News @ M-Media

Tag: Yangon

  • ဇဖါရ်ရှားဒါရ်ဂါ နှစ်ပတ်လည် အူရွတ်စ်ဓမ္မသဘင်ကျင်းပ

    ဇဖါရ်ရှားဒါရ်ဂါ နှစ်ပတ်လည် အူရွတ်စ်ဓမ္မသဘင်ကျင်းပ

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    သီရိ

    IMG_1623

    ရန်ကုန်  ။         ။      ဟဇရတ်ခွါဂျာမိုအီနွတ်ဒင်းန် ကျစ်ရှ်တီ၊ ဟစန်၊ စန်ဂျေရီ သခင်ကြီး၏ ၈၀၁-ကြိမ်မြောက် အူရွတ်စ်ဓမ္မသဘင် အခမ်းနားနှင့် အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော ဟဇရတ်ဗဟာဒူးရှားဇဖါရ်သခင်ကြီး၏ ၁၅၁-ကြိမ်မြောက် အူရွတ်စ် ဓမ္မသဘင်အခမ်းနား ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဇဗါရ်ရှားဒါရ်ကာဝင်းတွင် ဒီဇင်ဘာလ ၅-ရက်မှ ဒီဇင်ဘာလ ၈-၇က်နေ့ထိ ပြုလုပ်ကျင်းပလျက်ရှိပါသည်။

    အခမ်းနားကို ၅-ရက်နေ့တွင် ဂူဗိမာန်တော်အား အစ္စလာမ့်သရီကာလမ်းစဉ်အတိုင်း သွာဟာရတ် (သန့်စင်ခြင်း) ပြုလုပ်ပြီး ၆-ရက်နေ့တွင် အခမ်းနားကျင်းပရေးကော်မတီမှဦးဆောင်ပြီး သာသနာ့အလံကိုလွှင့်တင်ခဲ့ပါသည်။ ၇-ရက်နေ့နေ့လည်တွင် အိန္ဒိယနိုင်ငံ အဂျမီရ်မြို့မှပင့်ဆောင်လာသော ခွါဂျာဆဗ်၏ ကျာဒရ်လွှာရုံတော်အား ဇေယာရသ် ဖာသီဟဟ်အခမ်းနားကိုပြုလုပ်ပြီး ညပိုင်း အိရှာ ဆွလာသ်အပြီးတွင် တရားဒေသနာတော်များကို ဓမ္မကထိက အလ်ဟာဂ်ျခလီဖွှဟ် ဦးအေးလွင်၊ မောင်လာနာကာရီ မုဟမ္မဒ်အလီ(ခ) ပါမောက္ခ ဒေါက်တာဇော်မင်းနိုင်၊ အလ်ဟာဂ်ျမောင်လာနာခလီဖွှဟ် ဦးသိန်းဝင်းအောင်၊ အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင်၊ ဆရာဦးအောင်အေးကျော်တို့မှ တရားဒေသနာ ဟောကြားမည်မည်ဖြစ်ပါသည်။

    ဒီဇင်ဘာ ၈-ရက် ညပိုင်းတွင် စန္နလ်နံ့သာများဖြင့် ကျာဒရ် လွှာရုံတော်အား ဇဖါရ်ရှားဂူဗိမာန်ကြီးကြပ်ရေးကော်မတီမှ ဦးဆောင်၍ ဂူဗိမာန်တွင် တင်ဆက်မည်ဖြစ်ပါသည်။အခမ်းနားကျင်းပနေစဉ် ညတိုင်းတွင် နိုင်ငံကျော် က၀ါလီအဆိုရျင်များမှ ဓမ္မလကာင်္များဖြင့် ရွတ်ဆိုသွားမည်ဖြစ်ပါသည်။

    ၎င်းအခမ်းနားကို အိန္နယနိုင်ငံသံအမတ်၊ ပါကစတန်သံအမတကြီးနှင့် ဘင်္ဂလားဒေရှ့်သံအမတ်ကြီးတို့လည်း လာရောက်ခဲ့ကြသည်။ ပွဲတော်ရက်အတွင်း လာရောက်သူများကိုလည်း မနက်စာ ညစာ ထမင်းများဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိပြီး လာရောက်သူများဖြင့် စည်ကားလျက်ရှိပါသည်။

     

  • နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပျော်ရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်

    နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပျော်ရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    A.N.Lay

    DSC01736

    ရန်ကုန် ။      ။      ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ၅၂-ကြိမ်မြောက် ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့ နေ့လည် ၁၂း၀၀-နာရီမှစတင်၍ ညနေ ၆း၀၀-နာရီအထိ ရွှေဂုံတိုင်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

    အဖိုးအဖွားများအတွက် ဖျော်ဖြေပွဲများပြုလုပ်ပေးပြီး ဈေးဆိုင်ခန်း ၅၀-၀န်းကျင်မှ စားသောက်ဖွယ်ရာများ၊ စာအုပ်ဆိုင်များ၊ ပန်းချီအရောင်းပြခန်းများ၊ လက်မှုပစ္စည်းအရောင်းများ၊ အ၀တ်အထည်ဆိုင်၊ ကလေးများအတွက် အပျော်တမ်းကစားနည်းများ အစရှိသည့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချကြပြီး ၎င်းရောင်းချရငွေများမှ အချို့အား ဘိုးဘွားရိပ်သာအတွက် ပြန်လည်လှူဒါန်းကြမည်ဖြစ်ပြီး လာရောက် အားပေးသူများနဲ့ စည်ကားလျက်ရှိပြီး နိုင်ငံခြားသားများလည်း လာရောက်လေ့လာလျက်ရှိတာ တွေ့ရှိရပါတယ်။

  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    1476323_552182684874788_1032934133_n

    ရန်ကုန်  ။      ။   မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာတော်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ခေါင်းစဉ်ဖြင့် မနက်ဖြန် နိုဝင်ဘာ ၈-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ နံနက် ၉း၀၀-နာရီမှ ၁၂း၀၀-နာရီထိ ပြုလုပ်မည်ဖြစ်သည်။

    ၎င်းဆွေးနွေးပွဲအား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ဆွေးနွေးပွဲအား ကွန်ရက်များပေါင်းစုထားသည့် Peace Alliance (ငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့)မှ ပြုလုပ်ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံ ဦးဆောင်ဆရာတော်များဖြစ်သည့် သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်တစ်ပါး၊ ဆရာ ဦးအေးလွင်၊ ဆရာ ဒေါက်တာစောလှိုင်ဘွား၊ ဆရာဦးအောင်နိုင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

    အဆိုပါ ဆွေးနွေးမှုမှာ ၂၀၀၈-ဖွဲ့စည်းပုံဥပဒေ အပိုဒ် ၈-မှာ ပါတဲ့ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ဆိုတဲ့အချက်ကို အဓိက ဦးတည်ဆွေးနွေးရန် ရည်ရွယ်ပြီး ယခု ခေါင်းစဉ်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

  • Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    Telenor Myanmar မှ အလုပ်အကိုင်အခွင့်လမ်းပြပွဲကျင်းပ

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    သီရိ

    IMG_1163

    ရန်ကုန် ။        ။        ပြည်တွင်း၌ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Myanmar ၏ အလုပ်အကိုင် အခွင့် အလမ်းပြသပွဲကို ယနေ့ ဒီဇင်ဘာ ၅-ရက် နံနက် ၉-နာ၇ီမှ ညနေ ၄-နာ၇ီထိ ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ ဆရာစံပလာဇာ၌ ပြုလုပ်ကျင်းပ ခဲ့သည်။

    ထိုအခမ်းအနားတွင် အလုပ်လာရောက်လျောက်ထားသူ ၃၀၀၀-ကျော်ရှိကြောင်းသိရှိရသည်။  Telenor Myanmar တွင် External Relations, Regulatory, Legal, Accounting, Business Assurance, Business Planning and Performance Management, Network Sourcing,  Core Network, Transport, Sale and Distribution စသည့် မိမိ ကျွမ်းကျင်သည့် Position ကိုလျှောက်ထားနိုင်ကြောင်း သိရသည်။

    ONLINE တွင်လဲ [email protected] တွင် Telenor Myanmar ကို လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများကို စီစစ်ရွေးချယ်ပြီး Inerview ခေါ်ယူပြီး အလုပ်အကိုင်များကိုပေးအပ်မည် ဖြစ်ကြောင်းလည်း သိရပါသည်။

  • ပသီအမျိုးသားများပြုလုပ်ခဲ့တဲ့ စာဆိုတော်နေ့

    ပသီအမျိုးသားများပြုလုပ်ခဲ့တဲ့ စာဆိုတော်နေ့

    ဒီဇင်ဘာ ၅၊ ၂၀၁၃
    M-Media
    သီရိ

    PC040294

    ရန်ကုန်   ။         ။       စာဆိုတော်နေ့ကျင်းပရေးကော်မတီ (ပသီ)မှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့ နေ့လည် ၂-နာရီမှ ၅း၃၀-နာရီအထိ ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ၁၀၀၀ ၀န်းကျင်ခန့်ရှိခဲ့ပါတယ်။

    စာဆိုတော်နေ့အခမ်းအနားတွင် ယခု ၂၀၁၃-ခုတွင် စာရေးဆရာများဖြစ်သည့် တစ်သက်တာစာပေဆုရ ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း – ရန်ကုန်တက္ကသိုလ်)နှင့် ဦးထွန်းဝင်း (ထွန်းဝင်း – ပုသိမ်)တို့က ဟောပြောခဲ့ကြပြီး၊ ကဗျာဆရာများဖြစ်သည့် ကိုအင်းဝ၊ မောင်ရင်ဆု၊ ကိုညီသွေးတို့က ကဗျာများ ရွတ်ဆိုခဲ့ကြပါတယ်။ စာဆိုတော်နေ့အခမ်းအနားတွင် ဟောပြောသည့် စာရေးဆရာသုံးဦး၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

    အခမ်းအနားမှာ ပသီအမျိုးသားသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ပြီး နိုင်ငံတော် အလံအားလည်း အလေးပြုခဲ့ကြပါတယ်။ ထို့နောက် သဘာပတိ ဦးမြင့်ဝေ (စာရေးဆရာ တက္ကသိုလ်မြင့်ဝေ)က အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရခြင်းကို ပြောခဲ့ပါတယ်။

    ဆရာကြီး သိပ္ပံမှူးတင်မှ ဟောပြောရာတွင် ဆရာကြီးဦးရာဇတ်လို ပုဂ္ဂိုလ်များပေါ်ထွန်းခဲ့ပါက တိုင်းပြည်ကောင်းစားမည်ဖြစ်ပြီး၊ တိုင်းပြည်မှာ အမျိုးသားအထက်တန်း ကျောင်း ပေါ်လာအောင် ကြိုးပမ်းခဲ့သူဖြစ်ပြီး ကျောင်းသားများကို သူ့ကျွန်မခံလိုစိတ်နဲ့ တော်လှန်လိုစိတ်ဖြစ်အောင် မွေးထုတ်ပေးခဲ့သူလည်းဖြစ်ကြောင်း၊ ပသီဆိုသူများ သည် သမိုင်းအရ အနှစ်နှစ်အလလ တိုင်းပြည်မှာ နေထိုင်ခဲ့ကြသူများဖြစ်တာကြောင့် နိုင်ငံခြားသားဟု ယူဆ၍ မရကြောင်း၊ နိုင်ငံကောင်းကျိုးအတွက် ပသီနှင့်တကွ ဘာသာစုံ လူမျိုးစုံ ၀ိုင်းဝန်းကြိုးပမ်းကြရန် ထည့်သွင်း ဟောပြောခဲ့ပါတယ်။

    ဒေါက်တာသန်းဝင်းမှ မွတ်စလင်မ် စာဆိုတော်များဖြစ်သည့် စာဆိုတော်ကြီး ဆရာကြီးဦးနု၊ စာတော်ဖတ် ဦးဖိုးလှ၊ ကာတွန်းဦးဘကလေး(ရွှေတလေး)နှင့် သီပေါဘုရင် မိဖုရား စုဖုရားလတ်၏ အပျိုတော်များဖြစ်သည့် မြန်မာမွတ်စလင်မ်အပျိုတော်များအကြောင်းကို ဟောပြောခဲ့သည်။ ဦးထွန်းဝင်းမှ ပသီအမျိုးသားသမိုင်းကို ဟောပြောခဲ့ ပါတယ်။

    “ဆရာကြီး ဦးရာဇတ်လို ပုဂ္ဂိုလ်သာ ကျွန်တော်တို့တိုင်းပြည်မှာ အများအစားပေါ်ထွန်းခဲ့ရင် ကျွန်တော်တို့တိုင်းပြည်အတွက် ကောင်းပြီ။ တို့တိုင်းပြည်မှာ သူ့ကျွန်မခံရ အောင် အင်္ဂလိပ်ကို ပြန်တော်လှန်နိုင်အောင် သင်ကြားပေးခဲ့တယ်။ မြန်မာစာသင်ချိန်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာ အင်္ဂလိပ်လိုပြောရတယ်။ အင်္ဂလိပ်လိုမှ မတတ်ရင် အင်္ဂလိပ်ပြောတာ နားမလည်ပဲဖြစ်မှာကြောင့်လို့ဆိုတယ်။ ကျွန်တော် ဒီနေ့ သိပ္ပံစာရေးဆရာဖြစ်တာဟာ ဆရာကြီး ဦးရာဇတ်ကြောင့်ပါ။ ဆရာကြီးကျေးဇူးကြောင့် ကမ္ဘာ့သိပ္ပံကို အင်္ဂလိပ်လို ဖတ်နိုင်လို့သာ ကျွန်တော် သိပ္ပံစာရေးဆရာ ဖြစ်လာတာပါ။ ကျွန်တော်ဟာ ဆရာကြီးဦးရာဇတ်ရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ပြီး ဆရာကြီး ရိုက်တာခံရဖူးပါတယ်။ ဆရာကြီးရိုက်တာဟာ မုန်းလို့မဟုတ်ပဲ ချစ်လို့ရိုက်ခဲ့တာပါ။ ဆရာကြီးဦးရာဇတ်ဟာ ကျောင်းသားတွေကို မရိုက်ခဲ့ဘူးဆိုတာ မဟုတ်ဘူး။ ရိုက်ခဲ့တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် ကိုယ်တွေ့မျက်မြင်ပါပဲ။ ကျွန်တော်အခု ပြောသွားတာတွေမှာ ဆရာကြီးဦးရာဇတ်လိုပုဂ္ဂိုလ်တွေရှိသော်လည်း ကျွန်တော်တို့ မိဘတိုင်းက၊ ကျွန်တော်တို့ နောင်လာနောက်သားတိုင်းက ခရောင်းတော သွားတဲ့အခါ သတ္တိရှိအောင် သင်မပေးနိုင်ရင် ကျွန်တော်တို့ တိုင်းပြည်ပျက်တော့မယ့် အချိန်အခါပါ။ “ဟု ဆရာကြီး သိပ္ပံမှူးတင်က ပြောခဲ့ပါတယ်။

    “ကျွန်တော်က ငယ်ငယ်ကတည်းက မွတ်စလင်မ်တွေနဲ့ အများကြီး အတူနေခဲ့ရတဲ့အတွက် အီတီဆိုတာ ကြားဖူးခဲ့ပါတယ်။ အိဒ်နေ့တိုင်း အီတီတောင်းတယ်၊ စမိုင်စားတယ်ဆိုတာ ကျွန်တော် အဲ့ကတည်းကစားတာ ဒီနေ့ထိပဲ။ မွတ်စလင်မ် ပသီတွေနဲ့ ညီလိုကိုလို နေလာကြတာပါ။ ၀မ်းအိုဝမ်းဆိုလည်း ကျွန်တော်တို့နဲ့ ကျောင်းနေဖက်သူငယ်ချင်း။ ကျွန်တော့်ရဲ့ အမျိုးထဲမှာတောင် ပသီတွေရှိပါတယ်။ ကျွန်တော့်ဘကြီးက မန္တလေးက အမြောက်တန်းသူကို ယူထားတာပါ။ ကျွန်တော်တို့ဟာ တသက်လုံးအတူတူနေလာကြတာပဲ။ တချို့ မုတ်ဆိတ်တွေ ရှိချင်ရှိမယ်။ နောက် ဦးထုတ်လေးများ ဆောင်းတဲ့အခါဆောင်းတယ်။ အဲဒါကလွဲလို့ တစ်သက်လုံး ဒီလူတွေပဲဗျ။ အခုမှ ပြဿနာပုံစံ လုပ်တာ ကျွန်တော်တို့က နည်းနည်းလေးမှ လက်မခံဘူး။ ဒီလူတွေဟာ ကျွန်တော်တို့နဲ့ တသက်လုံး အတူနေလာတဲ့သူတွေ။ မြန်မာဘုရင်လက်ထက်ကတည်းက နေလာတဲ့ ပုဂ္ဂိုလ်တွေ။ သမိုင်းအရ အနှစ်နှစ်အလလ ကျွန်တော်တို့ တိုင်းပြည်မှာ နေလာခဲ့သူတွေ။ ကျွန်တော်တို့ဘာမှ နိုင်ငံခြားသားလို့ ယူဆလို့မရဘူး။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေပါပဲ။ ဘယ်သူဘာပြောပြော ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေပါ။” လို့ ဟောပြောမှုမှာ ပြောခဲ့ပါတယ်။

    ဆက်လက်ပြီး “တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကုသိုလ်ကံ မကောင်းစဉ်အချိန်အခါက အထင်အမြင်လွဲပြီး နှိပ်ကွပ်ခံရတာရှိတယ်။ ၁၉၆၀-ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း ကျွန်တော့်ကို ပြောတာ ပြောချင်ပါတယ်။ ကျွန်တော် သင်တန်းတက်ပြီးပြန်လာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းတပ်ကိုရောက်တယ်။ သူက ‘ဟေ့ကောင် ဆိုရှယ်လစ်လမ်းစဉ်ဝင်ကွာ’တဲ့ ကျွန်တော်မ၀င်ချင်ဘူး။ ကျွန်တော် တစ်သက်လုံး ပါတီ မ၀င်ခဲ့ဘူး။ ဒီလူက သိပ်အကင်းပါးတယ်။ ဦးနေ၀င်းအကြောင်း ထဲထဲဝင်ဝင်သိပြီး ကျန်ရစ်ခဲ့သူက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲ ရှိတော့မယ်။ ၁၉၅၀-ခုနှစ်မှာ ဗိုလ်ချုပ် မောင်မောင်က မန္တလေး-ရန်ကုန် လမ်းမကြီး ဆောက်ဖို့ လုပ်တဲ့အခါမှာ တရုတ်က အလယ်က ကျွန်းမပါရင် မဆောက်ပါနဲ့တဲ့။ ကျွန်းမပါရင် နေထိုင်မှုစရိတ်နဲ့ သူ့ရဲ့ လုံခြုံရေးကို ထိခိုက်မှာစိုးတဲ့အတွက် မလုပ်ပါနဲ့ပြောတဲ့အခါ နီးရာဓါး ကြောက်တဲ့အတွက် ကျွန်တော်တို့ ဒီလိုဖြစ်တာ။”

    “အခုလို စာဆိုတော်နေ့ ဟောပြောပွဲမှာ တက်ရောက်ပြောကြားခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်ရော၊ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ရော၊ ရှမ်းရော၊ ကချင်ရော အားလုံးကိုပြောချင်တာ။ နိုင်ငံခြားကလူတွေ လာလိမ့်မယ်။ ကျွန်တော်တို့ညံ့ရင် ခံရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ၀ိုင်းပြီးကြိုးစားကြဖို့လိုတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောတာ ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်ဖို့ ၀ိုင်းပြီး ကြိုးစားဖို့လိုတယ်။ ကြိုးစားတာ လွယ်လွယ်လေးပါ။ ဒါပေမယ့် ပြဲနေအောင် ကြိုးစားမှ ဖြစ်မှာပါတဲ့။ ဒါကြောင့် ကျွန်တော်တို့ဒီမှာ ရှိသမျှ ယောက်ျား – မိန်းမ၊ ပသီ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အကုန် ၀ိုင်းပြီးတော့ ပြဲနေအောင် ကြိုးစားကြရင် ကျွန်တော်တို့ တိုင်းပြည်ဟာ တိုးတက် ကောင်းမွန်လာမှာပါ။ ဒါကြောင့် အားလုံးဝိုင်းပြီး ကြိုးစားကြပါလို့”ဟောပြောမှု နိဂုံးချုပ်မှာ ပြောကြားသွားခဲ့ပါတယ်။