News @ M-Media
Tag: Yangon
  • မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ
    မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဂုဏ်ပြုပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    သီရိ
    IMG_20131210_151955
    ရန်ကုန် ။       ။      အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံ မသန်စွမ်းသူများအနုပညာပွဲတော်ကို သြဂုတ်လ ၁၄-ရက်နေ့တွင် ကျင်းပခဲ့ပြီး ထိုအခမ်းအနားကြီး အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်း အထိမ်းမှတ် ဂုဏ်ပြု အခမ်းအနားနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းနားကို ယနေ့ ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်
    နေ့လည် ၁-နာရီမှ ၃-နာရီထိ ကျင်းပခဲ့သည်။
    အခမ်းနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်၊ မသန်စွမ်း သူများ အနုပညာပွဲကျင်းပရေးကော်မတီ အတွင်းရေးမှုး ဦးစိုင်းကြည်ဇင်စိုး၊ သဘင်ပညာရှင် ဦးမိုးမင်း၊ မသန်စွမ်းသူများ သံတမန် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် မေဆွိနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
    “မသန်စွမ်းသူများဦးဆောင်နိုင်တဲ့ နိုင်ငံတော်အဖွဲ့စည်းတစ်ရပ် မကြာခင်ပေါ်လာတော့မှာပါ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ မြန်မာနိုင်ငံမှာ ၂၀၁၄ ကျရင် အာဆီယံ မသန်စွန်းသူများပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်”ဟု ဒုတိယညွန်ကြားရေးမှုး ဦးအောင်ထွန်းခိုင်မှ ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ပွဲတော်ကျင်းပရေးကော်မတီမှ အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင်များ၊ အနုပညာရှင်များအား ဂုဏ်ပြုလွှာများကို ပေးအပ်ခဲ့ကြပြီး အခမ်းနားကို ရုပ်သိမ်းခဲ့ကြပါသည်။
  • မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်
    မိကျောင်းကန် သပိတ်စခန်း ဆက်လက် ဆန္ဒထုတ်ဖော်
    ဒီဇင်ဘာ ၁၀-၂၀၁၃
    M-Media
    A.N.Lay
    DSC01964aa
    ရန်ကုန်    ။       ။     မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆-နာရီ အချိန်တွင် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း မိကျောင်းကန်သပိတ်စခန်းမှာ ပိတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါသည်။။
    မိကျောင်းကန်သပိတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှလည်း ၎င်းတို့၏ ဆွေးနွေးချက်များကို မီဒီယာများသို့ ယခုလိုပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ မိကျောင်းကန် သပိတ်စခန်းဖွင့်တဲ့ ၁၄ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ဦးတင်ဝင်းနဲ့ ရန်ကုန်တိုင်းလွတ်တော်ရုံးမှာ ဆွေးနွေးခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ မြေယာနဲ့ပက်သက်ပြီးတော့ ကုမ္ပဏီကို ရောင်းစားတာမျိုးမရှိဘူးပါဘူး။ နောက် လူတစ်ဦးတစ်ယောက် ကုမ္ပဏီ တစ်ခုရဲ့အကျိုးစီးပွားတွက် မလုပ်ဘူးဆိုတာကို ကတိပေးခဲ့ပါတယ်။ နောက်တစ်ချက်က ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဲ့ လုပ်ပိုင်ခွင့်ထဲမှာမရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကပဲ ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါကြောင်းနှင့် ဥပဒေဘောင် အတွင်းက ဆန္ဒပြမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ကြောင်း ပြောကြားခဲ့တယ်”ဟုသိရသည်။
    မိကျောင်းကန် ဆန္ဒပြသူတစ်ဦးမှလည်း “ကျွန်မတို့ မြေယာတွေ မတရားသိမ်းခံထားရတဲ့အတွက် ပြန်လိုချင်တာပါ၊ ဆန္ဒပြတာလည်း ၉ ကြိမ်မြောက်ရှိသွားပြီ။ ကျွန်မတို့ မြေယာတွေကို ပြန်ရမယ်ဆိုရင် ကျွန်မတို့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ ဒါပေမဲ့ မြေယာတွေ ပြန်မပေးမချင်းတော့ ကျွန်မတို့ဘက်က ဆက်လက်ပြီး ဆန္ဒပြသွားမှာဖြစ်ပါတယ်လို့” ၎င်း၏ ဆန္ဒကိုပြောကြားခဲ့ပါသည်။
    မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာ ၉-ရက်နေ့ ညနေ ၆-နာရီအချိန်တွင် အပြီးသတ် ပိတ်သိမ်းရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ည ၁၁-နာရီအချိန်ထိ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆရာတော် ဥုးပါမောက္ခ အပါအဝင် အများပြည်သူများမှာလည်း မိကျောင်းကန် သပိတ်စခန်း ပိတ်သိမ်းရမည်ကို မလိုလား၍ ညနက်သည့်အချိန်ထိ စောင့်ကြပ်ပေးခဲ့ကြောင်းသိရှိရသည်။
  • ၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
    ၂၀၁၄ သန်းခေါင်စာရင်းမှာ လူမျိုး ၁၃၅-မျိုးကို အခြေခံထားပြီး တခြားရှိလာတဲ့ လူမျိုးစုများကို ထပ်ထည့်မည်ဟု ၀န်ကြီး ဦးခင်ရီ ပြောကြား
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    DSCN6124
    ရန်ကုန်    ။       ။        နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ တွေ့ဆုံပြီး ၂၀၁၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲကို ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
    အဆိုပါ တွေ့ဆုံပွဲ၌ သန်းခေါင်စာရင်းကောက်ယူမည့် အချက်အလက်များကို အဓိကရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
    “လူမျိုးစုဆိုလည်း ၁၃၅-မျိုးရှိတယ်။ ဒီ ၁၃၅-မျိုးကို အခြေခံပြီး ထည့်ထားတယ်။ တခြားလူမျိုးစုတွေ ရှိလာရင် ထပ်ထည့်မယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
    သန်းခေါင်စာရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃-ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၃-ခုနှစ်တွင် ဒုတိယအကြိမ်ကောက်ယူပြီး ယခု နှစ် ၃၀ အကြာတွင်မှ ထပ်မံ ကောက်ယူနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်အနေနဲ့ မည်သည့်နေရာမှာ မည်သို့လုပ်ဆောင်ပေးရမည်ဆိုတာ သိရန်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဖြေဆိုရန်ုလိုကြောင်း၊ မိနစ် ၃၀-စာ အချိန်ပေးရုံမျှနှင့် မိမိနိုင်ငံအတွက် ၁၀-နှစ်စာ investment များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာ၌ ပြည်သူများ အဆင်ပြေအောင် အဘက်ဘက်မှ စီစဉ်ထားကြောင်း၊ မိမိအနေနှင့်လည်း KNU မှ ပုဂ္ဂိုလ်များနှင့် ယခင်ကတည်းမှ ရင်းနှီးနေသည်ဖြစ်၍ သံယောဇဉ်ရှိကြောင်း၊ ယခု သန်းခေါင်စာရင်းကောက်ယူမှုတွင် မည်သူမည်ဝါ ဖြစ်သည်ကို အဓိကမထားပဲ လူဟူ၍သာ သဘောထားကြောင်း၊ ၈၂-ခုနှစ် ဥပဒေနှင့် ကိုက်ညီရင်အဆင်ပြေကြောင်း၊ နိုင်ငံသား မဟုတ်သူများကိုလည်း သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် အရည်အချင်းမီပါက နိုင်ငံသားအဖြစ် သတ်မှတ်မည်ဖြစ်ပြီး မွေးရာပါ နိုင်ငံသားအနေနှင့်မဟုတ်ပဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေးတို့ကို အဓိကထားခြင်းမဟုတ်ပဲ လူဦးရေစာရင်းကို ကောက်ယူခြင်းသာဖြစ်ပြီး အထင်အမြင် မလွဲမှားစေလိုကြောင်း၊ တခြားမသိနားမလည်သေးသူများအားလည်း ယခု တက်ရောက်လာသူများမှ ရှင်းလင်းပြောပြပေးပါရန်တို့ကို ပြောကြားသွားခဲ့သည်။
    ထို့နောက် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ၀န်ကြီးဦးခင်ရီနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့ဝင်များမှ ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
  • နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု
    နွယ်အေးဗလီ သာရေးနာရေးအဖွဲ့၏ လူမျိုးဘာသာမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေး၊ ဆေးဝါးနှင့် အဟာရထောက်ပံ့မှု
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC01789
    ရန်ကုန်  ။     ။      ငြိမ်းချမ်းရေးဖော်ဆောင်သည့်အထိမ်းအမှတ်အဖြစ် လူမျိုးဘာသာပေါင်းမရွေး သက်ကြီးသူများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးဝါးနှင့် အဟာရထောက်ပံ့မှုတစ်ရပ်ကို ရန်ကုန်မြို့ သာကေတမြို့နယ် နွယ်အေးရပ်ကွက် ဗလီဝတ်ကျောင်းတော်၌ ဒီဇင်ဘာ ၈-ရက်နေ့ နံနက် ၈-နာရီတွင် ပြုလုပ်ပေးခဲ့သည်။
    ဗလီမှ တာဝန်ရှိသူတစ်ဦးမှ “ကျွန်တော်တို့ဒီမှာ နေ့စဉ်ဆေးခန်းတော့ဖွင့်ပါတယ်။ ကျွန်တော်တို့က တစ်နှစ်ကို တစ်ခါ မျက်မှန်လှူတာတို့ပြုလုပ်ပါတယ်။ ဒီနှစ်ကတော့ သက်ကြီးရွယ်အိုများအတွက် အာဟာရဖြစ်စေတဲ့ အစားအစာများ လှူမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
    အဆိုပါ ဆေးကုသမှုခံယူပွဲတွင် သက်ကြီးရွယ်အို လူမျိုး ဘာသာမခြား လာရောက်ကုသနိုင်ပြီး၊ တစ်နှစ်ကို တစ်ခါ လူနာများအား လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ ဓာတ်စာများကို လှူဒါန်းခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူမှုတွင် ဗုဒ္ဓဘာသာဝင် ၅၀-ခန့်လောက်လာရောက်ကုသကြောင်းသိရှိရပါတယ်။
    ဆေးကုသမှု လာရောက်ခံယူသူတစ်ဦးမှလည်း ယခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ဦးပါ၊ ကျွန်တော်ခံစားနေရာတာက ရင်ကျပ်ရောဂါပါ ကျွန်တော့်အတွက် ပိုက်ဆံကလည်းအခက်အခဲရှိတော့ အပြင်မှာမပြနိုင်ဘူးလေ၊ အဲဒါကြောင့် ဒီမှာလာပြီးပြရတာပါ။ အခုလို ဘာသာမရွေးဆေးကုသပေးတဲ့ အတွက်လည်း များစွာစိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ကို ဆေးကုသပေးသည့် ဆရာဝန်များနှင့် ကျွန်တော်တို့ဆေးကုသနိုင်အောင် စီစဉ်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါတယ်။
  • တို့မြန်မာပြည် ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစို့ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲ
    တို့မြန်မာပြည် ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစို့ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲ
    ဒီဇင်ဘာ ၁၀၊ ၂၀၁၃
    M-Media
    A.N.Lay
    DSC01931gg
    ရန်ကုန် ။ ။ တို့မြန်မာပြည်ငြိမ်းချမ်းဖို့ မတူလက်များတွဲကြစုံ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးသီချင်းသီဆိုပွဲကို ရန်ကုန်မြို့ အလုံမြို့နယ်၊ အလုံမြို့နယ်ခမ်းမတွင် ဒီဇင်ဘာ ၈-ရက် ညနေ ၅ နာရီမှစ၍ ပြုလုပ်ခဲ့သည်။
    အဆိုပါ ဖျော်ဖြေမှုတွင် နိုင်ငံကျော် အဆိုတောများဖြစ်ကြသည့်၊ မီးမီခဲ၊ စောဖိုးခွား၊ လင်းနစ်၊ ခိုင်မြဲသာ၊ အိမ်မက်ဆုံရာမှ ဂျူးဂျူးစံ၊ စကစ်၊နှင့် အခြားအဆိုကျော်များလည်း တက်ရောက်ဖျော်ဖြေခဲ့ကြောင်းနှင့် ငြိမ်းချမ်းရေးကဗျာများလည်း ရွတ်ဆိုခဲ့သည်။