News @ M-Media

Tag: Yangon

  • Homo Homini Award ဆု ဦးမင်းကိုနိုင် လက်ခံရယူ

    Homo Homini Award ဆု ဦးမင်းကိုနိုင် လက်ခံရယူ

    အောက်တိုဘာ ၅၊ ၂၀၁၃
    M-Media
    ပြည့်ပြည်

    carlandminkonaing

    ရန်ကုန်   ။         ။           ချက်နိုင်ငံက ချီးမြှင့်တဲ့ ၂၀၁၂-ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ Homo Homini Award ဆုကို ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ၂၀၁၃-ခု စက်တင်ဘာ ၄-ရက်နေ့က လက်ခံရယူခဲ့ပါတယ်။

    ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံအားပေးသည့် အမေရိကန်အခြေစိုက် NED အဖွဲ့မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သည့် အဖွဲ့၏ နှစ်စဉ် အစည်းဝေးတွင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည့် လူလေးဦးအား ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သို့သော် ထိုဆုကိုရရှိခဲ့သူ လေးဦးထဲမှ အခြား ၃-ဦးအား အစိုးရက နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ဦးမင်းကိုနိုင်မှာ နိုင်ငံခြားသို့ သွားရောက်နိုင်ခြင်း မရှိသည့် အခြားသုံးဦးနှင့် တစ်သားတည်း ရှိနေသည်ကို ပြသသည့်အနေဖြင့် ထိုဆုအား သွားရောက်မယူခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၃-ခု အောက်တိုဘာလ ၄-ရက်နေ့တွင်မှ လက်ခံရယူခဲ့ခြင်းဖြစ်ပါတယ်။
    ၎င်း Homo Homini Award ဆုသည် ၁၉၉၄-ခုနှစ်က စတင်၍ နှစ်စဉ် ကမ္ဘာတ၀န်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများအား ပေးအပ်သည့် လူ့အခွင့်အရေးဆိုင်ရာဆု ဖြစ်ပါတယ်။

    Ref : ned.org

  • မယ်စကြ၀ဠာ(မြန်မာ)ဆု မိုးစက်ဝိုင် ဆွတ်ခူး

    မယ်စကြ၀ဠာ(မြန်မာ)ဆု မိုးစက်ဝိုင် ဆွတ်ခူး

    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    ဆူးထက်

    PA030355

    ရန်ကုန် ။         ။         ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပမည့် မယ်စကြ၀ဋ္ဌာ ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar 2013 ရွေးချယ်ပွဲကြီးကို မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ အောက်တိုဘာ ၃-ရက်နေ့က ညနေ ၅-နာရီခွဲမှ ည ၈-နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ ရွေးချယ်ပွဲတွင် အခမ်းအနားမှူး အဖြစ် မော်ဒယ်အင်ဂျီစီမှ တင်မိုးလွင် နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့က ဆောင်ရွက်ခဲ့ကြသည်။
    ယင်းပွဲတွင် ဇကာတင် အယောက် (၂၀)ထဲမှ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ပထမဆု Miss Universe Myanmar 2013 သရဖူကို အသက် ၂၅ နှစ် အရွယ် ခါးနံပါတ် ( ၁၆ ) မမိုးစက်ဝိုင်မှ ဆွတ်ခူး ရရှိခဲ့သည်။ အွန်လိုင်း နဲ့ ဖေ့ဘုတ်မှာ လူကြိုက်အများဆုံးဆု ကို ခါးနံပါတ် (၁၆) မိုးစက်ဝိုင် မှ ထပ်မံ ရရှိခဲ့သည်။
    ဒုတိယဆုကို အသက် ၁၉နှစ် အရွယ် ခါးနံပတ် (၄) ဆေးကျောင်းသူလေး အေးချမ်းမိုးမှ ဆွတ်ခူး ရရှိခဲ့သည်။

    မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀-ကျော်ကြာ တိမ်မြုပ်နေခဲ့သော ယခုလို မယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ကျင်းပနိုင် တာဖြစ်ကြောင်း၊ ၁၉၆၄-နောက်ပိုင်း မြန်မာပြည်ကိုယ်စား Miss Universe ပြိုင်ပွဲကြီးအား ပထမဦးဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

    Miss Universe Myanmar 2013 ဆုကို ငွေကျပ်သိန်း-၁၀၀နှင့် ထူး ဖောင်ဒေးရှင်းက Honda Fit ကားတစီး၊ ကျပ်သိန်းနှစ်ဆယ်တန် စိန်သရဖူ ဆုချီးမြှင့်ခဲ့ပြီး ထူးဖောင်ဒေးရှင်းနှင့် ညီနောင်ကုမ္ပဏီတွေက စပွန်ဆာပေးခဲ့ကြောင်း သိရသည်။

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပမည့် Miss Universe ရွေးချယ်ပွဲကြီးတွင် ဆုရရှိခဲ့သော် ဆိုသည့် ဥာဏ်ရည်၊ ဥာဏ်သွေးဆိုင်ရာ မေးခွန်းအား ခါးနံပါတ် (၁၆) မမိုးစက်ဝိုင်းသည် မိဘမဲ့ ကလေးသူငယ်များအတွက် ပဒေသာပင် စိုက်ထူလိုကြောင်း အဆိုပါပွဲတွင် အတိအလင်း ဖြေကြားသွားခဲ့သည်။

    ယခုပြိုင်ပွဲမှာ ဆယ်စုနှစ် ငါးခုကျော် အကြာ ပရိသတ် ရှေ့မှောက် စင်မြင့်ထက်တွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်သည့် ပထမဆုံးပြိုင်ပွဲ ဖြစ်ကြောင်း သိရသည်။
    ၁၉၆၀ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့သော ဒေါ်မြင့်မြင့်မေက မယ်စကြာဝဋ္ဌာ ပြိုင်ပွဲတွင် Miss Congeniality ဆုရရှိခဲ့သည်။

    ဆုရရှိခဲ့သော မိုးစက်ဝိုင်သည် နိုဝင်ဘာ ၉-ရက်နေ့တွင် ကျင်းပတော့မည့် ဖြစ်သည့် မယ်စကြာဝဋ္ဌာပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

  • အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်

    အင်တာနက်လိုင်းများ ရန်ကုန်တွင် ခေတ္တပြတ်တောက်မည်

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    လင်းလင်း

    MPT

    ရန်ကုန် ။ ။ အောက်တိုဘာလ ၅-ရက်နေ့မှ ၉-ရက်နေ့အထိ ရန်ကုန်မြို့တွင် အချိန်ပိုင်း ကန့်သတ်ချက်များဖြင့် အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ယနေ့မှာ အသိပေး ကြေညာထားပါတယ်။

    အဆိုပါ ပြတ်တောက်မှုမှာ ရန်ကုန်မြို့ရှိ ISP Network နှင့် ချိတ်ဆက်ထားသော POP (Post Office Protocol)များကို လိုင်းသစ်ချိတ်ဆက်မှုကြောင့် ခေတ္တပြတ်တောက်မည်ဟု ဆိုပါသည်။

    အောက်တိုဘာ ၅-ရက်နေ့တွင် ဟံသာဝတီ POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ၊ အောက်တိုဘာ ၈-ရက်နေ့တွင် မိုဘိုင်း POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိလည်းကောင်း၊ မရမ်းကုန်း POP ၌ မွန်းလွဲ ၂း၁၅-နာရီမှ ၂း၃၀-နာရီထိ လည်းကောင်း၊ မောင်ထော်လေး POP ၌ မွန်းလွဲ ၂း၃၀-နာရီမှ ၂း၄၅-နာရီအထိ၊ အောက်တိုဘာ ၉-ရက်နေ့တွင် MICT POP ၌ မွန်းလွဲ ၂-နာရီမှ ၂း၁၅-နာရီထိ အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အသိပေး ကြေညာထားပါတယ်။

  • မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

    မိကျောင်းကန်မြေသိမ်းမှု သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media
    အငယ်လေး

    ရန်ကုန်      ။          ။     မိကျောင်းကန် မြေယာ သိမ်းခြင်းနှင့်ပက်သက်၍ အောက်တိုဘာ ၂-ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ပြီး သပိတ်စခန်းဖွင့်လှစ်ထားကြောင်းသတင်းရရှိပါတယ်။

    အာဏပိုင်အဖွဲ့အစည်းမှ ၁၉၉၁-ခုနှစ်တွင် စတင် သိမ်းဆည်းခဲ့ကြောင်း သိမ်းခံရသည့် မြေဧကမှာ စုစုပေါင်း ၃၃.၈၈ ရှိကြောင်း သိမ်းခံရသည့် အိမ်ခြေပေါင်း
    ၂၀၀၀-ကျော်ရှိကြောင်းနှင့် မသိမ်းခံရခင်က ၎င်းနေရာမှာ ပြည်သူများသော နေရပ်ကွက်ဖြစ်ပြီး ယခုလိုဆန္ဒထုတ်ဖော်တာ ၈-ကြိမ်မြောက်ရှိပြီဟုဆိုပါတယ်။ ပထမ အကြိမ်ကို ၂၇.၁.၂၀၁၃၊ ဒုတိယ အကြိမ်ကို ၃.၃.၂၀၁၃၊ တတိယအကြိမ်ကို ၅.၅.၂၀၁၃၊ စတုတ္ထအကြိမ်ကို ၂၆.၅.၂၀၁၃.ပဉ္စမအကြိမ်ကို ၂၅.၇.၂၀၁၃၊ ဆဌမအကြိမ်ကို ၂၈.၈.၂၀၁၃၊သတ္တမအကြိမ်ကို၂၉.၉.၂၀၁၃ခုနှစ် နှင့် ၂.၁၀.၂၀၁၃ ခုနှစ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။

    “၁၉၉၁-ခုနှစ်က စပြီးသိမ်းခံရတာပါ။ အဲ့ဒီအချိန်တုန်းက မြေယာတွေပြန်လိုချင်ရင် ၄၈၀၀-ကျပ် တောာင်းပါတယ်။ မပေးနိုင်ရင် အေးမြသာယာ၊ ဒဂုံတောင်၊လှိုင်သာယာ၊ ရွှေပြည်သာတို့ဘက်ကို အကုန်ပို့ပါတယ်။ ဒါပေမယ့် ယခုလိုပွင့်လင်းတဲ့ အချိန်ရောက်လာတော့ ကိုယ့်နေရာကိုယ်ပြန်တောင်းချင်တာပါ။ အခုဆို ဆန္ဒထုတ်ဖော်တာ ၈-ကြိမ်လည်း ရှိပါပြီ။ အခုဆို သပိတ်စခန်းဖွင့်တာ၂-ရက်ရှိသွားပြီ။ ဒါပေမယ့် အထက်ကတော့ အဆောက်အဦးတွေ ဆောက်ပြီးရင် ပြန်ပေးမယ်လို့တော့ ပြောပါတယ်။ အောက်ကတော့ ပေးမယ်လည်းမပြော၊ မပေးဘူးလည်းမပြောပါဘူး။ သူတို့ကတော့ အထောက်အထားရှာခဲ့လို့တော့ ပြောပါတယ်။ အထောက်အထားရှိရင်တော့ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ အခုဆို အာဏပိုင်တွေနဲ့ ဦးဆောင်သူတွေနဲ့တော့ ဆွေးနွေးနေကြပါတယ်။ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ သူတို့ဘက်က ပေးမယ်၊ မပေးဘူးမပြောသေးခင်အထိ ကျွန်မတို့ ဘက်ကတော့ ရက်အကန့် အသတ်မရှိ ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်”လို့ ဆန္ဒထုတ်သူများရဲ့ကိုယ်စား ဒေါ်သင်းသင်းခိုင် ပြောကြားခဲ့ပါတယ်။

    FB တွင် ဓါတ်ပုံများ ကြည့်လိုပါက > https://www.facebook.com/media/set/?set=a.598283830214091.1073742046.468226919886450&type=1

  • ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲ

    ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဆူးထက်

    untitled

    ရန်ကုန် ။ ။ ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲကို ရန်ကုန်မြို့ PARKROYAL HOTEL တွင် စက်တင်ဘာ ၂၉-ရက်နေ့က မနက် ၁၀-နာရီမှ ညနေ ၄-နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါပွဲကို ဂျပန်နိုင်ငံမှ အဖွဲ့အစည်းများ ဖြစ်ကြသော Asia Innovators’ Initiative မှ ကြီးမှူးပြီး JAFSA ( Japan Network for International Education )၊ JASSO (Japan Student Services Organization ) နှင့် Fourth Valley Concierge Corporation တို့မှ ပူးပေါင်း စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း ပြပွဲစီစဉ်ပေးသည့် RVi Institute မှ သိရသည်။
    ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ” အရည်အချင်း ရှိတဲ့ မြန်မာကျောင်းသား ကျောင်းသူ လူငယ်တွေ အတွက် နိုင်ငံတကာ အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် ဂျပန် တက္ကသိုလ်များနှင့် ကော်ပိုရေးရှင်းများ အတွက် ထူးချွန်သော မြန်မာ ကျောင်းသား ကျောင်းသူများ ရှာဖွေစုဆောင်းပေးရန် ဖြစ်တယ်။ အဲဒီ့အပြင် ဂျပန်နိုင်ငံရဲ့ ပညာရေး စနစ်အကြောင်း၊ ယဉ်ကျေးမှုနှင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရာတွင် သိထားသင့်သည့် အချက်အလက်များကို မြန်မာလူငယ်များ ပိုမို နားလည် သဘောပေါက်လာစေရန် ဖြစ်ပါတယ် ” ဟု Fourth Valley Concierge Corporation ၏ ဒါရိုက်တာ Chien Nakayama က M-Media သို့ပြောကြားလိုက်သည်။
    ယခုပွဲသည် Fourth Valley Concierge Corporation မှ မြန်မာနိုင်ငံတွင် ပထမဆုံး စီစဉ် ကျင်းပသော ပွဲဖြစ်ပြီး ပညာရေး ဆွေးနွေးပွဲ ပုံစံ၊ အမေးအဖြေ ပုံစံတို့ဖြင့် ရှင်းလင်းတင်ပြ သွားခဲ့သည်။
    ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်း ဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပညာရေး အပိုင်းတွင် ဂျပန်နိုင်ငံ၏ ပညာရေး စနစ်၊ မြန်မာနှင့် ဂျပန် ပညာရေး စနစ် ကွာခြားချက်များ၊ ၀င်ခွင့် စာမေးပွဲ အကြောင်း၊ ပညာသင်ကြားရာတွင် ကုန်ကျမည့် စရိတ်နှင့် ပညာသင်ဆုနှင့် ပတ်သပ်သော သတင်းအချက်အလက်များကို ပြောကြားပေးခဲ့ပြီး အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သပ်၍ ဂျပန်နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်ဒ နမူနာများ၊ ၀န်ထမ်းခန့်အပ်မှု့ စနစ်၊ လူတွေ့ မေးမြန်းခြင်း ပုံစံများ၊ အလုပ်လျှောက်လွှာနှင့် လူတွေ့မေးမြန်မှု ဖြေဆိုရာတွင် မည်ကဲ့သို့ ပြင်ဆင်သင့်ကြောင်း အကြံပြု တင်ပြသွားခဲ့သည်။
    အဆိုပါ ပြပွဲသို့ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများ၊ ဂျပန်ဘာသာစကားကို လေ့လာနေသူများ၊ ကျောင်းသား မိဘများ၊ ဂျပန်နိုင်ငံနှင့် ဂျပန်ကော်ပိုရေးရှင်းများတွင် အလုပ်လုပ်ကိုင် လိုသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
    ပညာသင်ကြားလိုသူများနှင့် အလုပ်လုပ်ကိုင်လို သူများ အနေဖြင့် www.topcareer.jp တွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ကြည့်ရှူ နိုင်ကြောင်း သိရသည်။