတ်လွန်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေကို ထပ်ခါတစ်လဲလဲ လုပ်ဆောင်တာက OCD ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ လက်ကို ခဏခဏဆေးတာ၊ အိမ်တွေ၊ အခန်းတွေကို ခဏခဏရှင်းတာမျိုးပါ။ ဒါဟာ ကိုယ်မသိလိုက်ဘဲ စိတ်ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုလုပ်ဆောင်မှုကို လျှော့ချပြီး အချိန်သတ်မှတ်ချက်တစ်ခုထားကာ စိတ်ကို ဗိုင်းရပ်စ်အကြောင်း လုံး၀ မတွေးမိအောင် ပြောင်းထားပါ။ COVID-19 ရောဂါကူးစက်သူ အများစုဟာ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ရောဂါလက္ခဏာတွေကိုသာ ခံစားရပြီး လုံး၀ ပြန်ကောင်းသွားတယ်ဆိုတဲ့အချက်ကို စိတ်ထဲမှာ မှတ်ထားပါ။

    ၅။ ဘော်ဒါတွေနဲ့ အဆက်မပြတ်ပါစေနဲ့

    ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အိမ်ထဲမှာသာ နေထိုင်နေရပေမယ့် ဖုန်းတွေ၊ အီးမေးလ်တွေ၊ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဆက်သွယ်နေလို့ရပါတယ်။ မိတ်ဆွေတွေနဲ့ ဟာသပြောတာ၊ ရောက်တတ်ရာရာ ပြောဆိုနေတာတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်လွန်ကဲ့မှု လျော့ချရေးမှာ အထောက်အကူဖြစ်စေပါတယ်။

    ၆။ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပါ

    လူ့ကိုယ်တွင်းမှာရှိတဲ့ ကိုယ်ခံစွမ်းအားဟာ ရောဂါတိုက်ဖျက်ရေးအတွက် အကောင်းဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အဟာရရှိတာတွေစား၊ အိပ်ရေး၀အောင်အိပ်ပြီး ကိုယ်ခံစွမ်းအားကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ထားပါ။ ကိုယ်ခံစွမ်းအာ အားနည်းစေမယ့် လုပ်ရပ်တွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။

    Ref: BBC, Aljazeera

    mmHelthNews

  • ဗုဒ္ဓဟူး​နေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူး​နေ့ ဘောလုံးသတင်းများ

    မတ် ၁၈၊ ၂၀၂၀
    M-Media

    ယူရို ၂၀၂၀ ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်း

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက်နေ့အထိကျင်းပဖို့ ​ရွှေ့ဆိုင်းလိုက်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပြောကြားလိုက်ပါတယ်။ ဒါဟာ လက်ရှိ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ရပ်ဆိုင်းထားရတဲ့ ဥရောပ အမှတ်ပေးပြိုင်ပွဲတွေ ပြီးဆုံးနိုင်အောင် အချိန်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၂၁ ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကျင်းပမယ့် ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲနဲ့ သွားတိုက်နေမှာ ဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်တွင် ကိုရိုနာကူးစက်သည့်ကစားသမား ၂ ဦး ဖြစ်လာ

    ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ ဘာလိုင်စီ မာတွီဒီဟာ COVID-19 ကူးစက်ခံနေရတယ်လို့ အသင်းက အတည်ပြုလိုက်ပြီး နောက်ခံအလယ်လူ ဒန်နီယဲလ် ရူဂါနီပြီးတဲ့နောက် ကူးစက်ခံရတဲ့ ဒုတိယမြောက် ဂျူဗီကစားသမား ဖြစ်လာပါတယ်။ မာတွီဒီဟာ မတ်လ ၁၁ ရက်နေ့ကတည်းစလို့ သီးသန့်နေထိုင်နေပြီး အခြေအနေ ကောင်းမွန်နေတယ်လို့လည်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ထားပါတယ်။ COVID-19 ဗိုင်းရပ်စ်ကြောင့် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်ဆိုင်းထားပါတယ်။

    မန်စီးတီး ပရိတ်သတ်တစ်ဦး လူမျိုးရေးခွဲခြားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဒီဇင်ဘာ ၇ ရက်နေ့က အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ယူကွင်းလယ်လူ ဖရဒ်ကို မျောက်ပုံစံလုပ်ပြကာ လူမျိုးရေး ခွဲခြားစော်ကားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူတစ်ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။ အဲဒီပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လူမျိုးရေး ခွဲခြားစော်ကားခဲ့သူကတော့ အသက် ၄၁ နှစ်အရွယ် အန်သိုနီ ဘာကီဖြစ်ပါတယ်။ သူဟာ ဧပြီလ ၁၅ ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

    ကိုရိုနာကြောင့် ဂျွန်အိုဘီလ် မီခေးလ် အသင်းနှင့် လမ်းခွဲ

    ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ တူရကီကစူပါလိဂ်ကလပ် Trabzonspor မှာ ကစားနေတဲ့ ဂျွန်အိုဘီလ် မီခေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့် အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေတာကြောင့် ဘောလုံးကစားဖို့ အဆင်မပြေဘူးလို့ ဆိုရှယ်မီဒီယာမှာ မီခေးလ်က ရေးသားခဲ့ပြီးတဲ့နောက် နှစ်ဖက်သဘောတူညီမှုနဲ့ ဒီလို လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။ မီခေးလ်ဟာ အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ထားတာပါ။

    Ref: BBC

    #mmFootballNews

  • အင်ဒိုနီးရှားတွင် COVID-19 ကူးစက်မှု တစ်နေ့တာ စံချိန်တင်မြင့်တက်

    အင်ဒိုနီးရှားတွင် COVID-19 ကူးစက်မှု တစ်နေ့တာ စံချိန်တင်မြင့်တက်

    မတ် ၁၈၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မြင်ကွင်း)
    • အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၅၅ ဦးရှိခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း စံချိန်တင်ပမာဏလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကူးစက်သူစုစုပေါင်း ၂၂၇ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၁၉ ဦး ရှိလာပါပြီ။ ဗိုင်းရပ်စ်ပျောက်ကင်းပြီး ဆေးရုံကနေဆင်းရသူကတော့ ၁၁ ဦး ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မနေ့က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်ကူးစက်နေတာကို တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်က ၆၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မနေ့က ၃၅ ဦး ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက်က ၂၁၂ ဦး ရှိလာတာပါ။ အဲဒီအထဲမှာ ၄၂ ဦးက ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
    • အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦးကို မနေ့က တွေ့ခဲ့ရတာကြောင့် ပြည်နယ် ၅၀ စလုံးကို ပြန့်နှံ့သွားပြီဖြစ်ပါတယ်။ ဒီပြဿနာကြောင့် စီးပွားရေးအခက်တွေ့နေတဲ့ မိသားစုတွေထဲ ငွေကြေးထောက်ပံ့မှု ပြုလုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
    • အီရန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၅၃ ဦး ရှိလာခဲ့ပြီး ကူးစက်သူအရေအတွက်ကတော့ ၁၄၉၉၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်ကူးစက်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၈၅၀၀၀ လောက်ကိုလည်း အကျဉ်းထောင်တွေထဲကနေ လွှတ်ပေးလိုက်ပါတယ်။
    • ဂျော်ဒန်နိုင်ငံမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် မနေ့က အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တစ်နိုင်ငံလုံးကို တံခါးပိတ်ပြီး သွားလာလှုပ်ရှားမှုကို ကန့်သတ်ခဲ့ပါတယ်။ ကူးစက်သူ ၃၃ ဦး ရှိနေတဲ့ အိုမန်နိုင်ငံမှာ ကုန်စုံဆိုင်နဲ့ ဆေးဆိုင်ကလွဲလို့ ရှော့ပင်းမောလ်တွေ၊ စားသောက်ဆိုင်တွေ၊ အလည်အပတ်နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေအားလုံးကို မနေ့မှာ ပိတ်ပစ်လိုက်ပါတယ်။ ကာတာနိုင်ငံမှာလည်း ကူးစက်သူအရေအတွက်ဟာ ၄၄၂ ဦးအထိ ရှိလာခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးဆိုင်ကလွဲလို့ အားလုံးကို ပိတ်ထားလိုက်ပါတယ်။
    • COVID-19 ပြန့်နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဥရောပသမဂ္ဂနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေကို ပိတ်ထားလိုက်ပါတယ်။ ဥရောပဟာ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့တဲ့ အဓိကနေရာဖြစ်လာခဲ့ပြီး အီတလီက ဒီဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတာပါ။ အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၃၁၅၀၆ ဦး ရှိလာပြီး သေဆုံးသူကတော့ ၂၅၀၃ ဦး ရှိလာပါတယ်။ ဥရောပသမဂ္ဂဥက္ကဌ Ursula von der Leyen က လက်ရှိမှာ ဒီဗိုင်းရပ်စ်က ရန်သူသဘောမျိုးဖြစ်လာပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ကာကွယ်တားဆီးရေး အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။မလေးရှားမှာ နိုင်ငံသား ၁၅၀၀၀ လောက်နဲ့ နိုင်ငံခြားသား ၁၀၀၀ လောက် တက်ရောက်တဲ့ အစ္စလာမ်ဘာသာရေးအခမ်းအနားကနေတစ်ဆင့် ဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်ကို အရှေ့တောင်အာရှနိုင်ငံတွေက လတ်တလော ခံစားနေရပါတယ်။
    • WHO ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Poonam Khetrapal Singh က ဗိုင်းရပ်စ်ပြန့်နှံ့ရာ နေရာအသစ်တွေကို တွေ့နေရပြီး ဒီအတွက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုန့်ပြန်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ မလေးရှားနိုင်ငံဟာ ဗိုင်းရပ်စ်ပြန့်နှံ့မှုဏ်ကို အကြီးအကျယ်ခံစားနေရပြီး မတ်လ ၁၇ ရက်နေ့အထိ ကူးစက်သူ ၇၀၀ နီးပါး သေဆုံးသူ ၂ ဦး ရှိနေကာ တစ်နိုင်ငံလုံးကိုလည်း ၂ ပတ်ကြာ တံခါးပိတ်ထားပါတယ်။
    • ဂျပန်နိုင်ငံ Fujifilm Holdings ကုမ္ပဏီကထုတ်လုပ်တဲ့ တုပ်ကွေးပျောက်ဆေးဟာ COVID-19 ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ Favipiravir ဆေးအမျိုးအစားဖြစ်ပြီး Avigan အမည်နဲ့ ရောင်းချတဲ့ အဲဒီဆေးကို တရုတ်နိုင်ငံ ဂွမ်ဒုန်းပြည်နယ် ရှန်ဇန်းဆေးရုံမှာ စမ်းသပ်ခဲ့ပြီး ဒီဆေးထိုးနှံခဲ့တဲ့ လူနာတွေဟာ တစ်ခြားလူနာတွေထက် ဗိုင်းရပ်စ်မြန်မြန်ဆန်ဆန် ကင်းစင်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီဆေးကို ၂၀၁၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာပါ။ တရုတ် ဇီ၀နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစင်တာရဲ့ သိပ္ပံဌာန ညွှန်ကြားရေးမှူး Zahang Zinmin က ဒီဆေးဟာ အန္တရာယ်အလွန်ကင်းပြီး ကုသမှုမှာလည်း ထိရောက်တယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Nikkei Asian

    #mmHelthNews

  • COVID19 က မိမိတို့ခေတ်ကို အဆုံးအဖြတ်ပေးမည့် ပြဿနာဟု WHO သတိပေး (နောက်ဆုံးရသတင်းများ)

    COVID19 က မိမိတို့ခေတ်ကို အဆုံးအဖြတ်ပေးမည့် ပြဿနာဟု WHO သတိပေး (နောက်ဆုံးရသတင်းများ)

    မတ် ၁၇၊ ၂၀၂၀ (နေ့လည် ၂ နာ ရီခွဲ)
    M-Media

    (ဓာတ်ပုံ – ​မတ်လ ၁၇ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့မှု အခြေအနေ)

    – COVID19 ဟာ လက်ရှိကာလကို အဆုံးအဖြတ်ပေးမယ့် ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပြီး သံသယရှိသူအားလုံးကို စစ်ဆေးဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၁၆၈၀၀၀ ကျော်လောက် ကူးစက်နေပြီး သေဆုံးသူက ၆၆၁၀ ဦး ရှိနေတာပါ။ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် အမေရိကန်၊ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း တံခါးပိတ်တာတွေ ပြုလုပ်နေကြပါတယ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီကပ်ရောဂါကို မျက်လုံးမှိတ်ပြီး ဖြေရှင်းလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    – ဖိလစ်ပိုင်မှာ မြို့တော်မနီလာရှိရာ လူဇုန်ကျွန်းကို တံခါးပိတ်လိုက်ပြီး ပြည်တွင်းလေယာဉ်ခရီစဉ်တွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ မလေးရှားနိုင်ငံကလည်း တစ်နိုင်ငံလုံးကို မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တံခါးပိတ်လိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ကူးစက်သူအရေအတွက် ၃၃ ဦး ရှိလာပြီးတဲ့နောက် တစ်နိုင်ငံလုံးကို တံခါးပိတ်စောင့်ကြည့်သွားမယ်လို့ သမ္မတ မာဒူရိုက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဟောင်ကောင်ကတော့ နိုင်ငံထဲဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ၁၄ ရက် သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကလည်း နိုင်ငံခြားသားတွေအတွက် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

    – ထိုင်းနိုင်ငံမှာ မနေ့က လူ ၃၀ ထပ်မံကူးစက်ခဲ့ပြီး အဲဒီအထဲက ၁၁ ဦးဟာ လက်ဝှေ့အားကစားပွဲကနေ ဆက်နွယ်ကူးစက်သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက်ဟာ ၁၇၇ ဦး ရှိလာပါပြီ။ ကမ္ဘောဒီးယားမှာလည်း ကူးစက်မှုဟာ ၂၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    – တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မနေ့က အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီနဲ့ ဖုန်းပြောဆိုခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဆေးဝါးပစ္စည်းတွေကို ထပ်ပို့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီဟာ ဥရောပမှာ အဆိုးဝါးဆုံး ကူးစက်ပြန့်နှံ့နေတဲ့နိုင်ငံဖြစ်ပြီး ရှီက ဒီရောဂါဟာ မိမိတို့ ၂ နိုင်ငံစလုံးအတွက် ပြင်းထန်တဲ့ စမ်းသပ်မှုဖြစ်ကြောင်း၊ အီတလီရဲ့ အရေးပေါ်လိုအပ်ချက်တွေကိုလည်း နားလည်ပါကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    – တောင်ကိုရီးယားမှာ မနေ့က ထပ်မံကူးစက်သူ ၈၄ ဦးသာရှိခဲ့ပြီး ၃ ရက်ဆက်တိုက် ၁၀၀ အောက် ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကူးစက်မှုစုစုပေါင်း ၈၃၂၀ ဦးရှိပြီး သေဆုံးသူအရေအတွက်ကတော့ ၈၁ ဦး ရှိလာပါတယ်။ ကူးစက်သူတွေထဲမှာ ၁၄၀၁ ဦးက ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။

    – တရုတ်နိုင်ငံမှာ မနေ့က ထပ်မံကူးစက်သူ ၂၁ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ ၂၀ က နိုင်ငံရပ်ခြားကနေ ကူးစက်လာသူတွေဖြစ်ပါတယ်။ သေဆုံးသူကတော့ မနေ့က ၁၃ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်က ၃၂၂၆ ဦး ရှိလာတာပါ။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်မှု ၈၀၈၈၁ ခု ရှိခဲ့ပြီး၊ ဗိုင်းရပ်စ်ပျောက်ကင်းကာ ​ဆေးရုံကဆင်းသွားသူတွေလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။

    – ဩစတေးလျမှာ ဗိုင်းရပ်စ်ကူးစက်နေတဲ့ ဟောလီးဝုဒ်မင်းသား တွမ်ဟန့်နဲ့ ဇနီးဖြစ်သူ ရီတာဝီလ်ဆင်တို့ဟာ မနေ့က ဆေးရုံကနေဆင်းပြီး အိမ်တစ်လုံးမှာ သီးသန့်နေထိုင်ကာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ အသက် ၆၃ နှစ်အရွယ် တွမ်ဟန့်ဟာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း ပထမဆုံးကြေငြာခဲ့တဲ့ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။

    Ref: Aljazeera