News @ M-Media
Tag: Yangon
  • လှည်းကူးက မငြိမ်သက်မှု လုံခြုံရေးများ ထိန်းထားနိုင်သော်လည်း ဒေသခံများ စိုးရိမ်ဆဲ
    ဧပြီ ၄၊ ၂၀၁၄
    M-Media
    ဇာဏီ
    DVB
    ယနေ့ လှည်းကူးမြို့တွင် လူငယ်(၂) ဦးခိုက်ရန်ဖြစ်ပွားရမှ တုတ်၊ ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်ဖြင့် လူစုလူဝေးဖြင့် အကြမ်းဖက်မည့် အသွင် လှုပ်ရှားမှု  ဖြစ်စဉ်တရပ် ဖြစ်ပွားခဲ့ပါတယ်။
    ဖြစ်စဉ်မှာ ဘာသာမတူသည့် အသက် ၂၀ ဝန်းကျင် လူငယ် (၂) ယောက်ရန်ဖြစ်ကြရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ၄င်းတို့ (၂) ယောက်မှာ ယခင် ကတည်းက ရန်ငြိုးရန်စ ရှိကြပြိး ယမန်နေ့က စကားများရန်ဖြစ်ခဲ့ကြသည်။ ထပ်မံပြီး ယနေ့ စကားများရန်ဖြစ်ကြရာ  တစ်ဦးမှာ မျက်လုံးတွင် ဒဏ်ရာရှိသွားကြောင်းသိရပါတယ်။
    ယနေ့ ညနေဘက်မှာတော့ လှည်းကူးမြို့မှ ဗလီဝတ်ကျောင်းကို ခဲနဲပစ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
    အခုအခါမှတော့ လုံခြုံရေးတွေ ထိန်းထားနိုင်လိုက်ပြိဆိုပေမယ့် လူအုပ်စုဖြင့် အကြမ်းဖက်မည့် အခြေအများ ရှိသဖြင့် လူနည်းစုဝင် လှည်းကူး ဒေသခံ  စိုးရိမ်ပူပန်နေကြပါတယ်။
    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>http://goo.gl/jYrdv5
    Photo Credit- DVB
  • မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော
    မြစ်ဆုံ လမ်းလျှောက်ခြင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် သက်ဆိုင်မှု မရှိကြောင်းပြော
    ဧပြီ ၄၊ ၂၀၁၄
    M-Media
    လမင်း
    political
    ရန်ကုန် ။         ။    မြစ်ဆုံလမ်းလျောက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ၎င်းတို့ အဖွဲ့အနေနှင့် မည်သို့မှ သက်ဆိုင်မှု မရှိကြောင်း ကြေငြာချက်တစ်စောင်ကို မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
    “ကျွန်တော်တို့အဖွဲ့ကနေ လမ်းလျှောက်ဦးဆောင်မယ့် ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်သူ ကိုရဲထွဋ်ခေါင်ကို အကြိမ်ကြိမ်တားပါတယ်။ အခုလည်း ကျွန်တော် တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ဦးဆောင်လုပ်တယ်ဆိုပြီး လမ်းမှာအဆင်မပြေမှုတွေဖြစ်ကြတော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားကြတယ်။ မြစ်ဆုံဟာ ကျွန်တော်တို့တွေရဲ့ အသည်းနှလုံးပါ။ ဒါပေမဲ့ အခုချိန်မှာ မြန်မာတစ်ပြည်လုံးကလူတွေက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဆန္ဒတွေဖော်ထုတ်နေချိန်မှာ ကိုရဲထွဋ်ခေါင်က ဒီလိုလုပ်နေတာဟာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး အာရုံပြောင်းနေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ အဖွဲ့ကသုံးသပ်မိတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ကိုညိုထွန်းကပြောကြားခဲ့သည်။
    ၎င်းတို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်အနေနှင့် ကိုရဲထွဋ်ခေါင်အား ၎င်းတို့အဖွဲ့မှထုတ်ပယ်ရန် တိုင်ပင်နေကြပြီး မကြာခင် ထုတ်ပြန်ချက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုအပြီးတိုင်ဖြတ်သိမ်းပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွ လှုပ်ရှားသူတစ်စုက မတ်လ၂၃ ရက် နံနက် ၆ နာရီမှ စတင်ကာ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ စတင် ထွက်ခွာ လာခဲ့ကြရာ ယနေ့ဧပြီလ ၄ ရက်နေ့တွင် မကွေးတိုင်းဒသကြီး ဧကရာဇ်ပန်း ရွာ သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း တစ်လျောက်တွင် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ စက်တင်ဘာလက အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုမြစ်ဆုံဆောက်လုပ်ရေး စီမံကိန်းတွေ ပြန်စတင်မည့်ဆိုသည့် သတင်းများကြောင့် ဆန့်ကျင်မှုတွေ၊ ကန့်ကွက်မှုတွေ ပြန်လည် စတင်လာရခြင်း ဖြစ်သည်။
  • မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်
    မြို့ထဲဝင်မည့် ဟိုင်းလတ်ယာဉ်များအား ပညာပေးကာလစတင်
    ဧပြီ ၂၊ ၂၀၁၄
    M-Media
    လမင်း
    DSC01598
    ရန်ကုန်  ။       ။        မ.ထ.သ (ဗဟို)မှ မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကို ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၁-ရက်နေ့မှ စတင်ကာ မြို့တွင်းသို့ဝင်ရောက်ပြေးဆွဲမည့် ဟိုင်းလတ်ကားများကို ပညာပေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို)ထံမှ သိရသည်။
    “ကျွန်တော်တို့ ထောက်ကြံ့မှာလာစောင့်ပြီး ဖမ်းနေပါတယ်။ နံပါတ်တွေလည်းမှတ်ထားပါတယ်။ အထူးစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မ.ထ.သ က ပညာပေးလုပ်ဆောင်နေတဲ့အချိန်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပညာပေးကာလပြီးရင် ဥပဒေအရ အရေးယူ သွားမှာ ဖြစ်ပါတယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြေကြားခဲ့သည်။
    မော်တော်ယာဉ်လမ်းကြောင်း စမ်းသပ်မှု၊ ယာဉ်အစီးအရေ အလုံအလောက်မတင်သွင်းနိုင်ခြင်း စသည့်တို့ကြောင့် ဟိုင်းလပ်ယာဉ်များ ပြောင်းလဲ ရွေ့ဆိုင်းမှုကို သုံးကြိမ်တိုင်ရွေ့ဆိုင်းပြောင်းလဲခဲ့ပြီးဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
    ထိုကဲ့သို့ ဟိုင်းလပ်ယာဉ်များ စည်ပင်သာယာနယ်နမိတ်အတွင်းပြေးဆွဲခြင်းကို တားမြစ်သောကြောင့် လွန်ခဲ့သော မတ်လ ၃၀-ရက်နေ့က ဟိုင်းလပ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှ ဖြုတ်သိမ်းခြင်းကို ရုတ်သိမ်းပေးပါရန် မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
  • “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်
    “မေခဆောင်” ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တဆောင်းလေ့လာသုံးသပ်ခြင်း” ဖိုရမ်ပြုလုပ်မည်
    မတ် ၂၈၊ ၂၀၁၄
    M-Media
    လမင်း
    DSC00101
    ရန်ကုန်   ။       ။       ရန်ကုန်စီးပွားရေးတက္ကသိုလ်မေခဆောင်တွင်နေထိုင်ခဲ့သော ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားဟောင်းများမှ တည်ထောင်ထားသော မေခဆောင်ဖောင်ဒေးရှင်းမှ “နိုင်ငံတော်ဘတ်ဂျက်ကိုတစ်စေ့တစ်စောင်း လေ့လာသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် ဖိုရမ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့မတ်လ ၂၈ ရက်နေ့ ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
    “နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း လေ့လာသုံးသပ်ခြင်း” ဖိုရမ်ကို ဧပြီလ ၆ ရက် တနင်္ဂနွေနေ့တွင် မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ဦးစိုးသိန်း(ဒု ညွန်ချုပ် ငြိမ်း၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)၊ ဦးမျိုးမြင့် (ဒုညွန်မှူး ငြိမ်း စီမံကိန်းရေးဆွဲရေးဦးစီဌာန) ၊ ဦးဟန်ထွန်း (အခွန် ဒု-ညွန်မှူး ငြိမ်း ပြည်တွင်းအခွန်များဦးစီးဌာန ) တို့မှဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။
    ဖိုရမ်ကျင်းပသည့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး “မေခဆောင်” ဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာ မောင်မောင်စိုး ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) အသုံးချ ဘာဂဗေဒဌာန ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ”ကျွန်တော်တို့အခုလို ဘတ်ဂျက် ဖိုရမ်ကျင်းပရတာဟာ တိုင်းပြည်အတွက် အကျိုးပြုနိုင်စေချင်လို့ပါ။ကျွန်တော်တို့ဒီဟာကိုလုပ်ဖို့စဉ်းစားနေတာလည်းကြာနေပါပြီ။ အခုလိုကျွန်တော်တို့ဖိုရမ်ကျင်းပပြီးရင် ဘတ်ဂျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ထင်မိပါတယ် ” ဟုသုံးသပ်ပြောကြားခဲ့သည်။
    “မေခဆောင်” ဖောင်ဒေးရှင်းကို ၂၄-၃-၂၀၁၃ တွင်စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သောဘဏ္ဍများတွင် စီးပွားရေးပညာဖြင့် အထောက် အကူပြုဆောင်ရွက်ပေးရန်နှင့် မေခလာဆောင်တွင်နေထိုင်ခဲ့သော ဆရာများနှင့်ကျောင်းသားဟောင်းများအတွက် လူမှုရေးအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
    “မေခဆောင်” ဖောင်ဒေးရှင်း တည်ထောင်ခြင်းအထိမ်းအမှတ်အဖြစ် ပထမအကြိမ် ဖိုရမ်ကို ၂၀၁၃-ခု နိုဝင်ဘာလ က The Current Economic Issues of Myanmar ခေါင်းစဉ်ဖြင့် UMFCCI တွင်ပြုလုပ်ခဲ့ပြီး ယခု ဧပြီလ ၆ ရက်နေ့တွင်ပြုလုပ်မည့်ဖိုရမ်သည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။
  • ခွင့်ပြုမိန့်ရခဲ့ပြီးသော သင်္ကြန်မဏ္ဍပ်များ အခြားသူသို့ လွှဲပြောင်းပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ထိပေးဆောင်ရမည်
    ခွင့်ပြုမိန့်ရခဲ့ပြီးသော သင်္ကြန်မဏ္ဍပ်များ အခြားသူသို့ လွှဲပြောင်းပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ထိပေးဆောင်ရမည်
    မတ် ၂၈၊ ၂၀၁၄
    M-Media
    လမင်း
    DSC01066
    ရန်ကုန် ။      ။      ၂၀၁၄ သင်္ကြန်မဏ္ဍပ်များအတွက် ဆောက်လုပ်ရန်ခွင့်ပြုချက်ရရှိထားသောသူများသည် အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများကိုပြုလုပ်ပါက မူလခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်အကြီးအတွက် ကျပ်သိန်း ၅၀ ကို လည်းကောင်း၊ မဏ္ဍပ်အသေးအတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးဌာနမှ သိရသည်။
    “ကျွန်တော်တို့အရင်နှစ်တွေကတော့ ဒဏ်ငွေထည့်သွင်းခြင်းမရှိပဲ ဒီလိုပဲအရေးယူမယ်လို့ပြောလိုက်တယ်။ အခုနှစ်တော့ ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့အနေနဲ့ မဏ္ဍပ်တွေကို သေချာစစ်ဆေးပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ရန်ကုန်မြို့တော်စည်ပင်သာယာ ကော်မတီ အင်ဂျင်နီယာ (လမ်းတံတားဌာန) အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ပေ ၁၀၀ နှင့်အထက်ကို မဏ္ဍပ်အကြီး သတ်မှတ်ထားပြီး မဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ်အသေး ၃၆ ခု ကို စည်ပင် သာယာရေး ကော်မတီမှ ခွင့်ပြုထားသည်။ မဏ္ဍပ်အကြီးအတွက်အာမခံစပေါ်ငွေ ကျပ်သိန်း ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်အတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၄၅ သိန်းသတ်မှတ်ထားသည်။
    မဏ္ဍပ်များဆောက်လုပ်ရာတွင်လည်း မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှ သတ်မှတ်ခွင့်ပြုပေးထားသည့်နေရာ အတွင်းသာ ဆောက်လုပ်ရမည် ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက မဏ္ဍပ်ဆောက်လုပ်ခွင့်အား ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်းလည်း စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန် ထားသည်။
    မဏ္ဍပ်များ၏ အကျယ်အ၀န်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ခွင်ပြုပေးသည့်အတိုင်းတာအတိုင်း ဆောက်လုပ်ရမည် ဖြစ်ပြီး သတ်မှတ်အရွယ်အစားထက်ပိုပါက ၁၀ ပေလျှင် ၅ သိန်းကျပ် ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။
    ပြီးခဲ့သည့်နှစ် ၂၀၁၃ သင်္ကြန်ကာလတွင် ရန်ကုန်မြို၌ ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅-ခုဆောက်လုပ်ခွင့်ပေးခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅-ခု၊ ကမ္ဘာအေးစေတီဘုရားလမ်းတွင် ၉-ခု၊ ပြည်လမ်းတွင်သုံးခုဆောက်လုပ်ခဲ့သည်။
    ပြီးခဲ့သည့်နှစ်က ရန်ကုန်မြိုတွင် ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅ ခုဆောက်လုပ်ခွင့်ပေးခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ခု၊ ကမ္ဘာအေးစေတီဘုရားလမ်းတွင် ၉ ခု၊ ပြည်လမ်းတွင်သုံးခုရှိခဲ့သည်။