News @ M-Media

Tag: Yangon

  • အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ

    မတ် ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    DSC00446

    ရန်ကုန်    ။         ။ အာဆီယံဖိုရမ်တွင် ၀င်ရောက်ဆွေးနွေးနိုင်ရန်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ၇ မျိုးပါဝင်သည့် တိုင်းရင်းသားဖိုရမ်တစ်ခုကို ယနေ့ မတ်လ ၁၇ ရက်နေ့မှစတင်ကာ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်များ မျက်မမြင်မိတ်သယာယ ရန်ကုန်မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

    “ကျွန်မတို့အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ အခြေအနေတွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒေသအသီးသီးရဲ့အဖြစ်အပျက်တွေကို ဖလှယ်သွားကြမှာပါ။ အားလုံးဆွေးနွေးပြီးမှ အာဆီယံဖိုရမ်မှာဘယ်လိုအကြောင်းအရာတွေ ၀င်ရောက် ဆွေးနွေးကြမလဲဆိုတာစဉ်းစားပြီးတိုင်ပင်ကြမှာဖြစ်ပါတယ်” ဟု ဖိုရမ်ကျင်းပရေးဒါရိုက်တာ နော်အိအိမင်းကပြောကြားခဲ့သည်။

    ၎င်းဖိုရမ်တွင် အဓိက တိုင်းရင်းသားဒေသ အသီးသီးရှိဖြစ်ရပ်များကို အတွေ့ကြုံဖလှယ်ကြမည်ဖြစ်ပြီး အာဆီယံဖိုရမ်သို့တင်းသွင်းမည့် Statement ကို တိုင်းရင်းသားများ တိုင်ပင်ပြီး ရေးဆွဲသွားကြမည်ဖြစ်ပြီး အာဆီယံနှင့် ချိတ်ဆက်နိုင်မည့် ကဏ္ဍများကိုဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

     

     

  • ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    မတ် ၁၅၊ ၂၀၁၄
    M-Media
    K K

    unnamed

    ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မင်္ဂလာလမ်းတွင် ယနေ့ ညနေ ၅း၄၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သော်လည်း ရပ်ကွက်ပြည်သူများက မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု သိရသည်။

    ဖြစ်စဉ်မှာ ထမင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲ၍ ၁၀-မိနစ်ခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် တန်ဖိုး ၃၀၀၀၀ ကျပ်နီးပါး ဒစ်ဂျစ်တယ် မီးဖိုတစ်လုံးသာဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

    “မီးဖိုးကတဆင့်ဖြစ်တာ။ လျှပ်စစ်မီးခလုတ်ရှိတယ်။ အဖွင့်အပိတ်ခလုတ်က ဖွင့်လို့လည်း မရဘူး ပိတ်လို့လည်း မရဘူး။ အသေကြီးဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ မီးဝင်သွားတာပဲ လျှပ်စစ်အခေါ်အဝေါ်အရဆိုရင်တော့ တန်းပြီး လျှော့ဝင်သွားတာ ဒီဂျစ်တယ်မီးဖိုတစ်လုံး လောင်တာဖြစ်တဲ့အတွက် ၅ မိနစ်လောက်တော့ ကြာလိမ့်မယ်။ အပူလွန်ကဲပြီးလောင်တာပါ။” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

  • ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည်

    ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    လမင်း

    ပြည်တွင်းဈေးကွက်အတွင်းရှိ စားသောက်ကုန်များဖြစ်ကြသော အားလူးကြော် Oishi နှင့် အချိုရည်တစ်ခုဖြစ်သော Dee DOအချိုရည် တို့တွင် အန္တရာယ်ရှိသော Chemical များ ပါဝင်သောကြောင့် စမ်းသပ်မှုများအရ စားသုံးရန် မသင့်ဟု မြန်မာနိုင်ငံစားသုံးသူများအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က
    ပြောကြားခဲ့သည်။

    သောက်သုံးသူများပြားနေတဲ့ Dee DOအချိုရည်ကိုလည်း သောက်သုံးနေသူများမှ အရမ်းအနံ့စူးနေသောကြောင့် ဓာတ်ခွဲကြည့်ရန် တောင်းဆိုလာသော ကြောင့် စစ်ဆေးမှုပြုလုပ်ကြည့်လိုက်သောအခါ 1ML ကိုမှိုခြောက်သန်းခန့်ပါဝင်နေပြီး ၁ ပုလင်း 450 ML ကိုမှိုသိန်း ၂၇၀၀ ပါဝင်နေတာ တွေ့ရှိ ကြောင်း ကိုလည်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ ထိုသို့ မှိုပါဝင်များသည့် အချိုရည်ကို သောက်သုံးခြင်း အားဖြင့် ၀မ်းပျက်ဝမ်းလျောရောဂါ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ အသင်းမှ ပြောကြားခဲ့သည်။

    “ဒီအကြောင်းက တာဝန်ရှိသူတွေလည်း သိတယ်။ ဒါပေမယ့် ဈေးကွက်ထဲကတော့ ပြန်မသိမ်း သေးပါဘူး။ လက်ကျန်ပစ္စည်းတွေလည်း ရှိနေသေးတယ်” ဟု စားသောက်ကုန်ပစ္စည်း လက်ကားဆိုင် အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။

    သတင်းမီဒီယာများတွင်ပျံ့နှံနေသောအကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ Food star ကုမ္ပဏီမှ ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေးအကြောင်း ကို မတ်လ ၁၈-ရက်နေ့တွင် M-3 စားသောက်ဆိုင်၌ နေ့လည် ၂း၀၀-နာရီမှ ညနေ ၄း၀၀-နာရီအထိ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဟု သိရသည်။

    အလားတူပင် “Oishi အာလူချောင်းကြော်က ဓာတ်ခွဲခန်းကိုမပို့ခင်မှာကတည်းက Facebook မှာပျံ့နှံနေတာပါ။ Oishi အာလူးကြော်ကို မီးရှို့ကြည့်ပါက ဖယောင်း တိုင်ကဲ့သို့လောင်ကျွမ်းခြင်း၊ လေသလပ်ခံထားပါက ပြင်ပတွင် ၄၈နာရီ ထားသော်လည်း ကြွပ်နေခြင်းအစရှိ သဖြင့် သတင်းတွေ ထွက်လာ ပါတယ်။ ကျွန်တော်တို့က သမ၀ါယမလက်အောက်ကဓာတ်ခွဲခန်းမှာခွဲစိတ်ကြည့်လိုက်တော့ ပုံမှန်အားဖြင့် acid value 0.6 ရှိရမှာကို သူက 5.279 ရှိနေတယ်။ ပြီးတော့သူက စားအုန်းဆီနဲ့ကြော်ထားတာဖြစ်နေတယ်။ စားသုံးဖို့လုံးဝမသင့်တာပါ။ စားသုံးရင်အူမကြီးကင်ဆာတို့ အသဲကင်ဆာတို့ ဖြစ်နိုင်ပါတယ်။ ကျွန်တေယ်တို့အနေနဲ့စားသုံးသူတွေကိုကာကွယ်နေတာပါ၊ လုပ်ငန်းရှင်တွေကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး” ဟု ဦးဗအုပ်ခိုင်က ဆက်လက်ရှင်းလင်းခဲ့သည်။

    စားသောက်ကုန်အများစုသည် စားအုန်းဆီ၊ ပြန်ကြော်ဆီများဖြင့်သာ အများစုကအသုံးပြုကြပြီး  နိုင်ငံရပ်ခြားမှ တင်သွင်းလာသော အန္တရာယ် မကင်း သည့် ဆီများကို သက်ဆိုင်ရာအစိုးရမှ တာဝန်ယူမှုမရှိကြောင်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှပြောသည်။

    မြန်မာနိုင်ငံမှစားသုံးသူများသည် စားသုံးသူများရဲ့အခွင့်အရေးတွေကို ဖော်ထုတ်ရန်အချိန်ရောက်နေပြီ ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ကမ္ဘာ့ စားသုံးသူ အခွင့်ရေးများနေ့အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံစားသုံးသူများအသင်းမှ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာကပြောကြားခဲ့သည်။

    “ကျွန်မတို့စားသုံးသူများအနေနှင့် အခွင့်ရေးတွေကိုဖော်ထုတ်သင့်တာကြာပါပြီ။ အရင်က ဒီလိုအခွင့်အရေးတွေမရှိခဲ့ပါဘူး။ ကျွန်မတို့အသင်း အနေနဲ့ လည်းပြည်သူတွေစားသုံးတဲ့အခါမှာ ဘေးဥပဒ်ကင်းတဲ့ အစားအသောက်တွေဖြစ်အောင် စီစစ်နေပါတယ်။ အဓိကတော့ အခုကလေးတွေရဲ့ ကျောင်းက ရောင်းတဲ့မုန့်ဈေးတန်းမှာစစ်ဆေးနေတယ်။ အဲဒီမှာ တရုတ်ပြည်က လာတဲ့နို့မုန့်ခဲလေးတွေရောင်းနေတာတွေ့တော့ စစ်ဆေးကြည့်တော့ တရုတ်စာ တတ်တဲ့လူကိုဖ တ်ခိုင်းကြည့်လိုက်တော့ သူတို့ဆီမှာ အိမ်မွေးတိရစ္ဆာန်တွေကို ကျွေးတဲ့မုန့်တွေဖြစ်နေတယ်။ ဒါမျိုးတွေမဖြစ်သင့်ပါဘူး။ အခုဆိုရင် စားသုံးသူတွေအနေနဲ့ လွပ်လပ်စွာပြောဆိုလို့ရနေပါပြီ” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

  • မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည်

    မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည်

    မတ် ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ ၂၀၁၃ ဒီဇင်ဘာ ၁၂ တွင်ရပ်နားခဲ့သည့် မိကျောင်းကန်သပိန်စခန်းကို ယခုလ မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်၍ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

    “ဦးခိုင်မောင်ရည်နဲ့ ဦးအောင်သိန်းလင်းက လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းပေးမယ်ဆိုပြီးတော့ အခုထိထူးခြားမှုမရှိသေးပါဘူး။ ဒီအတိုင်း ပြောထားမျိုးပဲရှိနေသေးတယ်။ ကျွန်တော်တို့ကို သက်ဆိုင်ရာကနေလည်း ဘာမှလိုက်လျောပေးမှုမရှိတဲ့အတွက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း အခု တတိယအကြိမ်မြောက် သပိတ်စခန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”ဟု မိကျောင်းကန်သပိတ်စခန်းမှ ဦးစိန်သန်းကပြောကြားခဲ့သည်။

    မတ်လ ၂၄ ရက်နေ့တွင်ဖွင့်လှစ်မည့် တတိယအကြိမ်မြောက် သပိတ်စခန်းကို ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့တွင်သော် လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့တွင်သော်လည်းကောင်း၊ မိကျောင်းကန်သပိတ်စခန်းရှေ့တွင်သော်လည်းကောင်း တစ်နေရာရာ၌  ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်းသိရသည်။

    ယခုလိုမိကျောင်းကန်မြေကိုသိမ်းပိုက်ထားတာ မြေသိမ်းဥပေဒနှင့် မညီကြောင်း ကျွန်တော်တို့ကို မိကျောင်းကန်မြေကို ပြန်လည်ပေးအပ်မယ်ဆိုကာမှပဲ ကျွန်တော်တို့ရဲ့ သပိတ်စခန်းကို ပိတ်သိမ်းသွားမှာဖြစ်ကြောင်း မိကျောင်းကန်သပိတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြေကြားခဲ့ပါသည်။

    သပိတ်စခန်းဖွင့်နေစဉ်အတွက် စားရေးသောက်ရေးနှင့် ကျန်းမာရေးအသုံးအဆောင်ဆေးဝါးများကို ယခုချိန်ကတည်းက စတင်စုဆောင်းနေလျက် ရှိကြပြီး ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု သိရသည်။

    မိကျောင်းကန်ပြည်သူများသည် ဆန္ဒထုတ်ဖော်မှုကို ကိုးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြပြီး သပိတ်စခန်းကို နှစ်ကြိမ်တိုင်ဖွင့်လှစ်ခဲ့ရာ ဒုတိယကြိမ်မြောက် သပိတ်စခန်းကို ၂၀၁၄ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သပိတ်စခန်းကို သုံးလတိုင်တိုင် ခေတ္တနားခဲ့ကြပါသည်။

  • တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း

    တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း

    မတ် ၁၃၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။       ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေး ကုသရေးသုံး ယာဉ်လှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ အပြည်ပြည်ဆိုင်ရာ မျက်စိကုသရေး ဌာန၌ ပြုလုပ်ခဲ့သည်။

    ပထမဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် Mr.Ji Ping မှ အမှာစကား ပြောကြားခဲ့သည်။” အခုလို တရုတ်နိုင်ငံကနေ မြန်မာပြည်နဲ့ ချစ်ကြည်ရေးအတွက် လာရောက် လှူဒါန်းတဲ့ အတွက် အရမ်းကိုကျေးဇူး တင်မိပါတယ်။ အခုဆိုတောရွာတွေကိုပါ အလွယ်တကူ သွားရောက်နိုင်တော့မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအလင်းရောင်ဖောင်ဒေရှင်း ဥက္ကဌ ဒေါက်တာစိုးမင်းက ပြောခဲ့သည်။

    ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ၀န်ကြီး Mr.Li Jinjim မှရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေအား မော်တော်ယာဉ် နှင့် ပတ်သက်သည့် ကားသော့နှင့် စာရွက်စာတမ်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ၎င်းတို့မှ မော်တော်ယာဉ်များအား အမွေးနံ့သာများဖြင့် ပတ်ဖျန်းခဲ့ကြသည်။

    အလင်းရောင်ဖောင်ဒေးရှင်းကို ၂၀၁၃ တွင်စတင်တည်ထောင်ခဲ့ပြီး မျက်စိကို အထူးခွဲစိတ်သော ဖောင်ဒေးရှင်းတစ်ခု ဖြစ်သည်။ အလင်းရောင် ဖောင်ဒေးရှင်းသည် လူနာပေါင်း ၂၀၀၀ကျော်ကိုစပ်းသပ်ပြီးလျက်ရှိပြီး လူနာပေါင်း ၂၆၀၀ ကျော်ကိုခွဲစိတ်ကုသပြီးလျက်ရှိကြောင်း သိရသည်။