ရန်ကုန် ။ ။ မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့်အထိမ်းမှတ်အဖြစ်ပြုလုပ်မည့် Myanmar Japan Hip Hop Concert ဖျော်ဖြေပွဲ နှင့် ပက်သက်၍ ဇန်န၀ါရီလ ၇-ရက်နေ့ နေ့လည် ၁ နာရီတွင် Park Royal Hotel ၌ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခု ကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုစာနယ်ဇင်ရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံသံအမတ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Hip Hop အဆိုတော်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare တို့မှ တက်ရောက်ခဲ့ကြပါသည်။ Myanmar Japan Hip Hop Concert သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့် Hip Hop ဖျော်ဖြေပွဲတစ်ခုဖြစ်ပါသည်။ ထိုပွဲတွင် ဂျပန်နိုင်ငံမှ အနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များမှ ပူးပေါင်းပါဝင် တင်ဆက်ဖျော်ဖြေ မှာ ဖြစ်ပါသည်။