News @ M-Media

Tag: Yangon

  • မြို့ပတ် ‘ဇ’ အထူးရထား နိုဝင်ဘာ ၁-ရက်နေ့တွင် ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲမည်

    မြို့ပတ် ‘ဇ’ အထူးရထား နိုဝင်ဘာ ၁-ရက်နေ့တွင် ရန်ကုန်ဘူတာကြီးမှ စတင်ပြေးဆွဲမည်

    အောက်တိုဘာ ၂၉၊ ၂၀၁၃
    M-Media
    ဆူးထက်

    IMG_20131029_135709

    ရန်ကုန်   ။         ။          မြို့ပတ် ‘ဇ’- အထူးရထားတွဲကြီးကို နိုဝင်ဘာ ၁-ရက်နေ့တွင် ခရီးစဉ် တစ်ခုအတွက် တစ်ဦးလျှင် ငွေကျပ်-၃၀၀၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ဒေါ်လာဖြင့် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၏ မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း (အောက်မြန်မာပြည်) က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    “ဒီကနေ့မှာတော့ အဆင့်မြင့် တွဲဆိုင်း အသစ်ကို မြို့ပတ် ဇ- တွဲဆိုင်း ပြေးဆွဲတဲ့ နေရာမှာ အစားထိုးပြီး အဆင့်မြင့် တွဲဆိုင်း အသစ်အနေနဲ့ ပြေးဆွဲခြင်း ဖြစ်ပါတယ်။ ဘူတာ အားလုံးကို ရပ်ပါမယ်။ မူလအတိုင်းပဲ ခရီစဉ် ကိုးခေါက်မှာ အင်းစိန်ကနေ မနက် ၅နာရီ ထွက်ပြီးတော့ ရန်ကုန်ကို လာပါမယ်။ တခါ ရန်ကုန်ကနေ အင်းစိန်၊ အင်းစိန်ကနေ လှော်ကားကို တက်ပါမယ်။ အလားတူပဲ ရန်ကုန် မြို့ပတ်ကို ပတ်တဲ့အခါမှာ အားလုံး ၄-ပတ် ပတ်သွားပါမယ်” ဟု ၎င်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

    မြန်မာ့မီးရထားအနေဖြင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြေးဆွဲနေသည့် မြို့ပတ် ရထား အားလုံး ၂၂-ဆိုင်းရှိပြီ ဖြစ်ကြောင်း၊ ယခုလို အဆင့်မြင့် တွဲဆိုင်းပြေးဆွဲခြင်း အားဖြင့် ခရီးသွား လုပ်သား ပြည်သူတွေအတွက် အဆင့်မြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း ယခုလို အဆင့်မြင့်တွဲဆိုင်းကြီးများကို ဖြည့်စွက်ပြီး ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ငွေကျပ်-၃၀၀လို့ သတ်မှတ်ရခြင်းက ဒီတွဲဟာ ကျန်တဲ့ တွဲတွေနဲ့ မတူပါဘူး။ သီးသီးသန့်သန့်လည်း ဖြစ်တယ်။ ဒါက အထူးသဖြင့် အဆင့်မြင့် စီစဉ်ခြင်း ဖြစ်ပါတယ်။ မြို့ထဲသွားသည့် ကားစီးနှုန်းခပေါ် မူတည်ပြီး ချိန်ဆပြီး ခရီးသည်တွေရဲ့ ဆန္ဒကို ယူပြီး ဈေးနှုန်းသတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အနည်းစု စီးနှင်းနိုင်အောင်လည်း ၁၀၀-တန် မြို့ပတ်ရထား ထားပေး ထားပါတယ် ” ဟု M-Media သို့ပြောသည်။

    အဆိုပါ ရထားတွဲလိုင်းများမှာ ယခုကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း ကျိုက်ထီးရိုး ကျိုက်ထိုရထား ၁၊ ၂ ဆိုပြီး ပြေးဆွဲခဲ့ကြောင်း၊ ဒုတိယ အကြိမ် အဲကွန်း အထူးရထား ပြေးဆွဲခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ‘ဇ’ အဆင့်မြင့် တွဲဆိုင်း ပြေးဆွဲသည့် အခမ်းအနားကို နိုဝင်ဘာ ၁ရက်နေ့ မနက် ၆-နာရီ ၅၇-မိနစ်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မျက်နှာချင်းဆိုင် ဖိုင်ဗာခုံများ ဖြစ်သည့်အတွက် တစ်တွဲလျှင် လူဦးရေ ၇၀၊ ၈၀ခန့်ထိုင်စီးနိုင်ကြောင်း၊ တန်းလက်ကိုင် ထားရှိ သော်ကြောင့် ခရီးသည် များပြားပါက မတ်တပ်ရပ် အပါ လူဦးရေ ၁၀၀-ခန့် စီးနိုင်ကြောင်း၊ စုစုပေါင်း တွဲ ၆-တွဲ ပါရှိကြောင်း သိရသည်။ လက်မှတ်မဲ့ စီးနှင်းသူအား ဒဏ်ငွေ ၃၀၀၀-ကျပ် ဒဏ်ရိုက်မည် ဖြစ်ကြောင်း သိရသည်။

     

  • ၂၀၁၃ နိုဝင်ဘာမှ စပြီး မီတာခများ ဈေးတက်ပြီ

    အောက်တိုဘာ- ၂၉
    M-Media
    သတင်း- KK

    meters eco eye tranmitter၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး  မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း  လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာ၊ ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓါတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ ကာမိစေရန် မီတာ တယူနစ် နှုန်းထားများကို ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါရှိသည်။

    ပြင်ဆင်သတ်မှတ်လိုက်သည့် ဓါတ်အားခ နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်။

    (က) အများပြည်သူ (အိမ်သုံး)
    ————————————-
    (၁) ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
    (၂) ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်

    (ခ) အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ယာယီ)
    ———————————————————————
    (၁) ၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၀၀ ကျပ်
    (၂) ၅၀၀၀၁ ယူနစ်နှင့်အထက် ၁၅၀ ကျပ်

    (ဂ) အစိုးရဌာန
    ——————–
    (၁) ရုံးသုံး ၅၀ ကျပ်
    (၂) စက်မှုသုံး ၁၀၀ ကျပ်

    အထက်ပါနှုန်းထားများ အတိုင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ငွေတောင်းခံလွှာများတွင် စတင်ပါရှိမည်ဟု ကြေညာချက်မှာ ဖော်ပြပါရှိသည်။

    ကိုးကား-သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

  • UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    UK နာမည်ကြီးတက္ကသိုလ်များ ပါဝင်တဲ့ ရန်ကုန်က ပညာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ

    အောက်တိုဘာ ၂၈-၂၀၁၃
    M-Media
    A.N.lay

    UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့်  လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ဆွေးနွေး

    DSC01022

    ရန်ကုန်    ။          ။        UK မှ အထင်ကရ တက္ကသိုလ်များ ပါဝင်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိသျှကောင်စီ မြန်မာနှင့် လန်ဒန်တက္ကသိုလ်တို့မှ ဦးစီး၍ The UK-MYANMAR Higher Education Partnership Turning Policy Into Action ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ Park Royal Hotel, Padamya Room 3 တွင် အောက်တိုဘာ ၂၈-ရက် ညနေ ၅း၃၀ တွင်ပြုလုပ်ခဲ့ပါတယ်။

    ၎င်းဆွေးနွေးပွဲတွင် Mr.Chris Cobb ( Chief Operating Officer and University Secretary) က “ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်စပိုင်း လန်ဒန်တက္ကသိုလ် ကို မြန်မာနိုင်ငံက ပညာရေး အဆင့်မြင့် အဖွဲ့သွားရောက်ပါတယ်။ အဲ့ဒီကနေ ဆွေးနွေးခဲ့တာ တွေဟာ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒီမှာ အကောင်အထည်ဖော်ဖို့ ရှိပါ တယ်။ ဘာလို့လဲဆိုတော့ ဒီမြန်မာနိုင်ငံ အစိုးရဟာ အဆင့်မြင့် ပညာရေး အောက်မှာရှိတဲ့ တက္ကသိုလ်များအားလုံးကို ပိုပြီးတော့ စွမ်းဆောင်နိုင်ဖို့ တိုးတက်လာဖို့ ပြန်ပြီး ရှင်သန်လာနိုင်ဖို့ကို အင်မတန်မှ ဆန္ဒပြင်းပြပါတယ်။ ဒါကိုလုပ်ဖို့လည်း ပြည်ပ အကူအညီများလိုပါတယ်။

    UK မှာ မြန်မာ ပညာရေးအဖွဲ့ သွားရောက် ဆွေးနွေးတဲ့ အခါမှာ ဒါတွေပဲပြောပြီးတော့ နောက်ဆက်တွဲကို အကောင်အထည်ဖော်ဖို့ အတွက် ကျွန်တော်တို့ ဒီကိုလာရောက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကတော့ ပညာရေးစနစ် တစ်ခုလုံးကို တိုးတက်အောင် ကောင်းမွန်အောင် ပြောင်းလဲစေချင်ပါတယ်။ အထူးသဖြင့် အခြေခံပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ တက္ကသိုလ်များ အနုပညာတက္ကသိုလ်များ၊ ဆေးပညာတက္ကသိုလ်များ ၊ စက်မှုဆိုင်ရာတက္ကသိုလ်များ အားလုံးကို တိုးတက်စေချင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကိုလာတာကလည်း တက္ကသိုလ်များကိုတိုးတက်အောင် လုပ်ဖို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီပံပိုးဖို့အတွက်လာတာဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ဖွံဖြိုးတိုးတက်ဖို့က ပညာရေးအဆင့်ဆင့်တိုင်း ကအရေးကြီးပါတယ်။ လက်ရှိကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုတွေ ၊ သဘာဝဘေး အန္တရယ်တွေ ကို ဖြေရှင်းနိုင်ဖို့က တက္ကသိုလ်အဆင့် ပညာရေးသာလျှင် ဒါကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါကြောင့်ဒီကိုလာရောက်ခြင်းက တက္ကသိုလ်အဆင့် ပညာရေးကို တိုးတက်အောင် ကူညီပံပိုးပေးခြင်း ဖြစ်ပါတယ်။

    ပြသနာတိုင်းဟာ တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး တစ်ကမ္ဘာတိုင်းမှာဖြစ်နေတဲ့ ပြဿနာဖြစ်တဲ့ အတွက်ကြောင့် တက္ကသိုလ်များမှာ သူတို့ရဲ့ ပညာရေးစနစ်ဖြင့် ဒီပြသနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီကိုလာရောက်ခြင်းအားဖြင့် တက္ကသိုလ်များနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက် ကူညီဆောင်ရွှက်ပေးခြင်းဖြစ်ပါတယ်။ UK မှာတော့ ကျွန်တော်တို့ ပညာရေးအဖွဲ့ဟာ UK မှာရှိတဲ့ ပညာရေး ပြသနာ၊ အခက်အခဲပြသနာတွေကို နားလည်တယ်။ ဒါကိုဖြေရှင်းပေးမယ့် အင်အားတွေလည်းရှိတယ်။ အသိပညာတွေ အတတ်ပညာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာမှာရှိတဲ့ နိုင်ငံများမှာရှိတဲ့ ပြဿနာများကို အသေးစိတ် မသိနိုင်ပါဘူး ဒါကြောင့်နိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ရဲ့ ဗြိတိကောင်စီ ဆိုတဲ့ အဖွဲ့ကိုစေလွတ်ထားပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရဲ့ပညာရေး စနစ်တွေ အခက်အခဲတွေအားလုံးကိုလေ့လာပြီးတော့ အစီရင်ခံခဲ့ပြီး သိရှိ နားလည်တဲ့အခါမှာ ဒီနိုင်ငံကို လာပြီးတော့ တဖြည်းဖြည်း ညှိနှိုင်းရမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
    ဆက်လက်ပြီး David J .Lock ( Director of International Projects) က “ကျွန်တော်တို့ဒီကိုလာရောက်ခြင်းဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးမှာ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကူညီပံ့ပိုးပေးဖို့ လက်တွဲဆောင်ရွက်ပေးဖို့ လာရောက်ခြင်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကူညီပံပိုးမှုပေးတာက ဘာလဲဆိုတော့ အင်္ဂလိပ်ဘာသာစကား နှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်ပါတယ်။ နောက်တစ်ခြား ပညာရေးကဏ္ဍများကိုလည်း ပံ့ပိုးမှုပေးပါတယ်။ အခုမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တဲ့ CSR လို့ခေါ်တဲ့ပြီး ပြည့်စုံတဲ့ ပညာရေးကဏ္ဍမှာ အများကြီး ကူညီပံပိုးပြီးတော့ လက်တွဲဆောင်ရွက် နေပါတယ်။ အဲ့ဒါတွေမှာ ဒီဟာက အခြေခံပဲ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာရေး ဥပဒေကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ဒီဟာကိုလည်း လွှတ်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးအဖွဲ့ ဆွေးနွေးနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ၎င်းနောက်အဆိုပါ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက မီဒီယာများကို မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၆း၃၀ တွင် ရုပ်သိမ်းခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူ ၅၀-ဦးခန့်ရှိပါတယ်။

  • မိုးသီးဇွန် ဦးဆောင်ဆွေးနွေးမည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်မည်

    မိုးသီးဇွန် ဦးဆောင်ဆွေးနွေးမည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန်   ။         ။        Introduction to Alternative Parliament ခေါင်းစဉ်ဖြင့် ဦးမိုးသီးဇွန်မှ ဦးဆောင်ဆွေးနွေးဟောပြောမည့် ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၄-ရက်နေ့ နေ့လည် ၁-နာရီမှ ၃-နာရီအထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    Alternative Parliament ဆိုသည် နိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့အား ခေါ်ဆိုခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံသားများအစည်းအဝေးကြီး (Citizens Assembly)တစ်ခုဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ဆွေးနွေးပွဲအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နားထောင်နိုင်ကြောင်းလည်း သိရပါတယ်။

     

  • လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)
    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)

    ရန်ကုန်  ။        ။      ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးနံဘေး စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမကြီးတစ်လျှောက်ရှိ စည်ပင် ပိုင် လမ်းနယ်မြေတွင် ဆောက်လုပ် နေထိုင်လျက်ရှိသည့် ကျူးကျော်တဲ၊ ဈေးဆိုင်နှင့် ဓာတ်ဆီဆိုင်များအား ရှင်းလင်းဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အောက်တိုဘာ ၂၂-ရက်နေ့က ၅-ကြိမ်မြောက် အသိပေး အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်းသတင်းရရှိသည်။

    “အောက်တိုဘာ ၂၇-ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ စာထဲမှာပါတယ်၊ ဒီနေရာက ကားလမ်းမကြီးကို ကျောပေးပြီးနေထိုင်တဲ့လူတွေ များတယ်၊ လှိုင်သာယာကျူးကျော်တဲတွေ ရှိတဲ့ အထဲမှာ ဒီလမ်းတစ်လျှောက်ကို စာပို့ပြီးဖယ်ရှားဖို့ အသိပေးစာပို့တာ အများဆုံးပဲ။ အိမ်လခတစ်လ သုံးသောင်းပေးဖို့ မတတ်နိုင်ဘူး။ ဒီနေရာကဖယ်ရရှင် အခြားနေရာမှာ သွားနေရမှာပါ။ မိသားစု စားဝတ် နေရေးက ရှိသေးတယ်လေ”ဟု ရေဥက္ကံ ကျေးရွာဇုန်(၃) အပိုင်းရှိ မင်းကြီး မဟာမင်းခေါင်လမ်းတွင် နေထိုင်လျက်ရှိသော ပြည်သူတစ်ဦးက ပြောပါသည်။

    ရန်ကုန်-ပုသိမ် လမ်းမရှိ စက်မှုဇုန်မှတ်တိုင်မှ BOC အဝိုင်းထိ မင်းကြီးမဟာမင်းခေါင်လမ်း တစ်လျှောက်တွင် ကျူးကျော်တဲ ၅၀၀ ကျော် နေထိုင်လျက်ရှိပြီး ရွှေသံလွင် စက်မှုဇုန် ပတ်လမ်း တစ်လျှောက်တွင်လည်း ကျူးကျော်တဲ ၆၀၀-ကျော် နေထိုင်လျက်ရှိရာ ရာသီဥတုပွင့်လင်းလာပြီဖြစ်၍ ရပ်ကွက်၊ ကျေးရွာများတွင် နေ့စဉ် ကျူးကျော်တဲများ ဆောက်လုပ်လျကရှိပြီး အမှတ် ၃-ရပ်ကွက်နှင့် အမှတ် ၅-ရပ်ကွက်တို့၌ မိုးရာသီကာလကပင် တဖြည်းဖြည်း တိုးပွားလာသော ကျူးကျော်တဲများ တိုးချဲ့ နေထိုင် လာသည်မှာ ယနေ့အချိန်တွင် ဖြေရှင်းရန်ခက်ခဲနေသည့် ပြဿနာ တစ်ရပ်အဖြစ် မြို့နယ်မှ တာဝန်ရှိသူများ ရင်ဆိုင်နေရ ကြောင်း သိရှိရပါသည်။