News @ M-Media

Tag: Yangon

  • စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    PB290046

    ရန်ကုန် ။      ။        စင်္ကာပူ နိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် (AYE Bank) တို့ အကျိုးတူ ပူးပေါင်း၍ Internet မှတဆင့် ငွေလွှဲဝန်ဆောင်မှုကို ဧရာဝတီဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

    စင်္ကာပူ နိုင်ငံမှ DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် AYE Bank တို့ အကျိုးတူ ပူးပေါင်း၍ Internet ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း အကျိုးတူ ပူးပေါင်း လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၉ရက်နေ့ ၊ နေ့လည် ၂နာရီက Sedona Hotel ၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဧရာဝတီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “စင်္ကာပူ နိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ DBS Bank နှင့် AYE Bank မှတဆင့် မိမိတို့ နိုင်ငံရှိ မိသားစုများထံကို လုံခြုံစိတ်ချစွာ ငွေလွှဲ ပို့နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

    ငွေလွှဲလိုသူသည် DBS Bank ၏ မိမိငွေစရင်းမှ တစ်ဆင့် AYE Bank ၏ မိမိငွေစာရင်းသို့ လည်းကောင်း၊ AYE Bank မှ မိမိ မိသားစု ငွေစာရင်းသို့ လည်းကောင်း၊ Internet ငွေလွှဲဝန်ဆောင်မှု ဖြင့် လွယ်ကူ လျှင်မြန်စွာ ငွေလွှဲနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ငွေလွှဲသူသည် ( DBS/ POSB Bank ) တွင် ငွေစာရင်း ရှိရန် လိုအပ်ပြီး ငွေလက်ခံသူသည်လည်း AYE Bank တွင် ငွေစာရင်း ရှိရမည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတွင် အခြေစိုက် DBS Bank မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော Coline က ပြောကြားခဲ့သည်။

    အင်တာနက်မှ တစ်ဆင့် ငွေလွှဲ ၀န်ဆောင်မှု ဖြစ်သဖြင့် ဘဏ်သို့ သွားရောက်စရာ မလိုဘဲ အချိန်ကုန် သက်သာစွာဖြင့် မိမိတို့၏ Computer, Laptop, Smart, Phone များမှ 24/7 ငွေလွှဲနိုင်မည် ဖြစ်သည်။ စင်္ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးများ အနေဖြင့် ရရှိလာသော ငွေကြေးအား မြန်မာနိုင်ငံမှ မိမိငွေစာရင်းထဲသို့ ငွေလွှဲစုဆောင်းခြင်းဖြင့်လည်း ပိုမိုသော အတိုးနှန်းများ ရရှိခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရန် အရှိန်အဟုန် ပြင်းစွာဖြင့် ကြိုးပမ်းလျှက် ရှိသော ဘဏ်များထဲမှ တစ်ခုဖြစ်သည့် AYE Bank သည် အင်တာနက် မှတစ်ဆင့် ငွေလွှဲ ၀န်ဆောင်မူ အပြင် မကြာမီက Master Card ဖြင့် AYA ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မူ ရရှိခဲ့ပြီး မကြာမီတွင်လည်း Visa Prepaid Card များပါ ရရှိတောမည် ဖြစ်ကြောင်း သိရသည်။

  • စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    စာဆိုတော်နေ့ အခမ်းအနားကျင်းပမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    img512

    ရန်ကုန်  ။       ။         စာဆိုတော်များအား ဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၄-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ယုဇနဂါးဒင်းဟိုတယ်၌နေ့လည် ၂း၀၀-နာရီမှ ၅း၀၀-နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ စာဆိုတော်နေ့ အခမ်းအနားအား စာဆိုတော်နေ့ကျင်းပရေးကော်မတီ(ပသီ)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆရာကြီးသိပ္ပံမှူးတင်၊ ဒေါက်တာသန်းဝင်း(မောင်သန်းဝင်း – မြန်မာစာ)တို့မှ ဟောပြောမည်ဖြစ်ကြောင်းလည်း သိရသည်။

  • Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    Muslim Youth Forum ဖြစ်မြောက်ရန် အုတ်မြစ်ချနိုင်ခဲ့သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

    နိုဝင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    A.N.Lay

    DSCN5063

    ရန်ကုန်  ။       ။      မြန်မာနိုင်ငံရှိ မွတ်စလင်မ်လူငယ်များ အနေဖြင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အခန်းကဏ္ဍများတွင် ပိုမိုတက်ကြစွာ ပါဝင်နိုင်ကြစေရန် ရည်ရွယ်၍ Muslim Youth Form နှင့် မွတ်စလင်မ်လူငယ်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ် ခိုင်မာစွာ ဖြစ်ပေါ်လာစေရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို မနေ့က နိုဝင်ဘာ ၂၇-ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

    အဆိုပါ အကြို ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိမြို့နယ်များ၊ ပဲခူး၊ တောင်ကြီး၊ မန္တလေးနှင့် အခြားမြို့နယ်များမှ စိတ်ပါဝင်စားသူ လူငယ် ၁၀၀-၀န်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

    တက်ရောက်လာကြသူ လူငယ်များမှ မြို့နယ်အလိုက် မိမိတို့ကြုံတွေ့ရသည့် အခြေအနေများကို မျှဝေပြောကြားရင်း ရှေ့ဆက်လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီး Muslim Youth Forum ဖြစ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူးတို့မှ ပါဝင်သော ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရပါတယ်။

  • မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သီရိ

    DSC01377

    ရန်ကုန်  ။      ။       မြန်မာ့မီးရထားသို့ JITI (Japan International Transport Institute) မှ သံလမ်း၊ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။

    အခမ်းအနားကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဂျပန်နိုင်ငံ သံအမတ်ကြီး ကိုယ်စား ဂျပန်သံရုံးဝန်ကြီး Mr. Maru yama, JITI မှ နာယကကျောင်းအုပ်ကြီး Mr. Makoto Washizu, ဂျပန်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ,မြန်မာ့မီးရထားမှသက်ဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ဆက်လက်ပြီး အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် “ယခုလို ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယခုကဲ့သို့ ခေတ်မီသံလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းသုံးပစ္စည်းကရိယာများကို လှူဒါန်းလာတဲ့အတွက် မြန်မာ့မီးရထားအနေဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပစ္စည်းကရိယာများကို မြန်မာ့မီးရထားသံလမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး သံလမ်းလုပ်ငန်းသုံးပစ္စည်းများလှူဒါန်းရခြင်းနှင့် ပက်သတ်၍ ဂျပန်သံရုံးမှ ၀န်ကြီး Mr.Maru yama မှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာ့မီးရထား သံလမ်းလုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများကို JITI မှ နာယကကျောင်းအုပ်ကြီး Mr.Makoto Washizu မှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အား လွှဲပြောင်းပေးခဲ့ပါသည်။
    ယင်းအခမ်းအနားတွင် Tie tamper TT-E2B (60 Hz), (With Accessories), Engine generator EG-52D1, Hydraulic liter (M-40 SE), Level measuring instrument တို့ကို လွှဲအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါသည်။

    ထို့နောက် Hand Tie Tamper Machine အားလက်တွေ့လုပ်ဆောင်ပြသပြီး နေ့လည် ၁၂-နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

     

  • ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွငိ ၁၅ ထပ်အထပ်မြင့်ကား ပါကင်ဆောက်လုပ်

    နိုဝင်ဘာ-၂၄ ၂၀၁၃
    M-Media
    သီရိ

    Yangon-Traffic-580x386

    ရန်ကုန်။           ။ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုနှင့် အတူ ယာဉ်ရပ်နားနိုင်သည့်နေရာ မရှိသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လျက် ရှိပါသည်။

    ထိုသို့ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ရည်ရွယ်ခဲ့ရာ ယခုပထမဆုံး အနေဖြင့် ၁၅ ထပ်အမြင့်ရှိ ကားပါကင်အား ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရပါသည်။

    ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေ အကျယ်အ၀န်း ပေ ၃၀× ပေ ၅၀ ရှိ မြေကွက်တွင်ဆောက်လုပ်သွားရန် စီစဉ်နေပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည်ဖြစ်ကာ စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော်ရပ်နားနိုင်မည်ဖြစ်သည်၊ ယင်းသို့ရပ်နားခြင်းအတွက် ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။

    ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ အထပ်မြင့်ကားပါကင်များကို ဆောက်လုပ်ရန် ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာလက ပြောကြားခဲ့ပါသည်။