News @ M-Media

Tag: Yangon

  • မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ရန်ကုန်   ။        ။       မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီအားကစားပြိုင်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၆-ရက်၊ နံနက် ၇-နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။

    အဆိုပါ ပြိုင်ပွဲမှာ ၁၀- ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲဖြစ်ပြီး ဖွင့်ပွဲနှင့်ဆုပေးပွဲများကို နံနက် ၇-နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံဥာဏ်မမီ အားကစာအဖွဲ့ ဥက္ကဌ ဗိုလ်မှုးကြီးမျိုးမြင့်(ငြိမ်း) နှင့်အမှုဆောင်များ၊ Oredoo Company မှ C.E.O Mr.Roosscormack နှင့် Company မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ မြန်မာနိုင်ငံ ဥာဏ်ရည်မမီ အားကစားအဖွဲ့ ဥက္ကဌနှင့် Oredoo Company မှ C.E.O တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြ ပါတယ်။

    အဆိုပါ အားကစားပြိုင်ပွဲသို့ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူးနှင့် ရန်ကုန် မြို့ကြီးများမှ ဥာဏရည်မမီသူ အားကစားမောင်မယ် ၃၅၀ တို့က အမျိုသာ၊ အမျိုးသမီး မီတာ (၅၀၊၁၀၀) လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ (၅၀၊၁၀၀၊၂၀၀) အပြေးပြိုင်ပွဲ၊ Race Long Jump အခုန်ပြိုင်ပွဲ၊ Soft Ball Throw ပြိုင်ပွဲနှင့် Bocce (ဘိုချီ) ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများကို မြန်မာ နိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ ဥာဏ်ရည် မမီ အားကစားအဖွဲ့ဥက္ကဌ နှင့်Oredoo Company မှ C.E. နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြင့်ခဲ့ပါတယ်

    အဆိုပါ ပြိုင်ပွဲတွင် ၂၀၁၃-ခုနှစ် ၁၀-ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲ ချန်ပီယံ ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဥာဏ်ရည် မမီ သူများအသင်းက ရရှိသွားကြောင်းသိရပါတယ်။

  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။        ။      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲကို အောက်တိုဘာ ၂၅-ရက် ည ၇း၀၀-နာရီက အရိုးကုန်းရပ်ကွက်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဒီနေ့ အခြေခံဥပဒေအတွက် ရှင်းလင်းတင်ပြခြင်းဟာ အင်မတန်မှလိုအပ်ချက်တစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီချုပ်ဟာ ပြည်သူတွေအတွက် အရှေ့ကနေ မားမားမတ်မတ် ရပ်တည်သလို ပြည်သူတွေရဲ့အကျိုးပြုလုပ်ငန်းများကိုလည်း အားကုန်ခွန်စိုက်ဆောင်ရွက်နေပါတယ်၊ ဒါကြောင့် ၂၀၀၈ အခြေခံ ဥပဒေသည် ပြည်သူတွေအတွက် ဘယ်လောက် အကျိုးတက်ရောက်မှုတွေရှိလဲ၊ ပြည်သူတွေအတွက် ဘယ်လောက်အကာကွယ်ပေးလဲ၊ ပြည်သူတွေအတွက် ဘယ်လောက် အားထားရာ ဘယ်လောက်ရုံကြည်ရာဖြစ်နေသလဲ၊ ပြည်သူရဲ့ လိုအပ်ချက်တွေ ဘယ်လောက်ကာကွယ်နိုင်သလဲ၊ လူ့အခွင့်အရေးတွေအနေနဲ့ ပက်သက်ပြီး ဘယ်လောက်အာမခံနိုင်သလဲ။ နိုင်ငံတကာရဲ့ဥပဒေများနှင့် ဘယ်လောက်စံနှုန်းတွေနဲ့ ပြည့်ဝနေမလဲဆိုတာ ပြည်သူတွေသိရှိဖို့အတွက် အင်မတန် လိုအပ်ပါတယ်။

    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ အခြေခံဥပဒေအတွက်၊ ပြည်သူများသိရှိနိုင်ရန်အတွက် လိုအပ်ပါတယ်၊ ဒီနေ့ ဒီအချိန်အခါဟာ နိုင်ငံတော်အတွက် ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူသာလျှင်အဒိကဖြစ်ပါတယ်၊ ဒါကြောင့်မိုလို့ ပြည်သူသဘော ဆန္ဒတွေကို ခံယူပြီး ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူရဲ့သဘောထားများကို ရယူခြင်းဖြစ်ပါတယ်၊ ဘာဖြစ်လို့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေသည်များသောအားဖြင့် ပြည်သူတွေအတွက်အကျိုးမဖြစ်ဘူး။ မကောင်းဘူး ပြည်သူအတွက်အကာကွယ်မပေးဘူး နိုင်ငံတော်ရဲ့စံညွန်းစံချိန်များ မညီတဲ့အတွက် မကောင်းဘူး ဆိုတဲ့အစိတ်အပိုင်းလောက်ဘဲ သိနေပါတယ်။
    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက်လို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင် ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်ချင်းဖြစ်ပါတယ် “ဟု ဦးလှသိန်းမှပြောကြားခဲ့သည်။
    ဆက်လက်ပြီး အရှေ့ပိုင်းခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဦးဖြိုးသူရိန်ဌေး ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်ပြီး ဆက်လက်ရှင်းလင်းတင်ပြခဲ့ရာ “၂၀၀၈ အခြေခံဥပဒေဆိုသာ ဘာလဲ၊ ဘယ်လောက်အရေးကြီးသလဲ။ ဖွဲ့စည်းပုံဥပဒေအရ ဒီမိုကရေစီစံနှုန်းနဲ့ လွဲနေတာကိုကျွန်တော်အနည်းငယ် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲဆိုတော့ လက်ရှိုအပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူလူထုနဲ့ ချုပ်ဆိုထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ လွဲချော်နေတဲ့ကိစ္စရပ်လေးတွေကို ကျွန်တော်အနည်းငယ် တင်ပြချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေ ၃-ရပ် ရေးဆွဲခဲ့ ပါတယ်၊ ပထမဆုံးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကို ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ် တွေ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ၁၉၇၄ မဆလ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဖြစ်ပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ယခုသုံးဆွဲနေတဲ့ ၂၀၀၈ အခြေခံဥပဒေပဲဖြစ်ပါတယ်၊ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေမှာ အကြောင်းအရာအနည်းငယ်ကို ရှင်းလင်းတင်ပြပေးချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ်ဆိုရင် လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၀% အဆိုတင်သွင်း ရမယ်လို့ ဆိုထားပါတယ်၊ ပြီးတဲ့အခါကြတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေ ၂၀%က အဆိုတင်သွင်းပြီးသွားရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလည်တွေ ၇၅% ကျော်ကထောက်ခံမဲ ပေးရမယ်လို့လဲဆိုထားပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ် ၇၅% ကျော် က ထောက်ခံမဲပေးပြီးသွားပြီဆိုရင် လက်ရှိပြည်သူလူထုအနေနဲ့ ဆန္ဒခံယူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၅၀% ကဆန္ဒမဲပေးကမယ်ဆိုပြီးတော့ဆိုထားပါတယ်။ အဲဒီအပိုင်းမှာလဲ ပြည်သူလူထုအနေနဲ့ ဆန္ဒမဲပေးသူမဟုတ်ပဲနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၀% ကျော်က ဆန္ဒမဲပေးကမယ်ဆိုတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ နည်းနည်းများ လွဲနေသလားလို့ ကျွန်တော်ထင်မိပါတယ်” ဟု ဦးဖြိုးသူရိန်ဌေးက ပြောကြားခဲ့ပါသည်။

    ၎င်းနောက် နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကို ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ချင်ပါသလားလို့ မေးမြန်းခဲ့ရာ ပြင်ဆင်လိုကြောင်း တညီတညွှတ် တည်းဖြေကြားခဲ့ကြပါသည်။ ယခုပြုလုပ်ခဲ့သည့် သဘောထားခံယူပွဲတွင် လူဦးရေ ၃၅၀-ကျော် တက်ရောက်ခဲ့ကြပါသည်။

  • ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

    ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

    အောက်တိုဘာ ၂၁-၂၀၁၃
    M-Media
    A.N.Lay

    DSC00787

    ရန်ကုန် ။        ။          ASEAN CIVIL SOCIETY CONFERENCE, ASEAN People Forum (2014) ကျင်းပရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့ နေ့လည် ၃း၀၀-နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Crystal Jade စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

    ယခုကဲ့သို့ Forum ပြုလုပ်ခြင်းသည် ပထမဦးဆုံး အခွင့်အရေးကို ဒုတိယ အကြိမ်ပြန်လည်ရရှိခြင်းဖြစ်ပြီး တိုက်ဆိုင်စွာပင် တိုင်းပြည် ပြုပြင်ပြောင်းလဲမှုတွေဖြစ်နေတယ် ဆိုသည့် ပြောကြားချက်များနှင့် ကိုက်ညီသည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် အမှန် တကယ်တမ်းပြုပြင်ပြောင်းလဲမှုများ၊ လူထုအဖွဲ့အစည်းနဲ့ ပါဝင်ခဲ့သည်ကို မှတ်ကျောက်တင်နိုင်ရန် အတွက် ယခုဖိုရမ်ကို ဝိုင်းဝန်းပံ့ပိုး လုပ်ဆောင်ရန်၊ သက်သေပြနိုင်ရန် အခွင့်အလမ်းတစ်ရပ် အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    ယခုအခါ တိုင်းပြည်အနေနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည့် နိုင်ငံဟု လူသိများသော်လည်း လူ့အခွင့်ရေးကိစ္စတွေကို မြန်မာနိုင်ငံတွင်မက ဒေသဆိုင်ရာကပါ ဝိုင်းဝန်း ဆွေးနွေးနိုင်သည့် အဆင့်မြင့်နိုင်ငံတစ်ခုအဖြစ် ပြသရန် ပြည်သူလူထုအင်အားများ လိုအပ်ကြောင်း၊ ယခု ဖြစ်မြောက်ရန် အဓိက ငွေကြေးပိုင်းဆိုင်ရာ လိုအပ် ကြောင်း၊ အစိုးရအနေနှင့်လည်း ပံပိုးမှု မပေးနိုင်သည့် အနေအထားရှိနေကြောင်း၊ ခရီးသွားလာမှုမှာလည်း အာဆီယံနိုင်ငံများ ပါဝင်သည့် အတွက် ဗီဇာပိုင်းဆိုင်ရာ ကြာမြင့်မှုများ ရှိနေတတ်ကြောင်း၊ ပြည်နယ်တွေကို သွားရောက်သည့်အခါ တစ်ခါတစ်ရံတွင် ကျေးလက်တောရွာများတွင် ကန့်သတ်မှုများရှိနေသည်မှာ အခက်အခဲ တစ်ရပ်ဖြစ်ကြောင်းကို Equality Myanmar မှ Director ဖြစ်သူ ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်။

    DSC00796

    “ဆက်ပြီးလည်း ကျွန်တော်တို့ ၂၀၁၄-ခု မတ်လ နောက်ဆုံးပတ်မှာ Forum ကို ၃-ရက်ကျင်းပဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာပဲ ကျင်းပမှာပါ။ နောက်ပြီး ကျွန်တော်တို့ ဘက်က ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါတယ်။ အောင်မြင်မှုရရှိမယ်လို့လည်း ယုံကြည်တယ်။ Asean People Forum ဖြစ်တဲ့အတွက် ပြည်သူလူထုက ပြည်သူ လူထုရဲ့ ပုံစံမျိုး နဲ့ပိုက်ဆံ မရရင်တောင်မှာ အဲ့ဒီလိုမျိုးနည်းနဲ့ဖြေရှင်းသွားမှာဖြစ်ပါတယ်။  ထပ်ပြီးပြောချင်တာက ကျွန်တော်တို့ဒီလိုကိစ္စလုပ်တဲ့အခါမှာ အစိုးရ ဘက်ကလည်း ပံပိုးမှုလိုအပ်သလို၊ ကျွန်တော်တို့ဘက်ကလည်း တာဝန်ယူမှုတွေ အများကြီး လိုအပ်ပါတယ်။ နောက် တိုင်းပြည်တစ်ပြည်မှာ တိုးတက်လာပြီဆိုတဲ့ကိစ္စက ဒီ Asean People Forum တွေ ကလည်းမှတ်ကျောက်တင်စရာတစ်ခုဖြစ်တဲ့အတွက် Asean People Forum တွေက ထွက်လာတဲ့ရလဒ်တွေကို အစိုးရတွေ ကိုယ်တိုင် တကယ်လေးစား လိုက်နာမယ့် လုပ်ငန်းစဉ်မျိုး ယန္တရားမျိုးကို အလှည့်ကျတဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင်နိုင်မယ် ဆိုရင်တော့ ဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်မှာပါ”ဟု ဦးအောင်မျိုးမင်းက မီဒီယာကို ပြောကြားပါသည်။

     

  • ဗုံးပေါက်ကွဲမှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

    ဗုံးပေါက်ကွဲမှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media
    အငယ်လေး

    DSC00562

    ရန်ကုန် ။          ။      မကြာခင်ရက်ပိုင်းများက ဖြစ်ပွားခဲ့သော ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ နမ့်ခမ်းမြို့များတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ယနေ့ နေ့လည် ၂-နာရီက ပြုလုပ်ခဲ့ပါတယ်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ရဲချုပ်ဦးဇော်ဝင်း အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် မှ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ တောင်ငူ မြို့များမှာ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပက်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်၍ ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူများကိုလည်း လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်လို့ပြောပါတယ်။

    ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ဇော်ဝင်းကလည်း “ဒီကနေ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထူးသတိပေးချင်တာက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် ပြီး သံသယရှိသူများ၏ လုပ်ဆောင်ချက်များကို ပြောပြတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့အဖွဲ့အစည်းတစ်ချို့ရဲ့ အမည်များကို တင်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းများရဲ့အမည်ကို ထည့်သွင်း တင်ပြပေးရခြင်းဟာ သံသယရှိသူများရဲ့ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာသိရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒီ အဖွဲ့အစည်းများ ရဲ့ နာမည်များကို ရည်ညွန်း ထည့်သွင်းပြောကြားခြင်းကြောင့် အဲ့ဒီ အဖွဲ့အစည်းအနေနဲ့ ယခုပေါက်ကွဲမှုများမှာ ပါဝင်ရှိတယ်လို့ ဆိုလိုတာမဟုတ်ကြောင်း အလေး အနက်တင်ပြအပ်ပါတယ်။ လက်ရှိရရှိပြီးသားဖြစ်တဲ့ အထောက်အထားများအရ သံသယရှိသူများရဲ့လုပ်ဆောင်ချက်များဟာ လူအချို့ရဲ့ သီးခြားလုပ်ဆောင်ချက်များ ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ ဒီအချက်တွေကိုလည်း စာနယ်ဇင်းသမားများအနေနဲ့ အထူးပြုပြီး တင်ပြပေးဖို့အတွက် ကျွန်တော် တင်ပြပေး အပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

    ဆက်လက်၍ “ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ရည်ရွှယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်းမှာ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့များမှာ ပေါက်ကွဲမှု ဖြစ်စဉ်များ နှင့်ဆက်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့ ပူးပေါင်းပြီး ပြည်သူများနှင့် သတင်းမီဒီယာများ သိရှိဖို့အတွက် ရည်ရွှယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလ အတွင်းမှာ ပေါက်ကွဲမှုများလုပ်ဆောင်ခဲ့ကြပြီး ပေါက်ကွဲမှု ၆-ကြိမ်၊ မိုင်းများ ဖော်ထုတ်နိုင်တာက ၄-ကြိမ် အားလုံး စုစုပေါင်းမှာ မိုင်း ၁၀-ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး ၃-ဦးဒဏ်ရာရရှိခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချူပ်ဦးဇော်ဝင်းမှပဲ ပြောကြားခဲ့ပါတယ်။

    ၎င်းနောက် သတင်းစာရှင်းလင်းပွဲသို့ လာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က မီဒီယာများမှာ မိမိတို့ သိရှိလိုသည်များကိုမေးမြန်းကြပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၅-နာရီမှာ ရပ်နားခဲ့ပါတယ်။

     

  • စာရေးဆရာမ ဒေါ်ကြူကြူသင်းနှင့် ဒေါ်ဝါ၀ါထင်လင်းတို့ စာအုပ်သစ် မိတ်ဆက်ပွဲ

    စာရေးဆရာမ ဒေါ်ကြူကြူသင်းနှင့် ဒေါ်ဝါ၀ါထင်လင်းတို့ စာအုပ်သစ် မိတ်ဆက်ပွဲ

    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media
    လင်းလင်း

    20131018_134751

    ရန်ကုန် ။        ။   ရန်အောင်စာပေထုတ် စာအုပ်များ မိတ်ဆက်အခမ်းအနားကို ဗိုလ်အောင်ကျော်လမ်းရှိ Home Media တွင် ယနေ့ နေ့လည် ၁-နာရီက ပြုလုပ်ခဲ့ပါသည်။

    ရန်အောင်စာပေမှထုတ်ဝေသော စာရေးဆရာမ ဒေါ်ကြူကြူသင်း ရေးသားသည့် ” ကန္တာတောမှာ မောမိတယ်” နှင့် စာရေးဆရာမ ဒေါ်ဝါ၀ါထင်လင်း ရေးသားသည့် ” မှန်ထဲက ကျွန်မက မှန်ရှေ့က ကျွန်မကို နှင့် ရသစာစုများ” စာအုပ်များကိုမိတ်ဆက်ခဲ့သည်။

    ဆက်လက်ပြီး စာအုပ်မိတ်ဆက်ပွဲအခန်းအနားတွင် ဒေါ်ကြူကြူသင်း နှင့် ဒေါ်ဝါ၀ါထင်လင်း တို့တက်ရောက်ခဲ့ကြပြီး” အမှာစကားကို ဒေါ်ခင်ဆွေဦး နှင့် ဒေါ်ကြွယ်ကြွယ် တို့ကပြောကြားခဲ့သည်။

    ၎င်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ စာရေးဆရာများအပါအ၀င် စာပေချစ်မြတ်နိုးသူများ ၅၀-၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။