News @ M-Media

Tag: Yangon

  • တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၄
    M-Media
    သီရိ

    DSC00324

    ရန်ကုန်  ။        ။ ဧရာဝတီတိုင်း ဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ တောင်သူလယ်သမားတို့သည် လယ်ယာမြေမတရားသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရန် နှင့် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ထောင်သွင်းအကျဉ်းချထားသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အတွက်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလ ပန်းခြံပတ်လမ်းတွင် ဇန်န၀ါရီ ၁၈ မနက် ၁၀း၀၀-နာရီမှ စတင်ကာ တောင်သူလယ်သမားအခွင့်ရေးကော်မတီမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

    “တရားရုံးကိုလည်း ကျွန်တော်တို့စာတင်ထားပါတယ်၊ တရားမျှတတဲ့ နည်းလမ်းတွေကိုလည်း မကျင့်သုံးပါဘူး၊ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ငြိမ်ခံမနေတော့ပါဘူး၊ သမ္မတကြီးပြောတဲ့ ဆင်းရဲသားလျှော့ချရေးကလည်း မှေးမှိန်နေပါတယ်၊ လယ်တွေကိုလည်း ဘာမှမပြောပဲ အတင်းသိမ်းသွား တယ်၊ နှစ်ရှည်လများ ဒုက္ခတွေကို ခံစားလာရတာ ဖြစ်နေပါပြီ” ဟု ဆန္ဒပြသနေသူ တောင်သူလယ်သမား တစ်ဦးမှ ပြောကြားခဲ့သည်။

    တောင်သူလယ်သမားများသည် ဖမ်းဆီးခံလယ်သမားများအား ပြနလည်လွှတ်ပေးရေး၊ နိုင်ငံဝန်ထမ်း မပါသော လယ်ယာ စီမံခန့်ခွဲမှု ကော်မတီ ပြန်ဖွဲ့ပေးရေး၊ ဘက်လိုက်မှု ကင်းသော တရားဥပဒေစိုးမိုးရေး ရရှိရေးတို့ကို အဆိုပါ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည်။

    အဆိုပါ ဆန္ဒပြပွဲသို့ တောင်သူလယ်သမား အင်အား ၂၀၀၀-၀န်းကျင် ပါဝင် ဆန္ဒပြခဲ့ကြသည်။

  • နွယ်အေးဗလီ သာရေးနာရေးကော်မတီ ၃-နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်

    နွယ်အေးဗလီ သာရေးနာရေးကော်မတီ ၃-နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်

    ဇန်န၀ါရီလ ၁၈၊ ၂၀၁၄
    M-Media
    K K

    1525078_262918437205736_1350202903_n

    ရန်ကုန် ။      ။    ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ နွယ်အေးစွန္နီဂျာမေဗလီ သာရေးနာရေးဆပ်မကော်မတီ၏ ၃-နှစ်ပြည့် အခမ်းအနား ဇန်န၀ါရီ ၁၉-ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ၎င်းအခမ်းအနားကို ၂၀၁၄-ခု ဇန်န၀ါရီလ ၁၉-ရက်နေ့ မနက် ၉း၀၀-နာရီမှာ ၁၂း၀၀-နာရီအထိ နွယ်အေးစွန္နီဂျာမေဗလီဝင်းအတွင်း ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ သာရေးနာရေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်ပေးရန် ဖိတ်ကြားထားကြောင်းလည်း သိရသည်။

  • တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    အမ်တူးအေ

    ရန်ကုန်  ။         ။ တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း၏ မကြာမီ ညီလာခံ ကျင်းပရန်နှင့် အသင်းဝင်များအား ဖိတ်ခေါ်လိုက်ပြီး ယနေ့ ပြုလုပ်သော အစည်းအဝေးက ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

    ၂၀၀၃-ခုနှစ် ဒီဇင်ဘာလ ၂၁-ရက်နေ့က ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်းသည် တိုင်းရင်းသား နိုင်ငံသား မွတ်စလင်စာပေပညာရှင်များ အသင်းတစ်ရပ်ပေါ်ပေါက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရှေးက ပသီအမျိုးသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု အမွေခံများဖြစ်သည့် ကလောင်ရှင်များ မွေးထုတ်ရန်လည်း ရည်ရွယ်ကြောင်းလည်း သိရသည်။

    အဆိုပါအသင်းတွင် အသင်းဝင်အင်အား ၁၀၀ ပြည့်မြောက်သည့်အချိန်တွင် သင်းလုံးကျွတ် ညီလာခံ တစ်ရပ်ကို အမြန်ဆုံးကျင်းပပြီး ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ကာ ညီလာခံမှ ပေါ်ပေါက်လာသည့် စာပေရေးရာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဟု တိုင်းရင်းမွတ်စလင်ကလောင်ရှင်များအသင်း ဥက္ကဋ္ဌ ပသီဦးကျော်ဦးက ပြောကြားသည်။

     

  • ဦးအောင်သိန်းလင်းကို လုံးဝ အယုံအကြည်မရှိသည့် တောင်သူလယ်သမားများ သပိတ်စခန်းဖွင့်မည်ဟုပြော

    ဦးအောင်သိန်းလင်းကို လုံးဝ အယုံအကြည်မရှိသည့် တောင်သူလယ်သမားများ သပိတ်စခန်းဖွင့်မည်ဟုပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    သီရိ

    DSC00257

    ရန်ကုန်   ။         ။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာအုပ်စုမှ ၁၉၉၃/၁၉၉၄ ခုနှစ်က လယ်အဓမ္မသိမ်းခံရသူများ၏ စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ ၃၆-လမ်းရှိ မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်ခဲ့ပါသည်။

    ရွှေပြည်သာမြို့နယ်ရှိ လယ်ယာများကို ၁၉၉၃/၉၄ တွင် စစ်တပ်မှ သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ထိုဒေသရှိလယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန် သမ္မတကြီးကို တောင်းဆိုကြောင်း လယ်သိမ်းခံထားရသော လယ်သမားအားလုံးက ပြောကြားခဲ့သည်။ လယ်သမားအများစုသည် မိမိတို့သိမ်းခံထားရသော လယ်များကို နေရာကိုပြန်ရသည်ဖြစ်စေ ငွေကိုပြန်ရသည်ဖြစ်စေ ပြန်လိုချင်လျက်ရှိပြီး စစ်တပ် သိမ်း မြေယာများထဲတွင် စီမံကိန်းအဖြစ်ပြုလုပ်ထားသော ကွန်ပျူတာတက္ကသိုလ် မီးရထားလမ်းနှင့် အမှတ် (၄)လမ်းမကြီး ကားလမ်း ဖောက်လုပ်ထား သည့် လယ်ယာမြေများကိုမှု လျော်ကြေးမတောင်းခံပဲ နိုင်ငံတော်သို့ လှူဒါန်းမှုကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစု ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုရဲထွဋ်ခေါင်မှ “ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လယ်သမားတွေဘက်ကနေ ကာကွယ်ပေးသွားမှာပါ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လယ်ယာမြေတွေကို ပြန်ပေးမယ် ဆိုတဲ့ သူရဲ့နှုတ်ထွက်စကားနှင့်အညီ ပြန်ပေးပါ၊ ကျွန်တော်တို့ဖက်က ၂-လပိုင်း ကုန်တဲ့အထိ စောင့်ပါ့မယ် အဲဒီအထိမှ ကတိစကားမတည်ရင် ကျွန်တော်တို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ပြီး သပိတ်စခန်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ခွင့်ပြုချက်လည်းမတောင်းပါဘူး၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့လည်း ကတိတည်ပါလို့ ပြောချင်တယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ကတိမတည်ရင်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိတ်ချရတော့မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

    ထို့နောက် ” ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို လုံးဝအယုံကြည်မရှိပါဘူး၊ သူက ခရိုနီတွေရဲ့စကားကို နားယောင်ပြီး လယ်သမားတွေကို ဖိနှိပ်နေပါတယ်၊ လုံးဝကိုအယုံကြည်မရှိတာပါ” ဟု၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။

    ထို့နောက် လယ်သမားအားလုံးသည် ဦးအောာင်သိန်းလင်းကို ၎င်းတို့အနေနှင့် လုံးဝကိုယုံကြည်မှုမရှိကြောင်း၊ လယ်ယာမြေများကို ပြန်လည်ရယူလိုပြီး မျှတသောတရားဥပဒေစိုးမိုးရေးကို ရယူလိုကြောင်း ပြောကြားခဲ့ကြသည်။

  • အလုပ်သမားကာကွယ်ရေးဥပဒေ ရရှိအောင် ကြိုးစားမည့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

    အလုပ်သမားကာကွယ်ရေးဥပဒေ ရရှိအောင် ကြိုးစားမည့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media
    သီရိ

    DSC00242

    ရန်ကုန် ။       ။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ)မှ အလုပ်သမား၊ အလုပ်ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အပေါ် သဘောထားထုတ်ပြန် ကြေညာသည့် သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၁၅-ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံတွင်ရှိသော အလုပ်သမားထုအတွင်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပဋိပက္ခများအပြင် အလုပ်သမားထု၏ ရေရှည်ဆောင်ရွက်ရမည့် အနာဂတ်အကျိုးစီးပွားကို ကာကွယ်လိုသည့်အတွက် သဘောထားကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်။

    “လုပ်သားသမဂ္ဂခေါင်းဆောင်တွေကို ထုတ်ပယ်ပစ်နေတယ်၊ ဒါမျိုးတွေကိုမလိုချင်ပါဘူး။ အဲတော့ အလုပ်သမားတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတယ်။ အလုပ်သမားတွေပဲနစ်နာနေတယ်။ ဆန္ဒပြနေတဲ့အချိန်မှာ လုပ်ခမရဘူးလေ ဆုံးရူံးမှုတွေဖြစ်တာပေါ့။ အလုပ်သမားတွေ ရသင့်တဲ့ ဥပဒေကို ရအောင် ကြိုးပမ်းသွားမှာပါ။ အဆောင်မှာနေရတဲ့ အလုပ်သမားတွေကိုလည်း လေ့လာကြည့်တော့ လိုအပ်ချက်တွေအများကြီး ရှိနေတယ်။ ကျန်းမာရေးကအစ ပြုပြင်ဆောင်ရွက်သွားရမှာ ဖြစ်တယ်”လို့
    အလုပ်သမားသမ္မဂအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးအောင်လင်းမှ ပြောကြားခဲ့သည်။

    အလုပ်ရှင်များမှ အလုပ်သမားများအပေါ် စိတ်ကြိုက်ချယ်လှယ်ပြီး အလုပ်ထုတ်ချင်တိုင်းထုတ်ပစ်မှု၊ အလုပ်သမားနှင့် ညှိနှိုင်းမှုများ မပြုလုပ်ပဲ တဖက်သက် နိုင်ထက်စီးနင်းလုပ်မှုများကို ကာကွယ်ပေးမည့် အလုပ်သမားကာကွယ်ရေး ဥပဒေတစ်ရပ်ရရှိအောင် လယ်သမားများနှင့်လည်း အတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အဓိက ပြောကြားခဲ့သည်။

    ဒေါက်တာ အာကာမိုးသူ (လ/ထ ကထိက ဒဂုံတက္ကသိုလ်၊ ဆရာ/မ များသမဂ္ဂ) ကလည်း “တဖက်သက် အလုပ်ထုတ်ပယ်ခြင်း၊ အလုပ်ရှင် စိတ်ကြိုက် ချယ်လှယ်ခြင်း အဲဒါတွေကို ကျွန်တော်တို့က မလိုချင်တာပါ၊ နှစ်ဦးနှစ်ဖက် ပြေလည်ညှိနှိုင်းနေတာကိုပဲ လိုချင်တယ်၊ မကျေနပ်တဲ့လူကို ဖိနှိပ်နေတာဖြစ်နေတယ်လေ အခုက တစ်ဖက်ဆောင်းနင်းဖြစ်နေတာ၊ အလုပ်သမားကို ကာကွယ်တဲ့ဥပဒေကို လိုချင်ပါတယ်၊ လယ်သမားနဲ့ အလုပ်သမားတွေဟာ ညီအကိုတွေပါ ရှေ့လျှောက်တူတူလက်တွဲသွားမှာ ဖြစ်ပါတယ်၊ ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို ကျွန်တော်တို့တည်ဆောက်နေပါတယ်၊ ကျွန်တော်တို့ ပူးပေါင်းမှ လှပတဲ့အနာဂတ်ဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။