မတ် ၁၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ ၂၀၁၃ ဒီဇင်ဘာ ၁၂ တွင်ရပ်နားခဲ့သည့် မိကျောင်းကန်သပိန်စခန်းကို ယခုလ မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်၍ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဦးခိုင်မောင်ရည်နဲ့ ဦးအောင်သိန်းလင်းက လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းပေးမယ်ဆိုပြီးတော့ အခုထိထူးခြားမှုမရှိသေးပါဘူး။ ဒီအတိုင်း ပြောထားမျိုးပဲရှိနေသေးတယ်။ ကျွန်တော်တို့ကို သက်ဆိုင်ရာကနေလည်း ဘာမှလိုက်လျောပေးမှုမရှိတဲ့အတွက် ကျွန်တော်တို့ပြောထားတဲ့အတိုင်း အခု တတိယအကြိမ်မြောက် သပိတ်စခန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”ဟု မိကျောင်းကန်သပိတ်စခန်းမှ ဦးစိန်သန်းကပြောကြားခဲ့သည်။
မတ်လ ၂၄ ရက်နေ့တွင်ဖွင့်လှစ်မည့် တတိယအကြိမ်မြောက် သပိတ်စခန်းကို ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မြို့တော်ခန်းမရှေ့တွင်သော် လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့တွင်သော်လည်းကောင်း၊ မိကျောင်းကန်သပိတ်စခန်းရှေ့တွင်သော်လည်းကောင်း တစ်နေရာရာ၌ ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်းသိရသည်။
ယခုလိုမိကျောင်းကန်မြေကိုသိမ်းပိုက်ထားတာ မြေသိမ်းဥပေဒနှင့် မညီကြောင်း ကျွန်တော်တို့ကို မိကျောင်းကန်မြေကို ပြန်လည်ပေးအပ်မယ်ဆိုကာမှပဲ ကျွန်တော်တို့ရဲ့ သပိတ်စခန်းကို ပိတ်သိမ်းသွားမှာဖြစ်ကြောင်း မိကျောင်းကန်သပိတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြေကြားခဲ့ပါသည်။
သပိတ်စခန်းဖွင့်နေစဉ်အတွက် စားရေးသောက်ရေးနှင့် ကျန်းမာရေးအသုံးအဆောင်ဆေးဝါးများကို ယခုချိန်ကတည်းက စတင်စုဆောင်းနေလျက် ရှိကြပြီး ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဟု သိရသည်။
မိကျောင်းကန်ပြည်သူများသည် ဆန္ဒထုတ်ဖော်မှုကို ကိုးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြပြီး သပိတ်စခန်းကို နှစ်ကြိမ်တိုင်ဖွင့်လှစ်ခဲ့ရာ ဒုတိယကြိမ်မြောက် သပိတ်စခန်းကို ၂၀၁၄ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သပိတ်စခန်းကို သုံးလတိုင်တိုင် ခေတ္တနားခဲ့ကြပါသည်။
Leave a Reply
You must be logged in to post a comment.