News @ M-Media

Tag: Yangon

  • ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်

    ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    အငယ်လေး

    DSC00385

    ဒလ  ။       ။      ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက် ၉း၀၀-နာရီ အချိန်၌ ပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် ဦးကိုနီမှ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပေဒတစ်ခု သတ်မှတ်ဖို့ ပထမဆုံး စဉ်းစားရမယ့် တစ်ခုက ပြည်သူ့ဆန္ဒနှင့် အညီရေးရန်၊ စဉ်းစားရမည့် အချက်အနေနှင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ပါလီမန် ဒီမိုကရေစီစနစ် နဲ့အုပ်ချူပ်တဲ့နိုင်ငံတိုင်းမှာ နိုင်ငံတော်ရဲ့ မူလ အာဏာပိုင်ရှင်က ပြည်သူလူထုဖြစ်ကြောင်း၊ ပြည်သူ ရွေးချယ်သည့် သူသည်သာ လွှတ်တော်အမတ်ဖြစ်ခွင့်ရှိတယ်ပြီး လွှတ်တော်ကို သွားခွင့်ရှိကြောင်းနှင့် ဥပဒေကို ပေးခွင့်မရှိကြောင်း ပြောပါတယ်။  ဆက်လက်၍ ပြည်သူကပဲ နိုင်ငံတော် အာဏာကိုပိုင်လို့ ပြည်သူရွေးတဲ့သူကပဲ နိုင်ငံတော်ကိုအုပ်ချူပ်ခွင့်ရှိကြောင်းတို့ကို ရှင်းလင်း ဆွေးခဲ့ပါတယ်။

    ၎င်းနောက် ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင် ဦးထွန်းရင်ကလည်း “ဒီနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့မှာ ကျင်းပတဲ့ အဓိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒလမြို့နယ် တောင်ပိုင်းခရိုင် ရန်ကုန်တိုင်းဒေသကြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့အသံ လွတ်တော်အသံ၊ လွတ်တော်အသံဟာ ပြည်သူလူထုရဲ့အသံလို့ ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုရဲ့အသံကိုနားထောင်နေပါတယ်။  အထူးသဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒ ဘယ်လောက်ထိပါသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒဟာ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုမြင်သလဲ ဆိုတဲ့အသံပါ။ ဒီရည်ရွယ်ချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ လူထု တက်လာတဲ့ ၁၀၀၀ ဝန်းကျင် လောက် လူထုမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အသစ်ရေးဆွဲမလား ဒါမှမဟုတ် ပြင်မလား ဒါမှမဟုတ် အစားထိုးဖြည့်စွက်မလား ဒါသူတို့ရဲ့ သဘောထား ဆန္ဒအမှန်ကို ကျွန်တော်တို့သိချင်လို့ လူထုရဲ့သဘောထား ဆန္ဒအမှန်ကိုထင်ဟပ်စေချင်လို့ ဒီပွဲကို စီစဉ်ခြင်းဖြစ်ပါတယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား ဦးထွန်းရင်ကပြောကြားသွားခဲ့ ပါတယ်။

    ထို့နောက် ပြည်သူလူထုရဲ့သဘောထား ဆန္ဒအမှန်ကိုကောက်ခံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် ၉၀% ကျော်ထောက်ခံခဲ့ပြီး ၊ အသစ်ရေးဆွဲရာမှာ တော့ ၁၀% ကျော်သာ ထောက်ခံခဲ့ကြောင်း ဤကောက်ခံမှုကို ၎င်းအခမ်းနားရဲ့ သဘာပတိ ဦးမြင့်ဌေးမှ အတည်ပြုပေးခဲ့ပါတယ်။

    အခမ်းအနားသို့ လူအင်အား ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပါတယ်။

  • ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်

    ထူးချွန်မြန်မာကျောင်းသားများအတွက် အမေရိကန်တက္ကသိုလ် University of Vermont မှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၁ဝ,ဝဝဝ စတင်လျှောက်ထားနိုင်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဆူးထက်

    ဓါတ်ပုံအညွန်း - crowneducation
    ဓါတ်ပုံအညွန်း – crowneducation

    ရန်ကုန်   ။        ။    အမေရိကန်တက္ကသိုလ်များမှ မြန်မာကျောင်းသားများအား ပညာသင်ထောက် ပံ့ကြေးများပိုမိုပေးအပ်လျက် ရှိရာ ထူးချွန်သည့်(၁ဝ)တန်းအောင် (သို့) IGCSE အောင်မြင်သူများ အတွက် University of Vermont မှ Scholarship US$ 10,000 အထိပေးအပ် မည်ဖြစ်ကြောင်း၊ CROWN Education တာဝန်ရှိသူတစ်ဦးမှ ပြောကြားလိုက်သည်။

    အဆိုပါ Scholarship 10,000 အတွက်သီးသန့်လျှောက်ထားရန်မလိုအပ်ပဲ(၁ဝ)တန်း(သို့) IGCSE အမှတ်နှင့် အင်တာဗျူးဖြေဆိုမှုကိုဆုံးဖြတ် ၍ ချီးမြင့်မည် ဖြစ်ကြောင်း၊University of Vermont သို့ဝင်ခွင့်ရပါက ကျန်စာသင်နှစ်များတွင်သတ်မှတ်အရည်အချင်းပြည့်မှီသူများအနေဖြင့် ထပ်မံ၍ ပညာသင် ထောက်ပံ့ကြေးများ ရရှိနိုင်ကြောင်းသိရသည်။

    University of Vermont ကို ၁၇၉၁ တွင်တည်ထောင်ခဲ့ပြီး အမေရိကန်အစိုး ရမှရန်ပုံငွေထောက်ပံ့မှုရရှိထား သော တက္ကသိုလ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၏ အရှေ့မြောက်ပိုင်း၊ဘေးကင်းလုံခြုံမှု အရှိဆုံးVermont ပြည်နယ်တွင်တည်ရှိသည်။ ဘွဲ့ကြိုဘာသာရပ်ပေါင်း ၁ဝဝ ကျော်၊ ဘွဲ့လွန် ၄၈ ခု နှင့် ပါရဂူဘွဲ့ ၂၁ ခု ပို့ချပေးကာ ကျောင်းသားကျောင်းသူပေါင်း ၂ဝဝဝဝ ကျော်သင်ယူနေပါသည်။ Alumni (ကျောင်းသူကျောင်းသားဟောင်းပေါင်း) ၉ဝဝဝဝ ကျော် ရှိပြီး ဆေးပညာ နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ပုဂ္ဂိုလ်များပေါ် ထွက်သည့်ကျောင်းဖြစ်သည်။ US News and World Report အရ အမေရိကန် ထိပ်တန်းတက္ကသိုလ် အဆင့်(၉၂)ဖြစ်ကြောင်း သိရသည်။

    ၁ဝ-တန်းအောင်(သို့)IGCSE အောင်မြင်သူများအနေဖြင့် SAT ရမှတ်မလိုပဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နှင့်ညီမျှသော Global Gateway Program ကိုလျှောက်ထားနိုင်ပါသည်။ အဆိုပါ Global Gateway Program သည် နိုင်ငံတကာကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်ခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်တက္ကသိုလ် ပညာရေးစနစ်တွင်လိုအပ်မည့် Academic Skills များကိုသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

    (၁ဝ)တန်းအောင်(သို့) IGCSE ကျောင်းသားများအနေဖြင့်ရွေးချယ် သင်ယူနိုင်သော ဘာသာရပ် နယ်ပယ်များ- Agriculture & Life Sciences၊ Arts & Sciences ၊ Business Administration၊ Education & Social Services၊ Engineering & Mathematical Sciences၊ Environment & Natural Resources၊ Nursing & Health Sciences တို့ဖြစ်သည်။

    ဝင်ခွင့်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 ရှိရန်လိုအပ်ပြီး Global Gateway Program မှာ(၈)လ ကြာမြင့်မည်ဖြစ်ကာ၊ ပြီး မြောက်ပါ က ဒီဂရီဒုတိ ယနှစ်ပရိုဂရမ်တွင် မိမိနှစ်သက်ရာမေဂျာများကို ရွေးချယ် တက်ရောက်နိုင်သည်။  ကျောင်းဝင်ခွင့်လမှာဇန်နဝါရီနှင့်သြဂုတ်လတို့ဖြစ်ပြီး တစ်နှစ်စာ ကျောင်းလခ အမေရိကန်ဒေါ်လာ ၃၄,၆ဝဝ ခန့်နှင့် နေထိုင်စားသောက် စားရိတ် ဒေါ်လာ ၁ဝ,ဝဝဝ ကျော်ခန့်ကုန်ကျမည်ဖြစ်သည်။

    ကျောင်းလျှောက်ထားခြင်းနှင့်အသေးစိတ်သိရှိလိုသူများ အနေဖြင့် CROWN Education အမှတ် ၂၇ဝ၊ ပထမထပ်၊အခန်း(1 B)ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ်– ဝ၉ ၇၃၂ ၇၃၂ ၇၇ နှင့် ဝ၁ ၅၂၇ ၈၃၈ တို့သို့ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

  • ရန်ကုန်ဆေးရုံကြီး ကင်ဆာကုသဆောင် ကလေးသူငယ်များအတွက်အလှူငွေပေးအပ်

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    လင်းလင်း

     

    ရန်ကုန်  ။            ။      ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကလေးဆေးရုံ ကင်ဆာကုသဆောင်တွင် တက်ရောက်ကုသသော အနယ်နယ်အရပ်ရပ်မှ ကလေးသူငယ်များအတွက် အသုံးအပြုနိုင်ရန် ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့မှ ယနေ့ မနက်ပိုင်းက အလှုငွေ များပေးအပ်ခဲ့သည်။

    ရန်ကုန်မြို့ကလေးအထူးကုဆေးရုံ ကင်ဆာရောဂါကုသဆောင်တွင်အနယ်နယ်အရပ်ရပ်မှ လာရောက်ဆေးဝါးကုသနေ ကြသည့် ကလေးသူငယ်များ၏ ဆေးဝါးကုသစရိတ်နှင့် လူနာစောင့် မိသားစုဝင်များ၊ အထွေထွေကုန်ကျ စရိတ်အဖြစ်သုံးစွဲနိုင်ရန် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာမွတ်စလင်မ် သာသနာ့ရန်ပုံငွေအဖွဲ့မှ အလှူငွေ (၅၀၀၀၀၀) (ငါးသိန်းကျပ်တိတိ)ကို ပေးအပ်လှူဒါန်းပြီး ကလေးဆေးရုံကြီးတာဝန်ရှိ ပုဂ္ဂိုလ်များက
    လက်ခံရယူခဲ့ကြပါသည်။

    ဆက်လက်၍ ကျိုလီယာ သာသနာ့ရန်ပုံငွေအဖွဲ့ ဥက္ကဌ ဟာဂျီ ဦးလှရွှေ(JVC)မှ ‘ယခုအကြိမ်လှုဒါန်းခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်လူနာများအတွက် လစဉ် နို့မှုန့်များလည်း လှုဒါန်းနေကြောင်းနှင့် ယင်း လူနာများ၏ လိုအပ်ချက်များကိုလည်း အစဉ်မပြတ် လေ့လာကြည့်ရှု၍ တက်စွမ်းရှိသ၍ ဆက်လက်လှုဒါန်းသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  • အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အီးဒ်နေ့အတွက် လုံခြုံရေးစိုးရိမ်၊ ကုရ်ဗာနီ အလှူငွေများကို အကြမ်းဖက်ခံ ဒုက္ခသည်များကို လှူဒါန်းမည်ဟုသိရ

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media
    သူရိန်

    img444
    ရန်ကုန်   ။      ။        အောက်တိုဘာ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အီဒွလ်အသွာဟာ နေ့မြတ်တွင် လုံခြုံရေး အပြည့်အ၀ပေးရန် တင်ပြထားခဲ့ရာ ယခုတိုင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစုံတရာ ပြန်ကြားခြင်းမရှိသေးကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

    ကုရ်ဗာနီ အလှူရှင်များအနေဖြင့် ယခုနှစ်တွင် လုံခြုံရေးကို အထူးစိုးရိမ်နေကြကြောင်း၊ ကောလဟာလများ လွှင့်ထားခြင်းများရှိကြောင်း၊ အစိုးရပိုင်းအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆိုပါနေ့တွင် လုံခြုံရေးစီမံထားသင့်ကြောင်း အစ္စလာမ်ဘာသာဝင်များ အကြား ပြောဆိုလျက်ရှိကြသည်။ အစ္စလာမ်ဘာသာသာရေး အဖွဲ့ကြီးအနေဖြင့် အစိုးရက လုံခြုံရေးအပြည့်အ၀ပေးမည်ဟု ယုံကြည်ထားသော်လည်း ကုရ်ဗာနီ အလှူရှင်များအနေဖြင့် စိုးရိမ်သောကများ ရှိနေဆဲပင်ဖြစ်သည်။

    အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွာဟာ နေ့မြတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇုန် ၄ဇုန်ခွဲကာ ကုရ်ဗာနီစွန့်လှူမှု အလှူဒါနကို ပြုလုပ်ခွင့်ပြုကြောင်း အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သိရသည်။ အဆိုပါ ဇုန် ၄ ဇုန်မှာ (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန်၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ) ဟု အစ္စလာမ် အဖွဲ့ချုပ်ကြီး၏ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။

    ယခုနှစ် ကုရ်ဗာနီရေးရာ ဗဟိုကော်မတီကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၅ဖွဲ့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇုန် ၄ဇုန် အတွက် ဇုန်ကော်မတီများကိုမူ သက်ဆိုင်ရာ ဗလီအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများဖြင့် ဖွဲ့စည်းထားကြောင်း ဗဟိုကော်မတီမှထုတ်ပြန်သော ပြန်တမ်းများအရ သိရသည်။ ထို့ပြင် တာမွေမြို့နယ်တွင်လည်း မြို့နယ်အဆင့် အီဒွလ်အသွာဟာနေ့ ကျင်းပရေးကော်မတီကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် ပါဝင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်အတွင်းရှိ ဗလီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ ပါဝင်ဖွဲ့စည်းကာ လုံခြုံရေးအစီအမံများညှိနှိုင်း ပြုလုပ်နေကြောင်း သိရသည်။

    ကုရ်ဗာနီ အလှူပြုလုပ်မည့် အလှူရှင်များမှ ပေးအပ်သော သရေချပ်ဖိုးငွေများကို မိတ္ထီလာနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အဓိကထား လှူဒါန်းသွားမည်ဟု ဆိုသည်။ ထိုပြင် အဆိုပါ သရေချပ်ဖိုးငွေများကို စာသင်ကျောင်းများ၊ အခြားသော အခြေခံ အဆောက်အဦများ ပြန်လည် တည်ထောင်ရေးအတွက် လျာထားသည် ဟုလည်း သိရသည်။ ကုရ်ဗာနီပြုလုပ်ရန် ဖောင်(လျှောက်လွှာ)များကို အောက်တိုဘာလ ၁၁-ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်ဇုန် ဒလ ကမာကဆစ်ဗလီကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အစိုးရ၏ အီဒွလ်အဿွာဟာနေ့ အများပြည်သူ အလုပ်ပိတ်ရက် ကြေညာချက်နှင့် စပ်လျဉ်းပြီး သုံးသပ်သူတစ်ဦးက “အစိုးရက ဖော်ပြတဲ့နေရာမှာ ကျွန်တော်တို့ အီးဒ်နေ့ကို ဘက္ကရီးအီးဒ်ဆိုပြီး သုံးတယ်။ ဘက္ကရီးဆိုတာမျိုးက အခြားဘာသာစကားပါ။ ဒါအင်္ဂလိပ်အစိုးရလက်ထက်မှာ သုံးခဲ့တာပေါ့။ အင်္ဂလိပ် အစိုးရရဲ့ စနက်ပါ။ ဥပမာအားဖြင့် အင်္ဂလိပ်က ကျွန်တော်တို့ကို မဟာမေဒင်လို့သုံးတယ်။ တရားရုံးဥပဒေတချို့မှာ ဒီလိုပဲရှိနေတယ်။ ဒါမှားပါတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာပါ။ ဒီလိုပဲပေါ့။ ကျွန်တော်တို့ အစ္စလာမ်က နွားအီးဒ် (ဘက္ကရီး အီးဒ်) လုပ်နေတာ မဟုတ်ဘူး။ အီဒွလ်အဿွာဟာနေ့လို့ ကြေညာရင် လုံလောက်ပါတယ်။ အီးဒ်ဆိုတာ အာရဗီဝေါဟာရအရ အစ္စလာမ့်တရားတော်က ခွင့်ပြုထားတဲ့နေ့ပါ။ မှားယွင်းတဲ့ အသုံးများ သုံးနှုန်းနေခြင်းဟာ ပြည်သူတွေကို ၀ိဝါဒကွဲပြားစေပါတယ်” ဟု ထောက်ပြပြောဆိုခဲ့ပါတယ်။

    အီဒွလ်အဿွာဟာနေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များ၏ အထိမ်းအမှတ်နေ့များတွင် တစ်ရက်အပါအ၀င်ဖြစ်ပြီး ကုရ်ဗာနီပြုခြင်းဆိုသည်မှာ တမန်တော်ကြီး အီဗရာဟင်(အ.စ)၏ ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့် ပြုလုပ်သော မြတ်သော အလှူဒါနကျင့်စဉ် တစ်ရပ်ဖြစ်သည်။ ယခုအခါ အစ္စလာမ် ဆန့်ကျင်ရေး ပုတ်ခတ်လှုံ့ဆော်မှုများတွင် အီဒွလ်အဿွာဟာနေ့မြတ်နှင့် ကုရ်ဗာနီ အစီအစဉ်များကို တလွဲပုံဖော်လျက်ရှိကြပြီး ဘာသာဝင်ပြည်သူများအကြား ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်လျက်ရှိကြသည်။ အဆိုပါကိစ္စကို နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းမတ်ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာ ပြည်သူများက လိုလားလျက်ရှိကြသည်။

    အစ္စလာမ့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေညာထားသော လိုက်နာရန် စည်းကမ်းချက်များ

    1

    2

     

  • နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မပါပဲ လွှတ်ပေးရမည်ဟု ကုလဆို

    နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မပါပဲ လွှတ်ပေးရမည်ဟု ကုလဆို

    အောက်တိုဘာ ၁၁၊ ၂၀၁၃
    M-Media

    452434-quintana

    ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကို ကြိုဆိုလိုက်သော်လည်း တက်ကြွလှုပ်ရှားသူများအား ဆက်လက်ဖမ်းဆီးနေခြင်းနှင့် ဖမ်းဆီးထားသူများအား ခြွင်းချက်များဖြင့် ပြန်လည်လွှတ်ပေးခြင်းများအပေါ် စိုးရိမ်မိသည်ဟုပြောဆို လိုက်သည်။

    လွတ်လပ်၍ နိုင်ငံသားအားလုံးပါဝင်နိုင်မှုကို အခြေခံသည့် ဒီမိုကရေစီစနစ်သို့သွားရန်ရည်ရွယ်ကာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၈-ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၅၆-ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

    “အစိုးရရဲ့ လောလောဆယ်လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော် ချီးကျူးပါတယ်။ ပြီးတော့ စစ်စိုးရရဲ့လက်အောက်မှာ မတရားသဖြင့် ထောင်သွင်းအကျဉ်းချ ခံခဲ့ရတဲ့ ဒီလူတွေကို လွှတ်ပေးလိုက်ခြင်းကို ကျွန်တော် ကျေနပ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို လွှတ်ပေးလိုက်ခြင်းမှာ ကာယကံရှင်ကိုယ်တိုင်အတွက်သာ မကပဲ ၎င်း၏မိသားစုများ၊ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်များနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် အရေးပါသောလုပ်ရပ်တစ်ခုဖြစ်သည်ဟု ကင်တားနားက ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း မြန်မာနိုင်ငံအတွင်း မြေယာပိုင်ဆိုမှုနှင့်စပ်လျဉ်း၍ ဆန္ဒပြသူများအပါအ၀င် တက်ကြွလှုပ်ရှားသူများအား ဆက်လက်ဖမ်းဆီးနေခြင်းနှင့် နိုင်ငံအရေးအရ လှုံ့ဆော်သော စီရင်ချက်များချမှတ်ခြင်းများနှင့် ပက်သက်၍လည်း စိုးရိမ်မိကြောင်း ကင်တားနားကဆိုသည်။

    ၂၀၁၂ခုနှစ် ဇူလိုင်လကတည်းက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်မှ လူ့အခွင့်ရေးလှုပ်ရှားသူ အန်ဂျီအိုဝန်ထမ်းလေးဦးအပါအ၀င် နိုင်ငံရေး အကျဉ်းသား များအား ယခုနှစ်အကုန်တွင် အားလုံးလွှတ်ပေးမည်ဆိုသည့် သမ္မတဦးသိန်းစိန်၏ ကတိကိုလည်း ကင်တားနားက မီးမောင်းထိုးပြခဲ့သေးသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံအထူးကိုစားလှယ် သောမတ်စ်ကင်တားနားမှာ မြန်မာနိုင်ငံ၏ နောက်ဆုံးရ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအား ပြီးခဲ့သည့်လက နယူးယောက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် တင်သွင်းခဲ့သည်။
    Ref : un