စက်တင်ဘာ၊ ၂၉ ၊
M-Media
MyawadyNews အပါဝင် ဝါဒဖြန့်ချီရေးစာမျက်နှာများတွင် လုပ်ကြံဝါဒဖြန့်ထားသော ရွှေပြည်သာမှ အမျိုးသမီး အသတ်ခံရသည့် သတင်းမှားယွင်းကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စာမျက်နှာ၏ FB စာမျက်နှာတွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့ကြောင်းတွေ့ရှိရပါသည်။ အဆိုပါအမျိုးသမီးငယ် အသတ်ခံရသည့်သတင်းကို မွတ်စလင်များ သတ်ဖြတ်သည်ဟု အများပြည်သူများ ထင်မှတ်အောင် အသုံးအနှုန်းများဖြင့် သတင်းလိမ်ဓါတ်ပုံ အလိမ်ဖြင့် ဆိုရှယ်မီဒီယာများတွင် ပျံနှံခဲ့ခြင်းဖြစ်သည်။
အဆိုပါ လိမ်ညာသတင်းဝါဒဖြန်ချီရေး Page များမှာ Fan ၂ သိန်းနီးပါးရှိသော Page များဖြစ်သည်။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွင် မမှန်ကန်သည့် သတင်းများ ရေးသားဖော်ပြခြင်းမပြုရန်သာပါရှိပြီး ထိုသို့ ရေးသားလှုံဆော်နေသူများကို တရားဥပဒေနှင့် အညီ ဖော်ထုတ်အရေးယူသွားမည်အကြောင်း မပါရှိပေ။
ရန်ကုန်တိုင်းရဲ့တပ်ဖွဲ့ရဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။
———————————————————
မှန်ကန်သည့်သတင်းမဟုတ်ကြောင်းနှင့် နောင်တွင် အလားတူသတင်းအမှားများမဖော်ပြကြပါရန် မေတ္တာရပ်ခံခြင်း
ရန်ကုန်၊ စက်တင်ဘာ ၂၈
လူမှုကွန်ယက် အင်တာနက်စာမျက်နှာများဖြစ်သော https://www.facebook.com/pages/သတင်းပေါင်းစုံ/480651228657570 တွင်ရေးသားဖော်ပြခဲ့ပြီး https://www.facebook.com/MyawadyNews မှ ကူးယူဖော်ပြထား သည့် ကူညီကြပါ ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ထူးခြားမှုကြား သိပါက ဆက်သွယ်သတင်းပေးကြပါဟု ဆိုကာ ရွှေပြည်သာမြို့နယ်၊ အဖ ဦးကျော်စွာ၊ အမိဒေါ်ပြည့်စုံ၊ သမီးမခင်ပြည့်စုံ ၂၆.၉.၂၀၁၃နေ့ ဘယ်သူသတ်သွားမှန်းမသိကြောင်းနှင့် အလောင်းရှာတွေ့ပုံဟုဆိုကာ http://www.empressleak.com/wicked-world-watch-teenage-girl-raped-and-murdered-in-the-bush/ မှ သတင်း ပါ ဓါတ်ပုံအား ကူးယူဖော်ပြထားသည့် အဆိုပါသတင်းမှာ လုံဝမှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့နယ်မြေ အတွင်းသာမက အခြားရဲစခန်းနယ် မြေများအတွင်း၌လည်း အဆိုပါ အမျိုးသမီးငယ် သေဆုံးမှု၊ အသတ်ခံရမှုဖြစ်စဉ်မရှိပါကြောင်း ပြည်သူများ သိရှိနိုင်စေရေးအသိပေးဖော်ပြအပ်ပါသည်။
အဆိုပါသတင်းအားရေးသားဖော်ပြခဲ့သည့် သတင်းပေါင်းစုံ facebook Pageအနေဖြင့်ယင်းကဲသို့မမှန်ကန်သည့်သတင်းအား ရေးသားဖော်ပြခြင်း အားဖြင့် သတင်းဖတ်ရှုသူပြည်သူများ အထိတ်တလန့်နှင့် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပြီး ရဲတပ်ဖွဲ့၏ Imageအားထိခိုက်နိုင်ပါသဖြင့် နောင်တွင် အလားတူ မမှန်ကန်သည့်သတင်းများအား ရေးသားဖော်ပြခြင်းမပြုပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသတင်းထုတ်ပြန်ရေးဌာနမှ မေတ္တာ ရပ်ခံအပ်ပါသည်။
Ref: https://www.facebook.com/yangonpolice/posts/384459788349961